အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး - Property News in Myanmar from iMyanmarHouse.com
8 May 2024 12:15 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တစ်ခါက ဗြိတိန်အိမ်ခြံမြေသူဌေးကြီး မာကိုရော်ဘင်ဆန်က နေအိမ်တစ်လုံး ပေးကမ်းလှူဒါန်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မာကိုရော်ဘင်ဆန်သည် ဗြိတိန်နိုင်ငံသား ကိုယ့်ဒူးကိုယ်ချွန်သူဌေးကြီးဖြစ်ပြီး ကန်ဒေါ်လာ သန်း ၄၀ ခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသည်။

(မှတ်ချက်။ အိမ်ရာမဲ့ဘဝမှ သူဌေးကြီးဖြစ်လာသူ မာကိုရော်ဘင်ဆန်၏ ဘဝဇာတ်ကြောင်းကို iMyanmarHouse.com ဝဘ်ဆိုက်ကြီးတွင် လွန်ခဲ့သော ၆ နှစ်ခန့်က ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

အင်္ဂလန်နိုင်ငံမြောက်ပိုင်း လန်ကက်ရှိုင်းယားခရိုင်၊ ပရက်စတန်မြို့ရှိ ပေါင် ၁၂၀,၀၀၀ တန် အိပ်ခန်း ၃ ခန်းပါ အိမ်ကို မိမိစိတ်ထဲတွင် လှူသင့်သည်ဟု ယူဆသူ မည်သူကိုမဆို လှူဒါန်းပေးသွားမည်ဟု မာကိုရော်ဘင်ဆန် က ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကြေညာပြီး ၈ လအကြာတွင် လျှောက်ထားသူ ၈,၀၀၀ ဦးအထိ ရှိခဲ့သည်။

နေအိမ်အခမဲ့ လှူဒါန်းရာတွင် မည်သူရရှိမည်ဆိုသည်ကို Channel 4 ရုပ်သံလိုင်းမှ Get a House for free အစီအစဉ်မှတဆင့် ထုတ်လွှင့်ခဲ့သည်။ မာကိုရော်ဘင်ဆန်သည် ဗြိတိန်ရှိ အဆင်းရဲဆုံး မိသားစုများနှင့် တွေ့ဆုံခဲ့သည်။

တန်ဖိုကြီး နေအိမ်တစ်လုံး အခမဲ့ရမည်ဆိုခြင်းမှာ အိပ်မက်သာ မက်နိုင်မည့် အရာမျိုးဖြစ်ကြောင်း လျှောက်ထားသူတစ်ဦးက ပြောသည်။

“ ‌လောကကို ကျွန်တော် ပြန်ပြီး ပေးဆပ်ချင်ပါတယ်။ အိမ်ငှားခတွေ အိမ်ဈေးတွေက ခေါင်ခိုက်နေတာကြောင့် လူအနည်းစုပဲ ဝယ်နိုင်ကြပါတော့တယ်။ အစိုးရရဲ့ အကူအညီကလည်း အရမ်းနည်းပါးတယ်။ အချိန်ပြည့် အလုပ်လုပ်နေတဲ့လူတွေတောင် အိမ်မဝယ်နိုင်ကြဘူး။ တကယ့်ကမောက်ကမ အခြေအနေပါပဲ”ဟု မာကိုရော်ဘင်ဆန်က ရှင်းပြသည်။

(တချိန်က နေစရာမရှိသောကြောင့် ပန်းခြံအတွင်း အိပ်ခဲ့ရသော သူဌေးကြီး မာကိုရော်ဘင်ဆန်သည် နောင်အခါတွင် ၎င်းအိပ်ခဲ့ဖူးသော ပန်းခြံသို့ သွားရောက်လည်ပတ်ခဲ့ပုံ။ )

အိမ်ရာမဲ့ဘဝသည် မာကိုရော်ဘင်ဆန်၏ အသွေးအသားထဲတွင် ကောင်းစွာ ရင်းနှီးနေသော ဘဝဖြစ်သည်။

မိခင်ဖြစ်သူမှာ သူမကိုယ်တိုင်နှင့် သားဖြစ်သူ ဘဝရပ်တည်နိုင်ရေးအတွက် အလုပ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ သော်လည်း မာကိုရော်ဘင်ဆန်တို့ သားအမိမှာ ဒါဘီရှိုင်းယားနှင့် လန်ဒန်မြို့တခွင်တွင် လမ်းဘေး၌ မကြာခဏ အိပ်ခဲ့ရသည်။

၁၀ နှစ်သားအရွယ် ရော်ဘင်ဆန်မှာ ကျောင်းပေါင်း ၂၀ ခန့် ကျောင်းပြောင်းခဲ့ရပြီး ဖြစ်သည်။

ဆယ်ကျော်သက်ဘဝတွင် အိမ်ရာမဲ့ဘဝဖြင့် မကြာခဏ ဖြတ်သန်းခဲ့ရသည်။

“ကျွန်တော်ကိုယ်တိုင် အိမ်ရာမဲ့ ဖြစ်ခဲ့တာကြောင့် လူတွေကို ကျွန်တော်မရခဲ့တဲ့ နည်းလမ်းနဲ့ အိမ်တစ်လုံး ပေးချင်ခဲ့ပါတယ်။”

မာကိုရော်ဘင်ဆန်သည် ဖိအားများသော ဘဝတွင် ဖြတ်သန်းခဲ့ရသောကြောင့် အသက် ၂၉ နှစ်အရွယ်တွင်ပင် နှလုံးရောဂါ စတင်ခံစားခဲ့ရသည်။

“ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ဖြတ်သန်းခဲ့ရတာကြောင့် ဆင်းရဲတဲ့ဘဝကို ကျွန်တော် ကောင်းကောင်းသိ ပါတယ်။”

လျှောက်ထားသူများအနက်မှ နေအိမ်ပေးလှူရန် အထိုက်တန်ဆုံးသူကို ရွေးချယ်ရာတွင် “ကျွန်မ ဘယ်လိုမှ ပြန်မတက်နိုင်တော့တဲ့ တွင်းနက်ကြီးတစ်ခုထဲကို ကျသွားသလို ခံစားနေရပါတယ်”ဟု ပြောလာသူ အသက် ၁၈ နှစ်အရွယ်ရှိ Single Mother ဟိုလီနှင့် “ကျွန်တော်တို့ အိမ်ရာမဲ့တွေပါ လမ်းပေါ်ကလွဲလို့ သွားစရာ နေရာမရှိ ပါဘူး”ဟု ပြောလာသော ဆီးရီးယားဒုက္ခသည်မိသားစုတို့ကဲ့သို့ အခက်အခဲကြုံနေသူများစွာ တွေ့လာရသည်။ “ဝမ်းနည်းစရာပါပဲ”ဟု ရော်ဘင်ဆန်က တိုးတိတ်စွာ ပြောသည်။

“ဘယ်သူ့ကို အိမ်ပေးရမလဲလို့ ရွေးချယ်ရတာဟာ ကျွန်တော့်ဘဝမှာ ဆုံးဖြတ်ရအခက်ဆုံး ကိစ္စပါပဲ။”

(မာကိုရော်ဘင်ဆန်ကို လှူဒါန်းမည့် နေအိမ်ရှေ့တွင် တွေ့ရပုံ)

သားသမီးများအား အမွေပေးရေးနှင့် ပတ်သက်သည့် သဘောထားကိုလည်း မာကို ရော်ဘင်ဆန်က ပြောပြသည်။

မာကိုရော်ဘင်ဆန်တွင် Paige နှင့် Saul ဟူသော ရင်သွေး ၂ ဦးရှိပြီး ၎င်းတို့အတွက် အမွေပေးမည်မဟုတ် သည့်အပြင် နေအိမ်လည်း ဝယ်ယူပေးမည်မဟုတ်ကြောင်း မာကိုရော်ဘင်ဆန်က ပြောသည်။

“ ကျွန်တော်ကွယ်လွန်တဲ့အခါ ဘဏ်စာရင်းမှာ ဘာမှမထားခဲ့ချင်ပါဘူး။ သားသမီးတွေကို ကျွန်တော် ကူညီပေး ပါတယ်။ ဒါပေမယ့် သူတို့ကို ကျွန်တော် ငွေ မပေးပါဘူး ”

မာကိုရော်ဘင်ဆန်က မည်သူ့ကို နေအိမ်ပေးလှူရန် ရွေးချယ်ခဲ့သည်ဆိုခြင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

သို့သော် ၎င်းအနေဖြင့် မှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သည်ဟု ယုံကြည်ထားသည်။

((ဆက်စပ်သတင်း))

ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ အိမ်ခြံမြေပေါင်း ၁၀၀ ကျော် ပိုင်ဆိုင်ကာ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး

https://www.imyanmarhouse.com/news/read/761277

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the man who gave away a three-bedroom house for free (telegraph)

Photo Credit: Channel 4

[Zawgyi]

အိပ္ခန္း ၃ ခန္းပါ ေပါင္ ၁၂၀၀၀၀ တန္ ေနအိမ္ကို အခမဲ့ေပးကမ္းလႉဒါန္းသူ (သို႔မဟုတ္) ပန္းျခံခုံတန္းတြင္ အိပ္စက္ရသည့္ အိမ္ရာမဲ့ဘဝမွ ေဒၚလာသန္း ၄၀ ခန္႔ ခ်မ္းသာႂကြယ္ဝလာသည့္ အိမ္ျခံေျမလုပ္ငန္း႐ွင္ႀကီး

တစ္ခါက ၿဗိတိန္အိမ္ျခံေျမသူေဌးႀကီး မာကိုေရာ္ဘင္ဆန္က ေနအိမ္တစ္လုံး ေပးကမ္းလႉဒါန္းမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

မာကိုေရာ္ဘင္ဆန္သည္ ၿဗိတိန္ႏိုင္ငံသား ကိုယ့္ဒူးကိုယ္ခြၽန္သူေဌးႀကီးျဖစ္ၿပီး ကန္ေဒၚလာ သန္း ၄၀ ခန္႔ ခ်မ္းသာႂကြယ္ဝသည္ဟု ခန္႔မွန္းရသည္။

(မွတ္ခ်က္။ အိမ္ရာမဲ့ဘဝမွ သူေဌးႀကီးျဖစ္လာသူ မာကိုေရာ္ဘင္ဆန္၏ ဘဝဇာတ္ေၾကာင္းကို iMyanmarHouse.com ဝဘ္ဆိုက္ႀကီးတြင္ လြန္ခဲ့ေသာ ၆ ႏွစ္ခန္႔က ေရးသားေဖာ္ျပခဲ့ၿပီး ျဖစ္ပါသည္။)

အဂၤလန္ႏိုင္ငံေျမာက္ပိုင္း လန္ကက္႐ိႈင္းယားခ႐ိုင္၊ ပရက္စတန္ၿမိဳ႕႐ွိ ေပါင္ ၁၂၀,၀၀၀ တန္ အိပ္ခန္း ၃ ခန္းပါ အိမ္ကို မိမိစိတ္ထဲတြင္ လႉသင့္သည္ဟု ယူဆသူ မည္သူကိုမဆို လႉဒါန္းေပးသြားမည္ဟု မာကိုေရာ္ဘင္ဆန္ က ေၾကညာခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ေၾကညာၿပီး ၈ လအၾကာတြင္ ေလွ်ာက္ထားသူ ၈,၀၀၀ ဦးအထိ ႐ွိခဲ့သည္။

ေနအိမ္အခမဲ့ လႉဒါန္းရာတြင္ မည္သူရ႐ွိမည္ဆိုသည္ကို Channel 4 ႐ုပ္သံလိုင္းမွ Get a House for free အစီအစဥ္မွတဆင့္ ထုတ္လႊင့္ခဲ့သည္။ မာကိုေရာ္ဘင္ဆန္သည္ ၿဗိတိန္႐ွိ အဆင္းရဲဆုံး မိသားစုမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

တန္ဖိုႀကီး ေနအိမ္တစ္လုံး အခမဲ့ရမည္ဆိုျခင္းမွာ အိပ္မက္သာ မက္ႏိုင္မည့္ အရာမ်ိဳးျဖစ္ေၾကာင္း ေလွ်ာက္ထားသူတစ္ဦးက ေျပာသည္။

“ ‌ေလာကကို ကြၽန္ေတာ္ ျပန္ၿပီး ေပးဆပ္ခ်င္ပါတယ္။ အိမ္ငွားခေတြ အိမ္ေဈးေတြက ေခါင္ခိုက္ေနတာေၾကာင့္ လူအနည္းစုပဲ ဝယ္ႏိုင္ၾကပါေတာ့တယ္။ အစိုးရရဲ႕ အကူအညီကလည္း အရမ္းနည္းပါးတယ္။ အခ်ိန္ျပည့္ အလုပ္လုပ္ေနတဲ့လူေတြေတာင္ အိမ္မဝယ္ႏိုင္ၾကဘူး။ တကယ့္ကေမာက္ကမ အေျခအေနပါပဲ”ဟု မာကိုေရာ္ဘင္ဆန္က ႐ွင္းျပသည္။

(တခ်ိန္က ေနစရာမ႐ွိေသာေၾကာင့္ ပန္းျခံအတြင္း အိပ္ခဲ့ရေသာ သူေဌးႀကီး မာကိုေရာ္ဘင္ဆန္သည္ ေနာင္အခါတြင္ ၎အိပ္ခဲ့ဖူးေသာ ပန္းျခံသို႔ သြားေရာက္လည္ပတ္ခဲ့ပုံ။ )

အိမ္ရာမဲ့ဘဝသည္ မာကိုေရာ္ဘင္ဆန္၏ အေသြးအသားထဲတြင္ ေကာင္းစြာ ရင္းႏွီးေနေသာ ဘဝျဖစ္သည္။

မိခင္ျဖစ္သူမွာ သူမကိုယ္တိုင္ႏွင့္ သားျဖစ္သူ ဘဝရပ္တည္ႏိုင္ေရးအတြက္ အလုပ္ေပါင္းမ်ားစြာ လုပ္ကိုင္ခဲ့ ေသာ္လည္း မာကိုေရာ္ဘင္ဆန္တို႔ သားအမိမွာ ဒါဘီ႐ိႈင္းယားႏွင့္ လန္ဒန္ၿမိဳ႕တခြင္တြင္ လမ္းေဘး၌ မၾကာခဏ အိပ္ခဲ့ရသည္။

၁၀ ႏွစ္သားအ႐ြယ္ ေရာ္ဘင္ဆန္မွာ ေက်ာင္းေပါင္း ၂၀ ခန္႔ ေက်ာင္းေျပာင္းခဲ့ရၿပီး ျဖစ္သည္။

ဆယ္ေက်ာ္သက္ဘဝတြင္ အိမ္ရာမဲ့ဘဝျဖင့္ မၾကာခဏ ျဖတ္သန္းခဲ့ရသည္။

“ကြၽန္ေတာ္ကိုယ္တိုင္ အိမ္ရာမဲ့ ျဖစ္ခဲ့တာေၾကာင့္ လူေတြကို ကြၽန္ေတာ္မရခဲ့တဲ့ နည္းလမ္းနဲ႔ အိမ္တစ္လုံး ေပးခ်င္ခဲ့ပါတယ္။”

မာကိုေရာ္ဘင္ဆန္သည္ ဖိအားမ်ားေသာ ဘဝတြင္ ျဖတ္သန္းခဲ့ရေသာေၾကာင့္ အသက္ ၂၉ ႏွစ္အ႐ြယ္တြင္ပင္ ႏွလုံးေရာဂါ စတင္ခံစားခဲ့ရသည္။

“ခက္ခဲၾကမ္းတမ္းတဲ့ဘဝမွာ ျဖတ္သန္းခဲ့ရတာေၾကာင့္ ဆင္းရဲတဲ့ဘဝကို ကြၽန္ေတာ္ ေကာင္းေကာင္းသိ ပါတယ္။”

ေလွ်ာက္ထားသူမ်ားအနက္မွ ေနအိမ္ေပးလႉရန္ အထိုက္တန္ဆုံးသူကို ေ႐ြးခ်ယ္ရာတြင္ “ကြၽန္မ ဘယ္လိုမွ ျပန္မတက္ႏိုင္ေတာ့တဲ့ တြင္းနက္ႀကီးတစ္ခုထဲကို က်သြားသလို ခံစားေနရပါတယ္”ဟု ေျပာလာသူ အသက္ ၁၈ ႏွစ္အ႐ြယ္႐ွိ Single Mother ဟိုလီႏွင့္ “ကြၽန္ေတာ္တို႔ အိမ္ရာမဲ့ေတြပါ လမ္းေပၚကလြဲလို႔ သြားစရာ ေနရာမ႐ွိ ပါဘူး”ဟု ေျပာလာေသာ ဆီးရီးယားဒုကၡသည္မိသားစုတို႔ကဲ့သို႔ အခက္အခဲၾကဳံေနသူမ်ားစြာ ေတြ႕လာရသည္။ “ဝမ္းနည္းစရာပါပဲ”ဟု ေရာ္ဘင္ဆန္က တိုးတိတ္စြာ ေျပာသည္။

“ဘယ္သူ႕ကို အိမ္ေပးရမလဲလို႔ ေ႐ြးခ်ယ္ရတာဟာ ကြၽန္ေတာ္႕ဘဝမွာ ဆုံးျဖတ္ရအခက္ဆုံး ကိစၥပါပဲ။”

(မာကိုေရာ္ဘင္ဆန္ကို လႉဒါန္းမည့္ ေနအိမ္ေ႐ွ႕တြင္ ေတြ႕ရပုံ)

သားသမီးမ်ားအား အေမြေပးေရးႏွင့္ ပတ္သက္သည့္ သေဘာထားကိုလည္း မာကို ေရာ္ဘင္ဆန္က ေျပာျပသည္။

မာကိုေရာ္ဘင္ဆန္တြင္ Paige ႏွင့္ Saul ဟူေသာ ရင္ေသြး ၂ ဦး႐ွိၿပီး ၎တို႔အတြက္ အေမြေပးမည္မဟုတ္ သည့္အျပင္ ေနအိမ္လည္း ဝယ္ယူေပးမည္မဟုတ္ေၾကာင္း မာကိုေရာ္ဘင္ဆန္က ေျပာသည္။

“ ကြၽန္ေတာ္ကြယ္လြန္တဲ့အခါ ဘဏ္စာရင္းမွာ ဘာမွမထားခဲ့ခ်င္ပါဘူး။ သားသမီးေတြကို ကြၽန္ေတာ္ ကူညီေပး ပါတယ္။ ဒါေပမယ့္ သူတို႔ကို ကြၽန္ေတာ္ ေငြ မေပးပါဘူး ”

မာကိုေရာ္ဘင္ဆန္က မည္သူ႕ကို ေနအိမ္ေပးလႉရန္ ေ႐ြးခ်ယ္ခဲ့သည္ဆိုျခင္းကိုမူ ထုတ္ေဖာ္ေျပာၾကားျခင္း မ႐ွိေခ်။

သို႔ေသာ္ ၎အေနျဖင့္ မွန္ကန္စြာ ေ႐ြးခ်ယ္ႏိုင္ခဲ့သည္ဟု ယုံၾကည္ထားသည္။

((ဆက္စပ္သတင္း))

ပန္းျခံခုံတန္းတြင္ အိပ္စက္ရသည့္ အိမ္ရာမဲ့ဘဝမွ အိမ္ျခံေျမေပါင္း ၁၀၀ ေက်ာ္ ပိုင္ဆိုင္ကာ ေဒၚလာသန္း ၄၀ ခန္႔ ခ်မ္းသာႂကြယ္ဝလာသည့္ အိမ္ျခံေျမလုပ္ငန္း႐ွင္ႀကီး

https://www.imyanmarhouse.com/news/read/761277

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet the man who gave away a three-bedroom house for free (telegraph)

Photo Credit: Channel 4

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service