ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ရန်ကုန်တိုက်ခန်းဈေးကွက်အတွင်း ဆောက်လုပ်ပြီး မီနီကွန်ဒိုနှင့် ကွန်ဒိုတိုက်ခန်းများ ရောင်းချမှု မြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
ကန်ထရိုက်တိုက်ခန်း အသစ်ဆောက်လုပ်မှုမှာ လျော့ကျနေပြီး ကွန်ဒို နှင့် မီနီကွန်ဒို အသစ်များသာ ဈေးကွက်အတွင်း ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။
“ ကန်ထရိုက်လောက က ရပ်သလောက်ဖြစ်နေတာ၊ မြေပိုင်ရှင် အခန်းပေးစနစ်က အခုနှစ်ထဲမှာ မရှိသလောက်ရှားသွားတယ်၊ အဓိက ပြဿနာက ဆောက်လုပ်ရေးကုန်ကျစရိတ်တွေ မြင့်တက်လာလို့ပါ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကွန်ဒိုတိုက်တွေကတော့ အခုအခန်းတွေရနေပြီလေ၊ ဈေးလဲအပြိုင်အဆိုင် ထုတ်ရောင်းနေကြတယ်” ဟု အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ရန်ကုန်မြို့အတွင်း သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ မရမ်းကုန်း စသော မြို့နယ်များတွင် ကွန်ဒိုတိုက်ခန်းသစ်များ ဈေးကွက်အတွင်း ရောင်းချရန်အပြိုင်အဆိုင် ကြော်ငြာနေကြောင်း သိရသည်။
ကွန်ဒို တိုက်ခန်းသစ်များ၏ ဈေးနှုန်းမှာ သိန်းနှစ်ထောင်မှ သိန်းငါးထောင်ကျော်အထိ နေရာအလိုက် ပေါက်ဈေး အမျိုးအစား ကွာခြားကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ