ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ ယခင်ကနွေရာသီအတွင်း လျှပ်စစ်မီးပျက်တောက်ချိန် ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်း လေအေးပေးစက် (Aircon) များတပ်ဆင်မှုကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
“ ကိုယ်ပိုင်အိမ်တွေတောင် လေအေးပေးစက် (Aircon) မတပ်ကျတော့ဘူး၊ တိုက်ခန်းအငှားသမားတွေဆို ပိုဆိုးတယ်၊ မီးမလာတော့ (Aircon) တပ်ထားလဲ ဘာမှအသုံးမဝင်ဘူး ၊ အရင်ကဆို လေအေးပေးစက် (Aircon) တပ်ပေးထားရင် ငှားတဲ့သူက ချက်ခြင်းငွေချေတာာ” ဟု ရန်ကုန်ရှိ အိမ်နှင့်တိုက်ခန်းအငှားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အသင့်နေ အဆင့်မြင့်ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုများတွင် လေအေးပေးစက် (Aircon) တပ်ဆင် ထည့်သွင်းထားသော်လည်း ငှားရမ်းသူများက ၂၄ နာရီ လျှပ်စစ်မီးရရန် တောင်းဆိုမှုများ ရှိလာသည်။
မြန်မာနိုင်ငံသည် ယခုနှစ်နွေရာသီတွင် အယ်နီညိုရာသီဥတု ဖောက်ပြန်မှုကြောင့် အပူချိန်များ မြင့်တက်နေသည့်အပြင် လျှပ်စစ်မီးရရှိမှုမှာ ဆိုးရွားစွာကျဆင်းနေသဖြင့် အပူဒဏ်ကို သိသိသာသာ ခံစားနေရသည်။
ယခင်က နွေရာသီအတွင်း လျှပ်စစ်မီးပျက်တောက်မှုသည် နယ်မြို့များတွင် ပိုမိုဆိုးရွားနေပြီး မိုဘိုင်းဖုန်း တာဝါတိုင်များကို မီးမပေးနိုင်ခြင်းကြောင့် မီးပျက်ချိန်တွင် တယ်လီဖုန်းလိုင်းများပါ ပျက်နေကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း