အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်

အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင် - Property News in Myanmar from iMyanmarHouse.com
7 May 2024 11:55 am တွင် တင်ခဲ့သည်
719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်အဆိုတော်၊ ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင် မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကိုရှိ အပန်းဖြေစံအိမ်တွင် သင်လည်း ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခို အပန်းဖြေနိုင်ပါသည်။

La Datcha ဟု အမည်ပေးထားသော စံအိမ်ကြီးမှာ စတုရန်းပေ ၂၀၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၂ ခန်းအပြင် ကမ္ဘာ့အဆင့်မီ အားကစားလေ့ကျင့်ခန်းမတစ်ခုလည်း ပါဝင်သည်။

ဧည့်သည် ၂၀ ဦးကျော် တည်းခိုနိုင်ပြီး အိပ်ခန်းတစ်ခုချင်းစီကို မက္ကဆီကို- အမေရိကန် ပေါင်းစပ်ထားသော အရောင်အသွေးစုံသည့် မွမ်းမံမှုဖြင့် အလှဆင်ထားကြောင်း Sun Cabos Vacations ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အိပ်ခန်းတစ်ခုချင်းစီတွင် သီးသန့်ရေချိုးခန်းနှင့် walk-in closet များပါဝင်သည်။

ပင်မအိပ်ခန်း ၂ ခုတွင် သီးသန့်လသာဆောင်များပါဝင်ပြီး အိပ်ခန်း ၁ ခုတွင် သီးသန့် မီးလင်းဖိုပါကာ အခြားတစ်ခုမှာ ရေကူးကန်ဆီသို့ ပေါက်သည်။

La Datcha စံအိမ်တွင် ဧည့်သည်များအတွက် ၂၄ နာရီ ဝန်ဆောင်မှုများပါဝင်သည်။

ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦးနှင့် butler ၅ ဦး အပါအဝင် ဧည့်သည်တော်များ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဝန်ထမ်း ၂၂ ဦး ရှိသည်။

La Datcha စံအိမ်တွင် အိပ်ခန်း ၁၀ ခန်းပါဝင်ပြီး အိပ်ခန်းတိုင်းတွင် သီးသန့်ရေချိုးခန်းပါဝင်ပြီး ပင်လယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။

(ဂျက်ဆီကာ ဆင်ပဆင်နှင့် မိသားစု မက္ကဆီကိုတွင် အပန်းဖြေခဲ့စဉ် နေထိုင်ခဲ့သော စံအိမ်။ ဓာတ်ပုံ-Sun Cabo Vacations/ Getty Images/ Fox News)

(La Datcha ၏ အိပ်ခန်းများကို အမေရိကန်-မက္ကဆီကို ဟန်များ ပေါင်းစပ်မွမ်းမံထားသည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

(La Datcha စံအိမ်တွင် အိပ်ခန်း ၁၀ ခန်းပါဝင်ပြီး အိပ်ခန်းတိုင်းတွင် သီးသန့်ရေချိုးခန်းပါဝင်ပြီး ပင်လယ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။  ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

ဂျက်ဆီကာ ဆင်ပဆင်တို့ မိသားစုသည် ကလေးများနွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ဤစံအိမ်တွင် အပန်းဖြေနေထိုင်ခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုတွင် နေထိုင်ခဲ့မှု အတွေ့အကြုံများကို သူမက အင်စတာဂရမ်တွင် မျှဝေခဲ့သည်။

(သီးသန့်လသာဆောင်သို့ ပေါက်သော ပင်မအိပ်ခန်းတစ်ခု။ ဓာတ်ပုံ-Sun Cabo Vacations/Fox News)

(စံအိမ်ရှိ အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Sun Cabo Vacations/Fox News)

(စံအိမ်ဝန်းအတွင်း ကျယ်ပြောလှသော ရေကူးကန်တစ်ခုပါပြီး ရေကူးကန်အလယ်တွင် ပင်လယ်ရှုခင်းကြည့်ရင်း ဧည့်သည်များ စားသောက်ရန် ကြီးမားသော စားပွဲကြီးတစ်ခုရှိသည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

(La Datcha စံအိမ်တွင် စားဖိုမှူး ၃ ဦးနှင့် butler ၅ ဦးအပြင် ဝန်ထမ်းများစွာရှိသည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

စံအိမ်အတွင်း sauna ၊ တူရကီ ရေစိမ်ကန်နှင့် အနှိပ်ခန်းတို့လည်း ပါဝင်သည်။

ထို့အပြင် အအေးဓာတ်ကြိုက်သူများအတွက် ရေခဲမှတ်အောက် ၄၀ ဒီဂရီအထိ အအေးဓာတ်ရှိသော နှင်းခန်းမတစ်ခုလည်း ပါဝင်သည်။

(စံအိမ်တွင် sauna ၊ အနှိပ်ခန်းနှင့် အအေးခန်းမတို့ ပါဝင်သည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

(La Datcha စံအိမ်တွင် ဝိုင်မျိုးစုံ ရရှိနိုင်ပြီး ဝိုင်ပုလင်းပေါင်း ၃၀၀၀ ကျော် ရှိသည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

တည်းခိုခတွင် စံအိမ်တွင် နေထိုင်စဉ်ကာလတလျှောက် အစားအသောက်နှင့် အဖျော်ယမကာဖိုးများ ပါဝင်သည်ဟု ဆိုသည်။

စံအိမ်မှာ ပင်လယ်ကမ်းခြေမှ လမ်းအနည်းငယ်သာ လျှောက်ရသည့်အကွာအဝေးတွင် ရှိသော်လည်း ထိုပတ်ဝန်းကျင်တွင် ရေစီးအလွန်သန်သောကြောင့် ပင်လယ်အတွင်း ရေဆင်းကူးခြင်း မလုပ်သင့်ကြောင်း အကြံပြုထားသည်။

(ဧည့်သည်များအနေဖြင့် ပင်လယ်တွင် ရေမကူးသင့်ကြောင်း အကြံပြုထားပြီး စံအိမ်ဝန်းအတွင်းရှိ အပြောကျယ် သော ရေကူးကန်နှင့် ရေပူကန်တို့တွင် အပန်းဖြေနိုင်သည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

(စံအိမ်အပြင်ဘက်တွင် ဧည့်သည်များ အပန်းဖြေရန်နေရာများစွာရှိသည်။ ဓာတ်ပုံ-Sun Cabo Vacations/ Fox News)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jessica Simpson's $40K Mexico luxury vacation rental offers private chefs, butlers and a snow room (foxbusiness)

Photo Credit: Sun Cabo Vacations/ Fox News

[Zawgyi] အေမရိကန္အဆိုေတာ္ ရုပ္ရွင္မင္းသမီး ဂ်က္ဆီကာ ဆင္ပဆင္၏ မၾကာေသးမီက အပန္းေျဖခဲ့ေသာ မကၠဆီကို ရွိ အပန္းေျဖစံအိမ္တြင္ ကမၻာ့အဆင့္ စားဖိုမွဴး ၃ ဦး၊ snow room တု႔ိ ပါဝင္ျပီး ကန္ေဒၚလာ ၄၀၀၀၀ ျဖင့္ ငွားရမ္းတည္းခိုႏိုင္

အေမရိကန္အဆိုေတာ္၊ ရုပ္ရွင္မင္းသမီး ဂ်က္ဆီကာ ဆင္ပဆင္ မၾကာေသးမီက အပန္းေျဖခဲ့ေသာ မကၠဆီကိုရွိ အပန္းေျဖစံအိမ္တြင္ သင္လည္း ကန္ေဒၚလာ ၄၀၀၀၀ ျဖင့္ ငွားရမ္းတည္းခို အပန္းေျဖႏိုင္ပါသည္။

La Datcha ဟု အမည္ေပးထားေသာ စံအိမ္ၾကီးမွာ စတုရန္းေပ ၂၀၀၀၀ ခန္႔အထိ က်ယ္ဝန္းျပီး အိပ္ခန္း ၁၀ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းအျပင္ ကမၻာ့အဆင့္မီ အားကစားေလ့က်င့္ခန္းမတစ္ခုလည္း ပါဝင္သည္။

ဧည့္သည္ ၂၀ ဦးေက်ာ္ တည္းခိုႏိုင္ျပီး အိပ္ခန္းတစ္ခုခ်င္းစီကို မကၠဆီကို- အေမရိကန္ ေပါင္းစပ္ထားေသာ အေရာင္အေသြးစံုသည့္ မြမ္းမံမႈျဖင့္ အလွဆင္ထားေၾကာင္း Sun Cabos Vacations ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

အိပ္ခန္းတစ္ခုခ်င္းစီတြင္ သီးသန္႔ေရခ်ဳိးခန္းႏွင့္ walk-in closet မ်ားပါဝင္သည္။

ပင္မအိပ္ခန္း ၂ ခုတြင္ သီးသန္႔လသာေဆာင္မ်ားပါဝင္ျပီး အိပ္ခန္း ၁ ခုတြင္ သီးသန္႔ မီးလင္းဖိုပါကာ အျခားတစ္ခုမွာ ေရကူးကန္ဆီသို႔ ေပါက္သည္။

La Datcha စံအိမ္တြင္ ဧည့္သည္မ်ားအတြက္ ၂၄ နာရီ ဝန္ေဆာင္မႈမ်ားပါဝင္သည္။

ကမၻာ့အဆင့္ စားဖိုမွဴး ၃ ဦးႏွင့္ butler ၅ ဦး အပါအဝင္ ဧည့္သည္ေတာ္မ်ား၏ လိုအပ္ခ်က္အမ်ဳိးမ်ဳိးကို ျဖည့္ဆည္းေဆာင္ရြက္ေပးရန္ ဝန္ထမ္း ၂၂ ဦး ရွိသည္။

(ဂ်က္ဆီကာ ဆင္ပဆင္ႏွင့္ မိသားစု မကၠဆီကိုတြင္ အပန္းေျဖခဲ့စဥ္ ေနထိုင္ခဲ့ေသာ စံအိမ္။ ဓာတ္ပံု-Sun Cabo Vacations/ Getty Images/ Fox News)

(La Datcha စံအိမ္တြင္ အိပ္ခန္း ၁၀ ခန္းပါဝင္ျပီး အိပ္ခန္းတိုင္းတြင္ သီးသန္႔ေရခ်ဳိးခန္းပါဝင္ျပီး ပင္လယ္ရႈခင္း မ်ား ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

(La Datcha ၏ အိပ္ခန္းမ်ားကို အေမရိကန္-မကၠဆီကို ဟန္မ်ား ေပါင္းစပ္မြမ္းမံထားသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

ဂ်က္ဆီကာ ဆင္ပဆင္တို႔ မိသားစုသည္ ကေလးမ်ားေႏြရာသီ ေက်ာင္းပိတ္ရက္ကာလအတြင္း ဤစံအိမ္တြင္ အပန္းေျဖေနထိုင္ခဲ့ျခင္းျဖစ္ျပီး မကၠဆီကိုတြင္ ေနထုိင္ခဲ့မႈ အေတြ႔အၾကံဳမ်ားကို သူမက အင္စတာဂရမ္တြင္ မွ်ေဝခဲ့သည္။

(သီးသန္႔လသာေဆာင္သို႔ ေပါက္ေသာ ပင္မအိပ္ခန္းတစ္ခု။ ဓာတ္ပံု-Sun Cabo Vacations/Fox News)

(စံအိမ္ရွိ အားကစားေလ့က်င့္ခန္းမ။ ဓာတ္ပံု-Sun Cabo Vacations/Fox News)

(စံအိမ္ဝန္းအတြင္း က်ယ္ေျပာလွေသာ ေရကူးကန္တစ္ခုပါျပီး ေရကူးကန္အလယ္တြင္ ပင္လယ္ရႈခင္းၾကည့္ရင္း ဧည့္သည္မ်ား စားေသာက္ရန္ ၾကီးမားေသာ စားပြဲၾကီးတစ္ခုရွိသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

(La Datcha စံအိမ္တြင္ စားဖိုမွဴး ၃ ဦးႏွင့္ butler ၅ ဦးအျပင္ ဝန္ထမ္းမ်ားစြာရွိသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

စံအိမ္အတြင္း sauna ၊ တူရကီ ေရစိမ္ကန္ႏွင့္ အႏွိပ္ခန္းတို႔လည္း ပါဝင္သည္။

ထို႔အျပင္ အေအးဓာတ္ၾကိဳက္သူမ်ားအတြက္ ေရခဲမွတ္ေအာက္ ၄၀ ဒီဂရီအထိ အေအးဓာတ္ရွိေသာ ႏွင္းခန္းမတစ္ခုလည္း ပါဝင္သည္။

(စံအိမ္တြင္ sauna ၊ အႏွိပ္ခန္းႏွင့္ အေအးခန္းမတို႔ ပါဝင္သည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

(La Datcha စံအိမ္တြင္ ဝိုင္မ်ဳိးစံု ရရွိႏိုင္ျပီး ဝိုင္ပုလင္းေပါင္း ၃၀၀၀ ေက်ာ္ ရွိသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

တည္းခိုခတြင္ စံအိမ္တြင္ ေနထိုင္စဥ္ကာလတေလွ်ာက္ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာဖုိးမ်ား ပါဝင္သည္ဟု ဆိုသည္။

စံအိမ္မွာ ပင္လယ္ကမ္းေျခမွ လမ္းအနည္းငယ္သာ ေလွ်ာက္ရသည့္အကြာအေဝးတြင္ ရွိေသာ္လည္း ထိုပတ္ဝန္းက်င္တြင္ ေရစီးအလြန္သန္ေသာေၾကာင့္ ပင္လယ္အတြင္း ေရဆင္းကူးျခင္း မလုပ္သင့္ေၾကာင္း အၾကံျပဳထားသည္။

(ဧည့္သည္မ်ားအေနျဖင့္ ပင္လယ္တြင္ ေရမကူးသင့္ေၾကာင္း အၾကံျပဳထားျပီး စံအိမ္ဝန္းအတြင္းရွိ အေျပာက်ယ္ ေသာ ေရကူးကန္ႏွင့္ ေရပူကန္တို႔တြင္ အပန္းေျဖႏိုင္သည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

(စံအိမ္အျပင္ဘက္တြင္ ဧည့္သည္မ်ား အပန္းေျဖရန္ေနရာမ်ားစြာရွိသည္။ ဓာတ္ပံု-Sun Cabo Vacations/ Fox News)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jessica Simpson's $40K Mexico luxury vacation rental offers private chefs, butlers and a snow room (foxbusiness)

Photo Credit: Sun Cabo Vacations/ Fox News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service