ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားသည့် အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊ အခန်း (၁၀၄) ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူရန်အတွက် အခန်းမဲနှိုက်ခွင့်ရရှိသူများ မေလ ၇ ရက်နေ့တွင် အခန်းမဲနှိုက်ရမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားသည်။
CHID Bank တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း (၃၀) ပြည့်မီသူ (၂၂၉၃) ဦးအနက် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ မေလ ၃ ရက်အထိ စာရင်းပေးသွင်းသူ (၉၃၆) ဦးရှိပြီး ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ စာရင်းပေးသွင်း လျှောက်ထားသူများအနက် CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး (၁၀၄) ဦးအား အခန်းမဲနှိုက်ခွင့်ပြုမည် ဖြစ်သည်။
အခန်းမဲနှိုက်ခွင့်ရရှိသူ (၁၀၄) ဦး၏ အမည်စာရင်းနှင့် အချက်အလက်များအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ DUHD Sale Housing Facebook Page နှင့် Website တို့တွင်လည်း ထုတ်ပြန် ကြေညာပေးထားကြောင်း သိရသည်။
အခန်းမဲနှိုက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်တွင် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယအထပ် အစည်းအဝေးခန်းမ (အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ကျင်းပသွား ရန်စီစဉ်ထားကြောင်း သိရသည်။
အခန်းမဲနှိုက်ခွင့်ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားတက်ရောက်နိုင်ပြီး ကိုယ်စားတက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမည်ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ေအာင္ျမင့္မိုရ္အိမ္ရာတိုက္ခန္းဝယ္ယူခြင့္ ေမလ (၇) ရက္ေန႔ တြင္ မဲႏိႈက္ ေ႐ြးခ်ယ္မည္
ေတာင္ဒဂုံၿမိဳ႕နယ္တြင္ တည္ေဆာက္ထားသည့္ ေအာင္ျမင့္မိုရ္အိမ္ရာ႐ွိ တိုက္ (၄) လုံး၊ အခန္း (၁၀၄) ခန္းအား အတိုးႏႈန္း သက္သာေသာ အိမ္ရာေခ်းေငြျဖင့္ ဝယ္ယူရန္အတြက္ အခန္းမဲႏိႈက္ခြင့္ရ႐ွိသူမ်ား ေမလ ၇ ရက္ေန႔တြင္ အခန္းမဲႏိႈက္ရမည္ဟု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက အသိေပးေၾကညာထားသည္။
CHID Bank တြင္ အိမ္ရာစုေဆာင္းေငြ က်ပ္သိန္း (၃၀) ျပည့္မီသူ (၂၂၉၃) ဦးအနက္ ၂၀၂၄ ခုႏွစ္၊ ဧၿပီ ၂၂ ရက္မွ ေမလ ၃ ရက္အထိ စာရင္းေပးသြင္းသူ (၉၃၆) ဦး႐ွိၿပီး ေရာင္းခ်ေပးႏိုင္သည့္ အခန္းအေရအတြက္အရ စာရင္းေပးသြင္း ေလွ်ာက္ထားသူမ်ားအနက္ CHID Bank ၏ တန္းစီဇယားအမွတ္စဥ္ အေစာဆုံး (၁၀၄) ဦးအား အခန္းမဲႏိႈက္ခြင့္ျပဳမည္ ျဖစ္သည္။
အခန္းမဲႏိႈက္ခြင့္ရ႐ွိသူ (၁၀၄) ဦး၏ အမည္စာရင္းႏွင့္ အခ်က္အလက္မ်ားအား ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီး ဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ DUHD Sale Housing Facebook Page ႏွင့္ Website တို႔တြင္လည္း ထုတ္ျပန္ ေၾကညာေပးထားေၾကာင္း သိရသည္။
အခန္းမဲႏိႈက္ျခင္းအခမ္းအနားကို ၂၀၂၄ ခုႏွစ္ ေမလ ၇ ရက္တြင္ (အဂၤါေန႔) နံနက္ ၁၀ နာရီတြင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဒုတိယအထပ္ အစည္းအေဝးခန္းမ (အမွတ္ ၂၂၈/၂၃၄၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ က်င္းပသြား ရန္စီစဥ္ထားေၾကာင္း သိရသည္။
အခန္းမဲႏိႈက္ခြင့္ရ႐ွိသူမ်ားအေနျဖင့္ အခမ္းအနားသို႔ ကိုယ္တိုင္ (သို႔မဟုတ္) ကိုယ္စားတက္ေရာက္ႏိုင္ၿပီး ကိုယ္စားတက္ေရာက္ပါက ကိုယ္စားလွယ္လႊဲစာ၊ အခန္းမဲႏိႈက္ခြင့္ရ႐ွိသူ၏ မွတ္ပုံတင္မိတၱဴပါ႐ွိရမည္ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com