နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ

နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ - Property Knowledge in Myanmar from iMyanmarHouse.com
5 May 2024 1:11 pm တွင် တင်ခဲ့သည်
430 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ပြည်တွင်းမှာ လုပ်ငန်းဖွင့်လှစ်ကြတဲ့ နိုင်ငံခြားသား ( လုပ်ငန်းရှင် ) များ နှစ်ရှည်အိမ်ငှားခွင့် ရှိ/မရှိ ဆိုတဲ့မေးခွန်းလေးအပြင် ဥပဒေဆိုင်ရာအမေးအဖြေသုံးခုကို ဒီကနေ့ညမှာတင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - ကျမ်းကျိန်လွှာသည် သက်သေခံအထောက်အထား ဖြစ်ပါသလား။

တရားရုံးသည်လုံလောက်သင့်လျော်သည့် ထင်မြင်သော သီးခြားအကြောင်းအရာ တစ်စုံတစ်ရာအား တရားမကျင့်ထုံးဥပဒေအမိန့်-၁၉နှင့်အညီ ကျမ်းကျိန်လွှာဖြင့် သက်သေထင်ရှားပြစေရန် အမိန့်ချမှတ်နိုင်သည်။ တရားရုံးမှ ကျမ်းကျိန်လွှာဖြင့် သက်သေပြရန် အမိန့်ချမှတ်ခြင်းမရှိပါက ကျမ်းကျိန်လွှာဖြင့် သက်သေထူ၍ မရ ပါ။ ကျမ်းကျိန်လွှာမှာ သက်သေခံဥပဒေပုဒ်မ-၃တွင် သက်သေခံ အထောက်အထားဆိုသော စကားရပ်တွင် အကျုံးမဝင်သဖြင့် ဥပဒေအရ အတိအလင်းခွင့်ပြုထားသည့်ကိစ္စမှအပ သက်သေအထောက်အထားအဖြစ် လက်ခံနိုင်မည်မဟုတ်ပါ။ ကတိသစ္စာပြုလွှာနှင့် ကျမ်းကျိန်လွှာမှာလဲ မတူညီပါ။

အိမ်ခြံမြေကိစ္စများနှင့် စပ်လျဉ်း၍လဲ ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ တရားဝင် ခင်ပွန်း၊ ဇနီး၊ သားသမီး တော်စပ်မှု မှန်ကန် ကြောင်း ကျမ်းကျိန်လွှာ၊ GP/SP ပေးအပ်ထားသူမှာ သက်ရှိထင်ရှားရှိသည်မှာ မှန်ကန်ကြောင်း ကျမ်းကျိန်လွှာ စသဖြင့် မိမိတင်ပြလိုသော အကြောင်းအရာပေါ်မူတည်၍ ကျမ်းကျိန်လွှာအမျိုးမျိုးရှိကြပြီး မှန်ကန်သည့်ကိစ္စကို သာ ကျမ်းကျိန်ဆိုရန် လိုအပ်ပါသည်။

စည်ပင်ရုံးများတွင် တင်ပြသော ကျမ်းကျိန်လွှာများမှာ နေ့ခင်းပြုလုပ်ရမည်ဖြစ်ကာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် တင်ပြရသော ကျမ်းကျိန်လွှာများမှာ (၁)ပတ်အတွင်း ပြုလုပ်ရပါသည်။ နိုင်ငံခြားရောက်နေသူတစ်ဦးမှာ ကျမ်းကျိန်လွှာပြုလုပ်လိုပါက ၎င်းရောက်ရှိနေသောနိုင်ငံ၏ သံအမတ် (သို့)သံရုံးတာဝန်ခံရှေ့တွင် ကျမ်းကျိန်လွှာပြုလုပ်နိုင်ကာ အဆိုပါကျမ်းကျိန်လွှာအား သက်သေခံအဖြစ်လက်ခံပေး နိုင်ပါသည်။

အကြောင်းချင်းရာတစ်ခုအား လိမ်လည်၍ မမှန်မကန် ကျမ်းကျိန်ဆိုသက်သေခံလျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၉၃ အရ ပြစ်မှုကျူးလွန်ခြင်းပင် ဖြစ်ပါသည်။ လိမ်လည် ကျမ်းကျိန်ဆိုမှုများအား တရားစွဲဆိုရာတွင် နိုင်ငံတော်(ရဲနှင့် တရားရုံး)မှ တရားလိုပြုလုပ်၍ တရားစွဲဆိုနိုင်ပါသည်။

ကျမ်းကျိန်လွှာဖြင့် တင်ပြရန်လိုအပ်သည့်ကိစ္စရပ်များအား ရုံးခွန်တံဆိပ်ခေါင်း-၁၅၀ပေါ်တွင် မိမိကျမ်း ကျိန် ဆိုလိုသည့်အကြောင်းအရာကို ရိုက်နှိပ်ပြီး တရားရုံးတစ်ရုံးရုံးတွင် အသိသက်သေများပါဝင်ကာ ကျမ်းကျိန် လွှာပြုလုပ်ရမည်ဖြစ်ပါသည်။

ကျမ်းကျိန်ဆိုမည့် တရားရုံးအား ကျမ်းကျိန်လွှာနှင့် စပ်ဆိုင်သော စာချုပ်စာတမ်း အထောက်အထားများအားလဲ ပူးတွဲတင်ပြရန် လိုပါသည်။ စာရွက်စာတမ်းများ အမှန်တကယ်ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာဖြစ်ပါက ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံချက်တို့ ပါရှိရမည်ဖြစ်ပါသည်။

ကျမ်းကျိန်လွှာအား မှတ်ပုံတင်လိုပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် (၄)လအတွင်း မှတ်ပုံတင်ရမည် ဖြစ်ပါသည်။ (၄)လအတွင်း မှတ်ပုံတင်ရှိခြင်းမရှိဘဲ သက်တမ်းကုန် ကျမ်းကျိန်လွှာမှာ အထောက်အထားပြုနိုင် သည့် ကျမ်းကျိန်လွှာတစ်စောင် မဟုတ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) - နိုင်ငံခြားသား (လုပ်ငန်းရှင်)များ နှစ်ရှည်အိမ်ငှားလို့ ရပါသလား။

နိုင်ငံခြားသားများမှာ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ နိုင်ငံအတွင်းရှိ အိမ်ခြံမြေအား ဝယ်ယူနေထိုင်ခွင့်မရှိပါ။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ လာရောက် ဆောင်ရွက်သော နိုင်ငံခြားသားသည် အိမ်ငှားရမ်းနေထိုင်ရမည်ဖြစ်ပါသည်။

၂၀၁၆ခုနှစ်တွင်ထွက်ရှိသော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ-၁၅(က)အရ စုပေါင်းပိုင်အ ဆောက်အအုံ၏ (၄၀) ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ ရောင်းချ ခွင့်ရှိကြောင်း အတိအလင်းဖော်ပြထားပြီး ဖြစ်ပါသည်။ ပုဒ်မ-၂၆(ဃ)(၁)တွင်လဲ စုပေါင်းပိုင်အဆောက်အအုံ အခန်းကို နိုင်ငံခြားသားအား တည်ဆဲဥပဒေနှင့်အညီ ငှားရမ်းခွင့်၊ ပေါင်နှံခွင့်နှင့် ခွင့်ပြုချက်ဖြင့် ထားပိုင်ခွင့်ရှိ ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် နှစ်ရှည်နေထိုင်လိုသော နိုင်ငံခြားသား လုပ်ငန်းရှင်များသည် ဝယ်ယူနေထိုင်ခြင်း၊ နှစ်ရှည် ငှားရမ်းနေထိုင်ခြင်းပြုလိုပါက ကွန်ဒိုအခန်းများနှင့် ပိုမိုသင့်လျှော်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေပုဒ်မ-၁၇ တွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ဆက်လက် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ သတ်မှတ်ငှားရမ်းခြင်းဖြစ်ပါက အငှားစာချုပ်ကို မှတ်ပုံတင်ထားရှိရ မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိမ်ခြံမြေအား နိုင်ငံခြားသားကို နှစ်ရှည်ငှားရမ်းခွင့်မရှိဘဲ တစ်ကြိမ်လျှင်တစ်နှစ်သာ အငှားစာချုပ်ပြုလုပ်၍ ငှားရမ်းခွင့်ရှိပြီး Social Visa ဖြင့် လာရောက်နေထိုင်သူလား၊ Business Visa ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူလား စစ်ဆေးမေးမြန်းရန် လိုပါသည်။ Visit Visa ဗီဇာဖြင့် လာရောက် နေထိုင်သူအားလဲ အိမ်ငှားရမ်း၍မရပါ။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ-(၅) အရလဲ နိုင်ငံခြားသား (သို့) နိုင်ငံခြားသားပိုင်ကုမ္ပဏီအား တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ အငှားချထားခြင်းမပြုရဟု ပြဌာန်းထားပြီး ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ-၅၀(ခ)အရ နိုင်ငံခြားသားမှ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကမြေ(သို့) အဆောက်အအုံအား ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငှားပါက နှစ်(၅၀)အထိ သတ်မှတ်ချက်များနှင့်အညီ ငှားရမ်းခွင့်ရှိကာ သက်တမ်းတိုး (၁၀)နှစ် (၂)ကြိမ်လဲ ပြုလုပ်ခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နှစ်ရှည်ငှားရမ်းသော စာချုပ်များအားလဲ မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - လိုင်စင်မြေအား မြေငှားစာချုပ် လျှောက်ထားဖို့ ဘယ်လိုသတ်မှတ်ချက်တွေရှိပါသလဲ။

လိုင်စင်မြေအား မြေငှားစာချုပ် လျှောက်ထားရာတွင် မူလလိုင်စင်ချပေးစဉ်က လူနေထိုင်ရန်၊ အိမ်ရာ ဆောက်လုပ်ရန် ခွင့်ပြုသည့် လိုင်စင်များကိုသာ မြေငှားဂရန် လျှောက်ထားခြင်း ခွင့်ပြုပေးနိုင်ပါသည်။ လိုင်စင်မြေမှာ ကော်မတီ၏ ဌာနဝင်ငွေရလိုင်စင်၊ တစ်နှစ်ယာယီလိုင်စင် ဖြစ်နေပါက မြေငှားဂရန် လျှောက်ထား၍ ရမည်မဟုတ်ပါ။ ထို့ပြင် လူမှုရေး အသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီ များ၊ သမဝါယမအသင်းများ၊ ငြိမ်းချမ်းရေးအဖွဲ့များမှ တစ်နှစ်ယာယီလိုင်စင်၊ သုံးနှစ်ယာယီ လိုင်စင်များကိုလဲ မြေငှားဂရန် လျှောက်ထားခွင့်မရှိပါ။

လိုင်စင်မြေအား (၃)နှစ်ဆက်တိုက် သက်တမ်းချထားခြင်းခံရသူ၊ (၁)နှစ်လျှင် တစ်ကြိမ်ဖြင့် သက်တမ်း တိုး (၃)နှစ် ဆက်တိုက်အမည်ပေါက်အဖြစ် သက်တမ်းတိုးနိုင်သူမှသာ မြေငှားစာချုပ် လျှောက်ထား၍ရမည် ဖြစ် ပါသည်။

အကယ်၍ အမည်ပေါက်မဟုတ်သူမှ မြေငှားဂရန် လျှောက်ထားလိုပါကလဲ တရားရုံးအနိုင်ဒီဂရီနှင့်လွှဲ ပြောင်း ပိုင်ဆိုင်မှုရှိလာသည့် စာချုပ်စာတမ်း အထောက်အထားများ တင်ပြရန် လိုပါသည်။

လိုင်စင်မြေအား မြေငှားဂရန် လျှောက်ထားသူသည် ဂရန်ပေးစီမံချက်အတွင်းမဟုတ်ပါက မြို့နယ်အ လိုက် ကော်မတီမှ သတ်မှတ်ထားသော အထူးဝန်ဆောင်ခကို ပေးအပ်ရန်လိုပါသည်။ လျှောက်ထားလိုသော လိုင် စင်မြေမှာ ဂရန်ပေးစီမံချက်အတွင်း ကျရောက်ပါက ကော်မတီမှ သတ်မှတ်ထားသည့် ရိုးရိုးဝန်ဆောင်ခသာ ပေး ချေရန်လိုပါသည်။

လျှောက်ထားသူသည် မြေငှားဂရန်လျှောက်ထားရာ၌

လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး

- လိုင်စင်လက်မှတ် (မူရင်း)နှင့် တိုက်ဆိုင်ပြီး မိတ္တူတစ်စောင်

- မှတ်ပုံတင်ကတ်ပြား (မူရင်း)နှင့် တိုက်ဆိုင်ပြီး မိတ္တူတစ်စောင်

- ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ တရားရုံးအမိန့် ဒီကရီ (မူရင်း)နှင့် တိုက်ဆိုင်ပြီး မိတ္တူတစ်စောင်

- မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက် (သို့) နောက်ဆုံးပေးဆောင်ထားသော မြေငှားခ ပြေစာတို့ ပူးတွဲတင်ပြလျှောက်ထားရန် လိုအပ်ပါသည်။

မြေတိုင်းမှမြေစာရင်း အစီရင်ခံစာအားလဲ ဌာနမှ စစ်ဆေးကြည့်ရှုမည်ဖြစ်ပါသည်။ မြေတိုင်းတာ မြေပုံအားလဲ လိုင်စင်မြေအား အမည်ပေါက်သူနှင့် ၎င်း၏ အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စား လှယ်စာ ရရှိသူတို့မှသာ ထုတ်ယူခွင့်ရှိပါသည်။

ထို့ပြင် လိုင်စင်မြေအား နှစ်(၆၀) မြေငှားဂရန် လျှောက်ထားခြင်းများ၌ အဆိုပါလိုင်စင်မြေမှာ မြို့မြေစာရင်းတွင် အမည်ပေါက်အဖြစ် မပါဝင်ခြင်း၊ အမည်ပေါက်ကွဲလွှဲခြင်းများ တွေ့ရှိပါက သက်ဆိုင် ရာဌာနမှ လျှောက်ထားသူကို တရားဝင်စီစစ် မေးမြန်းအတည်ပြုချက်ရယူ ဆောင်ရွက်သွားနိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ႏွစ္႐ွည္အိမ္ငွားလိုတဲ့ ႏိုင္ငံျခားသားမ်ားအတြက္ အေျဖ

 

ျပည္တြင္းမွာ လုပ္ငန္းဖြင့္လွစ္ၾကတဲ့ ႏိုင္ငံျခားသား ( လုပ္ငန္း႐ွင္ ) မ်ား ႏွစ္႐ွည္အိမ္ငွားခြင့္ ႐ွိ/မ႐ွိ ဆိုတဲ့ေမးခြန္းေလးအျပင္ ဥပေဒဆိုင္ရာအေမးအေျဖသုံးခုကို ဒီကေန႔ညမွာတင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - က်မ္းက်ိန္လႊာသည္ သက္ေသခံအေထာက္အထား ျဖစ္ပါသလား။

တရား႐ုံးသည္လုံေလာက္သင့္ေလွ်ာ္သည္ ထင္ျမင္ေသာ သီးျခားအေၾကာင္းအရာ တစ္စုံတစ္ရာအား တရားမက်င့္ထုံးဥပေဒအမိန္႔-၁၉ႏွင့္အညီ က်မ္းက်ိန္လႊာျဖင့္ သက္ေသထင္႐ွားျပေစရန္ အမိန္႔ခ်မွတ္ႏိုင္သည္။ တရား႐ုံးမွ က်မ္းက်ိန္လႊာျဖင့္ သက္ေသျပရန္ အမိန္႔ခ်မွတ္ျခင္းမ႐ွိပါက က်မ္းက်ိန္လႊာျဖင့္ သက္ေသထူ၍ မရ ပါ။ က်မ္းက်ိန္လႊာမွာ သက္ေသခံဥပေဒပုဒ္မ-၃တြင္ သက္ေသခံ အေထာက္အထားဆိုေသာ စကားရပ္တြင္ အက်ံဳးမဝင္သျဖင့္ ဥပေဒအရ အတိအလင္းခြင့္ျပဳထားသည့္ကိစၥမွအပ သက္ေသအေထာက္အထားအျဖစ္ လက္ခံႏိုင္မည္မဟုတ္ပါ။ ကတိသစၥာျပဳလႊာႏွင့္ က်မ္းက်ိန္လႊာမွာလဲ မတူညီပါ။

အိမ္ျခံေျမကိစၥမ်ားႏွင့္ စပ္လ်ဥ္း၍လဲ ပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာ၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာ၊ ေပ်ာက္ဆုံးေၾကာင္း က်မ္းက်ိန္လႊာ၊ တရားဝင္ ခင္ပြန္း၊ ဇနီး၊ သားသမီး ေတာ္စပ္မႈ မွန္ကန္ ေၾကာင္း က်မ္းက်ိန္လႊာ၊ GP/SP ေပးအပ္ထားသူမွာ သက္႐ွိထင္႐ွား႐ွိသည္မွာ မွန္ကန္ေၾကာင္း က်မ္းက်ိန္လႊာ စသျဖင့္ မိမိတင္ျပလိုေသာ အေၾကာင္းအရာေပၚမူတည္၍ က်မ္းက်ိန္လႊာအမ်ိဳးမ်ိဳး႐ွိၾကၿပီး မွန္ကန္သည့္ကိစၥကို သာ က်မ္းက်ိန္ဆိုရန္ လိုအပ္ပါသည္။

စည္ပင္႐ုံးမ်ားတြင္ တင္ျပေသာ က်မ္းက်ိန္လႊာမ်ားမွာ ေန႔ခင္းျပဳလုပ္ရမည္ျဖစ္ကာ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးတြင္ တင္ျပရေသာ က်မ္းက်ိန္လႊာမ်ားမွာ (၁)ပတ္အတြင္း ျပဳလုပ္ရပါသည္။ ႏိုင္ငံျခားေရာက္ေနသူတစ္ဦးမွာ က်မ္းက်ိန္လႊာျပဳလုပ္လိုပါက ၎ေရာက္႐ွိေနေသာႏိုင္ငံ၏ သံအမတ္ (သို႔)သံ႐ုံးတာဝန္ခံေ႐ွ႕တြင္ က်မ္းက်ိန္လႊာျပဳလုပ္ႏိုင္ကာ အဆိုပါက်မ္းက်ိန္လႊာအား သက္ေသခံအျဖစ္လက္ခံေပး ႏိုင္ပါသည္။

အေၾကာင္းခ်င္းရာတစ္ခုအား လိမ္လည္၍ မမွန္မကန္ က်မ္းက်ိန္ဆိုသက္ေသခံလွ်င္ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၁၉၃ အရ ျပစ္မႈက်ဴးလြန္ျခင္းပင္ ျဖစ္ပါသည္။ လိမ္လည္ က်မ္းက်ိန္ဆိုမႈမ်ားအား တရားစြဲဆိုရာတြင္ ႏိုင္ငံေတာ္(ရဲႏွင့္ တရား႐ုံး)မွ တရားလိုျပဳလုပ္၍ တရားစြဲဆိုႏိုင္ပါသည္။

က်မ္းက်ိန္လႊာျဖင့္ တင္ျပရန္လိုအပ္သည့္ကိစၥရပ္မ်ားအား ႐ုံးခြန္တံဆိပ္ေခါင္း-၁၅၀ေပၚတြင္ မိမိက်မ္း က်ိန္ ဆိုလိုသည့္အေၾကာင္းအရာကို ႐ိုက္ႏွိပ္ၿပီး တရား႐ုံးတစ္႐ုံး႐ုံးတြင္ အသိသက္ေသမ်ားပါဝင္ကာ က်မ္းက်ိန္ လႊာျပဳလုပ္ရမည္ျဖစ္ပါသည္။

က်မ္းက်ိန္ဆိုမည့္ တရား႐ုံးအား က်မ္းက်ိန္လႊာႏွင့္ စပ္ဆိုင္ေသာ စာခ်ဳပ္စာတမ္း အေထာက္အထားမ်ားအားလဲ ပူးတြဲတင္ျပရန္ လိုပါသည္။ စာ႐ြက္စာတမ္းမ်ား အမွန္တကယ္ေပ်ာက္ဆုံးေၾကာင္း က်မ္းက်ိန္လႊာျဖစ္ပါက ရဲစခန္းေထာက္ခံစာ၊ ရပ္ကြက္ေထာက္ခံခ်က္တို႔ ပါ႐ွိရမည္ျဖစ္ပါသည္။

က်မ္းက်ိန္လႊာအား မွတ္ပုံတင္လိုပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ (၄)လအတြင္း မွတ္ပုံတင္ရမည္ ျဖစ္ပါသည္။ (၄)လအတြင္း မွတ္ပုံတင္႐ွိျခင္းမ႐ွိဘဲ သက္တမ္းကုန္ က်မ္းက်ိန္လႊာမွာ အေထာက္အထားျပဳႏိုင္ သည့္ က်မ္းက်ိန္လႊာတစ္ေစာင္ မဟုတ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၂) - ႏိုင္ငံျခားသား (လုပ္ငန္း႐ွင္)မ်ား ႏွစ္႐ွည္အိမ္ငွားလို႔ ရပါသလား။

ႏိုင္ငံျခားသားမ်ားမွာ ၁၉၈၇ ခုႏွစ္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒအရ ႏိုင္ငံအတြင္း႐ွိ အိမ္ျခံေျမအား ဝယ္ယူေနထိုင္ခြင့္မ႐ွိပါ။ ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ား လာေရာက္ ေဆာင္႐ြက္ေသာ ႏိုင္ငံျခားသားသည္ အိမ္ငွားရမ္းေနထိုင္ရမည္ျဖစ္ပါသည္။

၂၀၁၆ခုႏွစ္တြင္ထြက္႐ွိေသာ စုေပါင္းပိုင္ အေဆာက္အအုံဆိုင္ရာဥပေဒ-၁၅(က)အရ စုေပါင္းပိုင္အ ေဆာက္အအုံ၏ (၄၀) ရာခိုင္ႏႈန္းထက္မပိုေသာ အိမ္ခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအား ဥပေဒႏွင့္အညီ ေရာင္းခ် ခြင့္႐ွိေၾကာင္း အတိအလင္းေဖာ္ျပထားၿပီး ျဖစ္ပါသည္။ ပုဒ္မ-၂၆(ဃ)(၁)တြင္လဲ စုေပါင္းပိုင္အေဆာက္အအုံ အခန္းကို ႏိုင္ငံျခားသားအား တည္ဆဲဥပေဒႏွင့္အညီ ငွားရမ္းခြင့္၊ ေပါင္ႏွံခြင့္ႏွင့္ ခြင့္ျပဳခ်က္ျဖင့္ ထားပိုင္ခြင့္႐ွိ ေၾကာင္း ေဖာ္ျပထားပါသည္။ ထို႔ေၾကာင့္ ႏွစ္႐ွည္ေနထိုင္လိုေသာ ႏိုင္ငံျခားသား လုပ္ငန္း႐ွင္မ်ားသည္ ဝယ္ယူေနထိုင္ျခင္း၊ ႏွစ္႐ွည္ ငွားရမ္းေနထိုင္ျခင္းျပဳလိုပါက ကြန္ဒိုအခန္းမ်ားႏွင့္ ပိုမိုသင့္ေလွ်ာ္ပါသည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ ဥပေဒပုဒ္မ-၁၇ တြင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ ဆက္လက္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ သတ္မွတ္ငွားရမ္းျခင္းျဖစ္ပါက အငွားစာခ်ဳပ္ကို မွတ္ပုံတင္ထား႐ွိရ မည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

အိမ္ျခံေျမအား ႏိုင္ငံျခားသားကို ႏွစ္႐ွည္ငွားရမ္းခြင့္မ႐ွိဘဲ တစ္ႀကိမ္လွ်င္တစ္ႏွစ္သာ အငွားစာခ်ဳပ္ျပဳလုပ္၍ ငွားရမ္းခြင့္႐ွိၿပီး Social Visa ျဖင့္ လာေရာက္ေနထိုင္သူလား၊ Business Visa ျဖင့္ စီးပြားေရးလုပ္ငန္း လုပ္ေဆာင္ေနသူလား စစ္ေဆးေမးျမန္းရန္ လိုပါသည္။ Visit Visa ဗီဇာျဖင့္ လာေရာက္ ေနထိုင္သူအားလဲ အိမ္ငွားရမ္း၍မရပါ။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒပုဒ္မ-(၅) အရလဲ ႏိုင္ငံျခားသား (သို႔) ႏိုင္ငံျခားသားပိုင္ကုမၸဏီအား တစ္ႀကိမ္လွ်င္ တစ္ႏွစ္ထက္ပို၍ အငွားခ်ထားျခင္းမျပဳရဟု ျပဌာန္းထားၿပီး ျဖစ္ပါသည္။

ရင္းႏွီးျမဳပ္ႏွံမႈဥပေဒပုဒ္မ-၅၀(ခ)အရ ႏိုင္ငံျခားသားမွ အစိုးရအဖြဲ႕အစည္း၊ ပုဂၢလိကေျမ(သို႔) အေဆာက္အအုံအား ေကာ္မ႐ွင္၏ ခြင့္ျပဳမိန္႔ျဖင့္ ငွားပါက ႏွစ္(၅၀)အထိ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ငွားရမ္းခြင့္႐ွိကာ သက္တမ္းတိုး (၁၀)ႏွစ္ (၂)ႀကိမ္လဲ ျပဳလုပ္ခြင့္႐ွိေၾကာင္း ေဖာ္ျပထားပါသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ႏွစ္႐ွည္ငွားရမ္းေသာ စာခ်ဳပ္မ်ားအားလဲ မွတ္ပုံတင္ဥပေဒႏွင့္အညီ မွတ္ပုံတင္ထား႐ွိရန္လိုအပ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၃) - လိုင္စင္ေျမအား ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားဖို႔ ဘယ္လိုသတ္မွတ္ခ်က္ေတြ႐ွိပါသလဲ။

လိုင္စင္ေျမအား ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားရာတြင္ မူလလိုင္စင္ခ်ေပးစဥ္က လူေနထိုင္ရန္၊ အိမ္ရာ ေဆာက္လုပ္ရန္ ခြင့္ျပဳသည့္ လိုင္စင္မ်ားကိုသာ ေျမငွားဂရန္ ေလွ်ာက္ထားျခင္း ခြင့္ျပဳေပးႏိုင္ပါသည္။ လိုင္စင္ေျမမွာ ေကာ္မတီ၏ ဌာနဝင္ေငြရလိုင္စင္၊ တစ္ႏွစ္ယာယီလိုင္စင္ ျဖစ္ေနပါက ေျမငွားဂရန္ ေလွ်ာက္ထား၍ ရမည္မဟုတ္ပါ။ ထို႔ျပင္ လူမႈေရး အသင္းအဖြဲ႕မ်ား၊ ဘာသာေရး အသင္းအဖြဲ႕မ်ား၊ ႏိုင္ငံေရး ပါတီ မ်ား၊ သမဝါယမအသင္းမ်ား၊ ၿငိမ္းခ်မ္းေရးအဖြဲ႕မ်ားမွ တစ္ႏွစ္ယာယီလိုင္စင္၊ သုံးႏွစ္ယာယီ လိုင္စင္မ်ားကိုလဲ ေျမငွားဂရန္ ေလွ်ာက္ထားခြင့္မ႐ွိပါ။

လိုင္စင္ေျမအား (၃)ႏွစ္ဆက္တိုက္ သက္တမ္းခ်ထားျခင္းခံရသူ၊ (၁)ႏွစ္လွ်င္ တစ္ႀကိမ္ျဖင့္ သက္တမ္း တိုး (၃)ႏွစ္ ဆက္တိုက္အမည္ေပါက္အျဖစ္ သက္တမ္းတိုးႏိုင္သူမွသာ ေျမငွားစာခ်ဳပ္ ေလွ်ာက္ထား၍ရမည္ ျဖစ္ ပါသည္။

အကယ္၍ အမည္ေပါက္မဟုတ္သူမွ ေျမငွားဂရန္ ေလွ်ာက္ထားလိုပါကလဲ တရား႐ုံးအႏိုင္ဒီဂရီႏွင့္လႊဲ ေျပာင္း ပိုင္ဆိုင္မႈ႐ွိလာသည့္ စာခ်ဳပ္စာတမ္း အေထာက္အထားမ်ား တင္ျပရန္ လိုပါသည္။

လိုင္စင္ေျမအား ေျမငွားဂရန္ ေလွ်ာက္ထားသူသည္ ဂရန္ေပးစီမံခ်က္အတြင္းမဟုတ္ပါက ၿမိဳ႕နယ္အ လိုက္ ေကာ္မတီမွ သတ္မွတ္ထားေသာ အထူးဝန္ေဆာင္ခကို ေပးအပ္ရန္လိုပါသည္။ ေလွ်ာက္ထားလိုေသာ လိုင္ စင္ေျမမွာ ဂရန္ေပးစီမံခ်က္အတြင္း က်ေရာက္ပါက ေကာ္မတီမွ သတ္မွတ္ထားသည့္ ႐ိုး႐ိုးဝန္ေဆာင္ခသာ ေပး ေခ်ရန္လိုပါသည္။

ေလွ်ာက္ထားသူသည္ ေျမငွားဂရန္ေလွ်ာက္ထားရာ၌ ေလွ်ာက္လႊာပုံစံတြင္ ျပည့္စုံစြာ ျဖည့္စြက္ၿပီး

- လိုင္စင္လက္မွတ္ (မူရင္း)ႏွင့္ တိုက္ဆိုင္ၿပီး မိတၱဴတစ္ေစာင္

- မွတ္ပုံတင္ကတ္ျပား (မူရင္း)ႏွင့္ တိုက္ဆိုင္ၿပီး မိတၱဴတစ္ေစာင္

- ပိုင္ဆိုင္မႈႏွင့္ စပ္လ်ဥ္း၍ တရား႐ုံးအမိန္႔ ဒီကရီ (မူရင္း)ႏွင့္ တိုက္ဆိုင္ၿပီး မိတၱဴတစ္ေစာင္

- ေျမငွားခ ေႂကြးက်န္ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္ (သို႔) ေနာက္ဆုံးေပးေဆာင္ထားေသာ ေျမငွားခ ေျပစာတို႔ ပူးတြဲတင္ျပေလွ်ာက္ထားရန္ လိုအပ္ပါသည္။

ေျမတိုင္းမွေျမစာရင္း အစီရင္ခံစာအားလဲ ဌာနမွ စစ္ေဆးၾကည့္႐ႈမည္ျဖစ္ပါသည္။ ေျမတိုင္းတာ ေျမပုံအားလဲ လိုင္စင္ေျမအား အမည္ေပါက္သူႏွင့္ ၎၏ အထူးကိုယ္စားလွယ္လႊဲစာ၊ အေထြေထြကိုယ္စား လွယ္စာ ရ႐ွိသူတို႔မွသာ ထုတ္ယူခြင့္႐ွိပါသည္။

ထို႔ျပင္ လိုင္စင္ေျမအား ႏွစ္(၆၀) ေျမငွားဂရန္ ေလွ်ာက္ထားျခင္းမ်ား၌ အဆိုပါလိုင္စင္ေျမမွာ ၿမိဳ႕ေျမစာရင္းတြင္ အမည္ေပါက္အျဖစ္ မပါဝင္ျခင္း၊ အမည္ေပါက္ကြဲလႊဲျခင္းမ်ား ေတြ႕႐ွိပါက သက္ဆိုင္ ရာဌာနမွ ေလွ်ာက္ထားသူကို တရားဝင္စီစစ္ ေမးျမန္းအတည္ျပဳခ်က္ရယူ ေဆာင္႐ြက္သြားႏိုင္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service