သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
451 Views

သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

[Unicode]

 

သစ်ပင်နည်းလာ၊ တို့ကမ္ဘာ၊ လွန်စွာပူအေး၊ ဥတုဘေး။

သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပစိမ်းမြမြ။

ဆောင်ပုဒ်များနှင့်အညီ သစ်တောရေးရာမှုဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာမှုဝါဒ များအား ပြည်သူများ ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သစ်တောဥပဒေထွက်ရှိထားပါသည်။

သစ်‌တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ပင်၊ ပန်းမာန်၊ တောရိုင်းတိရစ္ဆာန်များ၊ မြေတွင် ပေါက်ရောက် နေသော အပင်များကို ဆိုလိုကြောင်း သစ်တောဥပဒေပုဒ်မ-၂(ဌ)တွင် ဖော်ပြထားပြီးဖြစ်ပါသည်။ ပုဒ်မ-(၁၇)တွင် သစ်တောထွက် ပစ္စည်းများအား သတ်မှတ်ချက်အတွင်း မကျော်လွန်ပါက စီးပွားဖြစ် အိမ်သုံး၊ လယ်ယာလုပ်ငန်း သုံး၊ ငါးဖမ်းလုပ်ငန်းများအတွက် ခွင့်ပြုမိန့်ရယူရန်မလိုဘဲ ထုတ်ယူခြင်းပြုနိုင်ပါသည်။

သစ်တောထွက်ပစ္စည်းများထဲမှ ကျွန်းပင်အား တားမြစ်ပစ္စည်းအဖြစ် ကြေညာသတ်မှတ်ထားပြီး ကျွန်းပင် မှာ မည်သည့်အရပ်ဒေသတွင် ထွက်ရှိသည်ဖြစ်စေ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်နိုင်ပါသည်။ ပုဂ္ဂလိကပိုင်ကျွန်း စိုက်ခင်းများရှိပါကလဲ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်၍ ထားရှိရမည်ဖြစ်ပါသည်။ ခွင့်ပြုသစ်တောထွက် ပစ္စည်းများအား တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသယ်ယူလိုပါကလဲ မျောစာလိုအပ်ပါသည်။

သစ်တောကြိုးဝိုင်းအမျိုးအစားများအားလဲ.....

၁။ စီးပွားရေးသစ်ထုတ်ကြိုးဝိုင်းတော

၂။ဒေသန္တာရ ထောက်ပံ့ရေးကြိုးဝိုင်းတော

၃။ရေဝေရေလဲ ထိန်းသိမ်းရေးကြိုးဝိုင်းတော

၄။သဘာဝဝမ်းကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေး ကြိုးဝိုင်းတော

၅။အခြားကြိုးဝိုင်းတော အမျိုးအစားများအဖြစ် ခွဲခြားသတ်မှတ် ထားပါသည်။

သစ်တောဌာနမှ သစ်တောဝိုင်းများအပြင် ကြိုးပြင်သစ်တောများအားလဲ ရေမြေထိန်းသိမ်းကာကွယ်ခြင်း၊ အပူပိုင်းဒေသတော ထိန်းသိမ်းကာကွယ်ခြင်း၊ ဒီရေတော ထိန်းသိမ်းကာကွယ်ခြင်း၊ ဘဘာဝဝန်းကျင်နှင့် ဇီဝမျိုး များ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောထွက်ပစ္စည်းများကို စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်းတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိပါသည်။

အထက်ဖော်ပြပါ ထိန်းသိမ်းစောင့်ရှောက်မှုအပြင် သစ်တောဌာနမှ သစ်တောနယ်မြေများ၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းခြင်း၊ သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ခြင်း ၊ နည်းပညာ ရပ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း၊ သုတေသနလုပ်ငန်းများအကောင်အထည်ဖော်ခြင်းတို့အား စီမံခန့်ခွဲဆောင်ရွက်ပါသည်။

သစ်တောဌာမှ သစ်တောနယ်မြေအတွင်း စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်း၊ ရေဝေရေလဲ စိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း၊ အခြားစိုက်ခင်း အမျိုးအစားများ ခွဲခြားသတ်မှတ်ပြီး ခွင့်ပြု ချက်ဖြင့် စိုက်ပျိုးစေမှုများလဲ ရှိပါသည်။

ထို့ကြောင့် သစ်တောမြေအား ဖွံဖြိုးရေးလုပ်ငန်း လုပ်ဆောင်လိုသူသည် သစ်တောဌာန၏ သဘောထား မှတ်ချက်အား ကြိုတင်ရယူမှုပြုရန် လိုအပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်လိုပါကလဲ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် လျှောက်ထားမှုပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

သစ္ေတာဥပေဒအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

သစ္ပင္နည္းလာ၊ တို႔ကမ႓ာ၊ လြန္စြာပူေအး၊ ဥတုေဘး။

သစ္ပင္စိုက္ပါ တို႔ကမ႓ာ၊ သာယာလွပစိမ္းျမျမ။

ေဆာင္ပုဒ္မ်ားႏွင့္အညီ သစ္ေတာေရးရာမႈဝါဒႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာမႈဝါဒ မ်ားအား ျပည္သူမ်ား ပါဝင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ သစ္ေတာဥပေဒထြက္႐ွိထားပါသည္။

သစ္‌ေတာထြက္ပစၥည္းမ်ားဆိုသည္မွာ သစ္ပင္၊ ပန္းမာန္၊ ေတာ႐ိုင္းတိရစၧာန္မ်ား၊ ေျမတြင္ ေပါက္ေရာက္ ေနေသာ အပင္မ်ားကို ဆိုလိုေၾကာင္း သစ္ေတာဥပေဒပုဒ္မ-၂(ဌ)တြင္ ေဖာ္ျပထားၿပီးျဖစ္ပါသည္။ ပုဒ္မ-(၁၇)တြင္ သစ္ေတာထြက္ ပစၥည္းမ်ားအား သတ္မွတ္ခ်က္အတြင္း မေက်ာ္လြန္ပါက စီးပြားျဖစ္ အိမ္သုံး၊ လယ္ယာလုပ္ငန္း သုံး၊ ငါးဖမ္းလုပ္ငန္းမ်ားအတြက္ ခြင့္ျပဳမိန္႔ရယူရန္မလိုဘဲ ထုတ္ယူျခင္းျပဳႏိုင္ပါသည္။

သစ္ေတာထြက္ပစၥည္းမ်ားထဲမွ ကြၽန္းပင္အား တားျမစ္ပစၥည္းအျဖစ္ ေၾကညာသတ္မွတ္ထားၿပီး ကြၽန္းပင္ မွာ မည္သည့္အရပ္ေဒသတြင္ ထြက္႐ွိသည္ျဖစ္ေစ ႏိုင္ငံေတာ္ပိုင္အျဖစ္ သတ္မွတ္ႏိုင္ပါသည္။ ပုဂၢလိကပိုင္ကြၽန္း စိုက္ခင္းမ်ား႐ွိပါကလဲ သစ္ေတာဦးစီးဌာနတြင္ မွတ္ပုံတင္၍ ထား႐ွိရမည္ျဖစ္ပါသည္။ ခြင့္ျပဳသစ္ေတာထြက္ ပစၥည္းမ်ားအား တစ္ေနရာမွ တစ္ေနရာ ေ႐ႊ႕ေျပာင္းသယ္ယူလိုပါကလဲ ေမ်ာစာလိုအပ္ပါသည္။

သစ္ေတာႀကိဳးဝိုင္းအမ်ိဳးအစားမ်ားအားလဲ.....

၁။ စီးပြားေရးသစ္ထုတ္ႀကိဳးဝိုင္းေတာ

၂။ေဒသႏၲာရ ေထာက္ပံ့ေရးႀကိဳးဝိုင္းေတာ

၃။ေရေဝေရလဲ ထိန္းသိမ္းေရးႀကိဳးဝိုင္းေတာ

၄။သဘာဝဝမ္းက်င္ႏွင့္ ဇီဝမ်ိဳးမ်ား ထိန္းသိမ္းေရး ႀကိဳးဝိုင္းေတာ

၅။အျခားႀကိဳးဝိုင္းေတာ အမ်ိဳးအစားမ်ားအျဖစ္ ခြဲျခားသတ္မွတ္ ထားပါသည္။

သစ္ေတာဌာနမွ သစ္ေတာဝိုင္းမ်ားအျပင္ ႀကိဳးျပင္သစ္ေတာမ်ားအားလဲ ေရေျမထိန္းသိမ္းကာကြယ္ျခင္း၊ အပူပိုင္းေဒသေတာ ထိန္းသိမ္းကာကြယ္ျခင္း၊ ဒီေရေတာ ထိန္းသိမ္းကာကြယ္ျခင္း၊ ဘဘာဝဝန္းက်င္ႏွင့္ ဇီဝမ်ိဳး မ်ား ထိန္းသိမ္းကာကြယ္ျခင္း၊ သစ္ေတာထြက္ပစၥည္းမ်ားကို စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ရန္ ထိန္းသိမ္းကာကြယ္ျခင္းတို႔ျဖင့္ ထိန္းသိမ္းေစာင့္ေ႐ွာက္ေပးလ်က္ ႐ွိပါသည္။

အထက္ေဖာ္ျပပါ ထိန္းသိမ္းေစာင့္ေ႐ွာက္မႈအျပင္ သစ္ေတာဌာနမွ သစ္ေတာနယ္ေျမမ်ား၏ သဘာဝပတ္ဝန္းက်င္အား ထိန္းသိမ္းျခင္း၊ သစ္ေတာထြက္ပစၥည္းမ်ား စဥ္ဆက္မျပတ္ ထုတ္လုပ္ႏိုင္ျခင္း ၊ နည္းပညာ ရပ္ပိုင္းဆိုင္ရာ အဆင့္ျမႇင့္တင္ျခင္း၊ သုေတသနလုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ျခင္းတို႔အား စီမံခန္႔ခြဲေဆာင္႐ြက္ပါသည္။

သစ္ေတာဌာမွ သစ္ေတာနယ္ေျမအတြင္း စီးပြားေရးစိုက္ခင္း၊ စက္မႈကုန္ၾကမ္းစိုက္ခင္း၊ ေရေဝေရလဲ စိုက္ခင္း၊ ဒီေရေတာစိုက္ခင္း၊ ေက်း႐ြာထင္းစိုက္ခင္း၊ အျခားစိုက္ခင္း အမ်ိဳးအစားမ်ား ခြဲျခားသတ္မွတ္ၿပီး ခြင့္ျပဳ ခ်က္ျဖင့္ စိုက္ပ်ိဳးေစမႈမ်ားလဲ ႐ွိပါသည္။

ထို႔ေၾကာင့္ သစ္ေတာေျမအား ဖြံၿဖိဳးေရးလုပ္ငန္း လုပ္ေဆာင္လိုသူသည္ သစ္ေတာဌာန၏ သေဘာထား မွတ္ခ်က္အား ႀကိဳတင္ရယူမႈျပဳရန္ လိုအပ္ၿပီး စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား လုပ္ေဆာင္လိုပါကလဲ အိတ္ဖြင့္တင္ဒါ စနစ္ျဖင့္ ေလွ်ာက္ထားမႈျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ

Upcoming Property Events

golden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service