ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် YBS ခရီးသည်တင်ယာဉ်များ ရပ်နားရန်အတွက် Bus Terminal တစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
အဆိုပါ Bus Terminal တစ်ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မြေနေရာအကျယ်အဝန်း (၅) ဧကပေါ်တွင် ယခုနှစ်အတွင်း ဆောက်လုပ်သွားရန် စီစဉ်နေခြင်းဖြစ်သည်။
လက်ရှိတွင် အမှတ် (၇၁)၊ အမှတ် (၈၁)၊ အမှတ် (၉၇) နှင့် အမှတ် (၁၁၈) စသည့် YBS ယာဉ်လိုင်းများ လာရောက်ပြေးဆွဲနေရာ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအနီးမှ အမှတ် (၁) YBS ယာဉ်လိုင်းနှင့် အမှတ် (၄၆) YBS ယာဉ်လိုင်းတို့မှ ယာဉ်အစီးရေ (၂၂) စီးခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယင်းအိမ်ရာဝင်း၌ ၃၉၂ ခန်းပါ ဈေးရုံ (၇) ရုံ၊ လေဟာပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံးသန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက်စွန့်ပစ်နေရာ၊ ရေလှောင်ကန်၊ ရေစင်၊ Box Culvert ကိုလည်း တည်ဆောက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် စူပါမားကတ်များပါ လာရောက်ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သုခဒဂုံ ျပည္သူ႕အငွားအိမ္ရာ Bus Terminal တစ္ခု တည္ေဆာက္မည္
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္႐ွိ သုခဒဂုံ ျပည္သူ႕အငွားအိမ္ရာတြင္ YBS ခရီးသည္တင္ယာဥ္မ်ား ရပ္နားရန္အတြက္ Bus Terminal တစ္ခုကို ယခုႏွစ္အတြင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း YRTC မွ သိရသည္။
အဆိုပါ Bus Terminal တစ္ခုကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေျမေနရာအက်ယ္အဝန္း (၅) ဧကေပၚတြင္ ယခုႏွစ္အတြင္း ေဆာက္လုပ္သြားရန္ စီစဥ္ေနျခင္းျဖစ္သည္။
လက္႐ွိတြင္ အမွတ္ (၇၁)၊ အမွတ္ (၈၁)၊ အမွတ္ (၉၇) ႏွင့္ အမွတ္ (၁၁၈) စသည့္ YBS ယာဥ္လိုင္းမ်ား လာေရာက္ေျပးဆြဲေနရာ သုခဒဂုံ ျပည္သူ႕အငွားအိမ္ရာအနီးမွ အမွတ္ (၁) YBS ယာဥ္လိုင္းႏွင့္ အမွတ္ (၄၆) YBS ယာဥ္လိုင္းတို႔မွ ယာဥ္အစီးေရ (၂၂) စီးခန္႔ ေျပးဆြဲလ်က္႐ွိေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းအိမ္ရာဝင္း၌ ၃၉၂ ခန္းပါ ေဈး႐ုံ (၇) ႐ုံ၊ ေလဟာျပင္ေဈး၊ စီမံခန္႔ခြဲေရး႐ုံး၊ အမ်ားသုံးသန္႔စင္ခန္း၊ ယာဥ္ရပ္နားေနရာ၊ ကုန္တင္ကုန္ခ်ေနရာ၊ အမိႈက္စြန္႔ပစ္ေနရာ၊ ေရေလွာင္ကန္၊ ေရစင္၊ Box Culvert ကိုလည္း တည္ေဆာက္သြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ စူပါမားကတ္မ်ားပါ လာေရာက္ဖြင့္လွစ္ႏိုင္သည္အထိ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနထံမွ သိရသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com