အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Apr 2024 2:00 pm တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Operation Chastise (Dumbusters Raid ဟု လူသိများ) ဟုခေါ်သော စစ်ဆင်ရေးနှင့် ဆက်နွှယ်မှုရှိ သည်ဟူသော သတင်းများရှိသည့် အင်္ဂလန်မှ မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု အရောင်းဈေးကွက်ဝင်လာသည်။

(မှတ်ချက်။ Operation Chastise သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဗြိတိန်လေတပ်က ဂျာမနီရှိ ရေအား လျှပ်စစ် ထုတ်လုပ်သည့် ဆည်ကြီးများကို ဗုံးကြဲတိုက်ခိုက်သည့် စစ်ဆင်ရေးဖြစ်ပြီး ဗြိတိန် တော်ဝင်လေတပ်၏ အမှတ် ၆၁၇ ဗုံးကြဲလေယာဉ်အုပ်စုက ၁၉၄၃ ခုနှစ်၊ မေလ ၁၆ နှင့် ၁၇ ရက်များတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအကြောင်းကို ၁၉၅၅ ခုနှစ်တွင် The Dam Busters ဟူသောအမည်ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့ရာ အလွန်ကျော်ကြားအောင်မြင်ခဲ့သည်)

လျှို့ဝှက် ဗုံးခိုကျင်းကြီးကို ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ ဆာရေးခရိုင်၊ Cobham ကျေးရွာအနီးတွင် တည်ရှိပြီး Foxwarren ဗုံးခိုကျင်းဟု အမည်ပေးထားသည်။

ဗုံးခိုကျင်းကြီးနှင့်အတူ သစ်တောမြေ ၂ ဒသမ ၁ ဧကလည်း ပါဝင်မည် ဖြစ်သည်။

သို့သော် ဗုံးခိုကျင်းကြီးကို ပြုပြင်မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်ရန် ခွင့်ပြုချက်မရှိသောကြောင့် ဝယ်ယူသူ အနေဖြင့် မည်သို့သော ပြုပြင်မွမ်းမံမှုများအတွက်မဆို ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

စူးစမ်းလေ့လာသူများက ယခုမြေအောက်ဗုံးခိုကျင်းကြီးကို အလွန်နှစ်သက်ကြပြီး ၎င်းတို့ သွားရောက်လည်ပတ် ခဲ့ကြပုံများကို YouTube တွင် ဗွီဒီယိုလွှင့်တင်ထားမှုများရှိသည့်အပြင် ဤဗုံးခိုကျင်းကြီးအတွက် သီးသန့် ဝက်ဘ်ဆိုက်တစ်ခုပင် ရှိနေသည်။

Foxwarren ဗုံးခိုကျင်းကြီးကို တောအုပ်ထဲရှိ ကမ်းပါးတစ်ခုတွင် RC ကွန်ကရစ်နံရံများဖြင့် အင်္ဂလိပ်အက္ခရာ H ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။ ပုံမှန်အားဖြင့် ထိုခေတ်က ဗုံးခိုကျင်းနံရံများကို သွပ်ပြားများဖြင့်သာ ကာရံလေ့ရှိခဲ့ကြသည်။

လက်ရှိအားဖြင့် လှေကား ကျိုးပျက်နေမှုနှင့် ကြီးမားသောသစ်မြစ်ကြီးတို့ကြောင့် ဝင်ရောက်၍ မရနိုင်ချေ။

သို့သော် ဗုံးခိုကျင်း၏ အခြားတဖက်စွန်းတွင် ထွက်ပေါက်တစ်ခုရှိသည်။

(ဝင်ပေါက်ငယ်တစ်ခုသာ ရှိသည်။ ဓာတ်ပုံ-Strettons)

(ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဆောက်လုပ်ခဲ့သော ဗုံးခိုကျင်း၏ ကွန်ကရစ်နံရံများ။ ဓာတ်ပုံ-Strettons)

ဗုံးခိုကျင်းသည် အမြင်ပိုင်းအရ မတင့်တယ်သော်လည်း သမိုင်းကြောင်းရှိပြီး ဗြိတိန်စစ်သမိုင်း၏ အရေးအပါဆုံး ကာလများနှင့် ဆက်နွယ်နေသည်။ ဤဗုံးခိုကျင်းသည် Foxwarren စမ်းသပ်မှုဌာန၏ အခြေစိုက်စခန်းလည်း ဖြစ်ခဲ့ဖူးသည်။

အဆိုပါ ဌာနသည် ကမ္ဘာစစ်ကာလအတွင်း လေယာဉ်သစ်များနှင့် လက်နက်သစ်များ လျှို့ဝှက်ထုတ်လုပ် ခဲ့သော ဌာနဖြစ်သည်။

(ဗြိတိန်စစ်သမိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဓာတ်ပုံ-Strettons)

(Foxwarren ဗုံးခိုကျင်းကို မြေပေါ်မှ ကြည့်လျှင် မတွေ့ရချေ။ ဓာတ်ပုံ-Strettons)

ဂျာမနီမှ ဆည်များကို ဗုံးကျဲသည့် စီမံကိန်း ဖော်ဆောင်ခဲ့သူ Barnes Wallis သည် ယခုဗုံးခိုကျင်းတွင် ကမ္ဘာ့ပထမဆုံး bouncing bomb ကို တီထွင်ခဲ့သည်။

Wallis တီထွင်သော အဆိုပါဗုံးဖြင့် ၁၉၄၃ ခုနှစ်တွင် ဂျာမနီဆည်များကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆည်များ ကျိုးပျက်ကာ ရေကြီးခဲ့ပြီး နာဇီတို့၏ စတီး၊ ကျောက်မီးသွေးနှင့် စစ်လက်နက်ထုတ်လုပ်သည့် စက်ရုံများ ရေနစ်မြုပ်သွားခဲ့သည်။

(ဆာရေးခရိုင် Cobham ကျေးရွာအနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Strettons)

(ကျယ်ပြောသော တောအုပ်အလယ်တွင် ရှိသည်။ ဓာတ်ပုံ-Strettons)

ဤဗုံးခိုကျင်းကို ပြီးခဲ့သောနှစ်အတွင်းကလည်း ပေါင် ၃၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ရောင်းမထွက်ခဲ့ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  Ref: A secret underground wartime bunker in Surrey is now on sale for £165,000 (metro)

Photo Credit: Strettons

[Zawgyi]

အဂၤလန္တြင္ ဒုတိယကမၻာစစ္ၾကီးအတြင္းက အသံုးျပဳခဲ့ေသာ လွ်ိဳ႕ဝွက္ေျမေအာက္ဗံုးခိုက်င္းၾကီးတစ္ခု ရည္ညႊန္းေစ်း ေပါင္ ၁၆၅၀၀၀ ျဖင့္ ေလလံတင္ေရာင္းခ်မည္

Operation Chastise (Dumbusters Raid ဟု လူသိမ်ား) ဟုေခၚေသာ စစ္ဆင္ေရးႏွင့္ ဆက္ႏႊယ္မႈရွိ သည္ဟူေသာ သတင္းမ်ားရွိသည့္ အဂၤလန္မွ ေျမေအာက္ဗံုးခိုက်င္းၾကီးတစ္ခု အေရာင္းေစ်းကြက္ဝင္လာသည္။

(မွတ္ခ်က္။ Operation Chastise သည္ ဒုတိယကမၻာစစ္ၾကီးအတြင္း ျဗိတိန္ေလတပ္က ဂ်ာမနီရွိ ေရအား လွ်ပ္စစ္ ထုတ္လုပ္သည့္ ဆည္ၾကီးမ်ားကို ဗံုးၾကဲတိုက္ခိုက္သည့္ စစ္ဆင္ေရးျဖစ္ျပီး ျဗိတိန္ ေတာ္ဝင္ေလတပ္၏ အမွတ္ ၆၁၇ ဗံုးၾကဲေလယာဥ္အုပ္စုက ၁၉၄၃ ခုႏွစ္၊ ေမလ ၁၆ ႏွင့္ ၁၇ ရက္မ်ားတြင္ ျပဳလုပ္ခဲ့ေသာ စစ္ဆင္ေရး ျဖစ္သည္။ အဆိုပါစစ္ဆင္ေရးအေၾကာင္းကို ၁၉၅၅ ခုႏွစ္တြင္ The Dam Busters ဟူေသာအမည္ျဖင့္ ရုပ္ရွင္ ရိုက္ကူးခဲ့ရာ အလြန္ေက်ာ္ၾကားေအာင္ျမင္ခဲ့သည္)

လွ်ိဳ႕ဝွက္ ဗံုးခိုက်င္းၾကီးကို ရည္ညႊန္းေစ်း ေပါင္ ၁၆၅၀၀၀ ျဖင့္ ေလလံတင္ရန္ စီစဥ္လာျခင္း ျဖစ္သည္။

တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ ဆာေရးခရိုင္၊ Cobham ေက်းရြာအနီးတြင္ တည္ရွိျပီး Foxwarren ဗံုးခိုက်င္းဟု အမည္ေပးထားသည္။

ဗံုးခိုက်င္းၾကီးႏွင့္အတူ သစ္ေတာေျမ ၂ ဒသမ ၁ ဧကလည္း ပါဝင္မည္ ျဖစ္သည္။

သို႔ေသာ္ ဗံုးခိုက်င္းၾကီးကို ျပဳျပင္မြမ္းမံေဆာက္လုပ္မႈမ်ား ျပဳလုပ္ရန္ ခြင့္ျပဳခ်က္မရွိေသာေၾကာင့္ ဝယ္ယူသူ အေနျဖင့္ မည္သို႔ေသာ ျပဳျပင္မြမ္းမံမႈမ်ားအတြက္မဆို ကန္႔သတ္ခ်က္မ်ားႏွင့္ ရင္ဆိုင္ရမည္ ျဖစ္သည္။

စူးစမ္းေလ့လာသူမ်ားက ယခုေျမေအာက္ဗံုးခိုက်င္းၾကီးကို အလြန္ႏွစ္သက္ၾကျပီး ၎တို႔ သြားေရာက္လည္ပတ္ ခဲ့ၾကပံုမ်ားကို YouTube တြင္ ဗြီဒီယိုလႊင့္တင္ထားမႈမ်ားရွိသည့္အျပင္ ဤဗံုးခိုက်င္းၾကီးအတြက္ သီးသန္႔ ဝက္ဘ္ဆိုက္တစ္ခုပင္ ရွိေနသည္။

Foxwarren ဗံုးခိုက်င္းၾကီးကို ေတာအုပ္ထဲရွိ ကမ္းပါးတစ္ခုတြင္ RC ကြန္ကရစ္နံရံမ်ားျဖင့္ အဂၤလိပ္အကၡရာ H ပံုသ႑ာန္ ေဆာက္လုပ္ထားသည္။ ပံုမွန္အားျဖင့္ ထိုေခတ္က ဗံုးခိုက်င္းနံရံမ်ားကို သြပ္ျပားမ်ားျဖင့္သာ ကာရံေလ့ရွိခဲ့ၾကသည္။

လက္ရွိအားျဖင့္ ေလွကား က်ဳိးပ်က္ေနမႈႏွင့္ ၾကီးမားေသာသစ္ျမစ္ၾကီးတို႔ေၾကာင့္ ဝင္ေရာက္၍ မရႏိုင္ေခ်။

သို႔ေသာ္ ဗံုးခိုက်င္း၏ အျခားတဖက္စြန္းတြင္ ထြက္ေပါက္တစ္ခုရွိသည္။

(ဝင္ေပါက္ငယ္တစ္ခုသာ ရွိသည္။ ဓာတ္ပံု-Strettons)

(ဒုတိယကမၻာစစ္ၾကီးအတြင္းက ေဆာက္လုပ္ခဲ့ေသာ ဗံုးခိုက်င္း၏ ကြန္ကရစ္နံရံမ်ား။ ဓာတ္ပံု-Strettons)

ဗံုးခိုက်င္းသည္ အျမင္ပိုင္းအရ မတင့္တယ္ေသာ္လည္း သမိုင္းေၾကာင္းရွိျပီး ျဗိတိန္စစ္သမိုုင္း၏ အေရးအပါဆံုး ကာလမ်ားႏွင့္ ဆက္ႏြယ္ေနသည္။ ဤဗံုးခိုက်င္းသည္ Foxwarren စမ္းသပ္မႈဌာန၏ အေျခစိုက္စခန္းလည္း ျဖစ္ခဲ့ဖူးသည္။

အဆိုပါ ဌာနသည္ ကမၻာစစ္ကာလအတြင္း ေလယာဥ္သစ္မ်ားႏွင့္ လက္နက္သစ္မ်ား လွ်ိဳ႕ဝွက္ထုတ္လုပ္ ခဲ့ေသာ ဌာနျဖစ္သည္။

(ျဗိတိန္စစ္သမိုင္း၏ အစိတ္အပိုင္းတစ္ခုျဖစ္သည္။ ဓာတ္ပံု-Strettons)

(Foxwarren ဗံုးခိုက်င္းကို ေျမေပၚမွ ၾကည့္လွ်င္ မေတြ႔ရေခ်။ ဓာတ္ပံု-Strettons)

ဂ်ာမနီမွ ဆည္မ်ားကို ဗံုးက်ဲသည့္ စီမံကိန္း ေဖာ္ေဆာင္ခဲ့သူ Barnes Wallis သည္ ယခုဗံုးခိုက်င္းတြင္ ကမၻာ့ပထမဆံုး bouncing bomb ကို တီထြင္ခဲ့သည္။

Wallis တီထြင္ေသာ အဆိုပါဗံုးျဖင့္ ၁၉၄၃ ခုႏွစ္တြင္ ဂ်ာမနီဆည္မ်ားကို ဗံုးက်ဲတုိက္ခိုက္ခဲ့ရာ ဆည္မ်ား က်ဳိးပ်က္ကာ ေရၾကီးခဲ့ျပီး နာဇီတို႔၏ စတီး၊ ေက်ာက္မီးေသြးႏွင့္ စစ္လက္နက္ထုတ္လုပ္သည့္ စက္ရံုမ်ား ေရနစ္ျမဳပ္သြားခဲ့သည္။

(ဆာေရးခရိုင္ Cobham ေက်းရြာအနီးတြင္ တည္ရွိသည္။ ဓာတ္ပံု-Strettons)

(က်ယ္ေျပာေသာ ေတာအုပ္အလယ္တြင္ ရွိသည္။ ဓာတ္ပံု-Strettons) ဤဗံုးခိုက်င္းကို ျပီးခဲ့ေသာႏွစ္အတြင္းကလည္း ေပါင္ ၃၀၀,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ေရာင္းမထြက္ခဲ့ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A secret underground wartime bunker in Surrey is now on sale for £165,000 (metro)

Photo Credit: Strettons

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service