သိမှတ်စရာ အိမ်ခြံမြေရေးရာ

သိမှတ်စရာ အိမ်ခြံမြေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2024 2:53 pm တွင် တင်ခဲ့သည်
547 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

လိုလိုပိုပိုမြေလေးဝယ်ထားပါတယ် မြေပိုင်ဆိုင်မှုက မခိုင်မာ ၊ သမီးကလည်း အမွေလိုချင်နေ ဆိုတော့ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့ အဖြေလေးနဲ့တကွ အမေးအဖြေသုံးခုကို ဗဟုသုတသဖွယ်ဖတ်ရှုလေ့လာလိုက်ပါ။

မေးခွန်း (၁) - မိဘပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့သားသမီးတွေက သဘောတူကြောင်း လက်မှတ်ထိုးဖို့ လိုပါသလား။

ဂရန်အမည်ပေါက် ခင်ပွန်းဖြစ်သူ သေဆုံးပါက ၎င်း၏ဇနီးမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ပစ္စည်းခန်းအား တန်းတူရရှိသည့် အခွင့်အရေးရှိသဖြင့် ပစ္စည်းမှာ ဇနီးဖြစ်သူနှင့်သာ သက်ဆိုင်ပါသည်။ အမွေခန်းအရလဲ ပိုင်ဆိုင်ခွင့်ရှိသူမှာ ခင်ပွန်း/ဇနီး၊ သားသမီး၊ မြေး၊ မြစ်များ အဆင့်ဆင့် အမွေဆက်ခံခွင့်ရရှိမည် ဖြစ်ပါသည်။ ယခုမေးခွန်းအရ မိဘပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ဝယ်ယူရန် ဖြစ်ပြီး အဆိုပါမြေရောင်း ဝယ်ခြင်း၌ သားသမီးအားလုံး သဘောတူညီမှု လိုမလို မေးမြန်းခြင်းမှာ မိဘနှစ်ဦးစလုံး မရှိတော့ရင် တော့ လိုမည်ဖြစ်ပါသည်။ သားသမီးများ မိသားစုစီမံမှု ပြုလုပ်ထားခြင်းရှိမရှိ မေးမြန်းရပါမည်။ မိသားစု စီမံမှုမှာ အမွေဆိုင်အားလုံး သဘောတူညီမှ ပြုလိုလုပ်ရမည်ဖြစ်ပြီး တစ်ယောက်ကျန်၊ နှစ်ယောက်ကျန် ဖြစ်နေလျှင် ပြုလုပ်လို့မရပါ။ (တောင်မင်းနှင့် ရန်ကူမာရမ်၊ အေအိုင်အာ၊ ၁၉၁၄၊ ရန်ကုန်- ၁၀၆)

သားသမီးများထံမှ ဝယ်ယူသူမှ တရားဝင် လွှဲပြောင်းရောင်းချခြင်းဖြစ်စေရန်လဲ စည်ပင်သာယာ ရေးကော်မတီမှ ထုတ်ပေးသည့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူး လျှောက်ထား ခြင်းရှိမရှိ မေးမြန်းပါ။ အဆိုပါမြေပုံမှာ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရှိသူမှသာ လျှောက်ထားနိုင်သော မြေပုံ ဖြစ်ပါသည်။ မိဘများ၏ သေစာရင်း၊ ကျမ်းကျိန်လွှာ၊ ကတိသစ္စာပြုလွှာ၊ မြေပိုင်ဆိုင်မှု အထောက် အထားစာရွက်စာတမ်းများအား လျှောက်ထားသူမှ တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်။

အမွေဆက်ခံခွင့် မြေပုံထုတ်ယူရာ၌ သီးခြားသတင်းစာကြေငြာခြင်းများလဲ ပြုစေပြီး (၁၄)ရက် အတွင်း ကန့်ကွက်သူမပေါ်ပေါက်မှသာ မြေပုံထုတ်ပေးခြင်းမျိုးဖြစ်ပါသည်။

မြေကွက်အား အရောင်းအဝယ်ပြုလုပ်လိုပါကလဲ ပိုင်ဆိုင်ကြောင်းမြေပုံနှင့် အရောင်းမြေပုံအား ပူးတွဲကူးယူမှုပြုရမည်ဖြစ်ပါသည်။ မြေပုံရလျှင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရမည်ဖြစ်ပါသည်။

စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေပုဒ်မ-၁၆ အရလဲ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပိုင်ဆိုင်ကြောင်း ကြေညာခြင်းပြုလျှင် တရားဝင်မှတ်ပုံ တင်ရှိရန် လိုအပ်ပြီး အမွေဆိုင်တစ်ဦးဦး သေဆုံးပါကလဲ ၎င်း၏ ဇနီး(သို့)သားသမီးအား မှတ်ပုံတင် စာချုပ်၌ ထည့်သွင်းချုပ်ဆိုရပါမည်။

အမွေထိန်းစာဖြင့် လွှဲပြောင်းရောင်းချခြင်းများလဲရှိကြပြီး အဆိုပါ ရောင်းချခြင်းများတွင် တရား ရုံး၏ ခွင့်ပြုမိန့်ပါရှိရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - အိမ်ဂရန်ကို အပေါင်ထားပြီး ငွေချေးယူထားလို့ ပြန်မဆပ်နိုင်ပါ အိမ်ကို သိမ်းဆည်းနိုင်ပါသလား။

ပေါင်နှံခြင်းများပြုရာတွင် အရပ်ထဲတွင် ပေါင်နှံခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းဌာန များတွင် ပေါင်နှံခြင်း၊ ဘဏ်တွင် အာမခံပစ္စည်းထားရှိ၍ ပေါင်နှံခြင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ အပ်နှံ၍ ပေါင်နှံခြင်းဟူ၍ အမျိုးမျိုးရှိပါသည်။

ပေါင်နှံခြင်း(၆)မျိုးရှိပြီး ၎င်းတို့မှာ.....

(၁)-အပေါင်ရိုးရိုး၊ (၂)- စာချုပ်အပ်၍ ပေါင်နှံခြင်း (၃)- ပစ္စည်းလက်ရောက်ပေး၍ ပေါင်နှံခြင်း (၄)- ထုံးနည်းမကျပေါင်နှံခြင်း (၅)- အဂလိပ်အပေါင် (၆)-ရောင်းပေါင် တို့ဖြစ်ပါပြီး အပေါင်ခံသူသည် ပေါင်နှံခြင်း လိုင်စင်ရှိ ရန်တော့ လိုအပ်ပါသည်။

အပေါင်ခံသည့်လိုင်စင်မရှိသည့် ရပ်ကွက်ထဲ ပေါင်နှံခြင်းများတွင်တော့ ရောင်းပေါင် သဘောမျိုး ချုပ်ဆိုကြပြီး ပစ္စည်းလက်ရောက်အပ်နှံ၍ ပေါင်နှံစေပါသည်။ စာချုပ်မှာ အရောင်းဟန်ဆောင်စာချုပ် ဖြစ်သဖြင့် တရားရုံးတွင် ဖြေရှင်းဆောင်ရွက်သည့်အခါ စာချုပ်ပျယ်ပြယ်နေကြောင်း ထင်ရှားပြီး တရားလိုမှာ အိမ်အား ရပိုင်ခွင့်မရှိပါ။ တရားလိုမှ အတိုးမပါသည့် ငွေပြန်လည်ရပိုင်ခွင့်အပေါ်အခြေခံ၍ တရား မမှု စွဲဆိုခြင်းတော့ ပြုနိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေအား ပေါင်နှံခြင်းများတွင် အိမ်လက်ရောက် ပေးအပ်ထားခြင်း ဖြစ်လျှင် စာချုပ်စာတမ်းဥပဒေ ပုဒ်မ-၁၆(ဂ)အရ မှတ်ပုံတင်ရပါမယ်။ ထို့မှသာ အငြင်းပွှားမှုများ ပေါ် ပေါက်ပါက ပေါင်နှံသူမှ အိမ်ခြံမြေအား တရားဝင် အပေါင်ရွှေးနုတ်လိုမှုဖြင့် ပြန်လည်တရားစွဲ တောင်းခံနိုင်မည် ဖြစ်ပါသည်။

ပေါင်နှံခြင်း လိုင်စင်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းထံ ပေါင်နှံငွေချေးခြင်းဖြစ်ပါက ၎င်းမှ ချေးငွေ မဆပ်နိုင်လျှင် တရားမမှုဖြင့် စွဲဆိုကာ အိမ်အား လက်ရောက်ရယူမှု ပြုနိုင်ပါသည်။

ဘဏ်များတွင် ပေါင်နှံခြင်းပြုလျှင် ဂရန်အမည်ပေါက်ဖြစ်သူမှသာ ပေါင်နှံခြင်းပြုနိုင်ပြီး ဘဏ်မှ ၎င်း၏ လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ကာလ ပြည့်မြောက်သည်အထိ ဂရန်အား အာမခံထား၍ ငွေချေး မည်ဖြစ်ပါသည်။ သတ်မှတ်ကာလများ ကျော်လွန်သည့်တိုင် ချေးငွေအား ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိပါက ဘဏ်မှ နို့တစ်စာပေးပို့ကာ ပေါင်နှံသူအား ညှီနှိုင်းဖြေရှင်းစေပါသည်။

ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်ခြင်းမပြုနိုင်ပါက ဘဏ်မှ တရားမကြောင်းဖြင့် တရားစွဲဆိုကာ တရားရုံးအမိန့်ဖြင့် အိမ်၊ခြံ၊ မြေအား လေလံတင်ရောင်းချပြီး ချေးငွေအား ပြန်လည်ရယူခြင်းပြုနိုင်ကြောင်း‌ ဖြေဆိုရေးသားပေး လိုက်ပါသည်။

 

မေးခွန်း (၃) - မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ရမလဲ။

လူနေထိုင်ခွင့် မြေအမျိုးအစားများဖြစ်သည့် မြေပိုင်မြေ (ဘိုးဘွား ပိုင်မြေ)၊ ဂရန်မြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေတို့အား လွှဲပြောင်းဝယ်ယူလိုလျှင် မြေပိုင်ဆိုင်မှု ခိုင်မာစေရန် ရောင်းချသူအမည်ပေါက် မှ ဝယ်ယူသူ၏ အမည်ပေါက်ရရှိသည့်အထိ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မဝယ်ယူခင် ရောင်းချသူအမည်ပေါက် ပိုင်ဆိုင်မှုစာရွက်စာတမ်းများအား အမည်ပေါက်မှန်မမှန်၊ စာရွက်စာတမ်းစုံလင်ခြင်း ရှိမရှိ၊ မြေပုံ/မြေရာဇဝင်၊ ကန့်ကွက်သူ အရှုပ်အရှင်း ရှိမရှိ၊ မြေခွန် ကြွေးကျန် ရှိမရှိ၊ ဂရန်သက်တမ်း ကျန်မကျန်၊ မြေပြင်အခြေအနေ ဂရန်ပါအတိုင်း ပေပြည့်မပြည့် စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါသည်။

လယ်ယာမြေအား ဝယ်ယူခြင်းဖြစ်ပါကလဲ ပုံစံ(၇)အား ရောင်းချသူအမည်မှ ဝယ်ယူသူအမည်သို့ ပြောင်းလဲရမည်ဖြစ်ပါသည်။

အမည်ပေါက်မဟုတ်သော အရပ်ကတိစာချုပ် အဆက်အစပ်များဖြင့် အဆင့်ဆင့်လွှဲပြောင်းသော မြေများအား ဝယ်ယူခြင်းပြုလျှင်တော့ အမည်ပေါက်လျှောက်ထားရာ၌ ပိုင်ဆိုင်ခြင်းအတွက် တရားရုံး အမိန့် ဒီဂရီစီရင်ချက် လိုအပ်ပါသည်။ အမွေဆက်ခံခြင်းဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပါက အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် တောင်းယူကြည့်ရှုရပါမည်။ ပေးကမ်းခြင်းဖြင့် ပိုင်ဆိုင်လာပါကလဲ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အား စစ်ဆေးရပါမည်။

ဘိုးဘွားပိုင်မြေဆိုလျှင်လဲ ပိုင်ဆိုင်မှု မှတ်ပုံတင်စာချုပ်အား စစ်ဆေးကြည့်ရှုကာ ဌာနတွင်လဲ မြေယာမှတ်တမ်းများ ကြည့်ရှုစစ်ဆေးရပါမည်။ လယ်ယာမြေအား ဝယ်ယူခြင်းဖြစ်လျှင် ပုံစံ-၇အား ရပ်/ကျေးမှတ်တမ်းတွင် စုံစမ်းစစ်ဆေးခြင်း ပြုနိုင်ပါသည်။ သက်ဆိုင်ရာရုံးဌာနများတွင် စစ်ဆေး အတည်ပြုပြီးမှသာ စရန်ငွေပေးချေကာ စရန်ပေးစာချုပ်ချုပ်ဆိုခြင်းပြုရပါမည်။

ရောင်းချသူထံမှ တစ်နှစ်အတွင်း ထုတ်ယူထားသော အရောင်းမြေပုံအား တောင်းယူပါ။ မြေပုံ/ မြေရာဇဝင် ထုတ်ယူထားပြီးလျှင် စရန်ပေးစာချုပ်ချုပ်ဆိုနိုင်ပါသည်။ အရောင်းမြေပုံ ထုတ်ယူထား ခြင်းမရှိသေးပါက မြေပုံထွက်ရှိတဲ့အခါ ဒုတိယအရစ်စရန်ငွေအား ပေးချေရန် ကတိပြုနိုင်ပါသည်။ စရန် ပေးစာချုပ်၌ ကန့်ကွက်သူ ရှိမရှိ သတင်းစာကြေငြာမည်ဖြစ်ကြောင်း၊ ကန့်ကွက်သူရှိပါက ပေးချေထား သောငွေအပေါ်တွင် စရန် ငွေ(၂) ဆ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း စရန်ပေးစာချုပ်တွင် ရောင်းချသူ ကတိပြုချက်အား ရယူထားပါ။ စရန်ငွေမှာ သင့်လျော်သော မများပြားသည့် ငွေပမာဏဖြစ်လျှင် လုံလောက်ပါသည်။

မြေပုံထွက်ရှိပါက ရောင်းသူ၊ ဝယ်သူ ရာဖြတ်တင်ကာ မြေတန်ဖိုး သတ်မှတ်နှုန်းထားအတိုင်း တံဆိပ်ခေါင်း အခွန်၊ ဝင်ငွေခွန်ဆောင်ခြင်းများ ပြုလုပ်ထားနိုင်ပါသည်။

ငွေကြေစာချုပ်အား ရောင်းသူဝယ်ယူသူ ချုပ်ဆိုပြီးပါက ဝယ်ယူသူမှာ မြေပိုင်ဆိုင်မှုအား လက်ရောက်ရယူရမည်ဖြစ်ကာ မြေပိုင်ဆိုင်မှု မှတ်ပုံတင်စာချုပ်စာတမ်းများ၊ မြေငှားဂရန်မူရင်းများ၊ နောက်ဆုံးအခွန်ဆောင်ထားသော မြေခွန်ပြေစာများအား လွှဲပြောင်းရယူခြင်း ပြုရပါမည်။ ထို့နောက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ရောင်းသူဝယ်ယူ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် သွားရောက်ချုပ်ဆိုရပါ မည်။ မှတ်ပုံတင်စာချုပ်ရရှိပြီးပါက စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် ဝယ်ယူသူအမည်ပေါက် မြေငှားဂရန် အမည်ပြောင်းလဲခြင်း ဆက်လက်ဆောင်ရွက်မှသာ မြေပိုင်ဆိုင်မှု ခိုင်မာမည် ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သိမွတ္စရာ အိမ္ျခံေျမေရးရာ

 

လိုလိုပိုပိုေျမေလးဝယ္ထားပါတယ္ ေျမပိုင္ဆိုင္မႈက မခိုင္မာ ၊ သမီးကလည္း အေမြလိုခ်င္ေန ဆိုေတာ့ ေျမပိုင္ဆိုင္မႈခိုင္မာေအာင္ ဘယ္လိုလုပ္ႏိုင္မလဲဆိုတဲ့ အေျဖေလးနဲ႔တကြ အေမးအေျဖသုံးခုကို ဗဟုသုတသဖြယ္ဖတ္႐ႈေလ့လာလိုက္ပါ။

ေမးခြန္း (၁) - မိဘပိုင္ဆိုင္တဲ့ အိမ္ျခံေျမတစ္ခုခုကို ေရာင္းရင္ က်န္တဲ့သားသမီးေတြက သေဘာတူေၾကာင္း လက္မွတ္ထိုးဖို႔ လိုပါသလား။

ဂရန္အမည္ေပါက္ ခင္ပြန္းျဖစ္သူ ေသဆုံးပါက ၎၏ဇနီးမွာ ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ ပစၥည္းခန္းအား တန္းတူရ႐ွိသည့္ အခြင့္အေရး႐ွိသျဖင့္ ပစၥည္းမွာ ဇနီးျဖစ္သူႏွင့္သာ သက္ဆိုင္ပါသည္။ အေမြခန္းအရလဲ ပိုင္ဆိုင္ခြင့္႐ွိသူမွာ ခင္ပြန္း/ဇနီး၊ သားသမီး၊ ေျမး၊ ျမစ္မ်ား အဆင့္ဆင့္ အေမြဆက္ခံခြင့္ရ႐ွိမည္ ျဖစ္ပါသည္။ ယခုေမးခြန္းအရ မိဘပိုင္ဆိုင္တဲ့ အိမ္ျခံေျမတစ္ခုခုကို ဝယ္ယူရန္ ျဖစ္ၿပီး အဆိုပါေျမေရာင္း ဝယ္ျခင္း၌ သားသမီးအားလုံး သေဘာတူညီမႈ လိုမလို ေမးျမန္းျခင္းမွာ မိဘႏွစ္ဦးစလုံး မ႐ွိေတာ့ရင္ ေတာ့ လိုမည္ျဖစ္ပါသည္။ သားသမီးမ်ား မိသားစုစီမံမႈ ျပဳလုပ္ထားျခင္း႐ွိမ႐ွိ ေမးျမန္းရပါမည္။ မိသားစု စီမံမႈမွာ အေမြဆိုင္အားလုံး သေဘာတူညီမွ ျပဳလိုလုပ္ရမည္ျဖစ္ၿပီး တစ္ေယာက္က်န္၊ ႏွစ္ေယာက္က်န္ ျဖစ္ေနလွ်င္ ျပဳလုပ္လို႔မရပါ။ (ေတာင္မင္းႏွင့္ ရန္ကူမာရမ္၊ ေအအိုင္အာ၊ ၁၉၁၄၊ ရန္ကုန္- ၁၀၆)

သားသမီးမ်ားထံမွ ဝယ္ယူသူမွ တရားဝင္ လႊဲေျပာင္းေရာင္းခ်ျခင္းျဖစ္ေစရန္လဲ စည္ပင္သာယာ ေရးေကာ္မတီမွ ထုတ္ေပးသည့္ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေျမပုံကူး ေလွ်ာက္ထား ျခင္း႐ွိမ႐ွိ ေမးျမန္းပါ။ အဆိုပါေျမပုံမွာ အေမြဆက္ခံ ပိုင္ဆိုင္ခြင့္႐ွိသူမွသာ ေလွ်ာက္ထားႏိုင္ေသာ ေျမပုံ ျဖစ္ပါသည္။ မိဘမ်ား၏ ေသစာရင္း၊ က်မ္းက်ိန္လႊာ၊ ကတိသစၥာျပဳလႊာ၊ ေျမပိုင္ဆိုင္မႈ အေထာက္ အထားစာ႐ြက္စာတမ္းမ်ားအား ေလွ်ာက္ထားသူမွ တင္ျပ ေလွ်ာက္ထားရမည္ျဖစ္ပါသည္။

အေမြဆက္ခံခြင့္ ေျမပုံထုတ္ယူရာ၌ သီးျခားသတင္းစာေၾကျငာျခင္းမ်ားလဲ ျပဳေစၿပီး (၁၄)ရက္ အတြင္း ကန္႔ကြက္သူမေပၚေပါက္မွသာ ေျမပုံထုတ္ေပးျခင္းမ်ိဳးျဖစ္ပါသည္။

ေျမကြက္အား အေရာင္းအဝယ္ျပဳလုပ္လိုပါကလဲ ပိုင္ဆိုင္ေၾကာင္းေျမပုံႏွင့္ အေရာင္းေျမပုံအား ပူးတြဲကူးယူမႈျပဳရမည္ျဖစ္ပါသည္။ ေျမပုံရလွ်င္ေတာ့ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍ ရမည္ျဖစ္ပါသည္။

စာခ်ဳပ္စာတမ္း မွတ္ပုံတင္ ဥပေဒပုဒ္မ-၁၆ အရလဲ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ပိုင္ဆိုင္ေၾကာင္း ေၾကညာျခင္းျပဳလွ်င္ တရားဝင္မွတ္ပုံ တင္႐ွိရန္ လိုအပ္ၿပီး အေမြဆိုင္တစ္ဦးဦး ေသဆုံးပါကလဲ ၎၏ ဇနီး(သို႔)သားသမီးအား မွတ္ပုံတင္ စာခ်ဳပ္၌ ထည့္သြင္းခ်ဳပ္ဆိုရပါမည္။

အေမြထိန္းစာျဖင့္ လႊဲေျပာင္းေရာင္းခ်ျခင္းမ်ားလဲ႐ွိၾကၿပီး အဆိုပါ ေရာင္းခ်ျခင္းမ်ားတြင္ တရား ႐ုံး၏ ခြင့္ျပဳမိန္႔ပါ႐ွိရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း (၂) - အိမ္ဂရန္ကို အေပါင္ထားၿပီး ေငြေခ်းယူထားလို႔ ျပန္မဆပ္ႏိုင္ပါ အိမ္ကို သိမ္းဆည္းႏိုင္ပါသလား။

 

ေပါင္ႏွံျခင္းမ်ားျပဳရာတြင္ အရပ္ထဲတြင္ ေပါင္ႏွံျခင္း၊ ေငြေရးေၾကးေရးဆိုင္ရာ အဖြဲ႕အစည္းဌာန မ်ားတြင္ ေပါင္ႏွံျခင္း၊ ဘဏ္တြင္ အာမခံပစၥည္းထား႐ွိ၍ ေပါင္ႏွံျခင္း၊ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းမ်ား အပ္ႏွံ၍ ေပါင္ႏွံျခင္းဟူ၍ အမ်ိဳးမ်ိဳး႐ွိပါသည္။

ေပါင္ႏွံျခင္း(၆)မ်ိဳး႐ွိၿပီး ၎တို႔မွာ.....

(၁)-အေပါင္႐ိုး႐ိုး၊ (၂)- စာခ်ဳပ္အပ္၍ ေပါင္ႏွံျခင္း (၃)- ပစၥည္းလက္ေရာက္ေပး၍ ေပါင္ႏွံျခင္း (၄)- ထုံးနည္းမက်ေပါင္ႏွံျခင္း (၅)- အဂလိပ္အေပါင္ (၆)-ေရာင္းေပါင္ တို႔ျဖစ္ပါၿပီး အေပါင္ခံသူသည္ ေပါင္ႏွံျခင္း လိုင္စင္႐ွိ ရန္ေတာ့ လိုအပ္ပါသည္။

အေပါင္ခံသည့္လိုင္စင္မ႐ွိသည့္ ရပ္ကြက္ထဲ ေပါင္ႏွံျခင္းမ်ားတြင္ေတာ့ ေရာင္းေပါင္ သေဘာမ်ိဳး ခ်ဳပ္ဆိုၾကၿပီး ပစၥည္းလက္ေရာက္အပ္ႏွံ၍ ေပါင္ႏွံေစပါသည္။ စာခ်ဳပ္မွာ အေရာင္းဟန္ေဆာင္စာခ်ဳပ္ ျဖစ္သျဖင့္ တရား႐ုံးတြင္ ေျဖ႐ွင္းေဆာင္႐ြက္သည့္အခါ စာခ်ဳပ္ပ်ယ္ျပယ္ေနေၾကာင္း ထင္႐ွားၿပီး တရားလိုမွာ အိမ္အား ရပိုင္ခြင့္မ႐ွိပါ။ တရားလိုမွ အတိုးမပါသည့္ ေငြျပန္လည္ရပိုင္ခြင့္အေပၚအေျခခံ၍ တရား မမႈ စြဲဆိုျခင္းေတာ့ ျပဳႏိုင္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ အိမ္ျခံေျမအား ေပါင္ႏွံျခင္းမ်ားတြင္ အိမ္လက္ေရာက္ ေပးအပ္ထားျခင္း ျဖစ္လွ်င္ စာခ်ဳပ္စာတမ္းဥပေဒ ပုဒ္မ-၁၆(ဂ)အရ မွတ္ပုံတင္ရပါမယ္။ ထို႔မွသာ အျငင္းပႊားမႈမ်ား ေပၚ ေပါက္ပါက ေပါင္ႏွံသူမွ အိမ္ျခံေျမအား တရားဝင္ အေပါင္ေ႐ႊးႏုတ္လိုမႈျဖင့္ ျပန္လည္တရားစြဲ ေတာင္းခံႏိုင္မည္ ျဖစ္ပါသည္။

ေပါင္ႏွံျခင္း လိုင္စင္႐ွိသည့္ ေငြေရးေၾကးေရးအဖြဲ႕အစည္းထံ ေပါင္ႏွံေငြေခ်းျခင္းျဖစ္ပါက ၎မွ ေခ်းေငြ မဆပ္ႏိုင္လွ်င္ တရားမမႈျဖင့္ စြဲဆိုကာ အိမ္အား လက္ေရာက္ရယူမႈ ျပဳႏိုင္ပါသည္။

ဘဏ္မ်ားတြင္ ေပါင္ႏွံျခင္းျပဳလွ်င္ ဂရန္အမည္ေပါက္ျဖစ္သူမွသာ ေပါင္ႏွံျခင္းျပဳႏိုင္ၿပီး ဘဏ္မွ ၎၏ လုပ္ထုံးလုပ္နည္းအတိုင္း အခ်ိန္ကာလ ျပည့္ေျမာက္သည္အထိ ဂရန္အား အာမခံထား၍ ေငြေခ်း မည္ျဖစ္ပါသည္။ သတ္မွတ္ကာလမ်ား ေက်ာ္လြန္သည့္တိုင္ ေခ်းေငြအား ျပန္လည္ ေပးဆပ္ႏိုင္ျခင္း မ႐ွိပါက ဘဏ္မွ ႏို႔တစ္စာေပးပို႔ကာ ေပါင္ႏွံသူအား ညႇီႏိႈင္းေျဖ႐ွင္းေစပါသည္။

ေျပလည္ေအာင္ ေျဖ႐ွင္း ေဆာင္႐ြက္ျခင္းမျပဳႏိုင္ပါက ဘဏ္မွ တရားမေၾကာင္းျဖင့္ တရားစြဲဆိုကာ တရား႐ုံးအမိန္႔ျဖင့္ အိမ္၊ျခံ၊ ေျမအား ေလလံတင္ေရာင္းခ်ၿပီး ေခ်းေငြအား ျပန္လည္ရယူျခင္းျပဳႏိုင္ေၾကာင္း‌ ေျဖဆိုေရးသားေပး လိုက္ပါသည္။

 

 

ေမးခြန္း (၃) - ေျမပိုင္ဆိုင္မႈခိုင္မာေအာင္ ဘယ္လိုလုပ္ရမလဲ။

လူေနထိုင္ခြင့္ ေျမအမ်ိဳးအစားမ်ားျဖစ္သည့္ ေျမပိုင္ေျမ (ဘိုးဘြား ပိုင္ေျမ)၊ ဂရန္ေျမ၊ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမတို႔အား လႊဲေျပာင္းဝယ္ယူလိုလွ်င္ ေျမပိုင္ဆိုင္မႈ ခိုင္မာေစရန္ ေရာင္းခ်သူအမည္ေပါက္ မွ ဝယ္ယူသူ၏ အမည္ေပါက္ရ႐ွိသည့္အထိ ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။

မဝယ္ယူခင္ ေရာင္းခ်သူအမည္ေပါက္ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းမ်ားအား အမည္ေပါက္မွန္မမွန္၊ စာ႐ြက္စာတမ္းစုံလင္ျခင္း ႐ွိမ႐ွိ၊ ေျမပုံ/ေျမရာဇဝင္၊ ကန္႔ကြက္သူ အ႐ႈပ္အ႐ွင္း ႐ွိမ႐ွိ၊ ေျမခြန္ ေႂကြးက်န္ ႐ွိမ႐ွိ၊ ဂရန္သက္တမ္း က်န္မက်န္၊ ေျမျပင္အေျခအေန ဂရန္ပါအတိုင္း ေပျပည့္မျပည့္ စစ္ေဆးၿပီးမွ ဝယ္ယူသင့္ပါသည္။

လယ္ယာေျမအား ဝယ္ယူျခင္းျဖစ္ပါကလဲ ပုံစံ(၇)အား ေရာင္းခ်သူအမည္မွ ဝယ္ယူသူအမည္သို႔ ေျပာင္းလဲရမည္ျဖစ္ပါသည္။

အမည္ေပါက္မဟုတ္ေသာ အရပ္ကတိစာခ်ဳပ္ အဆက္အစပ္မ်ားျဖင့္ အဆင့္ဆင့္လႊဲေျပာင္းေသာ ေျမမ်ားအား ဝယ္ယူျခင္းျပဳလွ်င္ေတာ့ အမည္ေပါက္ေလွ်ာက္ထားရာ၌ ပိုင္ဆိုင္ျခင္းအတြက္ တရား႐ုံး အမိန္႔ ဒီဂရီစီရင္ခ်က္ လိုအပ္ပါသည္။ အေမြဆက္ခံျခင္းျဖင့္ ပိုင္ဆိုင္ျခင္းျဖစ္ပါက အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္ ေတာင္းယူၾကည့္႐ႈရပါမည္။ ေပးကမ္းျခင္းျဖင့္ ပိုင္ဆိုင္လာပါကလဲ ေမတၱာျဖင့္ အပိုင္ေပးကမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္အား စစ္ေဆးရပါမည္။

ဘိုးဘြားပိုင္ေျမဆိုလွ်င္လဲ ပိုင္ဆိုင္မႈ မွတ္ပုံတင္စာခ်ဳပ္အား စစ္ေဆးၾကည့္႐ႈကာ ဌာနတြင္လဲ ေျမယာမွတ္တမ္းမ်ား ၾကည့္႐ႈစစ္ေဆးရပါမည္။ လယ္ယာေျမအား ဝယ္ယူျခင္းျဖစ္လွ်င္ ပုံစံ-၇အား ရပ္/ေက်းမွတ္တမ္းတြင္ စုံစမ္းစစ္ေဆးျခင္း ျပဳႏိုင္ပါသည္။ သက္ဆိုင္ရာ႐ုံးဌာနမ်ားတြင္ စစ္ေဆး အတည္ျပဳၿပီးမွသာ စရန္ေငြေပးေခ်ကာ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုျခင္းျပဳရပါမည္။

ေရာင္းခ်သူထံမွ တစ္ႏွစ္အတြင္း ထုတ္ယူထားေသာ အေရာင္းေျမပုံအား ေတာင္းယူပါ။ ေျမပုံ/ ေျမရာဇဝင္ ထုတ္ယူထားၿပီးလွ်င္ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါသည္။ အေရာင္းေျမပုံ ထုတ္ယူထား ျခင္းမ႐ွိေသးပါက ေျမပုံထြက္႐ွိတဲ့အခါ ဒုတိယအရစ္စရန္ေငြအား ေပးေခ်ရန္ ကတိျပဳႏိုင္ပါသည္။ စရန္ ေပးစာခ်ဳပ္၌ ကန္႔ကြက္သူ ႐ွိမ႐ွိ သတင္းစာေၾကျငာမည္ျဖစ္ေၾကာင္း၊ ကန္႔ကြက္သူ႐ွိပါက ေပးေခ်ထား ေသာေငြအေပၚတြင္ စရန္ ေငြ(၂) ဆ ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း စရန္ေပးစာခ်ဳပ္တြင္ ေရာင္းခ်သူ ကတိျပဳခ်က္အား ရယူထားပါ။ စရန္ေငြမွာ သင့္ေလ်ာ္ေသာ မမ်ားျပားသည့္ ေငြပမာဏျဖစ္လွ်င္ လုံေလာက္ပါသည္။

ေျမပုံထြက္႐ွိပါက ေရာင္းသူ၊ ဝယ္သူ ရာျဖတ္တင္ကာ ေျမတန္ဖိုး သတ္မွတ္ႏႈန္းထားအတိုင္း တံဆိပ္ေခါင္း အခြန္၊ ဝင္ေငြခြန္ေဆာင္ျခင္းမ်ား ျပဳလုပ္ထားႏိုင္ပါသည္။

ေငြေၾကစာခ်ဳပ္အား ေရာင္းသူဝယ္ယူသူ ခ်ဳပ္ဆိုၿပီးပါက ဝယ္ယူသူမွာ ေျမပိုင္ဆိုင္မႈအား လက္ေရာက္ရယူရမည္ျဖစ္ကာ ေျမပိုင္ဆိုင္မႈ မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား၊ ေျမငွားဂရန္မူရင္းမ်ား၊ ေနာက္ဆုံးအခြန္ေဆာင္ထားေသာ ေျမခြန္ေျပစာမ်ားအား လႊဲေျပာင္းရယူျခင္း ျပဳရပါမည္။ ထို႔ေနာက္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ေရာင္းသူဝယ္ယူ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ သြားေရာက္ခ်ဳပ္ဆိုရပါ မည္။ မွတ္ပုံတင္စာခ်ဳပ္ရ႐ွိၿပီးပါက စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ဝယ္ယူသူအမည္ေပါက္ ေျမငွားဂရန္ အမည္ေျပာင္းလဲျခင္း ဆက္လက္ေဆာင္႐ြက္မွသာ ေျမပိုင္ဆိုင္မႈ ခိုင္မာမည္ ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service