စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်

စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင် - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2024 3:12 pm တွင် တင်ခဲ့သည်
561 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

 

အီတလီမှ စားသောက်ဆိုင်တစ်ခုသည် စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသော Customer များကို ဝိုင်တစ်ပုလင်း အခမဲ့ တိုက်ကျွေးလျက် ရှိသည်။

စားသောက်ဆိုင် တည်နေရာမှာ အီတလီနိုင်ငံမြောက်ပိုင်း၊ ဗီရိုနာမြို့တွင်ဖြစ်ပြီး ပြီးခဲ့သော မတ်လက စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်အမည်မှာ Al Condominio ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ညစာလာရောက် စားသောက်သူများအနေဖြင့် မိမိတို့၏ ဖုန်းများကိုသာ တချိန်လုံး စိုက်ကြည့်နေကြခြင်းထက် တစ်ဦးနှင့်တစ်ဦး စကားစမြည် ပြောဆိုကြခြင်းများကို အားပေးလို သောကြောင့်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင် Angelo Lella က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တခြားသူတွေနဲ့ ကွဲပြားတဲ့ စားသောက်ဆိုင်မျိုး ဖွင့်ချင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဖောက်သည်တွေဟာ နည်းပညာကို ခေတ္တကျောခိုင်းပြီး အပေါင်းအဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ့် ပုံစံမျိုးကို အားပေးနိုင်တဲ့နည်းလမ်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပညာဟာ ပြဿနာတစ်ခု ဖြစ်လာပါပြီ။ ခင်ဗျားတို့အနေနဲ့ ဖုန်းကို ၅ စက္ကန့်တစ်ခါ ကြည့်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် လူအများစုအတွက် ဖုန်းက မူးယစ်ဆေးလို ဖြစ်နေပါတယ်။ အခုနည်းလမ်းနဲ့ဆိုရင် သူတို့ဟာ ဖုန်းကို ခဏချ ထားပြီး ဝိုင်ကောင်းကောင်း သောက်ခွင့်ရမယ့် အခွင့်အလမ်း ရမှာ ဖြစ်ပါတယ်။”

စားသောက်ဆိုင်သို့ လာရောက်သူများအနေဖြင့် ဖုန်းသုံးမသုံး ရွေးချယ်ခွင့်ရမည်ဖြစ်ပြီး ဖုန်းမသုံးသူများကို ဆိုင်အဝင်တွင် သေတ္တာတစ်လုံး ပေးထားမည်ဖြစ်ကာ သော့ခလောက်နှင့် သော့တို့လည်း ပေးမည်ဖြစ်ပြီး ဖုန်းကို သော့ခတ်ကာ သိမ်းဆည်းထားရမည် ဖြစ်သည်။

ယင်းနောက် အဆိုပါသော့ကို စားပွဲထိုးအား ပြလိုက်လျှင် စားပွဲထိုးက ဝိုင်တစ်ပုလင်း အခမဲ့ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။

ဖောက်သည်များအနေဖြင့် မိမိတို့ နှစ်သက်သည့်အစားအသောက်ကိုလည်း Review ရေးကာ သေတ္တာထဲတွင် ထားခဲ့နိုင်သည်။

စွဲဆောင်မှုအရှိဆုံး Review ရေးသားနိုင်သူများကို နောက်တစ်ကြိမ် လာရောက် စားသောက်ချိန်တွင် အစားအသောက်တစ်ခု အခမဲ့ ကျွေးမွေးမည် ဖြစ်သည်။

ဝိုင်အခမဲ့ တိုက်ကျွေးမှုမှာ ဖုန်းအသုံးပြုမှု ခေတ္တရပ်ဆိုင်းခြင်းတွင် ပါဝင်လိုသူတို့အကြား ကျော်ကြားလာသည်။

“ရလဒ်ကတော့ အတော်ကောင်းတယ်။ ဖောက်သည်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အခမဲ့ ဝိုင်သောက်ခွင့် အတွက် ဖုန်းကို ထားခဲ့ဖို့ ရွေးချယ်ကြတယ်။ ဒီစနစ်ကို လက်ခံကြတာ တွေ့ရတာ တကယ်ဝမ်းသာစရာပါပဲ။ ဖုန်းမှာ ဓာတ်ပုံတွေကြည့်နေတာ၊ မက်ဆေ့တွေပြန်နေတာမျိုး မလုပ်ကြတော့ဘဲ အချင်းချင်း စကားတွေ ပြောဖြစ်လာကြတယ်။”

အီတလီ၏ အခြားနေရာများတွင် ယခုကဲ့သို့ စားသောက်ဆိုင်မျိုးရှိသော်လည်း Veneto ဒေသတွင်မူ Al Condominio စားသောက်ဆိုင်မှာ ပထမဆုံး ဖြစ်သည်ဟု ယုံကြည်ရသည်။

၁၉၆၈ ခုနှစ်က Tuscany ပြည်နယ်တွင် Marina di Cecina အမည်ရှိ စားသောက်ဆိုင်က ဖုန်းမသုံးသော Customer များကို ဈေးဝယ်ဘောက်ချာများ ပေးသည့်အစီအစဉ် ပြုလုပ်ခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Restaurant in Italy offers free bottles of wine to customers who hand in phones (theguardian)

 

 

 

[Zawgyi]

စားေသာက္ေနစဥ္အခ်ိန္အတြင္း ဖုန္းမသံုးသူမ်ားကို ဝိုင္တစ္ပုလင္း အခမဲ့တိုက္မည့္ အီတလီက စားေသာက္ဆိုင္

အီတလီမွ စားေသာက္ဆုိင္တစ္ခုသည္ စားေသာက္ေနစဥ္အခ်ိန္အတြင္း ဖုန္းမသံုးေသာ Customer မ်ားကို ဝိုုင္တစ္ပုလင္း အခမဲ့ တိုက္ေကၽြးလ်က္ ရွိသည္။

စားေသာက္ဆုိင္ တည္ေနရာမွာ အီတလီႏိုင္ငံေျမာက္ပိုင္း၊ ဗီရိုနာျမဳိ႕တြင္ျဖစ္ျပီး ျပီးခဲ့ေသာ မတ္လက စတင္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

ဆိုင္အမည္မွာ Al Condominio ျဖစ္သည္။

ယခုကဲ့သို႔ လုပ္ေဆာင္ရျခင္းမွာ ညစာလာေရာက္ စားေသာက္သူမ်ားအေနျဖင့္ မိမိတို႔၏ ဖုန္းမ်ားကိုသာ တခ်ိန္လံုး စုိက္ၾကည့္ေနၾကျခင္းထက္ တစ္ဦးႏွင့္တစ္ဦး စကားစျမည္ ေျပာဆိုၾကျခင္းမ်ားကို အားေပးလို ေသာေၾကာင့္ျဖစ္ေၾကာင္း ဆိုင္ပိုင္ရွင္ Angelo Lella က ေျပာသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ တျခားသူေတြနဲ႔ ကြဲျပားတဲ့ စားေသာက္ဆိုင္မ်ဳိး ဖြင့္ခ်င္ခဲ့တယ္”ဟု ၎က ေျပာသည္။

“ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ ေဖာက္သည္ေတြဟာ နည္းပညာကို ေခတၱေက်ာခိုင္းျပီး အေပါင္းအေဖာ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနႏိုင္မယ့္ ပံုစံမ်ိဳးကို အားေပးႏိုင္တဲ့နည္းလမ္း ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ နည္းပညာဟာ ျပႆနာတစ္ခု ျဖစ္လာပါျပီ။ ခင္ဗ်ားတို႔အေနနဲ႔ ဖုန္းကို ၅ စကၠန္႔တစ္ခါ ၾကည့္ေနဖို႔ မလိုအပ္ပါဘူး။ ဒါေပမယ့္ လူအမ်ားစုအတြက္ ဖုန္းက မူးယစ္ေဆးလို ျဖစ္ေနပါတယ္။ အခုနည္းလမ္းနဲ႔ဆိုရင္ သူတုိ႔ဟာ ဖုန္းကို ခဏခ် ထားျပီး ဝိုင္ေကာင္းေကာင္း ေသာက္ခြင့္ရမယ့္ အခြင့္အလမ္း ရမွာ ျဖစ္ပါတယ္။”

စားေသာက္ဆိုင္သုိ႔ လာေရာက္သူမ်ားအေနျဖင့္ ဖုန္းသံုးမသံုး ေရြးခ်ယ္ခြင့္ရမည္ျဖစ္ျပီး ဖုန္းမသံုးသူမ်ားကို ဆိုင္အဝင္တြင္ ေသတၱာတစ္လံုး ေပးထားမည္ျဖစ္ကာ ေသာ့ခေလာက္ႏွင့္ ေသာ့တို႔လည္း ေပးမည္ျဖစ္ျပီး ဖုန္းကို ေသာ့ခတ္ကာ သိမ္းဆည္းထားရမည္ ျဖစ္သည္။

ယင္းေနာက္ အဆုိပါေသာ့ကို စားပြဲထိုးအား ျပလိုက္လွ်င္ စားပြဲထိုးက ဝိုင္တစ္ပုလင္း အခမဲ့ဝန္ေဆာင္မႈ ေပးမည္ျဖစ္သည္။

ေဖာက္သည္မ်ားအေနျဖင့္ မိမိတို႔ ႏွစ္သက္သည့္အစားအေသာက္ကိုလည္း Review ေရးကာ ေသတၱာထဲတြင္ ထားခဲ့ႏိုင္သည္။

စြဲေဆာင္မႈအရွိဆံုး Review ေရးသားႏိုင္သူမ်ားကို ေနာက္တစ္ၾကိမ္ လာေရာက္ စားေသာက္ခ်ိန္တြင္ အစားအေသာက္တစ္ခု အခမဲ့ ေကၽြးေမြးမည္ ျဖစ္သည္။

ဝိုင္အခမဲ့ တိုက္ေကၽြးမႈမွာ ဖုန္းအသံုးျပဳမႈ ေခတၱရပ္ဆုိင္းျခင္းတြင္ ပါဝင္လုိသူတို႔အၾကား ေက်ာ္ၾကားလာသည္။

“ရလဒ္ကေတာ့ အေတာ္ေကာင္းတယ္။ ေဖာက္သည္ေတြရဲ႕ ၉၀ ရာခုိင္ႏႈန္းေလာက္က အခမဲ့ ဝုိင္ေသာက္ခြင့္ အတြက္ ဖုန္းကို ထားခဲ့ဖို႔ ေရြးခ်ယ္ၾကတယ္။ ဒီစနစ္ကုိ လက္ခံၾကတာ ေတြ႔ရတာ တကယ္ဝမ္းသာစရာပါပဲ။ ဖုန္းမွာ ဓာတ္ပံုေတြၾကည့္ေနတာ၊ မက္ေဆ့ေတြျပန္ေနတာမ်ဳိး မလုပ္ၾကေတာ့ဘဲ အခ်င္းခ်င္း စကားေတြ ေျပာျဖစ္လာၾကတယ္။”

အီတလီ၏ အျခားေနရာမ်ားတြင္ ယခုကဲ့သို႔ စားေသာက္ဆိုင္မ်ဳိးရွိေသာ္လည္း Veneto ေဒသတြင္မူ Al Condominio စားေသာက္ဆိုင္မွာ ပထမဆံုး ျဖစ္သည္ဟု ယံုၾကည္ရသည္။

၁၉၆၈ ခုႏွစ္က Tuscany ျပည္နယ္တြင္ Marina di Cecina အမည္ရွိ စားေသာက္ဆုိင္က ဖုန္းမသံုးေသာ Customer မ်ားကို ေစ်းဝယ္ေဘာက္ခ်ာမ်ား ေပးသည့္အစီအစဥ္ ျပဳလုပ္ခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Restaurant in Italy offers free bottles of wine to customers who hand in phones (theguardian)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service