ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သော ပြည်ပရောက်မြန်မာ အလုပ်သမားများမှ အိမ်ခြံမြေဝယ်ယူမှု များလာကြောင်း ရန်ကုန်အိမ်ခြံမြေလုပ်ငန်းများထံမှ သိရသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် ဆွေမျိုးများမှတစ်ဆင့် အိမ်ခြံမြေရှာဖွေဝယ်ယူမှု များလာခြင်းဖြစ်သည်။
“ နိုင်ငံခြားသွားဖို့ တချို့က အိမ်ရောင်းတယ်၊နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေက ပြန်ဝယ်တယ်။ ဈေးကွက်က နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေကို ဦးစားပေးရောင်းနေရတယ်။ ပြည်တွင်းမှာ နေတဲ့သူတွေကတော့ အရစ်ကျရတဲ့အိမ်ကို အဝယ်များတယ်။ ပြည်ပရောက် မြန်မာလုပ်သားတွေအတွက်လဲ အရစ်ကျနဲ့ ဝယ်လို့ရရင် ပိုကောင်းနိုင်တယ်”ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
ပြည်ပရောက်မြန်မာလုပ်သားအများစုမှာ မြန်မာငွေ စုဆောင်းရန် အိမ်ခြံမြေအပေါ် အများစု ဦးစားပေးဝယ်ယူနေခြင်းဖြစ်သည်။
လက်တလော အရောင်းအဝယ်များသည့် အိမ်ခြံမြေ များမှာ ဒဂုံမြို့သစ်လေးမြို့နယ်မှ ဖြစ်ပြီး ပေါက်ဈေး သိန်းငါးရာမှ သိန်းတစ်ထောင်ကြားတန်ကြေးရှိ အိမ်ခြံမြေများဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ