နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်! - Property Knowledge in Myanmar from iMyanmarHouse.com
13 Apr 2024 1:32 pm တွင် တင်ခဲ့သည်
1470 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

တိုက်ခန်း၊ ကွန်ဒိုတွေမှာနေထိုင်ကြပြီး လေကောင်းလေသန့်အတွက်ဖြစ်စေ ၊ အစိမ်းရောင်အပင်လေးတွေကို ချစ်မြတ်နိုးလို့ဖြစ်စေ ကိုယ်ပိုင်ဥယျာဉ်လေး၊ အပင်လေးတွေစိုက်ပျိုးချင်ကြတဲ့ မိတ်ဆွေတွေအတွက် မိမိနေထိုင်တဲ့ တိုက်ခန်း၊ ကွန်ဒိုတွေမှာ မြေနေရာအလွတ်မရှိပေမယ့် အပင်လေးတွေစိုက်ပျိုးပြီး ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးနိုင်ပါတယ်။

 

 

အပင်စိမ်းစိမ်းလေးတွေ စိုက်ပျိုးထားခြင်းဟာ လေကောင်းလေသန့်ရရှိပြီး မကောင်းတဲ့အနံ့အသက်တွေကိုလည်း စုပ်ယူပေးနိုင်တာမို့ တိုက်ခန်းနဲ့နေသူများအဖို့ မဖြစ်မနေ မိမိအိမ်မှာအပင်လေးတစ်ပင်လောက်တော့ စိုက်ပျိုးထားသင့်ပါတယ်။

 

 

အလုပ်တွေပင်ပန်းပြီး ပြန်လာတဲ့အခါ မိမိအိမ်ရဲ့ ဥယျာဉ်ခြံလေးကို ကြည့်ပြီး ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်သလို၊ အပင်စိမ်းစိမ်းလေးတွေကို ကြည့်ရှုပျိုးထောင်ပေးခြင်းဖြင့် စိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။ ယနေ့ခေတ် တိုက်ခန်းတွေရဲ့ အရှေ့၊ အနောက်မှာ ဝရံတာလေးတွေပါရှိလာကြပါပြီ။ ဝရံတာမှာ အဝတ်တွေလှန်းရင်း ရှုပ်ပွနေမယ့်အစား အပင်လေးတွေစိုက်ပြီး ကိုယ်ပိုင်ဥယျာဉ်ခြံလေး ဖန်တီးထားသင့်ပါတယ်။ အိမ်အပေါ်ထပ်မှာ ဒါဘာ(သို့) လသာဆောင်လေးပါတဲ့ အခန်းပိုင်ရှင်တွေဆိုရင်တော့ ပိုပြီး နေရာကျယ်ကျယ်ရတော့ ပိုကောင်းတဲ့ ဥယျာဉ်ခြံလေးဖန်တီးလို့ရပြီပေါ့။

 

 

တိုက်ခန်းကျဉ်းလေးထဲမှာ နေရာလွတ်လေး နည်းနည်းရှိရင်ကို ဥယျာဉ်ခြံလေးတစ်ခု ဖန်တီးရတာမခက်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်ဥယျာဉ်ခြံလေးထဲမှာ သီးပင်စားပင်လေးတွေ စိုက်ပျိုးထားမယ်ဆိုရင် အရာရာဈေးခေါင်ခေါက်နေတဲ့ မြို့ပြကြီးမှာ ဝင်ငွေကို ချွေတာနိုင်သလို ပန်းပင်လေးတွေ စိုက်ပျိုးထားမယ်ဆိုရင်တော့ ပင်ပန်းမှုတွေကို ပြေပျောက်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

 

ခရမ်းချဉ်သီး၊ခရမ်းသီး၊ ငရုတ်ပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန်လာဥ နဲ့ ပဲအမျိုးမျိုးစတဲ့ ဟင်းချက်ရာမှာ မပါမဖြစ်သုံးတဲ့ အပင်လေးတွေရော၊ ဟင်းသီးဟင်းရွက်တွေကိုပါ သင့်တော်တဲ့နေရာမှာ စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးရာမှာလည်း မြေအိုး၊ ပလက်စတစ်အိုး၊ အသုံးမပြုတော့တဲ့ ပုံး၊ ဗန်း၊ အိုးတွေနဲ့ အဆင်ပြေသလို စိုက်ပျိုးနိုင်ပြီး ရေဆင်းအားကောင်းဖို့တော့ သတိပြုမိဖို့ လိုပါမယ်။ အိုးရဲ့ဘေးဘက်မှာ အပေါက်ဖောက်ပေးခြင်းအားဖြင့် ရေဆင်းအား ပိုကောင်းစေပါတယ်။

 

စိုက်ပျိုးဖို့ မြေဆီလွှာ အခက်အခဲရှိရင်လည်း သစ်ဖြတ်စ၊ လွှစာမှုန့်၊ ရေညှိမှုန့် စတာတွေကို အစားထိုးအသုံးပြုနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ဈေးထဲမှာ မြေဆီလွှာရောင်းပေးတဲ့ဆိုင်လေးတွေရှိသလို ရှားစောင်းလက်ပက်စိုက်ပျိုးဖို့ကောင်းတဲ့ ဖွဲပြာလေးတွေလည်း ရောင်းချပေးပါတယ်။

ဥယျာဉ်လေး ဖန်တီးပြီးရင်လည်း မကြာမကြာ ရေလောင်းပေးဖို့ လိုအပ်ပြီး ရေအများကြီးမလောင်းမိဖို့လည်း သတိပြုဖို့လိုပါမယ်။ နေရောင်တိုက်ရိုက်ရပြီး မိုးရေလည်း ရနိုင်တဲ့ နေရာလေးမှာ ဖန်တီးရင်တော့ မိမိဥယျာဉ်လေးက ပိုမိုလှပပြီး ပြုစုရလည်း သက်သာ၊ အပင်ကြီးထွားဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။

"အိမ်နောက်ဖေး ဈေးဆိုင်တည်" စကားလေးအတိုင်း ရှိတဲ့နေရာလွတ်လေးမှာ တစ်နိုင်တစ်ပိုင်ဥယျာဉ်ငယ်လေးတစ်ခု ဖန်တီးထားမယ်ဆိုရင် မိမိတို့ရဲ့မီးဖိုချောင်အတွက် ကုန်ကျစရိတ်ကို သက်သာစေနိုင်သလို စိတ်ပင်ပန်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

 

သင်က စိုက်ပျိုးရတာလည်း ဝါသနာပါပြီး အပင်လေးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုရင် မြေနေရာအခက်အခဲကို စိတ်မပူဘဲ မိမိအိမ်ရဲ့ ရှိတဲ့နေရာလွတ်လေးမှာ အပင်လေးတွေ စိုက်ပျိုးထားဖို့ အကြံပေး တိုက်တွန်းလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေနအိမ္အတြင္း ကိုယ္ပိုင္ဥယ်ာဥ္ေလးတစ္ခု ဖန္တီးၾကရေအာင္!

 

တိုက္ခန္း၊ ကြန္ဒိုေတြမွာ ေနထိုင္ၾကၿပီး ေလေကာင္းေလသန္႔အတြက္ျဖစ္ေစ ၊ အစိမ္းေရာင္အပင္ေလးေတြကို ခ်စ္ျမတ္ႏိုးလို႔ျဖစ္ေစ ကိုယ္ပိုင္ဥယ်ာဥ္ေလး၊ အပင္ေလးေတြစိုက္ပ်ိဳးခ်င္ၾကတဲ့ မိတ္ေဆြေတြအတြက္ မိမိေနထိုင္တဲ့ တိုက္ခန္း၊ ကြန္ဒိုေတြမွာ ေျမေနရာအလြတ္မ႐ွိေပမယ့္ အပင္ေလးေတြစိုက္ပ်ိဳးၿပီး ကိုယ္ပိုင္ဥယ်ာဥ္ေလးတစ္ခု ဖန္တီးႏိုင္ပါတယ္။

အပင္စိမ္းစိမ္းေလးေတြ စိုက္ပ်ိဳးထားျခင္းဟာ ေလေကာင္းေလသန္႔ရ႐ွိၿပီး မေကာင္းတဲ့အနံ႔အသက္ေတြကိုလည္း စုပ္ယူေပးႏိုင္တာမို႔ တိုက္ခန္းနဲ႔ေနသူမ်ားအဖို႔ မျဖစ္မေန မိမိအိမ္မွာအပင္ေလးတစ္ပင္ေလာက္ေတာ့ စိုက္ပ်ိဳးထားသင့္ပါတယ္။

အလုပ္ေတြပင္ပန္းၿပီး ျပန္လာတဲ့အခါ မိမိအိမ္ရဲ႕ ဥယ်ာဥ္ျခံေလးကို ၾကည့္ၿပီး ပင္ပန္းမႈေတြကို ေျဖေဖ်ာက္ႏိုင္သလို၊ အပင္စိမ္းစိမ္းေလးေတြကို ၾကည့္႐ႈပ်ိဳးေထာင္ေပးျခင္းျဖင့္ စိတ္ေအးခ်မ္းမႈကို ရ႐ွိႏိုင္ပါတယ္။ ယေန႔ေခတ္ တိုက္ခန္းေတြရဲ႕ အေ႐ွ႕၊ အေနာက္မွာ ဝရံတာေလးေတြပါ႐ွိလာၾကပါၿပီ။ ဝရံတာမွာ အဝတ္ေတြလွန္းရင္း ႐ႈပ္ပြေနမယ့္အစား အပင္ေလးေတြစိုက္ၿပီး ကိုယ္ပိုင္ဥယ်ာဥ္ျခံေလး ဖန္တီးထားသင့္ပါတယ္။ အိမ္အေပၚထပ္မွာ ဒါဘာ(သို႔) လသာေဆာင္ေလးပါတဲ့ အခန္းပိုင္႐ွင္ေတြဆိုရင္ေတာ့ ပိုၿပီး ေနရာက်ယ္က်ယ္ရေတာ့ ပိုေကာင္းတဲ့ ဥယ်ာဥ္ျခံေလးဖန္တီးလို႔ရၿပီေပါ့။

တိုက္ခန္းက်ဥ္းေလးထဲမွာ ေနရာလြတ္ေလး နည္းနည္း႐ွိရင္ကို ဥယ်ာဥ္ျခံေလးတစ္ခု ဖန္တီးရတာမခက္ပါဘူး။ မိမိရဲ႕ ကိုယ္ပိုင္ဥယ်ာဥ္ျခံေလးထဲမွာ သီးပင္စားပင္ေလးေတြ စိုက္ပ်ိဳးထားမယ္ဆိုရင္ အရာရာေဈးေခါင္ေခါက္ေနတဲ့ ၿမိဳ႕ျပႀကီးမွာ ဝင္ေငြကို ေခြၽတာႏိုင္သလို ပန္းပင္ေလးေတြ စိုက္ပ်ိဳးထားမယ္ဆိုရင္ေတာ့ ပင္ပန္းမႈေတြကို ေျပေပ်ာက္ၿပီး စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ခရမ္းခ်ဥ္သီး၊ခရမ္းသီး၊ င႐ုတ္ပင္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ မုန္လာဥ နဲ႔ ပဲအမ်ိဳးမ်ိဳးစတဲ့ ဟင္းခ်က္ရာမွာ မပါမျဖစ္သုံးတဲ့ အပင္ေလးေတြေရာ၊ ဟင္းသီးဟင္း႐ြက္ေတြကိုပါ သင့္ေတာ္တဲ့ေနရာမွာ စိုက္ပ်ိဳးႏိုင္ပါတယ္။

စိုက္ပ်ိဳးရာမွာလည္း ေျမအိုး၊ ပလက္စတစ္အိုး၊ အသုံးမျပဳေတာ့တဲ့ ပုံး၊ ဗန္း၊ အိုးေတြနဲ႔ အဆင္ေျပသလို စိုက္ပ်ိဳးႏိုင္ၿပီး ေရဆင္းအားေကာင္းဖို႔ေတာ့ သတိျပဳမိဖို႔ လိုပါမယ္။ အိုးရဲ႕ေဘးဘက္မွာ အေပါက္ေဖာက္ေပးျခင္းအားျဖင့္ ေရဆင္းအား ပိုေကာင္းေစပါတယ္။

စိုက္ပ်ိဳးဖို႔ ေျမဆီလႊာ အခက္အခဲ႐ွိရင္လည္း သစ္ျဖတ္စ၊ လႊစာမႈန္႔၊ ေရညႇိမႈန္႔ စတာေတြကို အစားထိုးအသုံးျပဳႏိုင္ပါတယ္။ ရန္ကုန္မွာဆိုရင္ေတာ့ ေဈးထဲမွာ ေျမဆီလႊာေရာင္းေပးတဲ့ဆိုင္ေလးေတြ႐ွိသလို ႐ွားေစာင္းလက္ပက္စိုက္ပ်ိဳးဖို႔ေကာင္းတဲ့ ဖြဲျပာေလးေတြလည္း ေရာင္းခ်ေပးပါတယ္။

ဥယ်ာဥ္ေလး ဖန္တီးၿပီးရင္လည္း မၾကာမၾကာ ေရေလာင္းေပးဖို႔ လိုအပ္ၿပီး ေရအမ်ားႀကီးမေလာင္းမိဖို႔လည္း သတိျပဳဖို႔လိုပါမယ္။ ေနေရာင္တိုက္႐ိုက္ရၿပီး မိုးေရလည္း ရႏိုင္တဲ့ ေနရာေလးမွာ ဖန္တီးရင္ေတာ့ မိမိဥယ်ာဥ္ေလးက ပိုမိုလွပၿပီး ျပဳစုရလည္း သက္သာ၊ အပင္ႀကီးထြားဖို႔လည္း ပိုမိုလြယ္ကူေစပါတယ္။

"အိမ္ေနာက္ေဖး ေဈးဆိုင္တည္" စကားေလးအတိုင္း ႐ွိတဲ့ေနရာလြတ္ေလးမွာ တစ္ႏိုင္တစ္ပိုင္ဥယ်ာဥ္ငယ္ေလးတစ္ခု ဖန္တီးထားမယ္ဆိုရင္ မိမိတို႔ရဲ႕မီးဖိုေခ်ာင္အတြက္ ကုန္က်စရိတ္ကို သက္သာေစႏိုင္သလို စိတ္ပင္ပန္းမႈေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

သင္က စိုက္ပ်ိဳးရတာလည္း ဝါသနာပါၿပီး အပင္ေလးေတြကို ခ်စ္ျမတ္ႏိုးသူတစ္ေယာက္ဆိုရင္ ေျမေနရာအခက္အခဲကို စိတ္မပူဘဲ မိမိအိမ္ရဲ႕ ႐ွိတဲ့ေနရာလြတ္ေလးမွာ အပင္ေလးေတြ စိုက္ပ်ိဳးထားဖို႔ အၾကံေပး တိုက္တြန္းလိုက္ပါတယ္။

‌ေအာင္ျမင့္မိုရ္အိမ္ရာသည္ ေတာင္ဒဂုံၿမိဳ႕နယ္ ႐ွိ႐ိုးမရိပ္သာအိမ္ရာ အနိးတြင္တည္႐ွိၿပီး တန္ဖိုးသင့္လူေနတိုက္ခန္း အိမ္ရာမ်ားျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service