မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။

မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
13 Apr 2024 4:23 pm တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မြေယာပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အခန်း(၁၄) ပုဒ်မ-၅၈ ၊ ၅၉ အညီ တင်ပြခြင်းပြုနိုင်ပါသည်။ ကန့်ကွက်စာ တင်ပြလိုသည့် အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ပိုင်ဆိုင်ခွင့်ရှိသူ ကိုယ်တိုင် (သို့) မှတ်ပုံတင်ကိုယ်စား လှယ်လွှဲစာ တို့သည် မြေပိုင်ဆိုင်မှုအထောက်အထားအား တင်ပြနိုင်ရပါမည်။

ဌာနမှ ကန့်ကွက်စာ တင်သွင်းခြင်းအပေါ်၌လဲ ကန့်ကွက်သည့်မြေသည် မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံ တွင် မှတ်သားထားမှုရှိမရှိ၊ မြေပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် အထောက်အထားများမှာ ကန့်ကွက်မြေကွက်နှင့် အမှန် တကယ် သက်ဆိုင်ခြင်းရှိမရှိ မူရင်း အထောက်အထားများနှင့်လဲ တိုက်ဆိုင်စစ်ဆေးပါတယ်။ အငြင်းပွားသည့် မြေကွက်အား တရားရုံးမှ ယာယီတားဝရမ်း ထုတ်ဆင့်ပေးထားခြင်းရှိပါက အဆိုပါယာယီ (သို့) ထာဝရတားဝရမ်းတို့လဲ ကန့်ကွက်သူမှ တင်ပြပေးရပါမည်။ တရားရုံးတွင် အမှုရင်ဆိုင်နေသော မြေကွက်ဖြစ်ပါက အမှု နံပါတ်နှင့် အမှုရင်ဆိုင်နေရသော အထောက်အထားများ တင်ပြရမည်ဖြစ်ကာ အမှုမှာ အယူခံဝင်ရောက်နေဆဲဖြစ်ပါက တရားရုံးအမိန့်နှင့် အယူခံဝင်ရောက်ကြောင်း အထောက်အထားများ တင်ပြပေးရန် လိုအပ်ပါသည်။

တရားရုံးအမိန့်အရ အမွေဆက်ခံခွင့် အခွင့်အရေးရရှိပါကလဲ အဆိုပါအမိန့် အထောက်အထားများအား ကန့်ကွက်စာနှင့်အတူ ပူးတွဲ တင်ပြရပါမည်။ အထက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ တင်ပြနိုင်မှသာ စည်ပင်သာယာ ရေးကော်မတီ မြေယာစီမံခန့်ခွဲအမှုအဖွဲ့က ကန့်ကွက်မှုကို လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။

မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်ပုံ စာရင်းဖြင့်လဲ ကိုက်ညီမှုရှိမှသာ ကန့်ကွက်ချက်အား ဌာနမှ လက်ခံပေး မည်ဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ဌာနမှ ခိုင်လုံသော အထောက်အထားများ ထပ်မံ တောင်းခံနိုင်ပါသည်။ ဌာနမှ လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပေါ် ကန့်ကွက်သူမှ ကျေနပ်မှုမရှိပါကလဲ ပိုင်ဆိုင်မှုနှင့်ပတ်သတ်သော တရားရုံး အဆုံးအဖြတ်အား ခံယူစေရန် ဌာနမှ အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ပါသည်။

ကန့်ကွက်စာတင်ခြင်းအား လက်ခံပါကလဲ ယာယီဆိုင်ငံ့ထားရန်နှင့် ပိတ်သိမ်းရန်အတွင် ဌာနမှူး ခွင့်ပြုချက် အမိန့်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အဆိုပါကန့်ကွက်စာအား ကန့်ကွက်သူမှ ပြန်လည်ရုတ်သိမ်းခြင်း ပြုလိုပါကလဲ သက်ဆိုင်ရာ အရာရှိရှေ့မှောက်၌ လက်မှတ်ရေထိုးကာ ပယ်ဖျက်ရပါမည်။ တရားရုံးအမိန့်တင်ပြကာ ကန့်ကွက်ထားခြင်း ဖြစ်ပါကလဲ အမှုပိတ်သိမ်းပြီးဖြစ်ကြောင်း အထာက်အထားအားတင်ပြကာ ကန့်ကွက်စာအား ပြန်လည်ရုတ်သိမ်းခြင်း ပြုရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမယာစီမံခန္႔ခြဲမႈႏွင့္ စပ္လ်ဥ္း၍ ကန္႔ကြက္စာတင္ျပလိုပါက လိုက္နာရမည့္ အခ်က္အလက္မ်ားအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါတယ္။

ေျမယာပိုင္ဆိုင္ခြင့္ႏွင့္စပ္လ်ဥ္း၍ ကန္႔ကြက္စာတင္ျပလိုပါက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ေျမစီမံခန္႔ခြဲေရးဆိုင္ရာ လုပ္ထုံးလုပ္နည္း အခန္း(၁၄) ပုဒ္မ-၅၈ ၊ ၅၉ အညီ တင္ျပျခင္းျပဳႏိုင္ပါသည္။ ကန္႔ကြက္စာ တင္ျပလိုသည့္ အစိုးရဌာန၊ အဖြဲ႕အစည္း၊ ပုဂၢလိကႏွင့္ ပိုင္ဆိုင္ခြင့္႐ွိသူ ကိုယ္တိုင္ (သို႔) မွတ္ပုံတင္ကိုယ္စား လွယ္လႊဲစာ တို႔သည္ ေျမပိုင္ဆိုင္မႈအေထာက္အထားအား တင္ျပႏိုင္ရပါမည္။

ဌာနမွ ကန္႔ကြက္စာ တင္သြင္းျခင္းအေပၚ၌လဲ ကန္႔ကြက္သည့္ေျမသည္ ၿမိဳ႕ေျမစာရင္း၊ အခြန္ခြဲေဝစည္းၾကပ္ပုံ တြင္ မွတ္သားထားမႈ႐ွိမ႐ွိ၊ ေျမပိုင္ဆိုင္မႈႏွင့္သက္ဆိုင္သည့္ အေထာက္အထားမ်ားမွာ ကန္႔ကြက္ေျမကြက္ႏွင့္ အမွန္ တကယ္ သက္ဆိုင္ျခင္း႐ွိမ႐ွိ မူရင္း အေထာက္အထားမ်ားႏွင့္လဲ တိုက္ဆိုင္စစ္ေဆးပါတယ္။ အျငင္းပြားသည့္ ေျမကြက္အား တရား႐ုံးမွ ယာယီတားဝရမ္း ထုတ္ဆင့္ေပးထားျခင္း႐ွိပါက အဆိုပါယာယီ (သို႔) ထာဝရတားဝရမ္းတို႔လဲ ကန္႔ကြက္သူမွ တင္ျပေပးရပါမည္။ တရား႐ုံးတြင္ အမႈရင္ဆိုင္ေနေသာ ေျမကြက္ျဖစ္ပါက အမႈ နံပါတ္ႏွင့္ အမႈရင္ဆိုင္ေနရေသာ အေထာက္အထားမ်ား တင္ျပရမည္ျဖစ္ကာ အမႈမွာ အယူခံဝင္ေရာက္ေနဆဲျဖစ္ပါက တရား႐ုံးအမိန္႔ႏွင့္ အယူခံဝင္ေရာက္ေၾကာင္း အေထာက္အထားမ်ား တင္ျပေပးရန္ လိုအပ္ပါသည္။

တရား႐ုံးအမိန္႔အရ အေမြဆက္ခံခြင့္ အခြင့္အေရးရ႐ွိပါကလဲ အဆိုပါအမိန္႔ အေထာက္အထားမ်ားအား ကန္႔ကြက္စာႏွင့္အတူ ပူးတြဲ တင္ျပရပါမည္။ အထက္ေဖာ္ျပပါ အခ်က္အလက္မ်ား ျပည့္စုံစြာ တင္ျပႏိုင္မွသာ စည္ပင္သာယာ ေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲအမႈအဖြဲ႕က ကန္႔ကြက္မႈကို လက္ခံေဆာင္႐ြက္ေပးမွာ ျဖစ္ပါသည္။

ေျမစာရင္း၊ အခြန္ခြဲေဝစည္းၾကပ္ပုံ စာရင္းျဖင့္လဲ ကိုက္ညီမႈ႐ွိမွသာ ကန္႔ကြက္ခ်က္အား ဌာနမွ လက္ခံေပး မည္ျဖစ္ပါတယ္။ လိုအပ္ခ်က္မ်ား႐ွိပါက ဌာနမွ ခိုင္လုံေသာ အေထာက္အထားမ်ား ထပ္မံ ေတာင္းခံႏိုင္ပါသည္။ ဌာနမွ လက္ခံေဆာင္႐ြက္ေပးႏိုင္ျခင္း မ႐ွိသည့္အေပၚ ကန္႔ကြက္သူမွ ေက်နပ္မႈမ႐ွိပါကလဲ ပိုင္ဆိုင္မႈႏွင့္ပတ္သတ္ေသာ တရား႐ုံး အဆုံးအျဖတ္အား ခံယူေစရန္ ဌာနမွ အခ်ိန္ကာလ သတ္မွတ္ေပးမည္ျဖစ္ပါသည္။

ကန္႔ကြက္စာတင္ျခင္းအား လက္ခံပါကလဲ ယာယီဆိုင္ငံ့ထားရန္ႏွင့္ ပိတ္သိမ္းရန္အတြင္ ဌာနမႉး ခြင့္ျပဳခ်က္ အမိန္႔ျဖင့္ ေဆာင္႐ြက္ေပးမည္ျဖစ္ပါသည္။ အဆိုပါကန္႔ကြက္စာအား ကန္႔ကြက္သူမွ ျပန္လည္႐ုတ္သိမ္းျခင္း ျပဳလိုပါကလဲ သက္ဆိုင္ရာ အရာ႐ွိေ႐ွ႕ေမွာက္၌ လက္မွတ္ေရထိုးကာ ပယ္ဖ်က္ရပါမည္။ တရား႐ုံးအမိန္႔တင္ျပကာ ကန္႔ကြက္ထားျခင္း ျဖစ္ပါကလဲ အမႈပိတ္သိမ္းၿပီးျဖစ္ေၾကာင္း အထာက္အထားအားတင္ျပကာ ကန္႔ကြက္စာအား ျပန္လည္႐ုတ္သိမ္းျခင္း ျပဳရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို
ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service