ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး CCR (Creedence Clearwater Revival) ၏ သီချင်းများကို မြန်မာနိုင်ငံတွင် လူသိများသည်။
CCR ၏ သီချင်းများကို မြန်မာနိုင်ငံမှ ကော်ပီပြန်လည်သီဆိုမှု အလွန်များပြားသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Pagaan Baby -ဧည့်ခန်းဆောင်မှအသံများ- ကျော်ဟိန်း Cotton Field မီးပြတိုက် -ကျော်ဟိန်း Suzi Q ဆိုးမိဆိုး- ကျော်ဟိန်း It came out of the sky -ဧည့်သည်တစ်ယောက်အကြောင်း- ဇော်ဝင်းထွဋ် Bad Moon Rising နှင်းခဲမီးရဲ မိုးမဲစေ - မေဆွိ Hideaway - ရွှေတောင်ကြား- ရင်ဂို Have you ever seen the rain-သမ္မတရုံက ချစ်ပုံပြင်- ဘိုဘိုဟန် (ဇော်ဝင်းထွဋ်-ဖက်ရှင်မလေး)
(CCR ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အလွန်များပြားပါသည်။ အခြားသီချင်းများ များစွာ ကျန်ရှိပါသေးသည်။)
ယခုအခါ C.C.R ၏ ရှေ့ထွက်အဆိုတော် ၊ လိဒ်ဂစ်တာသမား ဂျွန်ဖိုဂါတီ (John Fogerty) သည် လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော် ကြယ်ပွင့်များ အခြေချနေထိုင်ရာအရပ်မှ သူ၏ စံအိမ်နှင့် လမ်းခွဲရန် အသင့်ဖြစ် နေပြီး ကန်ဒေါ်လာ ၂၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။
(စံအိမ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Google Earth)
လော့စ်အိန်ဂျလိမြို့ အစောင့်အကြပ်များ ချထားသည့် ဒေသဖြစ်သော Hidden Hills တွင် တည်ရှိပြီး စံအိမ် အကျယ် ၁၀၄၆၀ စတုရန်းပေ ရှိသည်။ ဂျွန်ဖိုဂါတီသည် ဤစံအိမ်ကို ပိုင်ဆိုင်ထားသည်မှာ မကြာသေး။
(ခြံအကျယ် ၂ ဧက ရှိသည်။ ဓာတ်ပုံ-Google Earth)
ဟောလိဝုဒ်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးထံမှ လွန်ခဲ့သော ၆ လနီးပါးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
(The Expendables 3 သီးသန့်ညစာစားပွဲသို့ တက်ရောက်လာသော အာနိုးနှင့် စတားလုံးတို့ကို အတူတွေ့ရပုံ။ ဓာတ်ပုံ-David M.Benett/Getty Images)
အတိအကျဆိုရလျှင် ပြီးခဲ့သောနှစ် အောက်တိုဘာလ အစောပိုင်းက ကန်ဒေါ်လာ ၁၇ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဂျွန်ဖိုဂါတီမှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး စတားလုံးမှာ အသက် ၇၇ နှစ်အရွယ် ဖြစ်သည်။
ယခုအရောင်းအဝယ်တွင် ၎င်းတို့၏ အမည်နာမများကို ထုတ်ဖော်ခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုစီ ကြားခံထားကာ အရောင်းအဝယ် လုပ်ခဲ့ကြောင်း PropertyShark က ဖော်ပြသည်။
တစ်ဖက်ပိတ်လမ်းကလေးတစ်ခုတွင် တည်ရှိကာ ၂ ဧကကျော် ကျယ်ဝန်းသော ခြံဝန်းမှာ Hidden Hills ရှိ စံအိမ်အားလုံးတွင် အထူးခြားဆုံးနှင့် တသီးတသန့်အဖြစ်ဆုံး စံအိမ်ဖြစ်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
ဈေးကွက်တင်ပေးသည်မှာ Re/Max One အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jorden Cohen ဖြစ်သည်။
ရှည်လျားသော ယာဉ်မောင်းလမ်း၏ အဆုံးတွင် အိပ်ခန်း ၅ ခန်းပါ ပင်မစံအိမ်ရှိပြီး ၂ ထပ် ဖြန့်ကျက် ဆောက်လုပ်ထားသော အဝင်ခန်းမ၊ ရုပ်ရှင်ရုံ၊ စာကြည့်တိုက် ၊ အနှိပ်ခန်းတို့ရှိပြီး မီးဖိုဆောင်မှတဆင့် မိသားစု နားနေခန်းဆီသို့ ပေါက်သည်။
မြင်းဇောင်း ၄ ခု ပါဝင်ပြီး မြင်းကုန်းနှီး၊ ဇက်ကြိုးတန်ဆာနှင့် အခြားပစ္စည်းများ သိမ်းဆည်းသော အခန်းတစ်ခု အပြင် ပရော်ဖက်ရှင်နယ် အကျယ်အဝန်းရှိ မြင်းစီးကွင်းတစ်ခုလည်း ပါဝင်ရာ မြင်းစီး ဝါသနာရှင်တို့အတွက် အထူးသင့်တော်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rocker John Fogerty Selling L.A. Estate He Bought From Sylvester Stallone Last Year (mansionglobal)
Photo Credit-Google Earth, David M. Benett/Getty Images, Getty Images
[Zawgyi]
C.C.R ၏ ရှေ့ထွက်အဆိုတော် Jogh Fogerty က လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၂၁ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ရန် စီစဉ်လာ