ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!

ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ! - Property Knowledge in Myanmar from iMyanmarHouse.com
7 Apr 2024 1:58 pm တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကိုယ်အားစိတ်အား ချုံးချုံးကျပင်ပန်းကြောင်း လက္ခဏာတွေဟာ တစ်ဦးနဲ့တစ်ဦးမှာ ကွဲပြားနိုင်ပေမဲ့ အောက်ဖော်ပြပါလက္ခဏာတစ်ရပ်ရပ်ကို သင့်မှာသတိပြုမိပြီဆိုရင်တော့ ခေတ္တ အနားယူဖို့ရာ အချိန်ကျပြီဖြစ်ပါလိမ့်မယ်။

၁။ ဂနာမငြိမ်ဖြစ်လာတယ်

သင်အလုပ်လုပ်တာ အလွန်ကျွံနေပြီဆိုတာကိုပြသတဲ့လက္ခဏာတစ်ခုကတော့ ကောင်းကောင်းနားရတယ်လို့ လုံးဝ မခံစားရတာပါပဲ။ ဥပမာ - အလုပ်ကနေ ခေတ္တနားချိန်ကောင်းကောင်းမယူခြင်း ဒါမှမဟုတ် စီမံကိန်းတစ်ခုကနေ နောက်တစ်ခုကို ကမန်းကတန်းကူးလိုက်ခြင်း စသဖြင့် အခြေအနေမျိုးမှာပေါ့။

နောက်ဆုံး သင်က အနားယူဖို့ ကြိုးပမ်းတဲ့အချိန်မှာတော့ ငြိမ်ငြိမ်နေဖို့ ဒါမှမဟုတ် စိတ်ကိုငြိမ်သက်အောင်လုပ်ဖို့ ခက်ခဲပါပြီ။ ဒါဟာ သင်အလိုအပ်ဆုံးအချိန် အားပြန်ဖြည့်ဖို့ရာမှာ ခက်ခဲစေနိုင်ပါတယ်။

 

 

၂။ တစ်ညလုံး အိပ်မရဖြစ်လာတယ်

စိတ်ဖိစီး ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဒုက္ခရောက်တဲ့ ပထမဆုံးအရာတစ်ခုကတော့ အိပ်စက်ခြင်း ဖြစ်ပါတယ်။ စီမံကိန်းတစ်ခု အပြီးသတ်ဖို့ ကြိုးစားရင်း ညဉ့်နက်တဲ့အထိ မအိပ်ဖြစ် ဒါမှမဟုတ် ပြန်မအိပ်နိုင်ဘဲ ညအချိန်မတော် ပြန်လည်နိုးထလာရင် အထူးသတိပြုပါ။

၃။ အစာစားတဲ့အလေ့အထ ပြောင်းလာတယ်

အစာစားတဲ့အလေ့အထပြောင်းတာကလည်း သင်အနားယူဖို့ လိုအပ်ပြီဆိုတာကို အချက်ပြမှုတစ်ခုဖြစ်နိုင်ပါတယ်။ သင်ပုံမှန်အောက်လျော့စားတာနဲ့ သတိတောင်မထားမိလိုက်ဘဲ မစားဖြစ်လိုက်တာမျိုး သင့်ဘာသာသတိပြုမိ ကောင်း ပြုမိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ပုံမှန်ထက် ပိုစားတာနဲ့ သရေစာမုန့်တွေကိုပဲ အမြဲတမ်းစားချင်နေ တာမျိုးပေါ့။ ဒီအခြေအနေနှစ်ရပ်စလုံးက စိတ်ဖိစီးမှုရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

၄။ စေ့ဆော်မှု လုံးဝကင်းမဲ့နေတယ်

အလုပ်ဆီ ကိုယ့်ဘာသာ ဒရွတ်တိုက်အတင်းဆွဲခေါ်နေရတာ ဒါမှမဟုတ် အရင်က စိတ်ဝင်စားဖူးတဲ့အရာတွေကို စိတ်မဝင်စားတော့တာဟာ သင့်အနေနဲ့ စိတ်ရောလူရော ချုံချုံးကျနေပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ၅။ နေမကောင်းခဏခဏဖြစ်တယ်

ခဏခဏနေမကောင်းဖြစ်တယ်ဆိုတာ စိတ်ဖိစီးမှုက သင့်ခုခံအားစနစ်အပေါ် သက်ရောက်မှုရှိနေပြီဆိုတာကို ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုသိပ်များခြင်းက ခန္ဓာကိုယ်မှာ ရောဂါကူးစက်မှု တိုက်ထုတ်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။

 

 

၆။ အားအင်ကုန်ခမ်းသလို ခံစားရတယ်

ညဘက်ကောင်းကောင်းအိပ်ရတယ်ဆိုရင်တောင် အလွန်အကျွံစိတ်ဖိစီးခြင်းက သင့်ကို စိတ်ရောလူပါ ပင်ပန်းနွမ်း နယ်စေနိုင်ပါတယ်။ နံနက်ခင်းအိပ်ရာနိုးတဲ့အခါ အိပ်ရာထဲကထဖို့ အချိန်အတန်ကြာယူရတာ ဒါမှမဟုတ် ပုံမှန် လုပ်ဆောင်နေကျ အတိုင်း နံနက်ခင်းကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ပိုခက်ခဲတာကို တွေ့ရပါလိမ့်မယ်။

၇။ အာရုံစိုက်ရခက်ခဲတယ်

အစည်းအဝေးမှာ ပြောဆိုဆွေး‌နွေးကြတာတွေကို ကြားဖို့ အပြင်းအထန်ကြိုးပမ်းနေရပါသလား? ဒါမှမဟုတ် စာဖတ်တဲ့အခါ စာတစ်ကြောင်းတည်းကိုပဲ နှစ်ခါပြန်ဖတ်မိပါသလား?

မမေ့တတ်သူ၊ မမေ့ဖူးသူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အချိန်ပိုယူရတာ ဒါမှမဟုတ် ပိုခက်ခဲလာတာတွေ တွေ့ရရင် သင်အလုပ်ဒဏ်ပိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၈။ သင့်ဘဝနဲ့ပတ်သက်ပြီး စိတ်အားလျော့နေရတယ်

သင့်အလုပ်နဲ့အခြားတာဝန်ယူမှုတွေနဲ့ ပတ်သက်လာရင် တစ်ကြိမ်တစ်ခါလောက်တော့ စိတ်အားငယ်မိတာဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သင့်လုပ်ရပ်ကြောင့် အမြဲတမ်းလိုလို စိတ်ဓာတ်ကျနေရတာမျိုးတော့ မဖြစ်သင့်ပါဘူး။

သင့်ရဲ့နေ့စဥ်လှုပ်ရှားမှုတွေနဲ့ လုပ်ငန်းဆောင်တာတွေကို ပြီးစီးသွားတဲ့အခါ အဲဒါတွေကနေ စိတ်ကျေနပ်မှု၊ ပြီးမြောက်အောင်မြင်မှုကို ခံစားရသင့်ပါတယ်။

 

 

 

၉။ သင်အတ္တဆန်နေမိသလား (သို့) အဆိုးမြင်နေမိသလား?

သင် လူတွေကို မကြာခဏ ဒေါသထွက်လွယ်နေမိသလား? လူတိုင်းကို ကြည့်မရဖြစ်နေသလား?

အလုပ်ကြောင့် ကိုယ်ရောစိတ်ပါချုံးချုံးကျခြင်းဟာ အစပိုင်းမှာ သိပ်မသိသာပေမဲ့ မြန်မြန်မကုစား(အနားယူ)ရင် အလုပ်မှာရောအိမ်မှာပါ ဒေါသပေါက်ကွဲထွက်ခြင်းအဖြစ်ကို အလျင်အမြန်ကူးပြောင်းသွားနိုင်ပါတယ်။ သင်ဘာကို စိတ်ဆိုးလို့စိတ်ဆိုးနေမှန်းမသိတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။

သင့်ရဲ့အဲဒီအားမလိုအားမရဖြစ်မှု၊ ခံပြင်းမှုဒေါသကို သေချာအာရုံစိုက်သတိပြုပေးမယ်ဆိုရင် မခံမရပ်နိုင်ဖြစ်မှု လေးတွေအပေါ် သင်အလွန်အကျွံတုံ့ပြန်နေမိသလား မနေမိဘူးလားဆိုတာကို ဆုံးဖြတ်ရာမှာ အကူအညီဖြစ်စေ ပါတယ်။

၁၀။ တစ်ယောက်တည်းထီးထီးနေလိုတယ်

အပြင်ထွက်ဖို့အစီအစဥ်တွေကို ဖျက်သိမ်းပစ်လိုက်တာ ဒါမှမဟုတ် လူမှုရေးအစီအစဥ်တွေကို ရှောင်ရှားဖို့ အကြောင်းပြချက်တွေ ဖန်တီးတာကို သင့်ဆီမှာတွေ့ရှိနေရပြီလား?

လူတစ်ယောက်အတွက် သူ့ဘာသာ သီးသန့်တစ်ယောက်တည်းနေချိန်က လိုလည်းလိုအပ်သလို အရေးလည်း ပါပါတယ်။ ဒါပေမဲ့ သင် သိပ်ကိုစိတ်ဖိစီးနေချိန်မှာတော့ တစ်ယောက်တည်းနေခြင်းက သင့်ကို အထီးကျန်စေနိုင်ပြီး သင့်ရဲ့ဆက်ဆံရေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင်က ပုံမှန်အားဖြင့် ဆိုရှယ်ကျ (လူတွေနဲ့တွေ့ဆုံရတာကို နှစ်ခြိုက်ခြင်း)၊ မကျဆိုတာနဲ့ သင်အပြင်သွားဖို့နဲ့ လူတွေကိုတွေ့ဖို့ ဘယ်လောက်ရှောင်ရှားနေတယ်ဆိုတာကို ကြည့်ပါ။

 

 

 

၁၁။ ကိုယ့်ဘာသာဆေးမြီးတိုနဲ့ကုနေတယ်

ရံဖန်ရံခါတော့ ပြဿနာမရှိပေမဲ့ ဆေးဝါးနဲ့ အရက်သေစာတွေကို စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင်းဖို့အတွက် မှီခို အားထားနေမိတာမျိုးမဖြစ်စေဖို့ သေချာအောင်လုပ်ပါ။

အောက်ဖော်ပြအနေအထားတစ်ခုခုကို သင်သတိပြုမိရင် စိတ်အပန်းပြေစေဖို့ နည်းလမ်းသစ် ဒါမှမဟုတ် အကူအညီရှာဖို့ စဥ်းစားပါ။

အရာဝတ္တုတစ်ခုကနေ သင်ဝေးဝေးနေချင်ပေမဲ့ ကင်းကွာပြီးမနေနိုင်ခြင်း

အဲဒီလိုအရာဝတ္တုတွေ အများကြီးလိုအပ်တယ်လို့ သင်ကိုယ်တိုင်သိရှိခြင်း

အဲဒီအရာဝတ္တုမပါဘဲ အပြင်သွားရင် တစ်ခုခုလိုအပ်နေသလိုခံစားရခြင်း

တစ်နေ့တာရဲ့အချိန်အများစုမှာ အဲဒီအရာဝတ္တုကို သုံးစွဲဖို့ကိုပဲ တွေးတောနေခြင်း၊ မျှော်လင့်နေခြင်း။

၁၂။ သင့်အကြိုက်ပစ္စည်းတွေကို မနှစ်သက်တော့ဘူး

သင်နှစ်ခြိုက်ခဲ့ဖူးတဲ့ အရာတွေမှာ စိတ်မဝင်စားတော့တာဟာ တစ်ခုခုအဆင်မပြေဘူးဆိုတာကိုပြတဲ့ လက္ခဏာ တစ်ရပ်ပါ။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တာ ဒါမှမဟုတ် ညစာထွက်စားတာကို အရင်က ပျော်မွေ့ခဲ့ပေမဲ့ အဓိပ္ပာယ်ကင်းမဲ့သလို ခံစားလာရတယ်ဆိုရင် သင့်အနေနဲ့ ခေတ္တအနားယူဖို့ အချိန်ရောက်ပါပြီ။

အထက်ပါအချက်တွေဟာ စိတ်ကျရောဂါလက္ခဏာတွေနဲ့လည်း ဆင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို သင်ကြုံတွေ့ခံစားနေရလို့ လုံလောက်စွာ ခေတ္တအနားယူလိုက်ပေမဲ့ အဲဒီခံစားချက်တွေ ရှိနေ၊ ဖြစ်နေတုန်းပဲဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတတ်ပညာရှင်တစ်ဦးဦးထံကနေ အကူအညီရယူဖို့ အကြံပြုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 12 Signs You Need to Take a Break ASAP

 

 

[Zawgyi]

 

ဒါေတြၾကဳံေနရၿပီလား? ဒါဆိုရင္ေတာ့ ေခတၱအနားယူဖို႔ လိုေနပါၿပီ!

 

ကိုယ္အားစိတ္အား ခ်ံဳးခ်ံဳးက်ပင္ပန္းေၾကာင္း လကၡဏာေတြဟာ တစ္ဦးနဲ႔တစ္ဦးမွာ ကြဲျပားႏိုင္ေပမဲ့ ေအာက္ေဖာ္ျပပါလကၡဏာတစ္ရပ္ရပ္ကို သင့္မွာသတိျပဳမိၿပီဆိုရင္ေတာ့ ေခတၱ အနားယူဖို႔ရာ အခ်ိန္က်ၿပီျဖစ္ပါလိမ့္မယ္။

၁။ ဂနာမၿငိမ္ျဖစ္လာတယ္

သင္အလုပ္လုပ္တာ အလြန္ကြၽံေနၿပီဆိုတာကိုျပသတဲ့လကၡဏာတစ္ခုကေတာ့ ေကာင္းေကာင္းနားရတယ္လို႔ လုံးဝ မခံစားရတာပါပဲ။ ဥပမာ - အလုပ္ကေန ေခတၱနားခ်ိန္ေကာင္းေကာင္းမယူျခင္း ဒါမွမဟုတ္ စီမံကိန္းတစ္ခုကေန ေနာက္တစ္ခုကို ကမန္းကတန္းကူးလိုက္ျခင္း စသျဖင့္ အေျခအေနမ်ိဳးမွာေပါ့။

ေနာက္ဆုံး သင္က အနားယူဖို႔ ႀကိဳးပမ္းတဲ့အခ်ိန္မွာေတာ့ ၿငိမ္ၿငိမ္ေနဖို႔ ဒါမွမဟုတ္ စိတ္ကိုၿငိမ္သက္ေအာင္လုပ္ဖို႔ ခက္ခဲပါၿပီ။ ဒါဟာ သင္အလိုအပ္ဆုံးအခ်ိန္ အားျပန္ျဖည့္ဖို႔ရာမွာ ခက္ခဲေစႏိုင္ပါတယ္။

၂။ တစ္ညလုံး အိပ္မရျဖစ္လာတယ္

စိတ္ဖိစီး ဒါမွမဟုတ္ ပင္ပန္းႏြမ္းနယ္လာတဲ့အခါ ဒုကၡေရာက္တဲ့ ပထမဆုံးအရာတစ္ခုကေတာ့ အိပ္စက္ျခင္း ျဖစ္ပါတယ္။ စီမံကိန္းတစ္ခု အၿပီးသတ္ဖို႔ ႀကိဳးစားရင္း ညဥ့္နက္တဲ့အထိ မအိပ္ျဖစ္ ဒါမွမဟုတ္ ျပန္မအိပ္ႏိုင္ဘဲ ညအခ်ိန္မေတာ္ ျပန္လည္ႏိုးထလာရင္ အထူးသတိျပဳပါ။

၃။ အစာစားတဲ့အေလ့အထ ေျပာင္းလာတယ္

အစာစားတဲ့အေလ့အထေျပာင္းတာကလည္း သင္အနားယူဖို႔ လိုအပ္ၿပီဆိုတာကို အခ်က္ျပမႈတစ္ခုျဖစ္ႏိုင္ပါတယ္။ သင္ပုံမွန္ေအာက္ေလ်ာ့စားတာနဲ႔ သတိေတာင္မထားမိလိုက္ဘဲ မစားျဖစ္လိုက္တာမ်ိဳး သင့္ဘာသာသတိျပဳမိ ေကာင္း ျပဳမိႏိုင္ပါတယ္။ ဒါမွမဟုတ္လည္း ပုံမွန္ထက္ ပိုစားတာနဲ႔ သေရစာမုန္႔ေတြကိုပဲ အၿမဲတမ္းစားခ်င္ေန တာမ်ိဳးေပါ့။ ဒီအေျခအေနႏွစ္ရပ္စလုံးက စိတ္ဖိစီးမႈရဲ႕လကၡဏာတစ္ခုျဖစ္ႏိုင္ပါတယ္။

၄။ ေစ့ေဆာ္မႈ လုံးဝကင္းမဲ့ေနတယ္

အလုပ္ဆီ ကိုယ့္ဘာသာ ဒ႐ြတ္တိုက္အတင္းဆြဲေခၚေနရတာ ဒါမွမဟုတ္ အရင္က စိတ္ဝင္စားဖူးတဲ့အရာေတြကို စိတ္မဝင္စားေတာ့တာဟာ သင့္အေနနဲ႔ စိတ္ေရာလူေရာ ခ်ံဳခ်ံဳးက်ေနၿပီဆိုတဲ့အဓိပၸာယ္ပါပဲ။ ၅။ ေနမေကာင္းခဏခဏျဖစ္တယ္

ခဏခဏေနမေကာင္းျဖစ္တယ္ဆိုတာ စိတ္ဖိစီးမႈက သင့္ခုခံအားစနစ္အေပၚ သက္ေရာက္မႈ႐ွိေနၿပီဆိုတာကို ျပတဲ့ လကၡဏာတစ္ရပ္ျဖစ္ႏိုင္ပါတယ္။ စိတ္ဖိစီးမႈသိပ္မ်ားျခင္းက ခႏၶာကိုယ္မွာ ေရာဂါကူးစက္မႈ တိုက္ထုတ္ႏိုင္စြမ္းကို ေလ်ာ့က်ေစႏိုင္ပါတယ္။

၆။ အားအင္ကုန္ခမ္းသလို ခံစားရတယ္

ညဘက္ေကာင္းေကာင္းအိပ္ရတယ္ဆိုရင္ေတာင္ အလြန္အကြၽံစိတ္ဖိစီးျခင္းက သင့္ကို စိတ္ေရာလူပါ ပင္ပန္းႏြမ္း နယ္ေစႏိုင္ပါတယ္။ နံနက္ခင္းအိပ္ရာႏိုးတဲ့အခါ အိပ္ရာထဲကထဖို႔ အခ်ိန္အတန္ၾကာယူရတာ ဒါမွမဟုတ္ ပုံမွန္ လုပ္ေဆာင္ေနက် အတိုင္း နံနက္ခင္းကိုယ္လက္လႈပ္႐ွားမႈလုပ္တဲ့အခါ ပိုခက္ခဲတာကို ေတြ႕ရပါလိမ့္မယ္။

၇။ အာ႐ုံစိုက္ရခက္ခဲတယ္

အစည္းအေဝးမွာ ေျပာဆိုေဆြး‌ေႏြးၾကတာေတြကို ၾကားဖို႔ အျပင္းအထန္ႀကိဳးပမ္းေနရပါသလား? ဒါမွမဟုတ္ စာဖတ္တဲ့အခါ စာတစ္ေၾကာင္းတည္းကိုပဲ ႏွစ္ခါျပန္ဖတ္မိပါသလား? မေမ့တတ္သူ၊ မေမ့ဖူးသူရယ္လို႔ တစ္ေယာက္မွ မ႐ွိပါဘူး။ ဒါေပမဲ့ ပုံမွန္လုပ္ငန္းေဆာင္တာေတြကို ေဆာင္႐ြက္ရာမွာ အခ်ိန္ပိုယူရတာ ဒါမွမဟုတ္ ပိုခက္ခဲလာတာေတြ ေတြ႕ရရင္ သင္အလုပ္ဒဏ္ပိေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

၈။ သင့္ဘဝနဲ႔ပတ္သက္ၿပီး စိတ္အားေလ်ာ့ေနရတယ္

သင့္အလုပ္နဲ႔အျခားတာဝန္ယူမႈေတြနဲ႔ ပတ္သက္လာရင္ တစ္ႀကိမ္တစ္ခါေလာက္ေတာ့ စိတ္အားငယ္မိတာဟာ ပုံမွန္ပါပဲ။ ဒါေပမဲ့ သင့္လုပ္ရပ္ေၾကာင့္ အၿမဲတမ္းလိုလို စိတ္ဓာတ္က်ေနရတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

သင့္ရဲ႕ေန႔စဥ္လႈပ္႐ွားမႈေတြနဲ႔ လုပ္ငန္းေဆာင္တာေတြကို ၿပီးစီးသြားတဲ့အခါ အဲဒါေတြကေန စိတ္ေက်နပ္မႈ၊ ၿပီးေျမာက္ေအာင္ျမင္မႈကို ခံစားရသင့္ပါတယ္။

၉။ သင္အတၱဆန္ေနမိသလား (သို႔) အဆိုးျမင္ေနမိသလား?

သင္ လူေတြကို မၾကာခဏ ေဒါသထြက္လြယ္ေနမိသလား? လူတိုင္းကို ၾကည့္မရျဖစ္ေနသလား?

အလုပ္ေၾကာင့္ ကိုယ္ေရာစိတ္ပါခ်ံဳးခ်ံဳးက်ျခင္းဟာ အစပိုင္းမွာ သိပ္မသိသာေပမဲ့ ျမန္ျမန္မကုစား(အနားယူ)ရင္ အလုပ္မွာေရာအိမ္မွာပါ ေဒါသေပါက္ကြဲထြက္ျခင္းအျဖစ္ကို အလ်င္အျမန္ကူးေျပာင္းသြားႏိုင္ပါတယ္။ သင္ဘာကို စိတ္ဆိုးလို႔စိတ္ဆိုးေနမွန္းမသိတာမ်ိဳးေတာင္ ျဖစ္သြားႏိုင္ပါတယ္။

သင့္ရဲ႕အဲဒီအားမလိုအားမရျဖစ္မႈ၊ ခံျပင္းမႈေဒါသကို ေသခ်ာအာ႐ုံစိုက္သတိျပဳေပးမယ္ဆိုရင္ မခံမရပ္ႏိုင္ျဖစ္မႈ ေလးေတြအေပၚ သင္အလြန္အကြၽံတုံ႔ျပန္ေနမိသလား မေနမိဘူးလားဆိုတာကို ဆုံးျဖတ္ရာမွာ အကူအညီျဖစ္ေစ ပါတယ္။

၁၀။ တစ္ေယာက္တည္းထီးထီးေနလိုတယ္

အျပင္ထြက္ဖို႔အစီအစဥ္ေတြကို ဖ်က္သိမ္းပစ္လိုက္တာ ဒါမွမဟုတ္ လူမႈေရးအစီအစဥ္ေတြကို ေ႐ွာင္႐ွားဖို႔ အေၾကာင္းျပခ်က္ေတြ ဖန္တီးတာကို သင့္ဆီမွာေတြ႕႐ွိေနရၿပီလား?

လူတစ္ေယာက္အတြက္ သူ႕ဘာသာ သီးသန္႔တစ္ေယာက္တည္းေနခ်ိန္က လိုလည္းလိုအပ္သလို အေရးလည္း ပါပါတယ္။ ဒါေပမဲ့ သင္ သိပ္ကိုစိတ္ဖိစီးေနခ်ိန္မွာေတာ့ တစ္ေယာက္တည္းေနျခင္းက သင့္ကို အထီးက်န္ေစႏိုင္ၿပီး သင့္ရဲ႕ဆက္ဆံေရးေတြကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ သင္က ပုံမွန္အားျဖင့္ ဆို႐ွယ္က် (လူေတြနဲ႔ေတြ႕ဆုံရတာကို ႏွစ္ၿခိဳက္ျခင္း)၊ မက်ဆိုတာနဲ႔ သင္အျပင္သြားဖို႔နဲ႔ လူေတြကိုေတြ႕ဖို႔ ဘယ္ေလာက္ေ႐ွာင္႐ွားေနတယ္ဆိုတာကို ၾကည့္ပါ။

၁၁။ ကိုယ့္ဘာသာေဆးၿမီးတိုနဲ႔ကုေနတယ္

ရံဖန္ရံခါေတာ့ ျပႆနာမ႐ွိေပမဲ့ ေဆးဝါးနဲ႔ အရက္ေသစာေတြကို စိတ္ဖိစီးမႈကိုင္တြယ္ေျဖ႐ွင္းဖို႔အတြက္ မွီခို အားထားေနမိတာမ်ိဳးမျဖစ္ေစဖို႔ ေသခ်ာေအာင္လုပ္ပါ။

ေအာက္ေဖာ္ျပအေနအထားတစ္ခုခုကို သင္သတိျပဳမိရင္ စိတ္အပန္းေျပေစဖို႔ နည္းလမ္းသစ္ ဒါမွမဟုတ္ အကူအညီ႐ွာဖို႔ စဥ္းစားပါ။

အရာဝတၱဳတစ္ခုကေန သင္ေဝးေဝးေနခ်င္ေပမဲ့ ကင္းကြာၿပီးမေနႏိုင္ျခင္း

အဲဒီလိုအရာဝတၱဳေတြ အမ်ားႀကီးလိုအပ္တယ္လို႔ သင္ကိုယ္တိုင္သိ႐ွိျခင္း

အဲဒီအရာဝတၱဳမပါဘဲ အျပင္သြားရင္ တစ္ခုခုလိုအပ္ေနသလိုခံစားရျခင္း

တစ္ေန႔တာရဲ႕အခ်ိန္အမ်ားစုမွာ အဲဒီအရာဝတၱဳကို သုံးစြဲဖို႔ကိုပဲ ေတြးေတာေနျခင္း၊ ေမွ်ာ္လင့္ေနျခင္း။

၁၂။ သင့္အႀကိဳက္ပစၥည္းေတြကို မႏွစ္သက္ေတာ့ဘူး

သင္ႏွစ္ၿခိဳက္ခဲ့ဖူးတဲ့ အရာေတြမွာ စိတ္မဝင္စားေတာ့တာဟာ တစ္ခုခုအဆင္မေျပဘူးဆိုတာကိုျပတဲ့ လကၡဏာ တစ္ရပ္ပါ။ သူငယ္ခ်င္းေတြနဲ႔ ႐ုပ္႐ွင္သြားၾကည့္တာ ဒါမွမဟုတ္ ညစာထြက္စားတာကို အရင္က ေပ်ာ္ေမြ႕ခဲ့ေပမဲ့ အဓိပၸာယ္ကင္းမဲ့သလို ခံစားလာရတယ္ဆိုရင္ သင့္အေနနဲ႔ ေခတၱအနားယူဖို႔ အခ်ိန္ေရာက္ပါၿပီ။

အထက္ပါအခ်က္ေတြဟာ စိတ္က်ေရာဂါလကၡဏာေတြနဲ႔လည္း ဆင္ပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ေတြကို သင္ၾကဳံေတြ႕ခံစားေနရလို႔ လုံေလာက္စြာ ေခတၱအနားယူလိုက္ေပမဲ့ အဲဒီခံစားခ်က္ေတြ ႐ွိေန၊ ျဖစ္ေနတုန္းပဲဆိုရင္ေတာ့ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးအတတ္ပညာ႐ွင္တစ္ဦးဦးထံကေန အကူအညီရယူဖို႔ အၾကံျပဳအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 12 Signs You Need to Take a Break ASAP

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...
တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service