ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
သင်္ကြန်ကာလတွင် မြို့ပတ်ရထားပြေးဆွဲမှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဧပြီလ (၁၆) ရက်အထိ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ကာ နှစ်ဆန်းတစ်ရက်နေ့တွင် ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" သင်္ကြန်ကာလကတော့ ပုံမှန်ရပ်နားတာပါ။ နယ်ဝေးရထားတွေကတော့ ခရီးသည်အခြေအနေပေါ်မူတည်ပြီး ပြေးဆွဲပေးသွားမယ်။ အထူးရထားတွေ ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်"ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားကို ခေါက်ရေ (၂၆) ခေါက်နှုန်းဖြင့် ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း ယခင်ထက်တိုးလာသော်လည်း ကိုဗစ်မတိုင်ခင်အခြေအနေသို့ မရောက်ရှိသေးကြောင်း သိရသည်။
သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဖြစ်သည့် (၁၆) ရက်အထိ လူစီးရထားများအားလုံး ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။
ထို့ပြင် နယ်ဝေးရထားစီးခရီးသည်များအနေဖြင့် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သႀကၤန္ကာလတြင္ ၿမိဳ႕ပတ္ရထားေျပးဆြဲမႈကို ယာယီရပ္နားထားမည္
သႀကၤန္ကာလတြင္ ၿမိဳ႕ပတ္ရထားေျပးဆြဲမႈကို ယာယီရပ္နားထားမည္ျဖစ္ေၾကာင္း ရန္ကုန္ဘူတာႀကီးမွ သိရသည္။
သႀကၤန္႐ုံးပိတ္ရက္ကာလျဖစ္သည့္ ဧၿပီလ (၁၃) ရက္မွ သႀကၤန္အတက္ေန႔ ဧၿပီလ (၁၆) ရက္အထိ ရန္ကုန္ၿမိဳ႕ပတ္ရထားေျပးဆြဲမႈ ယာယီရပ္နားထားမည္ျဖစ္ကာ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ပုံမွန္အတိုင္း ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
" သႀကၤန္ကာလကေတာ့ ပုံမွန္ရပ္နားတာပါ။ နယ္ေဝးရထားေတြကေတာ့ ခရီးသည္အေျခအေနေပၚမူတည္ၿပီး ေျပးဆြဲေပးသြားမယ္။ အထူးရထားေတြ ေျပးဆြဲေပးဖို႔ စီစဥ္ထားတယ္"ဟု ရန္ကုန္ဘူတာႀကီးမွ တာဝန္႐ွိသူတစ္ဦးက ေျပာသည္။
လက္႐ွိတြင္ ရန္ကုန္ၿမိဳ႕ပတ္ရထားကို ေခါက္ေရ (၂၆) ေခါက္ႏႈန္းျဖင့္ ပုံမွန္အတိုင္း ေျပးဆြဲေပးေနၿပီး ခရီးသည္ဦးေရမွာလည္း ယခင္ထက္တိုးလာေသာ္လည္း ကိုဗစ္မတိုင္ခင္အေျခအေနသို႔ မေရာက္႐ွိေသးေၾကာင္း သိရသည္။
သႀကၤန္အႀကိဳေန႔ျဖစ္သည့္ ဧၿပီလ (၁၃) ရက္မွ သႀကၤန္အတက္ေန႔ ျဖစ္သည့္ (၁၆) ရက္အထိ လူစီးရထားမ်ားအားလုံး ေျပးဆြဲမႈ ေခတၱရပ္နားထားမည္ျဖစ္သည္။
ထို႔ျပင္ နယ္ေဝးရထားစီးခရီးသည္မ်ားအေနျဖင့္ အထက္တန္းလက္မွတ္မ်ားအား သုံးရက္ႀကိဳတင္၍လည္းေကာင္း၊ ႐ိုး႐ိုးတန္းလက္မွတ္အား တစ္ရက္ႀကိဳတင္၍လည္းေကာင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com