ရပ်ကွက် / ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှု၏ လုပ်ငန်းတာဝန်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါတယ်။

ရပ်ကွက် / ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှု၏ လုပ်ငန်းတာဝန်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
30 Mar 2024 11:13 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လယ်ယာမြေဥပဒေ ပုဒ်မ-၁၆၊ ပုဒ်မခွဲ (က) အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားပြီး လယ်ယာမြေလုပ်ပိုင်ခွင့် တာဝန်များအား စီစစ်ပေးနိုင်ရန် ရပ်ကွက် / ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်/နေပြည်တော်ကောင်စီတို့ အဆင့်ဆင့်တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရပါသည်။

ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာလက်ခံရရှိပြီး ရက်ပေါင်း (၃၀) အတွင်း မြို့နယ်ရုံးသို့ လျှောက်လွှာအား ပေးပို့ရမည်ဖြစ်ပါသည်။ ရပ်ကွက် / ကျေးရွာအုပ်စုသည် လယ်ယာမြေနှင့် လုပ်ပိုင်ခွင့်ရရှိသူကို တွဲလျက် စာရင်းပြုစုထားရှိရမည်ဖြစ်ကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ပေးအပ်ပြီးနောက်ပိုင်းတွင်လဲ အဆိုပါ လယ်ယာမြေအား လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းများ ပြုသည့်အခါ ၎င်းတို့လယ်ယာစီမံခန့်ခွဲမှု ရုံးတွင်ပင် စာချုပ်ချုပ်ဆိုခြင်းတို့ ပြုလုပ်စေပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွှားမှုများ ပေါ်ပေါက်သည့်အခါတွင်လဲ ရပ်ကွက်/ကျေးရွာအုပ်စုအဖွဲ့သည် မူလမြေယာမူခင်းဖွင့်လှစ်ကာ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ပျက်ကွက်ပါက ရပ်ကွက် / ကျေးရွာအုပ်စုအဖွဲ့မှ စီစစ်ကာ အရေးယူ ဆောင်ရွက်နိုင်ရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ပါသည်။

နိုင်ငံခြားသားများအား လယ်ယာမြေအား လွှဲပြောင်းရောင်းချခြင်း မပြုရန်အတွက်လဲ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်သည့်အပြင် လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်း၊ နှစ်ရှည်သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ စာကျက်မြေများ၊ ရွာဘုံမြေများ၊ မြေနုကျွန်းမြေ ကိစ္စရပ်များအား ကြီးကြပ်ဆောင်ရွက်ပေးပါသည်။

မြေနုကျွန်းမြေများအား အနီးကပ်ဆုံးကျေးရွာအား လုပ်ပိုင်ခွင့်ချပေးသည်ဖြစ်ရာ အဆိုပါလုပ်ပိုင်ခွင့်အား ပေးအပ်နိုင်ရန် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲအဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုပါက သတ်မှတ်ချထားပေးခြင်းများ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဆောင်ရွက်ပါသည်။

ထို့အပြင် မြို့နယ်၊ ခရိုင်နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ အခါအားလျှော်စွာ ထုတ်ပြန်သည့်ညွှန်ကြားချက်လုပ်ငန်းတာဝန်များအားလဲ ရပ်ကွက်/ ကျေးရွာအုပ်စု မြေစီမံခန့်ခွဲမှုအဖွဲ့က ဆောင်ရွက်ပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ရပ္ကြက္ / ေက်း႐ြာအုပ္စု၊ လယ္ယာေျမစီမံခန္႔ခြဲမႈ၏ လုပ္ငန္းတာဝန္မ်ားအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါတယ္။

လယ္ယာေျမဥပေဒ ပုဒ္မ-၁၆၊ ပုဒ္မခြဲ (က) အရ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ အဆင့္ဆင့္ဖြဲ႕စည္းထားၿပီး လယ္ယာေျမလုပ္ပိုင္ခြင့္ တာဝန္မ်ားအား စီစစ္ေပးႏိုင္ရန္ ရပ္ကြက္ / ေက်း႐ြာအုပ္စု၊ ၿမိဳ႕နယ္၊ ခ႐ိုင္၊ တိုင္းေဒသႀကီး/ ျပည္နယ္/ေနျပည္ေတာ္ေကာင္စီတို႔ အဆင့္ဆင့္တာဝန္ယူ ေျဖ႐ွင္းေဆာင္႐ြက္ရပါသည္။

ရပ္ကြက္/ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ လယ္ယာေျမလုပ္ပိုင္ခြင့္ ေလွ်ာက္လႊာလက္ခံရ႐ွိၿပီး ရက္ ေပါင္း(၃၀)အတြင္း ၿမိဳ႕နယ္႐ုံးသို႔ ေလွ်ာက္လႊာအား ေပးပို႔ရမည္ျဖစ္ပါသည္။ ရပ္ကြက္ / ေက်း႐ြာအုပ္စုသည္ လယ္ယာ ေျမႏွင့္ လုပ္ပိုင္ခြင့္ရ႐ွိသူကို တြဲလ်က္ စာရင္းျပဳစုထား႐ွိရမည္ျဖစ္ကာ လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံ (၇) ေပးအပ္ၿပီးေနာက္ပိုင္းတြင္လဲ အဆိုပါ လယ္ယာေျမအား လႊဲေျပာင္းေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္းမ်ား ျပဳသည့္အခါ ၎တို႔လယ္ယာစီမံခန္႔ခြဲမႈ ႐ုံးတြင္ပင္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းတို႔ ျပဳလုပ္ေစပါသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္ အျငင္းပႊားမႈမ်ား ေပၚေပါက္သည့္အခါတြင္လဲ ရပ္ကြက္/ေက်း႐ြာအုပ္စုအဖြဲ႕သည္ မူလ ေျမယာမူခင္းဖြင့္လွစ္ကာ ေျဖ႐ွင္း ေဆာင္႐ြက္ေပးရမည္ျဖစ္သည္။ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိသူသည္ သတ္မွတ္စည္းကမ္းခ်က္မ်ားအား လိုက္နာေဆာင္႐ြက္ရမည္ျဖစ္ကာ ပ်က္ကြက္ပါက ရပ္ကြက္ / ေက်း႐ြာအုပ္စုအဖြဲ႕မွ စီစစ္ကာ အေရးယူ ေဆာင္႐ြက္ႏိုင္ရန္ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕သို႔ တင္ျပရမည္ျဖစ္ပါသည္။

ႏိုင္ငံျခားသားမ်ားအား လယ္ယာေျမအား လႊဲေျပာင္းေရာင္းခ်ျခင္း မျပဳရန္အတြက္လဲ ရပ္ကြက္/ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ႀကီးၾကပ္ေဆာင္႐ြက္သည့္အျပင္ လယ္ယာေျမအား အျခားနည္းသုံးစြဲခြင့္ ေလွ်ာက္ထားျခင္း၊ ႏွစ္႐ွည္သီးႏွံမ်ား ေျပာင္းလဲစိုက္ပ်ိဳးျခင္း၊ စာက်က္ေျမမ်ား၊ ႐ြာဘုံေျမမ်ား၊ ေျမႏုကြၽန္းေျမ ကိစၥရပ္မ်ားအား ႀကီးၾကပ္ေဆာင္႐ြက္ေပးပါသည္။

ေျမႏုကြၽန္းေျမမ်ားအား အနီးကပ္ဆုံးေက်း႐ြာအား လုပ္ပိုင္ခြင့္ခ်ေပးသည္ျဖစ္ရာ အဆိုပါလုပ္ပိုင္ခြင့္အား ေပးအပ္ႏိုင္ရန္ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲအဖြဲ႕သို႔ တင္ျပျခင္း၊ ခြင့္ျပဳပါက သတ္မွတ္ခ်ထားေပးျခင္းမ်ား ရပ္ကြက္/ ေက်း႐ြာအုပ္စု လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕က ေဆာင္႐ြက္ပါသည္။

ထို႔အျပင္ ၿမိဳ႕နယ္၊ ခ႐ိုင္ႏွင့္ ေနျပည္ေတာ္ေကာင္စီ/ တိုင္းေဒသႀကီး/ ျပည္နယ္ တို႔မွ အခါအားေလွ်ာ္စြာ ထုတ္ျပန္သည့္ၫႊန္ၾကားခ်က္ လုပ္ငန္းတာဝန္မ်ားအားလဲ ရပ္ကြက္/ ေက်း႐ြာအုပ္စု ေျမစီမံခန္႔ခြဲမႈအဖြဲ႕က ေဆာင္႐ြက္ပါေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service