ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်း ကျမည့်အခြေအနေတွင်မရှိကြောင်း သိရပြီး၊ လက်ရှိတွင် အိမ်ခြံမြေ ဝယ်ယူသူများနေဆဲ ဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
" အဓိကအပြောင်းအလဲတွေ အများကြီး မရှိပေမယ့် အငှားဈေးကွက်ကောင်းနေတော့ တိုက်ခန်းတွေဆို ဝယ်ပြီးချက်ချင်း ပြန်ငှားလို့ရတယ် ။ငွေကိုင်မထားချင်သူတွေက အိမ်ခြံမြေ လုပ်ငန်းမှာ ဆက်တိုက်ဝင်လုပ်လာကြတယ်။ ရွှေဈေးကွက်ကလဲ ဈေးတွက်တအားတက်ပြီး ရောင်းတဲ့သူတောင်မရှိတော့ဘူး။ ရှေ့ဆက်ပြီးတော့လည်း အိမ်ခြံမြေကျသွားမယ့် အရိပ်အယောင်ပေါ်မနေပါဘူး” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၂၂ နှင့် ၂၀၂၃ ကာလများမှ စတင်၍ ယခင်မူရင်းဈေးများထက် နှစ်ဆခန့် ဈေးမြင့်တက်လာကြောင်းသိရသည် ။
သို့သော်လည်း အရောင်းအဝယ်ပိုင်းတွင် ဈေးအမြင့်တင်ထားသည့် အိမ်ခြံမြေများမှာ အဝယ်မလိုက်ကြောင်း သိရသည်။
လက်ရှိတွင် အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ရှိပေ ၄၀ ၊ ပေ ၆၀ မြေကွက် များသည် ကျပ်သိန်း ငါးရာမှ သိန်း ငါးထောင် အထိ ဈေးတက်နေပြီး တောင်ဥက္ကလာပ တိုက်ခန်း နှင့် ကွန်ဒို များသည် ကျပ်သိန်း တစ်ထောင် မှ သိန်း သုံးထောင် အထိ ရှိနေသည့် အပြင် ရန်ကုန်မြို့ထဲရှိ တိုက်ခန်း နှင့် ကွန်ဒို အငှားဈေးနှုန်းများမှာ ကျပ် ၅ သိန်း မှ ၁၀ သိန်း အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ