ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရန်ကုန်မြို့ရှိ ဒလ - ဆိပ်ကြီးခနောင်တို တံတားမှာ လာမည့်နှစ်အတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တွံတေးတူးမြောင်းကို ကျော်ဖြတ်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဒလ - ဆိပ်ကြီးခနောင်တိုတံတားအား တည်ဆောက်ခြင်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ စတင်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လပိုင်းတွင် တံတားတည်ဆောက်ခြင်း ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
" ဆိပ်ကြီးတံတားက ဒလတံတားထက် အရင်ပိုပြီးမြန်မယ်ထင်တယ်။ ဆိပ်ကြီးတံတားက ဒလတံတားထက် ပိုတိုတယ်။ တံတားအခင်းတော့ မခင်းရသေးဘူး။ သိပ်မကြာခင် ပြီးမယ်လို့ ထင်တယ်၊ ဆိပ်ကြီးနဲ့ဒလ အကြားမှာ ကူးသန်းသွားလာရေးလွယ်ကူ သွားတာပေါ့ " ဟု ဒလမြို့ခံတစ်ဦးက ပြောသည်။
တွံတေးတူးမြောင်းအား ဖြတ်သန်း၍ တည်ဆောက်နေသော ဒလ - ဆိပ်ကြီးခနောင်တိုတံတားကို ငွေကျပ် ၃၄ ဘီလီယံဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဒလဘက်ခြမ်းရှိ တံတားအောက်ခြေတိုင် တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကာ တံတားတည်ဆောက်ခြင်းလုပ်ငန်း၏ ၁၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဒလ - ဆိပ်ကြီးတံတား တည်ဆောက်ပြီးစီးပါက ဂျိုးဖြူရေပိုက်လိုင်း ထည့်သွင်းထားသဖြင့် ဒလဘက်အခြမ်းတွင် ရေချိုရရှိနိုင်မည်ဖြစ်ပြီး အဆိုပါတံတား တည်ဆောက်ပြီးစီးပါက မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားနှင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဆိပ်ကြီးခနောင်တိုမှ ရန်ကုန်မြို့အတွင်းသို့ မိနစ် ၂၀ ဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2015 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဆိပ်ကြီးခနောင်တိုတံတား၏ အရှည်သည် ၇၄၀ မီတာရှိပြီး နှစ်လမ်းသွား သံမဏိပေါင်ခုံးတံတားဖြစ်၍ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် ၁ ပေ ၆ လက်မ၊ ရေကြောင်းကင်းလွတ်အမြင့်ပေ ၄၉ နှင့် ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ဖြစ်ကြောင်း သိရသည်။