အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက် - Property News in Myanmar from iMyanmarHouse.com
25 Mar 2024 11:14 am တွင် တင်ခဲ့သည်
1482 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးနှင့် သူ၏ ထီထိုးသောအဖွဲ့က ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံ jackpot ဆုကြီး ထီပေါက်ခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် သတင်းဌာနများနှင့် ဓာတ်ပုံအရိုက်ခံခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် ထီဌာနမှ ထုတ်ပြန်ချက်အရ ထီပေါက်သော အုပ်စုသည် ထီလက်မှတ်ကို Frazier Park မြို့ကလေးတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ်ရှိ သီယိုဒိုးရတ်စ် စထရုခ် (Theodorus Struyck) မှာ ထိုအုပ်စုအား ကိုယ်စားပြုသူဖြစ်ကြောင်း ထုတ်ပြန်သည်။
Frazier Park မြို့လေးသည် လော့စ်အိန်ဂျလိ၏ မြောက်ဘက်တွင် တည်ရှိပြီး မော်တော်ကားဖြင့် တစ်နာရီ ခရီးသာ ဝေးကွာသည်။
၎င်းထီလက်မှတ်ရောင်းချပေးခဲ့သော Midway Market မှာလည်း ဆုရလက်မှတ်ကို ရောင်းချပေးခဲ့သောကြောင့် ဒေါ်လာ ၁ သန်း ဆုငွေရခဲ့သည်။ ၎င်းတို့အုပ်စုသည် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ထီဆုဆွတ်ခူးခဲ့ရာ အမေရိကန်သမိုင်းတွင် ဒုတိယ အမြင့်မားဆုံး ဆုကြေးလည်း ဖြစ်သည်။
Powerball ၏ ထုတ်ပြန်ချက်အရ Jackpot ဆုကြီး ပေါက်နိုင်ချေမှာ အပုံ ၂၉၂ ဒသမ ၂ သန်းလျှင် ၁ ပုံသာရှိ သည်ဟု ဆိုသည်။
သီယိုဟုသာ လူသိများသူ Struyck သည် ဟာဝိုင်အီသားဖြစ်ပြီး ပါဆယ်ပို့ဆောင်ရေးကုမ္ပဏီ UPS တွင် လုပ်ကိုင်ခဲ့ကာ အလုပ်မှ အနားယူခဲ့သူ ဖြစ်သည်။
သီယိုသည် လူဦးရေ ၃၀၀၀ သာရှိသော Frazier Park မြို့ကလေးရှိ စတုရန်းပေ ၁၁၇၆ ကျယ်ဝန်းသောအိမ် ကလေးတွင် ဇနီးဖြစ်သူ လော်ရာနှင့်အတူ နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိခဲ့ပြီ ဖြစ်သည်။
(အသက် ၆၅ နှစ်အရွယ်ရှိ သီယိုဒိုးရတ်စ် စထရုခ်)
(၎င်းတို့အုပ်စုသည် ကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလီယံဆုကြီး ဆွတ်ခူးခဲ့ပြီး အမေရိကန်သမိုင်းတွင် ဒုတိယ ဆုကြေးငွေအမြင့်မားဆုံး jackpot ဆုကြီး ဖြစ်သည်)
အိမ်နီးချင်းဖြစ်သူ Kevin Woten သည် Frazier Park မြို့လေးတွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူဖြစ်ပြီး ၎င်းက ပြောသည်မှာ သီယိုကို မတွေ့သည်မှာ ရက်အတန်ကြာပြီဖြစ်ကြောင်း ပြောသည်။
“သီယို ထီပေါက်တယ်လို့ ကြားပါတယ်။ သူက မိသားစုကို တွယ်တာတတ်တဲ့သူပါ။ မြေးလေးတွေနဲ့ အချိန် ကုန်လွန်ဖြတ်သန်းရတာကို သူသဘောကျတယ်။ ကလေးတွေကို အရမ်းချစ်တယ်။ တကယ်ကြင်နာတတ် တဲ့သူပါ။ အမြဲလို ပျော်ရွှင်နေတာပဲ တွေ့ရတယ်။ ထီပေါက်တဲ့ငွေတွေကို ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ သူ့မှာရှိနေပြီးဖြစ်တယ်လို့ ထင်ပါတယ်”
မိမိနှင့် သီယို နောက်ဆုံး စကားစမြည် ပြောဖြစ်ခဲ့သည်မှာ ဟာဝိုင်အီကျွန်းစုမှ Maui ကျွန်းတွင် မကြာသေးမီက အကြီးအကျယ် မီးလောင်ကျွမ်းမှုအကြောင်း ပြောခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
သီယိုတွင် ဟာဝိုင်အီ မီးဘေးရင်ဆိုင်ရသည့် ဆွေမျိုး မိသားစု မရှိသော်လည်း ၎င်းမှာ ဟာဝိုင်အီဇာတိဖြစ် သောကြောင့် မီးဘေးကြောင့် အသက်ဆုံးရှုံးရသူများနှင့် ပျက်စီးမှုများအတွက် ယူကျုံးမရ ဖြစ်နေသည်ဟု Woten က ယူဆသည်။
သီယိုတွင် သားတစ်ဦးရှိပြီး ဆန်ဒီယေဂိုမြို့ပြင်တွင်ရှိသော အမေရိကန် မရင်းတပ်တွင် တာဝန်ထမ်းဆောင် နေသည်။
သီယိုက သူ၏ ထီကို ထိုဒေသတွင် ဆုငွေထုတ်ယူခဲ့သည်။
သီယိုသည် ငါးဖမ်းဝါသနာပါသူတစ်ဦးလည်းဖြစ်ပြီး သူ၏ဂိုုဒေါင်ရှေ့တွင် လှေငယ်တစ်စင်း တွေ့ရသည်။
အိမ်နီးချင်းဖြစ်သူ Mary Dreier က ပြောသည်မှာ သီယိုကို မတွေ့သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ကြောင်း ၊ လူကောင်းတစ်ဦးဖြစ်ကြောင်း ပြောသည်။
အခြားအိမ်နီးချင်းတစ်ဦးက ပြောသည်မှာ သတင်းမီဒီယာတို့၏ အာရုံစိုက်ခံရမှုမှာ သီယိုအား တိတ်ဆိတ်သော တောင်ပေါ်မြို့လေးမှ ဝေးရာသို့ မောင်းထုတ်နေကြောင်း ပြောသည်။
(သီယိုသည် လူဦးရေ ၃၀၀၀ သာရှိသော Frazier Park မြို့ကလေးရှိ စတုရန်းပေ ၁၁၇၆ ကျယ်ဝန်းသောအိမ် ကလေးတွင် ဇနီးဖြစ်သူ လော်ရာနှင့်အတူ နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိခဲ့ပြီ ဖြစ်သည်။)
(ထီပေါက်ပြီးနောက်ပိုင်း သူ၏နေအိမ်ရှေ့တွင် ပုဂ္ဂလိကပိုင်အိမ်ဖြစ်ကြောင်း သတိပေးစာ ကပ်ထားပုံ)
(ထီလက်မှတ်ဝယ်ယူခဲ့သော Midway Market)
(ဆိုင်ပိုင်ရှင် Nidal Andy Khalil က DailyMail သတင်းဌာနသို့ ပြောသည်မျာ သီယိုသည် ဤဆိုင်သို့ တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ်အထိလာကြောင်း ပြောသည်)
(စတိုးဆိုင်ပိုင်ရှင်၏ သားများဖြစ်သော Jonathan Khalil နှင့် Chris Khalil)
(အိမ်နီးချင်းများက DailyMail သတင်းဌာနသို့ ပြောသည်မှာ သီယိုအတွက် ဝမ်းမြောက်ကြောင်းနှင့် ၎င်းမှာ မိသားစုအပေါ် တကယ်ကောင်းသောသူဖြစ်ကြောင်း ပြောသည်)
(ကံထူးသွားသော ထီနံပါတ်မှာ 22,24,40,52,64 ဖြစ်ပြီး Powerball နံပါတ်မှာ ၁၀ ဖြစ်သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE PICTURED: Kindly California grandfather, 65, whose lotto syndicate won $1.57 BILLION jackpot - as neighbor says windfall 'couldn't have happened to a better guy' (dailymail)
Photo Credit: dailymail
[Zawgyi] အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ကယ်လီိဖိုးနီးယားပြည်နယ် ထီဌာနမှ ထုတ်ပြန်ချက်အရ ထီပေါက်သော အုပ်စုသည် ထီလက်မှတ်ကို Frazier Park မြို့ကလေးတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ်ရှိ သီယိုဒိုးရတ်စ် စထရုခ် (Theodorus Struyck) မှာ ထိုအုပ်စုအား ကိုယ်စားပြုသူဖြစ်ကြောင်း ထုတ်ပြန်သည်။
သီယိုသည် ငါးဖမ်းဝါသနာပါသူတစ်ဦးလည်းဖြစ်ပြီး သူ၏ဂိုဒေါင်ရှေ့တွင် လှေငယ်တစ်စင်း တွေ့ရသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service