ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစု (HSH Group) က မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာတွင် တည်ရှိသော အမေရိကန်ဒေါ်လာသန်း (၁၃၀) တန် ‘ပင်နီဆူလာရန်ကုန်’ ဟိုတယ်စီမံကိန်းကို ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့လယ်တွင်ရှိသော ဟိုတယ်စီမံကိန်းသည် စင်ကာပူစတော့အိတ်(စ)ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာ ဦးပိုင်နှင့် ရန်ကုန်စတော့အိတ်(စ)ချိန်းစာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှု (FMI) တို့ ပါဝင်သော ဦးသိန်းဝေ၏ ရိုးမအုပ်စုဖြင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။
“လောလောဆယ်မှာ ဟိုတယ်ပြီးအောင်လုပ်ဖို့ ပတ်ဝန်းကျင်က သင့်တော်မယ် မထင်ဘူး။ မြေပြင်အခြေအနေက အတန်ငယ် မသေချာမှုနဲ့ အနည်းငယ် ခန့်မှန်းရခက်တယ်၊ အဆောက်အအုံကို သင့်တော်တဲ့ အခြေအနေဖြစ်အောင် ပိုက်ဆံနည်းနည်းပဲ သုံးနေတယ်”ဟု HSH Group ရဲ့ စီအီးအိုဖြစ်သူ Clement Kwok ကပြောသည်။
ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်လုပ်ငန်းစုက ဖက်စပ်လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အခန်းပေါင်း (၈၈) ခန်းပါရှိတဲ့ ဟိုတယ်စီမံကိန်းသည် မြန်မာ့မီးရထားရုံးချုပ်ဟောင်းအား ပြန်လည်တည်ဆောက်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ရာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးရန် ရည်ရွယ်ထားသော်လည်း လက်ရှိတွင် စီမံကိန်းရပ်နားထားသည်။။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်မြို့လယ်ရှိ ပင်နီဆူလာရန်ကုန်ဟိုတယ်စီမံကိန်း ရပ်ဆိုင်းထားဆဲဟု HSH Group ပြော