ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ဒလတံတားသစ်စီမံကိန်း သည် ၂၀၂၅ ခုနှစ် အလယ်ပိုင်းတွင် ပြီးစီးဖွင့်လှစ်မည်ဖြစ်ရာ ဒလဘက်ကမ်းရှိ အိမ်ခြံမြေ စီမံကိန်းသစ် များ စတင်အကောင်အထည်ဖေါ်တည်ဆောက်လာ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်မြို့တစ်ဘက်ကမ်း ဒလဘက်အခြမ်းရှိ အိမ်ခြံမြေဈေးကွက် မှာ ပြန်လည်လှုပ်ရှားလာပြီး အဓိကအားဖြင့် ဒလတံတားစီမံကိန်း ပြီးစီးချိန်အပေါ် ရည်ရွယ်ကာတည်ဆောက်နေခြင်းဖြစ်သည်။
“ ဒလဘက်ကမ်းတံတားအဆင်းကနေ တစ်မိုင်လောက်ဘဲဝေးတဲ့နေရာမှာ စီးပွားရေးဇုန်တစ်ခုတည်ဆောက်ထားပါတယ် ၊ ဒလတံတားပြီးတာနဲ့ ဒလဘက်ကမ်းအိမ်ခြံမြေ လုပ်ငန်းတွေက အပြောင်းအလဲဖြစ်လာနိုင်ပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမိုးကျော်သူက iMyanmarHouse (မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက်) သို့ ပြောသည်။
ဒလတံတားစီမံကိန်းမှာ ၂၀၂၅ ခုနှစ် အလယ်ပိုင်းတွင်တည်ဆောက်ပြီးစီးမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာတွင် ပါဝင်သော မြေများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေကြသည်။
ဒလဘက်ကမ်းတွင် တည်ဆောက်မည့်စီးပွားရေးဇုန် တွင် ပေ ၃၀/၆၀ မြေကွက်များကိုစတင်ရောင်းချပေးနေပြီး လက်တလောဝယ်ယူမှုများအတွက် အထူးလျော့ဈေးများ ပေးအပ်ထားကြောင်း ဦးမိုးကျော်သူကပြောကြားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်း အိမ်ခြံမြေလုပ်ငန်းသစ်များ စတင် တည်ဆောက်လာ