ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
အိမ်ခြံမြေဈေးကွက်အတွင်းအငှါးဈေးကွက် မြင့်တက်နေရာ နယ်မြို့များမှစစ်ရှောင်မိသားစု အများစုပါဝင်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အိမ်ခြံမြေနှင့်တိုက်ခန်းလိုအပ်ချက် များပြားလာကြောင်း အကျိုးဆောင်လုပ်ငန်းများမှ သိရသည်။
လက်ရှိ ရန်ကုန်နှင့်မန္တလေး ရှိ တိုက်ခန်းနှင့်အိမ်ခြံမြေများတွင် အငှါးဈေးကွက် မှာပုံမှန်ထက်ပိုမို များပြားနေပြီး နယ်မှပြောင်းရွှေ့နေထိုင်သည် မိသားစုများနှင့် စစ်ပွဲအခြေအနေကြောင့်ပြောင်းရွှေ့လာသူများ မြင့်တက်လာခြင်းဖြစ်သည်။
“ ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်ကနေ မိသားစုလိုက် ပြောင်းနေဖို့လာကြတယ်။ လက်တလော ဆွေမျိုးတွေအိမ်မှာတည်းပြီး အိမ်ခြံမြေ အငှါး ရော အဝယ် အတွက်ပါရှာဖွေကြတယ်။ အရင်ကဆိုရင် လူငယ်တွေလောက်ဘဲ အိမ်ငှါးတာ အခုဆို မိသားစုလိုက် ငှါးနေကြတယ်”ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မန္တလေးမြို့ တွင်လည်း မိုးကုတ်၊ မိုးမိတ် ၊ ဗန်းမော် နှင့် မြစ်ကြီးနားမှ ပြောင်းရွှေ့နေထိုင်ရန် လာရောက်စုံစမ်းမှုများမြင့်တက်နေကြောင်း သိရသည်။ ရန်ကုန် အပါအဝင်မြို့ကြီးများတွင်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပြည်ပထွက်ခွာရန် လမ်းကြောင်းများ အဆင်ပြေခြင်းကြောင့် ပြောင်းရွှေ့အခြေချမှုမြင့်တက်လာပြိး အိမ်ခြံမြေနှင့်တိုက်ခန်းလိုအပ်ချက်မှာ အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
စစ်ရှောင်မိသားစုများကြောင့် မြို့ကြီးများတွင်အိမ်ခြံမြေနှင့်တိုက်ခန်းလိုအပ်ချက် မြင့်တက်နေ
လက်ရှိ ရန်ကုန်နှင့်မန္တလေး ရှိတိုက်ခန်းနှင့်အိမ်ခြံမြေများတွင် အငှါးဈေးကွက်မှာပုံမှန်ထက်ပိုမို များပြားနေပြိး နယ်မှပြောင်းရွှေ့နေထိုင်သည် မိသားစုများနှင့် စစ်ပွဲအခြေအနေကြောင့်ပြောင်းရွှေ့လာသူများ မြင့်တက်လာခြင်းဖြစ်သည်။