မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့သူတစ်ဦး၏ ဘဝကို လေ့လာနိုင်မည်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့သူတစ်ဦး၏ ဘဝကို လေ့လာနိုင်မည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2024 2:20 pm တွင် တင်ခဲ့သည်
1916 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၁။ အမ်ဘာနီ မိသားစု၏ မျိုးရိုးစဉ်ဆက် စံအိမ်
Reliance Industries ၏ ဥက္ကဌ မူကက်ရှ် အမ်ဘာနီသည် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ခမ်းနားထည်ဝါသော ဘဝနေထိုင်မှုဟန်နှင့် မွမ်ဘိုင်းမြို့မှ ၂၇ ထပ်မြင့်မားသော Antilia အမည်ရှိ စံအိမ်ကြီး တို့ဖြင့် လူသိများသည်။
မူကက်ရှ် အမ်ဘာနီနှင့် ပတ်သက်သည့် အကြောင်းရပ်အများစုကို လူသိများသော်လည်း ဂူဂျာရတ်ပြည်နယ်ရှိ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးအကြောင်းကိုမူ လူသိနည်းသည်။
ထိုစံအိမ်ကြီးမှာ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ အရေးပါသော စံအိမ်ကြီး ဖြစ်သည်။
၂။ တည်နေရာနှင့် ဗိသုကာ
စံအိမ်ကို ရှေးယခင်က အမည်ပေးထားသည်မှာ ‘မန်ဂါရို ဗာလာနို ဒီလို’ ဖြစ်ပြီး ဂူဂျာရတ်ပြည်နယ်၊ Junagadh ခရိုင်၊ Chorwad ကျေးရွာတွင် တည်ရှိကာ အာရေးဘီးယန်းပင်လယ်ကမ်းရိုးတန်းတွင် ဖြစ်သည်။
ခြံဝန်းအကျယ် ၁ ဒသမ ၂ ဧကရှိပြီး ခမ်းနားသော ပန်းဥယျာဉ်တစ်ခုက ဝန်းပတ်ထားကာ အမျိုးအမည် စုံလင် သော သစ်ပင်ပန်းမန်များရှိသည်။
စံအိမ်၏ ကာလတန်ကြေး ရူပီး ကုဋေ ၁၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။
စံအိမ်မှာ ၂ ထပ်အဆောက်အအုံဖြစ်ပြီး ရိုးရာ ဂူဂျာရတီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ ဗဟိုကွက်လပ် တစ်ခုရှိပြီး အခန်းများစွာအပြင် ဝရန်တာတစ်ခုလည်း ပါဝင်သည်။
(၃။ စံအိမ်ပိုင်ဆိုင်မှုနှင့် သမိုင်းကြောင်း)
ဤစံအိမ်ကို မူလက ပိုင်ဆိုင်ခဲ့သည်မှာ ဒေသတွင်း မြေရှင်တစ်ဦးဖြစ်သည်။
၎င်းက စံအိမ်၏ တစိတ်တဒေသကို မူကက်ရှ် အမ်ဘာနီ၏ အဘိုးဖြစ်သူ ဟီရာချန် ဂေါ်ဒန်ဘိုင် အမ်ဘာနီထံ ၂၀ ရာစုအစောပိုင်းတွင် အငှားချထားခဲ့သည်။
ဂေါ်ဒန်ဘိုင် အမ်ဘာနီသည် ကျောင်းဆရာတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ကုန်သည်၊ စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။
ဂေါ်ဒန်ဘိုင် အမ်ဘာနီသည် ဤစံအိမ်တွင် ဇနီးဖြစ်သူ Jamnaben ၊ သားသမီး ၆ ဦးနှင့်အတူ နေထိုင်ခဲ့ရာ ဒီးရုဘိုင် အမ်ဘာနီ (မူကက်ရှ် အမ်ဘာနီ၏ ဖခင်) လည်း အပါအဝင်ဖြစ်သည်။
ဒီးရုဘိုင် အမ်ဘာနီသည် ဤစံအိမ်ကြီးတွင် ၁၉၃၂ ခုနှစ်၌ မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၁၆ နှစ်အရွယ်၌ အေဒင် (ယနေ့ခေတ် ယီမင်) သို့ အလုပ်လုပ်ရန် ထွက်သွားခဲ့သည်။
၄။ အထိမ်းအမှတ်နေရာ (သို့မဟုတ်) ပြတိုက်အဖြစ် ပြောင်းလဲသွားပုံ
ဒီးရုဘိုင် အမ်ဘာနီသည် ၂၀၀၂ ခုနှစ်တွင် ကွယ်လွန်သွားပြီးနောက်ပိုင်း သူ၏ မိသားစုက ထိုအဆောက်အအုံ ဝန်းတစ်ခုလုံးကို ဝယ်ယူကာ ဒီးရုဘိုင်အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်နေရာအဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် အဆောက်အအုံကို ‘ဒီးရုဘိုင် အမ်ဘာနီ အထိမ်းအမှတ်အိမ်’ဟု အမည်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဇနီးဖြစ်သူ ကိုကီလာဘင်း အမ်ဘာနီ၊ သားများဖြစ်သော မူကက်ရှ် အမ်ဘာနီနှင့် အနီးလ် အမ်ဘာနီတို့က ဖွင့်လှစ်ပေးခဲ့သည်။
အဆောက်အအုံကို ၂ ပိုင်းခွဲခြားထားပြီး တစ်ပိုင်းမှာ ပုဂ္ဂလိကပိုင်ဖြစ်ကာ ကျန်တစ်ပိုင်းမှာ အများပြည်သူတို့အား ဝင်ရောက်ကြည့်ရှုခွင့်ပြုသည်။
အဆိုပါ ၂ ပိုင်းလုံးတွင် သီးခြားဝင်ပေါက်နှင့် ထွက်ပေါက်များ ပါဝင်သည်။ အများပြည်သူအား ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသောအပိုင်းတွင် ဒီးရုဘိုင် အမ်ဘာနီ၏ ဓာတ်ပုံများ၊ စာရွက်စာတမ်းများ၊ ဆုတံဆိပ်များနှင့် ၎င်းပိုင်ဆိုင်ခဲ့သော ပစ္စည်းများကို ပြသထားသည်။
၅။ ပြုပြင်မွမ်းမံမှု
အဆောက်အအုံ ပြန်လည်မွမ်းမံထိန်းသိမ်းမှုကို ထိပ်တန်း အိမ်တွင်းပြုပြင်မွမ်းမံမှု ဒီဇိုင်းအဖွဲ့ဖြစ်သော Amitabh Teaotia Designs နှင့် နာမည်ကြီး ဗိသုကာအဖွဲ့ဖြစ်သည့် Abhikram တို့က ပြုလုပ်ပေးခဲ့သည်။
ထိုအဖွဲ့များက မူရင်းလက်ရာများကို မပျောက်ပျက်စေဘဲ ခေတ်မီအဆင့်မြှင့်တင်ပေးခဲ့သည်။
၆။ ဝင်ရောက်လည်ပတ်လိုသူများအတွက်
အထိမ်းအမှတ်စံအိမ်ကို အများပြည်သူများအတွက် မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားပြီး ဝင်ကြေးမှာ တစ်ဦးလျှင် ၂ ရူပီး ဖြစ်သည်။
လမ်းညွှန်ဖြင့်ဆိုလျှင် တစ်ဦးကို ၁၀ ရူပီးကျသင့်သည်။
စံအိမ်ရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်မှ အမှတ်တရပစ္စည်းများနှင့် စာအုပ်စာတမ်းများ ဝယ်ယူနိုင်သည်။
ထိုစံအိမ်သို့ လာရောက်လည်ပတ်သူများစွာရှိပြီး အဓိကအားဖြင့် အနီးနားရှိ မြို့ရွာများမှ လာကြသည်။
ထို့အပြင် ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့သူ ဒီးရုဘိုင်၏ ဘဝဇာတ်ကြောင်းကို စိတ်ဝင်စားသော ကျောင်းသားကျောင်းသူများ၊ ကောလိပ်ကျောင်းသားများလည်း လာရောက်လေ့လာကြသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: All about the massive 100-year-old mansion that was Mukesh Ambani's childhood home (timesofindia)
Photo Credit: Image: dhirubhaiambanimemorialchorwad.com
[Zawgyi]
၂။ တည်နေရာနှင့် ဗိသုကာ
၅။ ပြုပြင်မွမ်းမံမှု
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service