အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်နေထိုင်ပြီး ယခုအခါ ၎င်းတို့ကို မောင်းထုတ်၍ မရဖြစ်နေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်နေထိုင်ပြီး ယခုအခါ ၎င်းတို့ကို မောင်းထုတ်၍ မရဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
22 Mar 2024 12:16 pm တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ၊ Dekalb ခရိုင်မှ အမျိုးသားတစ်ဦးက ပြောသည်မှာ မကျန်းမာသောဇနီးကို ပြုစုစောင့်ရှောက်ပြီးနောက် အိမ်သို့ ပြန်လာချိန်တွင် ကျူးကျော်သူများက သူ၏ အိမ်အတွင်း ဝင်ရောက်နေထိုင်ကြကာ သော့များ ပြောင်းလဲထားသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

ပြည်နယ် ဥပဒေများအရ ထိုသူတို့အား မောင်းထုတ်၍ မရဘဲ ဖြစ်နေသည်။

“ဒီလူတွေက သောကြာနေ့မှာ ရောက်လာခဲ့ပြီး ကျွန်တော့်အိမ်ကို ချိုးဖျက် ဝင်ရောက်ခဲ့ကြပါတယ်။ ပြီးတော့ U-Haul ကုမ္ပဏီရဲ့ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုနဲ့ သူတို့ပစ္စည်းတွေအားလုံး ရွှေ့လာခဲ့ကြတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်။ သိပ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော် အိပ်လို့တောင် မပျော်ဘူး”ဟု Paul Callins က WSB-TV သတင်းဌာနသို့ ပြောသည်။

Callins သည် ကွယ်လွန်သွားပြီဖြစ်သော ဖခင်ထံမှ ဤအိမ်ကို အမွေရခဲ့ပြီးနောက် ဒေါ်လာ ထောင်သောင်းချီ သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ကိုယ်တိုင်ပြုလုပ်ခဲ့သည်။

ယခုအခါ ကျူးကျော်သူများ ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းတို့အား နှင်ထုတ်ရန် အခက်ကြုံရလျက် ရှိသည်။

“သူတို့ဟာ အရင်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့ဖူးကြတယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ရဲကို ခေါ်တဲ့အချိန်မှာ သူတို့ဟာ အလိမ်ခံရတဲ့ အိမ်ငှားတွေ ဖြစ်တယ်လို့ ပြောပြီး သူတို့ အနေနဲ့ ဘာမှ မတတ်နိုင်ဘူး။ ဒါက တရားမကြောင်း ပြဿနာပဲလို့ ပြောပါတယ်။” 

(Paul Callins ၏ ကျူးကျော်ခံရသောအိမ်။ ဓာတ်ပုံ-Google Maps)

မိမိက အဆိုပါအိမ်ကို အွန်လိုင်းတွင် အငှားကြော်ငြာတင်ခဲ့သောကြောင့် ကျူးကျော်သူတို့က မိမိအား ပစ်မှတ် ထားခဲ့ခြင်းဖြစ်ကြောင်း Callins က ပြောသည်။

ဂျော်ဂျီယာပြည်နယ် ဥပဒေအရ ကျူးကျော်သူများကို အင်အားသုံး နှင်ထုတ်ခြင်း ခွင့်မပြုဘဲ တရားရုံးတွင် တင်ပြရမည်ဖြစ်ပြီး တရားရုံး၏ ခွင့်ပြုချက်ဖြင့်သာ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နိုင်ကြောင်း Callins က ရှင်းပြသည်။

“ကျွန်တော့်အနေနဲ့ တရားရုံးလမ်းကြောင်းကနေ သွားရမှာ ဖြစ်ပါတယ်။ အဲဒါက ရက် ၆၀ ကနေ ၉၀ လောက် ကြာမြင့်နိုင်ပါတယ်။”

(Callins က အငှားတင်ရန်အတွက် ဒေါ်လာ ထောင်သောင်းချီ သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-WSB-TV)

(Callins ၏ နေအိမ်အတွင်း အမျိုးသား ၂ ဦးဝင်ရောက်နေပုံ။ ဓာတ်ပုံ-WSB-TV)

ဂျော်ဂျီယာပြည်နယ်တွင် Callins ကဲ့သို့ အခြေအနေမျိုး ရင်ဆိုင်ရသူ အလွန်များပြားနေသည်။

အမျိုးသား အငှားအိမ် ကောင်စီ၏ ထုတ်ပြန်ချက်အရ DeKalb ခရိုင်တွင် နေအိမ်ပေါင်း ၁၂၀၀ ခန့်မှာ ကျူးကျော်ခံရထားသည်ဟုဆိုသည်။

ကျူးကျော်ခံရမှုကို တရားမမှုအဖြစ် သတ်မှတ်ထားသောကြောင့် အိမ်ပိုင်ရှင်များအနေဖြင့် ကျူးကျော်သူတို့ကို လွယ်ကူစွာ မောင်းထုတ်နိုင်ခြင်း မရှိချေ။

ဂျော်ဂျီယာပြည်နယ်မှ လွှတ်တော်အမတ်တို့က ကျူးကျော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး ဥပဒေကြမ်း ရေးဆွဲလျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Squatters take over Georgia man’s home while he was caring for sick wife — and now he can’t evict them: report (nypost)

Photo Credit-Google Maps, WSB-TV

[Zawgyi]

အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ မက်န္းမာေသာ ဇနီးအား ျပဳစုေစာင့္ေရွာက္ေနစဥ္ ေနအိမ္ကို အျခားသူမ်ားက ဝင္ေရာက္က်ဴးေက်ာ္ေနထိုင္ျပီး ယခုအခါ ၎တို႔ကို ေမာင္းထုတ္၍ မရျဖစ္ေန

အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္ ၊ Dekalb ခရိုင္မွ အမ်ဳိးသားတစ္ဦးက ေျပာသည္မွာ မက်န္းမာေသာဇနီးကို ျပဳစုေစာင့္ေရွာက္ျပီးေနာက္ အိမ္သို႔ ျပန္လာခ်ိန္တြင္ က်ဴးေက်ာ္သူမ်ားက သူ၏ အိမ္အတြင္း ဝင္ေရာက္ေနထုိင္ၾကကာ ေသာ့မ်ား ေျပာင္းလဲထားသည္ကို ေတြ႔ခဲ့ရေၾကာင္း ေျပာသည္။

ျပည္နယ္ ဥပေဒမ်ားအရ ထိုသူတို႔အား ေမာင္းထုတ္၍ မရဘဲ ျဖစ္ေနသည္။

“ဒီလူေတြက ေသာၾကာေန႔မွာ ေရာက္လာခဲ့ျပီး ကၽြန္ေတာ့္အိမ္ကို ခ်ဳိးဖ်က္ ဝင္ေရာက္ခဲ့ၾကပါတယ္။ ျပီးေတာ့ U-Haul ကုမၸဏီရဲ႕ အိမ္ေျပာင္းေရႊ႕ဝန္ေဆာင္မႈနဲ႔ သူတို႔ပစၥည္းေတြအားလံုး ေရႊ႕လာခဲ့ၾကတယ္။ စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။ သိပ္ကို စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကၽြန္ေတာ္ အိပ္လို႔ေတာင္ မေပ်ာ္ဘူး”ဟု Paul Callins က WSB-TV သတင္းဌာနသို႔ ေျပာသည္။

Callins သည္ ကြယ္လြန္သြားျပီျဖစ္ေသာ ဖခင္ထံမွ ဤအိမ္ကို အေမြရခဲ့ျပီးေနာက္ ေဒၚလာ ေထာင္ေသာင္းခ်ီ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ကိုယ္တုိင္ျပဳလုပ္ခဲ့သည္။

ယခုအခါ က်ဴးေက်ာ္သူမ်ား ဝင္ေရာက္ေနထိုင္လ်က္ရွိျပီး ၎တို႔အား ႏွင္ထုတ္ရန္ အခက္ၾကံဳရလ်က္ ရွိသည္။

“သူတုိ႔ဟာ အရင္တုန္းကလည္း ဒီလိုမ်ဳိး လုပ္ခဲ့ဖူးၾကတယ္လို႔ ကၽြန္ေတာ္ ခန္႔မွန္းမိတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကၽြန္ေတာ္ရဲကို ေခၚတဲ့အခ်ိန္မွာ သူတို႔ဟာ အလိမ္ခံရတဲ့ အိမ္ငွားေတြ ျဖစ္တယ္လုိ႔ ေျပာျပီး သူတုိ႔ အေနနဲ႔ ဘာမွ မတတ္ႏိုင္ဘူး။ ဒါက တရားမေၾကာင္း ျပႆနာပဲလို႔ ေျပာပါတယ္။”

(Paul Callins ၏ က်ဴးေက်ာ္ခံရေသာအိမ္။ ဓာတ္ပံု-Google Maps)

မိမိက အဆုိပါအိမ္ကို အြန္လိုင္းတြင္ အငွားေၾကာ္ျငာတင္ခဲ့ေသာေၾကာင့္ က်ဴးေက်ာ္သူတို႔က မိမိအား ပစ္မွတ္ ထားခဲ့ျခင္းျဖစ္ေၾကာင္း Callins က ေျပာသည္။

ေဂ်ာ္ဂ်ီယာျပည္နယ္ ဥပေဒအရ က်ဴးေက်ာ္သူမ်ားကို အင္အားသံုး ႏွင္ထုတ္ျခင္း ခြင့္မျပဳဘဲ တရားရံုးတြင္ တင္ျပရမည္ျဖစ္ျပီး တရားရံုး၏ ခြင့္ျပဳခ်က္ျဖင့္သာ ရဲတပ္ဖြဲ႔က အေရးယူေဆာင္ရြက္ႏုိင္ေၾကာင္း Callins က ရွင္းျပသည္။

“ကၽြန္ေတာ့္အေနနဲ႔ တရားရံုးလမ္းေၾကာင္းကေန သြားရမွာ ျဖစ္ပါတယ္။ အဲဒါက ရက္ ၆၀ ကေန ၉၀ ေလာက္ ၾကာျမင့္ႏုိင္ပါတယ္။”

(Callins က အငွားတင္ရန္အတြက္ ေဒၚလာ ေထာင္ေသာင္းခ်ီ သံုးစြဲကာ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု-WSB-TV)

(Callins ၏ ေနအိမ္အတြင္း အမ်ဳိးသား ၂ ဦးဝင္ေရာက္ေနပံု။ ဓာတ္ပံု-WSB-TV)

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ Callins ကဲ့သို႔ အေျခအေနမ်ဳိး ရင္ဆိုင္ရသူ အလြန္မ်ားျပားေနသည္။

အမ်ိဳးသား အငွားအိမ္ ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ DeKalb ခရိုင္တြင္ ေနအိမ္ေပါင္း ၁၂၀၀ ခန္႔မွာ က်ဴးေက်ာ္ခံရထားသည္ဟုဆိုသည္။ က်ဴးေက်ာ္ခံရမႈကို တရားမမႈအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ အိမ္ပိုင္ရွင္မ်ားအေနျဖင့္ က်ဴးေက်ာ္သူတို႔ကို လြယ္ကူစြာ ေမာင္းထုတ္ႏိုင္ျခင္း မရွိေခ်။

ေဂ်ာ္ဂ်ီယာျပည္နယ္မွ လႊတ္ေတာ္အမတ္တုိ႔က က်ဴးေက်ာ္မႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ေရး ဥပေဒၾကမ္း ေရးဆြဲလ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Squatters take over Georgia man’s home while he was caring for sick wife — and now he can’t evict them: report (nypost)

Photo Credit-Google Maps, WSB-TV

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service