ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက မီဂန်မာကယ်၊ ကလေးများနှင့်အတူ နေထိုင်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်တွင်းမြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီက မီဂန်မာကယ်၊ ကလေးများနှင့်အတူ နေထိုင်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ်တွင်းမြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ - Property News in Myanmar from iMyanmarHouse.com
21 Mar 2024 11:10 am တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့ရှိ သူ၏ စံအိမ်တွင်းမြင်ကွင်းကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာသည်။

မင်းသားဟယ်ရီသည် အဆိုပါစံအိမ်တွင် ဇနီးဖြစ်သူ မီဂန်မာကယ်၊ ကလေး ၂ ဦးဖြစ်သော အာချီ၊ လီလီဘက် တို့နှင့်အတူ နေထိုင်လျက်ရှိသည်။

အသက် ၃၉ နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် မတ်လ ၁၄ ရက်က ကျင်းပခဲ့သော Diana Legacy Awards ဆုပေးပွဲတွင် အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားတက်သူတို့အား မင်းသားဟယ်ရီက ဗွီဒီယိုခေါ်ဆိုမှုမှတဆင့် နှုတ်ဆက်စကား ပြောခဲ့ရာ သူ၏ နေအိမ်တွင်းမြင်ကွင်းများကို ဗွီဒီယိုမှတဆင့် တွေ့မြင်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

(မှတ်ချက်။ Diana Legacy Awards ဆုသည် ကမ္ဘာတဝန်းရှိ ရှေ့ဆောင်ရှေ့ရွက်လူငယ်များကို ၂ နှစ်တစ်ကြိမ် ချီးမြှင့်သောဆုဖြစ်သည်။ ဝေလမင်းသမီးဒိုင်ယာနာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကားအက်ဆီးဒင့်ဖြင့် ကွယ်လွန်ခဲ့ပြီး ၂ နှစ်အကြာ ၁၉၉၉ ခုနှစ်တွင် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ဒိုင်ယာနာအား ဂုဏ်ပြုသောအားဖြင့် အဆိုပါဆု စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။)

“အခမ်းအနားကို မရောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဒီပွဲမှာ ခင်ဗျားတို့နဲ့အတူ ရှိချင်တဲ့ ဆန္ဒရှိပါတယ်” ဟု မင်းသားဟယ်ရီက ဆုပေးပွဲလာ ပရိသတ်တို့အား ပြောသည်။

မင်းသားဟယ်ရီနှင့် မီဂန် (၄၂ နှစ်) တို့သည် မွန်တီစီတိုမှ စံအိမ်ကို ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်မှ တော်ဝင်ဘဝကို ကျောခိုင်းစွန့်လွှတ်ရန် ၎င်းတို့စုံတွဲ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း မွန်တီစီတိုစံအိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟယ်ရီတို့စုံတွဲသည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ရင်း လူသားချင်းစာနာမှုဆိုင်ရာ အလုပ်များ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ဟယ်ရီ၏ လုပ်ငန်းဖြစ်သော Archewell Productions ကိုလည်း လည်ပတ် လုပ်ကိုင်နေသည်။

ဗွီဒီယိုခေါ်ဆိုမှုဖြင့် စကားပြောစဉ်အတွင်း မင်းသားဟယ်ရီသည် တချိန်လုံးပြုံးနေပြီး ၎င်းထိုင်နေသော အခန်းတွင် သစ်ပရိဘောဂများ တွေ့ရသည်။

ထိုအခမ်းအနားသို့ ကမ္ဘာတစ်ဝန်းမှ လူငယ်ဆန်းသစ်တီထွင်သူများ တက်ရောက်ခဲ့ကြသည်။

(ဓာတ်ပုံ-Casey Gutteridge)

“ကျေးဇူးတင်ပါတယ်၊ တခြားသူတွေ အများကြီးကို လှုံ့ဆော်မှုပေးပြီး အမေ့ရဲ့ အမွေအနှစ်ကို ကာကွယ်ပေးတဲ့ အတွက် ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်။ ညနေခင်းရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ လုပ်ဖို့ စီစဉ် ထားတာတွေရှိရင် ပျော်ရွှင်စွာ ဖြတ်သန်းကြပါ”ဟု မင်းသားဟယ်ရီက ပြောသည်။

ထိုအခမ်းအနားကို လန်ဒန်မြို့ရှိ သိပ္ပံပြတိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အစ်ကိုတော် မင်းသားဝီလျံက လူကိုယ်တိုင် တက်ရောက်ခဲ့သည်။

“ဒီညနေခင်းရဲ့ Legacy Award ဆုပေးပွဲဟာ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ လူငယ်တွေဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အမေ့ရဲ့ ယုံကြည်ချက်ကို ထင်ဟပ်ပြသဖို့ ဒီအဖွဲ့ကို ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်”ဟု အသက် ၄၁ နှစ်အရွယ်ရှိ တော်ဝင်မင်းသားဝီလျံက ထိုအခမ်းအနားတွင် ပြောသည်။

(ဓာတ်ပုံ- Casey Gutteridge)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prince Harry Gives a Rare Look at His California Home He Shares With Meghan Markle and Kids (closerweekly)

Photo Credit: Casey Gutteridge

[Zawgyi]

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီက မီဂန္မာကယ္၊ ကေလးမ်ားႏွင့္အတူ ေနထုိင္လ်က္ရွိေသာ ကယ္လီဖိုးနီးယားျပည္နယ္မွ စံအိမ္တြင္းျမင္ကြင္းမ်ားကို ရွားရွားပါးပါး ထုတ္ေဖာ္ျပသလာ

ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီက အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ မြန္တီစီတိုျမိဳ႕ရွိ သူ၏ စံအိမ္တြင္းျမင္ကြင္းကို ရွားရွားပါးပါး ထုတ္ေဖာ္ျပသလာသည္။

မင္းသားဟယ္ရီသည္ အဆိုပါစံအိမ္တြင္ ဇနီးျဖစ္သူ မီဂန္မာကယ္၊ ကေလး ၂ ဦးျဖစ္ေသာ အာခ်ီ၊ လီလီဘက္ တို႔ႏွင့္အတူ ေနထိုင္လ်က္ရွိသည္။ အသက္ ၃၉ ႏွစ္အရြယ္ရွိ မင္းသားဟယ္ရီသည္ မတ္လ ၁၄ ရက္က က်င္းပခဲ့ေသာ Diana Legacy Awards ဆုေပးပြဲတြင္ အြန္လိုင္းမွတဆင့္ တက္ေရာက္ခဲ့သည္။

ဆုေပးပြဲအခမ္းအနားတက္သူတို႔အား မင္းသားဟယ္ရီက ဗြီဒီယိုေခၚဆိုမႈမွတဆင့္ ႏႈတ္ဆက္စကား ေျပာခဲ့ရာ သူ၏ ေနအိမ္တြင္းျမင္ကြင္းမ်ားကို ဗြီဒီယိုမွတဆင့္ ေတြ႔ျမင္ခြင့္ရခဲ့ျခင္းလည္း ျဖစ္သည္။

(မွတ္ခ်က္။ Diana Legacy Awards ဆုသည္ ကမၻာတဝန္းရွိ ေရွ႕ေဆာင္ေရွ႕ရြက္လူငယ္မ်ားကို ၂ ႏွစ္တစ္ၾကိမ္ ခ်ီးျမွင့္ေသာဆုျဖစ္သည္။ ေဝလမင္းသမီးဒိုင္ယာနာ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ႕တြင္ ကားအက္ဆီးဒင့္ျဖင့္ ကြယ္လြန္ခဲ့ျပီး ၂ ႏွစ္အၾကာ ၁၉၉၉ ခုႏွစ္တြင္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဂၚဒြန္ ဘေရာင္းက ဒိုင္ယာနာအား ဂုဏ္ျပဳေသာအားျဖင့္ အဆိုပါဆု စတင္ခ်ီးျမွင့္ခဲ့ျခင္း ျဖစ္သည္။)

“အခမ္းအနားကို မေရာက္ႏိုင္ခဲ့တဲ့အတြက္ ကၽြန္ေတာ္စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီပြဲမွာ ခင္ဗ်ားတို႔နဲ႔အတူ ရွိခ်င္တဲ့ ဆႏၵရွိပါတယ္” ဟု မင္းသားဟယ္ရီက ဆုေပးပြဲလာ ပရိသတ္တို႔အား ေျပာသည္။

မင္းသားဟယ္ရီႏွင့္ မီဂန္ (၄၂ ႏွစ္) တို႔သည္ မြန္တီစီတိုမွ စံအိမ္ကို ၂၀၂၀ ျပည့္ႏွစ္ ေႏြရာသီတြင္ ကန္ေဒၚလာ ၁၄ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ျဗိတိန္မွ ေတာ္ဝင္ဘဝကို ေက်ာခိုင္းစြန္႔လႊတ္ရန္ ၎တို႔စံုတြဲ ဆံုးျဖတ္ခဲ့ျပီးေနာက္ပိုင္း မြန္တီစီတိုစံအိမ္ကို ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဟယ္ရီတို႔စံုတြဲသည္ အေမရိကန္ျပည္ေထာင္စုတြင္ ေနထိုင္ရင္း လူသားခ်င္းစာနာမႈဆိုင္ရာ အလုပ္မ်ား ဆက္လက္လုပ္ကိုင္လ်က္ရွိျပီး ဟယ္ရီ၏ လုပ္ငန္းျဖစ္ေသာ Archewell Productions ကိုလည္း လည္ပတ္ လုပ္ကိုင္ေနသည္။

ဗြီဒီယိုေခၚဆိုမႈျဖင့္ စကားေျပာစဥ္အတြင္း မင္းသားဟယ္ရီသည္ တခ်ိန္လံုးျပံဳးေနျပီး ၎ထိုင္ေနေသာ အခန္းတြင္ သစ္ပရိေဘာဂမ်ား ေတြ႔ရသည္။

ထိုအခမ္းအနားသို႔ ကမၻာတစ္ဝန္းမွ လူငယ္ဆန္းသစ္တီထြင္သူမ်ား တက္ေရာက္ခဲ့ၾကသည္။

(ဓာတ္ပံု-Casey Gutteridge)

“ေက်းဇူးတင္ပါတယ္၊ တျခားသူေတြ အမ်ားၾကီးကို လံႈ႔ေဆာ္မႈေပးျပီး အေမ့ရဲ႕ အေမြအႏွစ္ကို ကာကြယ္ေပးတဲ့ အတြက္ ကၽြန္ေတာ္ တကယ္ကို ေက်းဇူးတင္ပါတယ္။ ညေနခင္းရဲ႕ က်န္ရွိတဲ့အခ်ိန္ေတြမွာ လုပ္ဖို႔ စီစဥ္ ထားတာေတြရွိရင္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းၾကပါ”ဟု မင္းသားဟယ္ရီက ေျပာသည္။

ထိုအခမ္းအနားကို လန္ဒန္ျမိဳ႕ရွိ သိပၸံျပတုိက္တြင္ က်င္းပခဲ့ျခင္းျဖစ္ျပီး ၎၏ အစ္ကိုေတာ္ မင္းသားဝီလ်ံက လူကိုယ္တိုင္ တက္ေရာက္ခဲ့သည္။

“ဒီညေနခင္းရဲ႕ Legacy Award ဆုေပးပြဲဟာ ၂၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔လည္း ျဖစ္ပါတယ္။ လူငယ္ေတြဟာ ကမၻာၾကီးကို ေျပာင္းလဲႏိုင္တယ္ဆိုတဲ့ အေမ့ရဲ႕ ယံုၾကည္ခ်က္ကို ထင္ဟပ္ျပသဖို႔ ဒီအဖြဲ႔ကို ထူေထာင္ခဲ့ၾကတာ ျဖစ္ပါတယ္”ဟု အသက္ ၄၁ ႏွစ္အရြယ္ရွိ ေတာ္ဝင္မင္းသားဝီလ်ံက ထိုအခမ္းအနားတြင္ ေျပာသည္။

(ဓာတ္ပံု- Casey Gutteridge)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: Prince Harry Gives a Rare Look at His California Home He Shares With Meghan Markle and Kids (closerweekly)

Photo Credit: Casey Gutteridge

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service