ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပစ်၏ ချစ်သူမိန်းကလေးမှာ ရှောင်ထွက်သွားလေ့ရှိ

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပစ်၏ ချစ်သူမိန်းကလေးမှာ ရှောင်ထွက်သွားလေ့ရှိ - Property News in Myanmar from iMyanmarHouse.com
19 Mar 2024 12:36 pm တွင် တင်ခဲ့သည်
1881 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်သည် လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်သစ်တွင် ကလေးများနှင့်အတူ အချိန်ကုန်လွန်လျက်ရှိပြီး အဆိုပါအိမ်သစ်မှာ ဇနီးဟောင်း အင်ဂျလီနာဂျိုလီ၏အိမ်နှင့် အနည်းငယ်သာ ဝေးကွာကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဘရက်ပစ်မှာ ယခုအခါ အသက် ၆၀ ရှိပြီဖြစ်ပြီး အင်ဂျလီနာဂျိုလီမှာ ၄၈ နှစ်အရွယ် ဖြစ်သည်။

ဘရက်ပစ်သည် အင်ဂျလီနာဂျိုလီနှင့် လမ်းခွဲပြီးကတည်းက ကလေး ၆ ဦးနှင့် ဓာတ်ပုံများ တွဲရိုက်ခြင်း မရှိခဲ့။

ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့သည် ကိုယ်ပိုင်ဂျက်လေယာဉ်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ 

(ဘရက်ပစ်သည် ကလေးများနှင့်အတူ အချိန်ကုန်လွန်လျက်ရှိသည်။ သို့သော် ကလေးများနှင့်အတူ ဓာတ်ပုံ မရိုက်သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။ ဓာတ်ပုံ-Getty)

(ကလေးများ ဘရက်ပစ်အိမ်သို့ အလည်ရောက်မလာမီ ဘရက်ပစ်နှင့်တွဲနေသည့် မိန်းကလေး Ines De Ramon အိမ်မှ ထွက်ခွာသွားပုံ ။ ဓာတ်ပုံ-Coleman-Rayner)

(ဘရက်ပစ်၏ ကလေးများအနက်မှ နှစ်ဦး ဘရက်ပစ်၏အိမ်အတွင်း ဝင်ရောက်သွားပုံ။ ဓာတ်ပုံ-Coleman-Rayner)

ယင်းနောက်ပိုင်း ဘရက်ပစ်နှင့် အင်ဂျလီနာ ဂျိုလီတို့သည် ကလေးများ အုပ်ထိန်းခွင့်နှင့် စပ်လျဉ်းပြီး ဆက်လက်အငြင်းပွားခဲ့ကြသည်။

၎င်းတို့၏ မွေးစားကလေးများဖြစ်သော Maddox (၂၂ နှစ်) ၊ Pax (၂၀ နှစ်)နှင့် Zahara (၁၉ နှစ်) တို့မှာ ဘရက်ပစ်နှင့် ဆက်ဆံရေးမပြေလည်ကြောင်း သတင်းများ ရှိသည်။

ဘရက်ပစ်သည် သူ၏သားသမီးအရင်းများဖြစ်သော Shiloh နှင့် အမြွှာ ၂ ဦးဖြစ်သော Vivienne , Knox တို့နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်သည်ဟု ဆိုသည်။

U.S Sun သတင်းဌာန၏ ဖော်ပြချက်အရ သူ၏ သားသမီးများအနက် အနည်းဆုံး ၂ ဦးခန့်မှာ ဘရက်ပစ်ထံ ပုံမှန်လာရောက်လည်ပတ်လေ့ရှိကြောင်း ဖော်ပြသည်။

မကြာသေးမီက ထွက်ပေါ်လာသော သတင်းများအရ ဘရက်ပစ်၏ ချစ်သူမိန်းကလေး Ines De Ramon သည်လည်း လော့စ်အိန်ဂျလိမြို့ ၊ Los Feliz အရပ်ရှိ ဘရက်ပစ်၏ အိမ်သို့ မကြာခဏ လာရောက်လေ့ရှိ ကြောင်း တွေ့ရသည်။

သို့သော် သူမက ကလေးများနှင့် ခပ်ကင်းကင်းနေထိုင်ပြီး ကလေးများ ဘရက်ပစ်ထံ မလာမီ အိမ်မှ ထွက်သွား လေ့ရှိသည်။

“Ines De Ramon က လော့စ်အိန်ဂျလိမှာ ကိုယ်ပိုင်အိမ်ရှိပါတယ်။ ဒါပေမဲ့ လော့စ်အိန်ဂျလိမှာ ဘရက်ပစ် ရှိတဲ့အချိန်တိုင်း ဘရက်ပစ်နဲ့အတူ အချိန်အများစု ကုန်ဆုံးလေ့ရှိပါတယ်” ဟု အတွင်းလူတစ်ဦးက ပြောသည်။

“ဒါပေမဲ့ ဘရက်ပစ်ရဲ့ကလေးတွေ ဘရက်ပစ် ဆီကို လာတွေ့မယ်ဆိုရင် သူတို့ ရောက်မလာမီ Ines က ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် အရင် ပြန်သွားလေ့ရှိတယ်။”

ဘရက်ပစ်က အဆိုပါအိမ်ကို ရေနံသူဌေး Aileen Getty ထံမှ ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

U.S Sun သတင်းဌာနမှ ရရှိသော ကောင်းကင်ဓာတ်ပုံများအရ ဘရက်ပစ်၏ နေအိမ်သစ်မှာ ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသည်ကို တွေ့ရသည်။

ဘရက်ပစ်နှင့် ကွာရှင်းပြီးနောက်ပိုင်း အင်ဂျလီနာ ဂျိုလီက အဆိုပါအိမ်တွင် ကလေးများနှင့်အတူ နေထိုင်လျက် ရှိသည်။

ထို့ကြောင့် ကလေးများအနေဖြင့် မိဘ ၂ ပါး၏ နေအိမ်များအကြား မိနစ်အနည်းငယ် သွားလာရုံဖြင့် ကူးသန်း နိုင်ကြသည်။

ယခုနှစ်အစောပိုင်းတွင် ထွက်ပေါ်ခဲ့သော ဓာတ်ပုံများအရ အင်ဂျလီနာဂျိုလီ၏ ကားနောက်ခန်းတွင် ကလေး ၂ ဦးကို တွေ့ရသည်။

(ဘရက်ပစ်နှင့် တွဲနေသော မိန်းကလေး Ines ကို နေအိမ်အနီးရှိ ဓာတ်ဆီဆိုင်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Coleman-Rayner)

(ဘရက်ပစ် သူ၏ နေအိမ်အတွင်းမှ ကားဖြင့်ထွက်သွားပုံ။ ဓာတ်ပုံ-Coleman-Rayner)

(ဘရက်ပစ်နှင့် အင်ဂျလီနာဂျိုလီတို့၏ နေအိမ်များမှာ အနည်းငယ်သာ ကွာဝေးသည်။ ဓာတ်ပုံ-Coleman-Rayner)

(ဘရက်ပစ်၏ Los Feliz အရပ်ရှိ စံအိမ်သို့ သူ၏ ကလေးများ လာရောက်လည်ပတ်လေ့ရှိသည်။ ဓာတ်ပုံ-Coleman-Rayner)

(အင်ဂျလီနာဂျိုလီကို ကလေး ၆ ဦးနှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ-Getty)

(ဆက်စပ်သတင်းများ)

ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ သန်းဖြင့်ဝယ်

https://www.imyanmarhouse.com/news/read/1066286

ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီအား ဧက ၁၀၀၀ ခြံ အသိမပေးဘဲ ရောင်းချမှုဖြင့် တရားစွဲ

https://www.imyanmarhouse.com/news/read/1019455

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt is spending time with his kids after Angelina Jolie divorce but his girlfriend leaves before they visit (thesun)

Photo Credit: Coleman-Rayner, Getty

[Zawgyi]

ဇနီးေဟာင္း အင္ဂ်လီနာ ဂ်ိဳလီ၏ အိမ္ႏွင့္ အနည္းငယ္သာ ကြာေဝးေသာအိမ္တြင္ ေနထိုင္လ်က္႐ွိသူ ဘရက္ပစ္၊ ကေလးမ်ား အလည္လာလွ်င္ ဘရက္ပစ္၏ ခ်စ္သူမိန္းကေလးမွာ ေ႐ွာင္ထြက္သြားေလ့႐ွိ

ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိၿမိဳ႕႐ွိ စံအိမ္သစ္တြင္ ကေလးမ်ားႏွင့္အတူ အခ်ိန္ကုန္လြန္လ်က္႐ွိၿပီး အဆိုပါအိမ္သစ္မွာ ဇနီးေဟာင္း အင္ဂ်လီနာဂ်ိဳလီ၏အိမ္ႏွင့္ အနည္းငယ္သာ ေဝးကြာေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဘရက္ပစ္မွာ ယခုအခါ အသက္ ၆၀ ႐ွိၿပီျဖစ္ၿပီး အင္ဂ်လီနာဂ်ိဳလီမွာ ၄၈ ႏွစ္အ႐ြယ္ ျဖစ္သည္။

ဘရက္ပစ္သည္ အင္ဂ်လီနာဂ်ိဳလီႏွင့္ လမ္းခြဲၿပီးကတည္းက ကေလး ၆ ဦးႏွင့္ ဓာတ္ပုံမ်ား တြဲ႐ိုက္ျခင္း မ႐ွိခဲ့။

ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ိဳလီတို႔သည္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ကိစၥႏွင့္ ပတ္သက္ၿပီး ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလအတြင္း အျငင္းပြားခဲ့ၾကျခင္း ျဖစ္သည္။

(ဘရက္ပစ္သည္ ကေလးမ်ားႏွင့္အတူ အခ်ိန္ကုန္လြန္လ်က္႐ွိသည္။ သို႔ေသာ္ ကေလးမ်ားႏွင့္အတူ ဓာတ္ပုံ မ႐ိုက္သည္မွာ ကာလအတန္ၾကာခဲ့ၿပီ ျဖစ္သည္။ ဓာတ္ပုံ-Getty)

(ကေလးမ်ား ဘရက္ပစ္အိမ္သို႔ အလည္ေရာက္မလာမီ ဘရက္ပစ္ႏွင့္တြဲေနသည့္ မိန္းကေလး Ines De Ramon အိမ္မွ ထြက္ခြာသြားပုံ ။ ဓာတ္ပုံ-Coleman-Rayner)

(ဘရက္ပစ္၏ ကေလးမ်ားအနက္မွ ႏွစ္ဦး ဘရက္ပစ္၏အိမ္အတြင္း ဝင္ေရာက္သြားပုံ။ ဓာတ္ပုံ-Coleman-Rayner)

ယင္းေနာက္ပိုင္း ဘရက္ပစ္ႏွင့္ အင္ဂ်လီနာ ဂ်ိဳလီတို႔သည္ ကေလးမ်ား အုပ္ထိန္းခြင့္ႏွင့္ စပ္လ်ဥ္းၿပီး ဆက္လက္အျငင္းပြားခဲ့ၾကသည္။

၎တို႔၏ ေမြးစားကေလးမ်ားျဖစ္ေသာ Maddox (၂၂ ႏွစ္) ၊ Pax (၂၀ ႏွစ္)ႏွင့္ Zahara (၁၉ ႏွစ္) တို႔မွာ ဘရက္ပစ္ႏွင့္ ဆက္ဆံေရးမေျပလည္ေၾကာင္း သတင္းမ်ား ႐ွိသည္။

ဘရက္ပစ္သည္ သူ၏သားသမီးအရင္းမ်ားျဖစ္ေသာ Shiloh ႏွင့္ အႁမႊာ ၂ ဦးျဖစ္ေသာ Vivienne , Knox တို႔ႏွင့္ ဆက္ဆံေရး ပိုမိုေကာင္းမြန္သည္ဟု ဆိုသည္။

U.S Sun သတင္းဌာန၏ ေဖာ္ျပခ်က္အရ သူ၏ သားသမီးမ်ားအနက္ အနည္းဆုံး ၂ ဦးခန္႔မွာ ဘရက္ပစ္ထံ ပုံမွန္လာေရာက္လည္ပတ္ေလ့႐ွိေၾကာင္း ေဖာ္ျပသည္။

မၾကာေသးမီက ထြက္ေပၚလာေသာ သတင္းမ်ားအရ ဘရက္ပစ္၏ ခ်စ္သူမိန္းကေလး Ines De Ramon သည္လည္း ေလာ့စ္အိန္ဂ်လိၿမိဳ႕ ၊ Los Feliz အရပ္႐ွိ ဘရက္ပစ္၏ အိမ္သို႔ မၾကာခဏ လာေရာက္ေလ့႐ွိ ေၾကာင္း ေတြ႕ရသည္။

သို႔ေသာ္ သူမက ကေလးမ်ားႏွင့္ ခပ္ကင္းကင္းေနထိုင္ၿပီး ကေလးမ်ား ဘရက္ပစ္ထံ မလာမီ အိမ္မွ ထြက္သြား ေလ့႐ွိသည္။

“Ines De Ramon က ေလာ့စ္အိန္ဂ်လိမွာ ကိုယ္ပိုင္အိမ္႐ွိပါတယ္။ ဒါေပမဲ့ ေလာ့စ္အိန္ဂ်လိမွာ ဘရက္ပစ္ ႐ွိတဲ့အခ်ိန္တိုင္း ဘရက္ပစ္နဲ႔အတူ အခ်ိန္အမ်ားစု ကုန္ဆုံးေလ့႐ွိပါတယ္” ဟု အတြင္းလူတစ္ဦးက ေျပာသည္။

“ဒါေပမဲ့ ဘရက္ပစ္ရဲ႕ကေလးေတြ ဘရက္ပစ္ ဆီကို လာေတြ႕မယ္ဆိုရင္ သူတို႔ ေရာက္မလာမီ Ines က ၁၅ မိနစ္ ၊ မိနစ္ ၂၀ ေလာက္ အရင္ ျပန္သြားေလ့႐ွိတယ္။”

ဘရက္ပစ္က အဆိုပါအိမ္ကို ေရနံသူေဌး Aileen Getty ထံမွ ၿပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၈ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

U.S Sun သတင္းဌာနမွ ရ႐ွိေသာ ေကာင္းကင္ဓာတ္ပုံမ်ားအရ ဘရက္ပစ္၏ ေနအိမ္သစ္မွာ ဇနီးေဟာင္း အင္ဂ်လီနာ ဂ်ိဳလီ၏ အိမ္ႏွင့္ အနည္းငယ္သာ ကြာေဝးသည္ကို ေတြ႕ရသည္။

ဘရက္ပစ္ႏွင့္ ကြာ႐ွင္းၿပီးေနာက္ပိုင္း အင္ဂ်လီနာ ဂ်ိဳလီက အဆိုပါအိမ္တြင္ ကေလးမ်ားႏွင့္အတူ ေနထိုင္လ်က္ ႐ွိသည္။

ထို႔ေၾကာင့္ ကေလးမ်ားအေနျဖင့္ မိဘ ၂ ပါး၏ ေနအိမ္မ်ားအၾကား မိနစ္အနည္းငယ္ သြားလာ႐ုံျဖင့္ ကူးသန္း ႏိုင္ၾကသည္။

ယခုႏွစ္အေစာပိုင္းတြင္ ထြက္ေပၚခဲ့ေသာ ဓာတ္ပုံမ်ားအရ အင္ဂ်လီနာဂ်ိဳလီ၏ ကားေနာက္ခန္းတြင္ ကေလး ၂ ဦးကို ေတြ႕ရသည္။

(ဘရက္ပစ္ႏွင့္ တြဲေနေသာ မိန္းကေလး Ines ကို ေနအိမ္အနီး႐ွိ ဓာတ္ဆီဆိုင္တြင္ ေတြ႕ရပုံ။ ဓာတ္ပုံ-Coleman-Rayner)

(ဘရက္ပစ္ သူ၏ ေနအိမ္အတြင္းမွ ကားျဖင့္ထြက္သြားပုံ။ ဓာတ္ပုံ-Coleman-Rayner)

(ဘရက္ပစ္ႏွင့္ အင္ဂ်လီနာဂ်ိဳလီတို႔၏ ေနအိမ္မ်ားမွာ အနည္းငယ္သာ ကြာေဝးသည္။ ဓာတ္ပုံ-Coleman-Rayner)

(ဘရက္ပစ္၏ Los Feliz အရပ္႐ွိ စံအိမ္သို႔ သူ၏ ကေလးမ်ား လာေရာက္လည္ပတ္ေလ့႐ွိသည္။ ဓာတ္ပုံ-Coleman-Rayner)

(အင္ဂ်လီနာဂ်ိဳလီကို ကေလး ၆ ဦးႏွင့္အတူ ေတြ႕ရပုံ။ ဓာတ္ပုံ-Getty)

(ဆက္စပ္သတင္းမ်ား)

ေရခ်ိဳးအလြန္ပ်င္းေသာေၾကာင့္ တြဲဖက္သ႐ုပ္ေဆာင္သူမ်ား၏ စက္ဆုပ္႐ြံ႐ွာမႈခံရသူ ဘရက္ပစ္က ေလာ့စ္အိန္ဂ်လိမွ စံအိမ္တစ္လုံးကို ေဒၚလာ ၅ သန္းျဖင့္ဝယ္

https://www.imyanmarhouse.com/news/read/1066286

ဘရက္ပစ္က ဇနီးေဟာင္း အင္ဂ်လီနာဂ်ိဳလီအား ဧက ၁၀၀၀ ျခံ အသိမေပးဘဲ ေရာင္းခ်မႈျဖင့္ တရားစြဲ

https://www.imyanmarhouse.com/news/read/1019455

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt is spending time with his kids after Angelina Jolie divorce but his girlfriend leaves before they visit (thesun)

Photo Credit: Coleman-Rayner, Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service