နယူးယောက်ပြည်နယ်တွင် ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သို့သော် မြှုပ်ကွက်တစ်ခုရှိနေပြီး လူနေထိုင်ခွင့်မရှိသော နေအိမ်ဖြစ်

နယူးယောက်ပြည်နယ်တွင် ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သို့သော် မြှုပ်ကွက်တစ်ခုရှိနေပြီး လူနေထိုင်ခွင့်မရှိသော နေအိမ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
18 Mar 2024 12:13 pm တွင် တင်ခဲ့သည်
480 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးယောက်မြို့၏ အရဲရင့်ဆုံး အိမ်ခြံမြေ Developer များတွင် တစ်ဦးပါဝင်သူ ဟယ်ရီ မက်ခ်လို (Harry Macklowe)သည် နယူးယောက်ပြည်နယ် Long Island အရှေ့ပိုင်း Hamptons မြို့ရှိ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

ထိုစံအိမ်သည် Georgica ရေကန်ကြီးကို မျက်နှာမူထားပြီး စတီဗင် စပီးလ်ဘတ်ကဲ့သို့ ကမ္ဘာကျော် အိမ်နီးချင်း များ ရှိသည်။

သို့သော် ဤစံအိမ်တွင် မြှုပ်ကွက်တစ်ခုရှိနေရာ လူနေခွင့်မရှိသောအိမ်ဖြစ်သည်။

(အိမ်ခြံမြေ Developer ဟယ်ရီ မက်ခ်လိုသည် လူနေနိုင်ခွင့်မရှိသော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၃၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။ ဓာတ်ပုံ-Doug Kuntz)

ဤစံအိမ်တွင် လူနေထိုင်ရန် ခွင့်ပြုချက်လက်မှတ် မရှိသောကြောင့် ဝယ်ယူမည့် ပိုင်ရှင်သစ်များအနေဖြင့် တရားဝင် ရွှေ့ပြောင်းနေထိုင်ခွင့် ရှိမည် မဟုတ်ချေ။

မက်ခ်လိုသည် အဆိုပါ မြေနေရာကို ခွင့်ပြုချက်မရှိဘဲ ရှင်းလင်းခြင်း ၊ အဆောက်အအုံဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ထိုခြံဝန်းအတွင်းရှိ စိမ့်မြေများကို ထိခိုက်စေခဲ့သဖြင့် စည်းမျဉ်း ချိုးဖောက်မှု ၂၁ ကြိမ်ကျော်အတွက် ဒဏ်ငွေများ ချမှတ်ခံခဲ့ရသည်။

သို့သော် ထိုဒဏ်ငွေများကို မပေးဆောင်ဘဲနေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသတွင်း အုပ်ချုပ်ရေး အရာရှိများက ပြောသည်။

မက်ခ်လိုသည် ဤစံအိမ်ကို တရားဝင်ခွင့်ပြုချက်မတင်ဘဲ မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၁၉၈၅ ခုနှစ်ကလည်း လူဆိုးလူမိုက်များ တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုကို ငှားရမ်းကာ နယူးယောက်မြို့ West 44th လမ်းရှိ အဆောက်အအုံ ၄ လုံးကို မြို့ကောင်စီ၏ ခွင့်ပြုချက်မရဘဲ ညဘက်တွင် ဖြိုချခဲ့ကြောင်း၊ ထိုသို့ ဖြိုဖျက်မှုကြောင့် အဆောက်အအုံများတွင် နေထိုင်သူတို့ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ကြရ ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့သည်။

ထိုအချိန်က မက်ခ်လိုသည် ဒဏ်ငွေ ဒေါ်လာ ၂ သန်း ပေးဆောင်ခဲ့သော်လည်း ၎င်းအား တရားမစွဲနိုင် ခဲ့ကြောင်း ၊ အဘယ်ကြောင့်ဆိုလျှင် ပြစ်မှုမြောက်သော ကြံရွယ်ချက်ရှိသည်ဟု သက်သေ မပြနိုင်ခဲ့ သောကြောင့်ဖြစ်ကြောင်း မန်ဟက်တန်ခရိုင် အစိုးရရှေ့နေက ပြောသည်။

“သူက မြေနေရာကို တရားမဝင် ရှင်းလင်းခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ West 44th လမ်းမှာ လုပ်ခဲ့သလိုမျိုးပါပဲ”ဟု အတွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။

(ဤစံအိမ် ဆောက်လုပ်မှုမှာ West 44th လမ်းမှ အဆောက်အအုံများကို မက်ခ်လိုက တရားမဝင် ဖြိုချခဲ့များ အား ပြန်လည် အမှတ်ရစေသည်။ ဓာတ်ပုံ-Doug Kuntz)

အတွင်းသတင်းရင်းမြစ်က ခန့်မှန်းသည်မှာ “ဒီအိမ်က ဒေါ်လာ ၁၂ သန်းကနေ ၁၅ သန်းထက် ပိုမတန်ပါဘူး”ဟု ဆိုသည်။

The East Hampton Village Zoning Board of Appeals အဖွဲ့က မက်ခ်လို၏ နေအိမ်ကို လူနေခွင့် ချထား ပေးရန် ငြင်းပယ်ထားသည်။

မက်ခ်လိုက ထိုအဖွဲ့ကို တရားစွဲထားပြီး အမှုမှာ ဆက်လက် ကြားနာစစ်ဆေးနေဆဲ ဖြစ်သည်။

(လူနေခွင့်လက်မှတ် မရှိသောကြောင့် ပိုင်ရှင်သစ်အနေဖြင့် ရွှေ့ပြောင်းနေထိုင်ခွင့် မရှိချေ။ ဓာတ်ပုံ-Doug Kuntz)

(မြေနေရာကို တရားမဝင်ရှင်းလင်းခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ နေအိမ် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Steven Hirsch)

(ဇုန်နယ်စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး စိမ့်မြေများနှင့် နီးကပ်စွာ ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Doug Kuntz) 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hamptons mansion selling for $38 million has one big catch: You can’t live in it (nypost)

Photo Credit: Steven Hirsch, Doug Kuntz

[Zawgyi]

နယူးေယာက္ျပည္နယ္တြင္ ႀကီးက်ယ္ခမ္းနားလွေသာ စံအိမ္ႀကီးတစ္လုံး ကန္ေဒၚလာ ၃၈ သန္းျဖင့္ အေရာင္းေဈးကြက္ဝင္လာ၊ သို႔ေသာ္ ျမႇဳပ္ကြက္တစ္ခု႐ွိေနၿပီး လူေနထိုင္ခြင့္မ႐ွိေသာ ေနအိမ္ျဖစ္

နယူးေယာက္ၿမိဳ႕၏ အရဲရင့္ဆုံး အိမ္ျခံေျမ Developer မ်ားတြင္ တစ္ဦးပါဝင္သူ ဟယ္ရီ မက္ခ္လို (Harry Macklowe)သည္ နယူးေယာက္ျပည္နယ္ Long Island အေ႐ွ႕ပိုင္း Hamptons ၿမိဳ႕႐ွိ စံအိမ္ႀကီးတစ္လုံးကို ကန္ေဒၚလာ ၃၈ သန္းျဖင့္ အေရာင္းေဈးကြက္တင္လာသည္။

ထိုစံအိမ္သည္ Georgica ေရကန္ႀကီးကို မ်က္ႏွာမူထားၿပီး စတီဗင္ စပီးလ္ဘတ္ကဲ့သို႔ ကမ႓ာေက်ာ္ အိမ္နီးခ်င္း မ်ား ႐ွိသည္။

သို႔ေသာ္ ဤစံအိမ္တြင္ ျမႇဳပ္ကြက္တစ္ခု႐ွိေနရာ လူေနခြင့္မ႐ွိေသာအိမ္ျဖစ္သည္။

(အိမ္ျခံေျမ Developer ဟယ္ရီ မက္ခ္လိုသည္ လူေနႏိုင္ခြင့္မ႐ွိေသာ သူ၏ စံအိမ္ကို ကန္ေဒၚလာ ၃၈ သန္းျဖင့္ အေရာင္းေဈးကြက္တင္လာသည္။ ဓာတ္ပုံ-Doug Kuntz)

ဤစံအိမ္တြင္ လူေနထိုင္ရန္ ခြင့္ျပဳခ်က္လက္မွတ္ မ႐ွိေသာေၾကာင့္ ဝယ္ယူမည့္ ပိုင္႐ွင္သစ္မ်ားအေနျဖင့္ တရားဝင္ ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ ႐ွိမည္ မဟုတ္ေခ်။

မက္ခ္လိုသည္ အဆိုပါ ေျမေနရာကို ခြင့္ျပဳခ်က္မ႐ွိဘဲ ႐ွင္းလင္းျခင္း ၊ အေဆာက္အအုံေဆာက္လုပ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ထို႔ေၾကာင့္ ထိုျခံဝန္းအတြင္း႐ွိ စိမ့္ေျမမ်ားကို ထိခိုက္ေစခဲ့သျဖင့္ စည္းမ်ဥ္း ခ်ိဳးေဖာက္မႈ ၂၁ ႀကိမ္ေက်ာ္အတြက္ ဒဏ္ေငြမ်ား ခ်မွတ္ခံခဲ့ရသည္။

သို႔ေသာ္ ထိုဒဏ္ေငြမ်ားကို မေပးေဆာင္ဘဲေနသည္မွာ ၅ ႏွစ္ခန္႔႐ွိၿပီျဖစ္ေၾကာင္း ေဒသတြင္း အုပ္ခ်ဳပ္ေရး အရာ႐ွိမ်ားက ေျပာသည္။

မက္ခ္လိုသည္ ဤစံအိမ္ကို တရားဝင္ခြင့္ျပဳခ်က္မတင္ဘဲ မြမ္းမံေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

၎သည္ ၁၉၈၅ ခုႏွစ္ကလည္း လူဆိုးလူမိုက္မ်ား တည္ေထာင္ထားသည့္ ကုမၸဏီတစ္ခုကို ငွားရမ္းကာ နယူးေယာက္ၿမိဳ႕ West 44th လမ္း႐ွိ အေဆာက္အအုံ ၄ လုံးကို ၿမိဳ႕ေကာင္စီ၏ ခြင့္ျပဳခ်က္မရဘဲ ညဘက္တြင္ ၿဖိဳခ်ခဲ့ေၾကာင္း၊ ထိုသို႔ ၿဖိဳဖ်က္မႈေၾကာင့္ အေဆာက္အအုံမ်ားတြင္ ေနထိုင္သူတို႔ အႏၲရာယ္ႏွင့္ ရင္ဆိုင္ခဲ့ၾကရ ေၾကာင္း ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာခဲ့သည္။

ထိုအခ်ိန္က မက္ခ္လိုသည္ ဒဏ္ေငြ ေဒၚလာ ၂ သန္း ေပးေဆာင္ခဲ့ေသာ္လည္း ၎အား တရားမစြဲႏိုင္ ခဲ့ေၾကာင္း ၊ အဘယ္ေၾကာင့္ဆိုလွ်င္ ျပစ္မႈေျမာက္ေသာ ၾကံ႐ြယ္ခ်က္႐ွိသည္ဟု သက္ေသ မျပႏိုင္ခဲ့ ေသာေၾကာင့္ျဖစ္ေၾကာင္း မန္ဟက္တန္ခ႐ိုင္ အစိုးရေ႐ွ႕ေနက ေျပာသည္။

“သူက ေျမေနရာကို တရားမဝင္ ႐ွင္းလင္းခဲ့ၿပီး ခြင့္ျပဳခ်က္မ႐ွိဘဲ ေဆာက္လုပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ West 44th လမ္းမွာ လုပ္ခဲ့သလိုမ်ိဳးပါပဲ”ဟု အတြင္းသတင္းရင္းျမစ္တစ္ခုက ေျပာသည္။

(ဤစံအိမ္ ေဆာက္လုပ္မႈမွာ West 44th လမ္းမွ အေဆာက္အအုံမ်ားကို မက္ခ္လိုက တရားမဝင္ ၿဖိဳခ်ခဲ့မ်ား အား ျပန္လည္ အမွတ္ရေစသည္။ ဓာတ္ပုံ-Doug Kuntz)

အတြင္းသတင္းရင္းျမစ္က ခန္႔မွန္းသည္မွာ “ဒီအိမ္က ေဒၚလာ ၁၂ သန္းကေန ၁၅ သန္းထက္ ပိုမတန္ပါဘူး”ဟု ဆိုသည္။

The East Hampton Village Zoning Board of Appeals အဖြဲ႕က မက္ခ္လို၏ ေနအိမ္ကို လူေနခြင့္ ခ်ထား ေပးရန္ ျငင္းပယ္ထားသည္။

မက္ခ္လိုက ထိုအဖြဲ႕ကို တရားစြဲထားၿပီး အမႈမွာ ဆက္လက္ ၾကားနာစစ္ေဆးေနဆဲ ျဖစ္သည္။

(လူေနခြင့္လက္မွတ္ မ႐ွိေသာေၾကာင့္ ပိုင္႐ွင္သစ္အေနျဖင့္ ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ မ႐ွိေခ်။ ဓာတ္ပုံ-Doug Kuntz)

(ေျမေနရာကို တရားမဝင္႐ွင္းလင္းခဲ့ၿပီး ခြင့္ျပဳခ်က္မ႐ွိဘဲ ေနအိမ္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပုံ-Steven Hirsch)

(ဇုန္နယ္စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ခဲ့ၿပီး စိမ့္ေျမမ်ားႏွင့္ နီးကပ္စြာ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပုံ-Doug Kuntz)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hamptons mansion selling for $38 million has one big catch: You can’t live in it (nypost)

Photo Credit: Steven Hirsch, Doug Kuntz

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service