အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2024 3:33 pm တွင် တင်ခဲ့သည်
865 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဒီတစ်ပတ်မှာတော့ ဘဏ်များမှ မြေနှင့်အိမ် အပေါင်ထား၍ ငွေချေးယူရာတွင် တင်ပြရန် လိုအပ်သည့်အချက်များ .....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

 

မေးခွန်း (၁) ။ ဘဏ်များမှ မြေနှင့်အိမ် အပေါင်ထား၍ ငွေချေးယူရာတွင် တင်ပြရန် လိုအပ်သည့်အချက်များကို ရှင်းပြပါ။

ဘဏ်များတွင် Loans, Overdraft, Hire Purchase ချေးငွေဟူ၍ရှိရာ အတိုးနှုန်းသတ်မှတ်ချက် မှာ ၁၂%၊ Charges ၁% ဖြစ်ပြီး (၃)လတစ်ကြိမ် အတိုးနှုန်းကောက်ခံမည်ဖြစ်ပါသည်။

Loan ချေးငွေနှင့် Overdraft ချေးငွေဖြင့်ငွေချေးလျှင် အောက်ပါ မရွှေ့မပြောင်းနိုင်သော အာမခံ ပစ္စည်းများ တင်ပြရန် လိုအပ်ပါသည်။

- မြေကွက်နှင့်အ‌ဆောက်အဦး၊

- စိန်ရွှေငွေရတနာ

အဆိုပါချေးငွေအား အာမခံကြောင်း အာမခံသူတစ်ဦးမှ လက်မှတ်ရေးထိုးပေးရမည်။

အိမ်၊ ခြံ၊ မြေအား အပေါင်အဖြစ်ထားရှိ၍ အာမခံငွေချေးလျှင် အောက်ပါစာရွက်စာတမ်းများ တင်ပြ လျှောက်ထားရမည်။

- လျှောက်လွှာတင်ရန်အတွက် မိမိလျှောက်ထားလိုသည့် ဘဏ်တွင် လျှောက်လွှာပုံစံ ထုတ်ယူရမည်။

- လျှောက်ထားသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမိတ္တူ

- ဘဏ်တွင် ပေါင်နှံမှုပြုရန်အတွက် အာမခံ အိမ်ခြံမြေ၏ မြေပုံ/မြေရာဇဝင်

- မြေခွန်ပြေစာနှင့် ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်

- ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း

- သက်ဆိုင်ရာဝန်ကြီး ဌာနမှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်၊ Company မှတ်ပုံတင်၊ ကသခ လိုင်စင်၊ စက်မှုလုပ်ငန်းလိုင်စင်(ရှိလျှင်)၊

- လုပ်ငန်း လိုင်စင်အတွက် အခွန်ဆောင်ခြင်းနှင့် ကုမ္ပဏီတွင် အခွန်ဆောင်ခြင်းအတွက် ကြွေး ကျန်မရှိကြောင်း ထောက်ခံချက် ( ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ အမြတ်ခွန်၊ အထူးကုန်စည်ခွန်- အနည်းဆုံး(၂)နှစ်စာ ဖော်ပြပေးရမည်။)

- အမြတ်ခွန်အတွက် ပြည်တွင်းအခွန်မှ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ။

- လုပ်ငန်း အရှုံးအမြတ် စာရင်း (၃) နှစ်စာ

- ပိုင်ဆိုင်မှု စာချုပ်စာတမ်း အထောက်အထားများ၊ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်၊ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်၊ တရားရုံးအမိန့်၊ ဒီကရီ(ရှိလျှင်)

- တရားရုံး ကျမ်းကျိန်လွှာ(ပေါင်နှံ ရောင်းချထားခြင်း မရှိကြောင်း)

- ပေါင်နှံမည့်အဆောက်အအုံ၏ မှတ်တမ်းဓာတ်ပုံ(ရှေ့၊နောက်၊ဝဲယာ၊အတွင်းပုံ) - BCC (အဆောက်အအုံပြီးစီးကြောင်း ထောက်ခံချက်)

- သင့်လျှော်သော မြေကွက်အကျယ်အဝန်းနှင့် အဆောက်အဦး ခိုင်မာမှုလဲ ရှိရမည်ဖြစ်ပါသည်။

ဘဏ်တွင် ငွေချေးရာ၌ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများနှင့် လုပ်ငန်း ခိုင်မာမှုရှိမှသာ ငွေချေး ယူနိုင်ပါသည်။ မိမိလုပ်ငန်း ခိုင်မာမှုရှိမရှိသိချင်ရင် ဘဏ်ချေးငွေတင်ကြည့်ရုံဖြင့် သိနိုင်ပြီး ဘဏ်ချေး ငွေရယူနိုင်ပါက လက်ရှိလုပ်ငန်းများအား ပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

ဘဏ်ရှေနေ့မှ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ စစ်ဆေးသလို ရာဖြတ်မှလဲ ကာလတန်ဖိုး စစ်ဆေး ပြီး အာမခံပစ္စည်း၏ (၃၀%)ကိုသာ ငွေချေးပါသည်။ ပစ္စည်းလက်ရောက်ထားရှိကာ အပ်နှံငွေချေးခြင်းနှင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်း အပ်နှံကာ ငွေချေးခြင်းဟူ၍ နှစ်မျိုးရှိရာ ပစ္စည်းအပ်နှံငွေချေးပါက မှတ်ပုံစာချုပ်စာတမ်း ပြုလုပ်ထားရမည်ဖြစ် ပါသည်။ မှတ်ပုံတင်ကြေးမှာ အပေါင်တန်ဖိုး၏ (၀.၅%)ဖြစ်ပါသည်။

ဘဏ်ချေးငွေ အမျိုးအစားနှင့် ချေးငွေသက်တမ်း ကာလပေါ်မှုတည်၍ ချေးငွေအတွက် တင်ပြရ မည့် စာရွက်စာတမ်းများ၊ အတိုးနှုန်းများနှင့် ချေးငွေလျှောက်ထားရာတွင် အချိန်ကြာမြင့်ချိန် ကွာခြားမှု ရှိပါသည်။

ချေးငွေအာ ပြန်ပေးဆပ်နိုင်ခြင်းမရှိပါက ဘဏ်မှ တရားမမှုစွဲဆိုကာ တရားရုံးအမိန့်ဒီကရီဖြင့် မြေအား လက်ရောက်ရယူခြင်း၊ ချိတ်ပိတ်၍ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်နိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း (၂) ။ ပြန်လည်ရုပ်သိမ်းလို့မရတဲ့ကိုယ်စားလှယ်လွှဲစာဆိုတာ ဘာကိုဆိုလိုချင်ပါသလဲ။

ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၂ တွင် ကိုယ်စားလှယ်လွှဲအပ်သူနှင့် ကိုယ်စားလှယ်တို့အကြား၌ အတိ အကျ ချုပ်ဆိုထားသော ပဋိညာဉ်ရှိလျှင် ပဋိညာဉ်အတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်ကာ ပဋိညာဉ် မရှိခဲ့လျှင် ကိုယ်စားလှယ်၏ အကျိုးခံစားခွင့် တစုံတရာ ကျန်နေပါလျှက်နှင့် ကိုယ်စားလှယ်၏ အကျိုးခံစားခွင့်ကို ဆန့်ကျင်ပြီး ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်း၍ မရကြောင်း ဖော်ပြထားပါတယ်။ ရုတ်သိမ်းခွင့်မရှိသော ကိုယ်စားလှယ်လွှဲစာ ပြုလုပ်နိုင်ကြောင်း သီးခြား ပြဌာန်းချက်တော့ မရှိပါ။

ပုဒ်မ-၁၈၂ အရ ကိုယ်စားလှယ်ဆိုသည်မှာ သူတစ်ပါးကိစ္စရပ်များ ဆောင်ရွက်ရန် ခန့်ထားခံရသော ကိုယ်စားပြုသူကို ဆိုလိုကြောင်း ဖော်ပြထားပါသည်။

ပုဒ်မ-၁၈၈(ဂ)အရ ကိုယ်စားလှယ်စာဖြင့် ခန့်ထားခြင်းဖြစ်လျှင် ခွင့်ပြုချက် လုပ်ပိုင်ခွင့်အတိုင်းသာ ကိုယ်စားလှယ်မှ ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည်။

ကိစ္စတစ်ခုအတွက် သီးခြားခန့်အပ်ထားခြင်းမျိုးမဟုတ်ပါက အထွေထွေကိုယ်စားလှယ်လွှဲစာကို ပေးအပ်ကြပြီး အကြောင်းကိစ္စတစ်ခုအတွက် လွှဲအပ်ခြင်းဖြစ်ပါက (ဥပမာ- ဂရန်မြေများ၊ လုပ်ငန်းကိစ္စ တစ်ခုအတွက် လွှဲအပ်ခြင်းများအတွက် ဆိုပါက အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ကြပါသည်။)

ကိုယ်စားလှယ်အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များ ပြီးဆုံးကြောင်း သတ်မှတ်နိုင်သည့်အခါ ကိုယ်စားလှယ်စာ ရုတ်သိမ်းနိုင်ပါသည်။

ကိုယ်စားလှယ်စာအား ပြန်လည်ရုတ်သိမ်းခြင်းပြုလိုလျှင် မှတ်ပုံတင်အရာရှိထံ တင်ပြကာ မူလ မှတ်ပုံတင်ကာ လွှဲအပ်ထားသော ကိုယ်စားလွှဲစာအား ဖျက်သိမ်းခြင်းပြုရမည် ဖြစ်ပါသည်။

ကိုယ်စားလှယ်ပေးအပ်သူနှင့် ကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားသူ နှစ်ဦးလုံးမှ သဘောတူ ကျေနပ်စွာ ရုတ်သိမ်းခြင်းဖြစ်ပါက မူလကိုယ်စားလှယ်လွှဲစာအား ယူဆောင်ကာ မှတ်ပုံတင်ရုံးသို့ သွား ရောက်ကာ လျှောက်ထားမှုပြုနိုင်ပါသည်။ မှတ်ပုံတင်ရုံးမှ ခွင့်ပြုပါက တင်ပြချက်ကို မင်နီဖြင့် ရေးသား၍ မှတ်တမ်းတင်ပါသည်။

ကိုယ်စားလှယ်မှ သဘောတူညီမှုမရှိပါက မူလကိုယ်စားလှယ်လွှဲစာကို ရုတ်သိမ်းကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာတွင် ကြေငြာမှုပြုရပါမည်။

ပုဒ်မ-၂၀၁ အရ ကိုယ်စားလှယ်စာ အလိုလျှောက်ဆုံးခန်းတိုင်ခြင်းမှာလဲ အောက်ပါ အချက်(၅)ချက် ဖြင့် ကိုက်ညီရန်လိုအပ်သည်။

-ကိုယ်စားလှယ်လုပ်ငန်း ကုန်ဆုံးခြင်း

-ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းခြင်း (သို့)စွန့်လွှတ်ခြင်း

-ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်း

- ကိုယ်စားလှယ် သေဆုံးခြင်း

-ကြွေးမဆပ်နိုင်သော အင်ဆော်လဝင်ဖြစ်ကြောင်း ကြေညာခံရခြင်း

-အချိန်ကာလဖြင့် ကန့်သတ်ထားသော ကိုယ်စားလှယ်လုပ်ငန်း ဖြစ်ခြင်းတို့ဖြစ်ကြောင်း ဖြေဆို ရေးသား ပေးလိုက်ပါသည်။

 

မေးခွန်း (၃) ။ ပေ (20-60) အရောင်းအဝယ်စာချုပ်ကို နှစ်ဦးပိုင် ဝယ်ယူ စာချုပ်ချုပ်လို့ ရပါသလား။

မြေကွက်များကို အရောင်းအဝယ်ပြုရာတွင် ဝယ်ယူသူ နှစ်ဦးဖြစ်ပါက စာချုပ်တွင် ဝယ်ယူသူ (၁)(၂) နေရာများဖြင့် ထည့်သွင်းစာချုပ်ချုပ်ဆိုနိုင်ပါသည်။

နိုင်ငံတော်အစိုးရက မြို့မြေအဖြစ်သတ်မှတ်သော အရပ်ဒေသများအား ကျန်းမာရေး၊ မီးဘေး လုံခြုံရေး၊ လူမှုရေး၊ ပညာရေး၊ စည်ပင်သာယာရေးအတွက် ပြီးပြည့်စုံမှုရှိစေရန် ဂရန်မြေများ လျှောက် ထားခွင့်ပြုပါသည်။ နယ်မြို့များတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂရန်မြေ လျှောက်ထားခြင်းအား ခွင့်ပြု နိုင်ပြီး ရန်ကုန်မြို့နှင့် အခြားစည်ပင်သာယာရေးပိုင် နယ်မြေများတွင် စည်ပင်သာယာရေး ကော်မတီ တွင် ဂရန်လျှောက်ထားမှု ပြုရပါသည်။

လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ဖြစ်စေ နှစ်-၃၀၊ နှစ်-၆၀၊ နှစ်-၉၀ များ ချထားပေးပြီး မြေငှားဂရန် လျှောက်ထားရာတွင် လျှောက်ထားမြေသည် သတ်မှတ်အနည်းဆုံး မျက်နှာ စာပေ-၂၀၊ အနည်းဆုံး-၁၂၀၀ စတုရန်းပေ ရှိရမည်။

ထို့ကြောင့် ယခု(၂၀×၆၀)မြေကွက်အား ဝယ်ယူသူ နှစ်ဦးပိုင်ဆိုင်ခြင်းဖြစ်ပါက အရောင်းအဝယ် အတွက် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးချိန်တွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်အတွက် ရောင်းချသူနှင့် မှတ်ပုံတင်စာချုပ် ဆက်လက်ချုပ်ဆိုမှု ပြုရမည်။ ထို့နောက် ဂရန်အမည်ပေါက် ပြောင်း လဲခြင်းပြုရာတွင် ပူးတွဲပိုင်ဆိုင်မှုဖြစ်စေရန် ဂရန်အမည်ပေါက်နေရာ၌ နှစ်ဦးနာမည် ထည့်သွင်း လျှောက်ထားရပါမည်။ သက်ဆိုင်ရာမှ နှစ်ဦးအမည်ပေါက် ဂရန်ထုတ်ပြီးချိန်၌လဲ အဆိုပါဂရန်အား တလှည့်စီ သိမ်းဆည်းခြင်းပြုနိုင်ရန် ညှီနှိုင်းမှုပြုရပါမည်။

ဂရန်မြေသည် အခြား ပါမစ်မြေ၊ စလစ်မြေ၊ လိုင်စင်မြေ အမျိုးအစားများနှင့် မတူညီဘဲ ဂရန် အမည်ပေါက် လက်ဝယ်ရှိသူသည် လွှဲပြောင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခွင့် ဆောင်ရွက်ခြင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့် အထက်ဖော်ပြပါအတိုင်း နှစ်ဦးအမည်ဖြင့် မြေကွက်အား ဝယ်ယူပြီးပါကလဲ အရှုပ်အရှင်း ကင်းစေရန် ဂရန်မြေငှားစာချုပ် လျှောက်ထားကာ ဂရန်တွင် နှစ်ဦး နာမည်ပေါက် လျှောက်ထားသင့်ကြောင်း ဖြေဆိုရေးသားပေးလိုက်သည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အိမ္ျခံေျမဥပေဒအေၾကာင္း တေစ့တေစာင္း

 

ဒီတစ္ပတ္မွာေတာ့ ဘဏ္မ်ားမွ ေျမႏွင့္အိမ္ အေပါင္ထား၍ ေငြေခ်းယူရာတြင္ တင္ျပရန္ လိုအပ္သည့္အခ်က္မ်ား .....ဆိုတဲ့ စိတ္ဝင္စားဖြယ္ေမးခြန္းေလးအပါအဝင္ ေမးခြန္းသုံးခုကို ေ႐ွ႕ေနမွ တိက်မွန္ကန္စြာေျဖၾကားေပးထားပါတယ္။

ေမးခြန္း (၁) ။ ဘဏ္မ်ားမွ ေျမႏွင့္အိမ္ အေပါင္ထား၍ ေငြေခ်းယူရာတြင္ တင္ျပရန္ လိုအပ္သည့္အခ်က္မ်ားကို ႐ွင္းျပပါ။

ဘဏ္မ်ားတြင္ Loans, Overdraft, Hire Purchase ေခ်းေငြဟူ၍႐ွိရာ အတိုးႏႈန္းသတ္မွတ္ခ်က္ မွာ ၁၂%၊ Charges ၁% ျဖစ္ၿပီး (၃)လတစ္ႀကိမ္ အတိုးႏႈန္းေကာက္ခံမည္ျဖစ္ပါသည္။

Loan ေခ်းေငြႏွင့္ Overdraft ေခ်းေငြျဖင့္ေငြေခ်းလွ်င္ ေအာက္ပါ မေ႐ႊ႕မေျပာင္းႏိုင္ေသာ အာမခံ ပစၥည္းမ်ား တင္ျပရန္ လိုအပ္ပါသည္။

- ေျမကြက္ႏွင့္အ‌ေဆာက္အဦး၊

- စိန္ေ႐ႊေငြရတနာ

အဆိုပါေခ်းေငြအား အာမခံေၾကာင္း အာမခံသူတစ္ဦးမွ လက္မွတ္ေရးထိုးေပးရမည္။

အိမ္၊ ျခံ၊ ေျမအား အေပါင္အျဖစ္ထား႐ွိ၍ အာမခံေငြေခ်းလွ်င္ ေအာက္ပါစာ႐ြက္စာတမ္းမ်ား တင္ျပ ေလွ်ာက္ထားရမည္။

- ေလွ်ာက္လႊာတင္ရန္အတြက္ မိမိေလွ်ာက္ထားလိုသည့္ ဘဏ္တြင္ ေလွ်ာက္လႊာပုံစံ ထုတ္ယူရမည္။

- ေလွ်ာက္ထားသူ၏ မွတ္ပုံတင္၊ သန္းေခါင္စာရင္းမိတၱဴ

- ဘဏ္တြင္ ေပါင္ႏွံမႈျပဳရန္အတြက္ အာမခံ အိမ္ျခံေျမ၏ ေျမပုံ/ေျမရာဇဝင္

- ေျမခြန္ေျပစာႏွင့္ ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္

- ကုမၸဏီျဖစ္လွ်င္ ဒါ႐ိုက္တာအဖြဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္ မွတ္တမ္း၊ သင္းဖြဲ႕မွတ္တမ္းႏွင့္ သင္းဖြဲ႕စည္းမ်ဥ္း

- သက္ဆိုင္ရာဝန္ႀကီး ဌာနမွ ထုတ္ေပးထားေသာ လုပ္ငန္းလိုင္စင္၊ Company မွတ္ပုံတင္၊ ကသခ လိုင္စင္၊ စက္မႈလုပ္ငန္းလိုင္စင္(႐ွိလွ်င္)၊

- လုပ္ငန္း လိုင္စင္အတြက္ အခြန္ေဆာင္ျခင္းႏွင့္ ကုမၸဏီတြင္ အခြန္ေဆာင္ျခင္းအတြက္ ေႂကြး က်န္မ႐ွိေၾကာင္း ေထာက္ခံခ်က္ ( ကုန္သြယ္ခြန္၊ ဝင္ေငြခြန္၊ အျမတ္ခြန္၊ အထူးကုန္စည္ခြန္- အနည္းဆုံး(၂)ႏွစ္စာ ေဖာ္ျပေပးရမည္။)

- အျမတ္ခြန္အတြက္ ျပည္တြင္းအခြန္မွ ေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံစာ။

- လုပ္ငန္း အ႐ႈံးအျမတ္ စာရင္း (၃) ႏွစ္စာ

- ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း အေထာက္အထားမ်ား၊ ေပးကမ္းျခင္းမွတ္ပုံတင္စာခ်ဳပ္၊ အေမြဆက္ခံ ပိုင္ဆိုင္ေၾကာင္း မွတ္ပုံတင္စာခ်ဳပ္၊ တရား႐ုံးအမိန္႔၊ ဒီကရီ(႐ွိလွ်င္)

- တရား႐ုံး က်မ္းက်ိန္လႊာ(ေပါင္ႏွံ ေရာင္းခ်ထားျခင္း မ႐ွိေၾကာင္း)

- ေပါင္ႏွံမည့္အေဆာက္အအုံ၏ မွတ္တမ္းဓာတ္ပုံ(ေ႐ွ႕၊ေနာက္၊ဝဲယာ၊အတြင္းပုံ) - BCC (အေဆာက္အအုံၿပီးစီးေၾကာင္း ေထာက္ခံခ်က္)

- သင့္ေလွ်ာ္ေသာ ေျမကြက္အက်ယ္အဝန္းႏွင့္ အေဆာက္အဦး ခိုင္မာမႈလဲ ႐ွိရမည္ျဖစ္ပါသည္။

ဘဏ္တြင္ ေငြေခ်းရာ၌ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းမ်ားႏွင့္ လုပ္ငန္း ခိုင္မာမႈ႐ွိမွသာ ေငြေခ်း ယူႏိုင္ပါသည္။ မိမိလုပ္ငန္း ခိုင္မာမႈ႐ွိမ႐ွိသိခ်င္ရင္ ဘဏ္ေခ်းေငြတင္ၾကည့္႐ုံျဖင့္ သိႏိုင္ၿပီး ဘဏ္ေခ်း ေငြရယူႏိုင္ပါက လက္႐ွိလုပ္ငန္းမ်ားအား ပိုမိုတိုးခ်ဲ႕ လုပ္ကိုင္ႏိုင္မည္ျဖစ္ပါသည္။

ဘဏ္ေ႐ွေန႔မွ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ား စစ္ေဆးသလို ရာျဖတ္မွလဲ ကာလတန္ဖိုး စစ္ေဆး ၿပီး အာမခံပစၥည္း၏ (၃၀%)ကိုသာ ေငြေခ်းပါသည္။ ပစၥည္းလက္ေရာက္ထား႐ွိကာ အပ္ႏွံေငြေခ်းျခင္းႏွင့္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း အပ္ႏွံကာ ေငြေခ်းျခင္းဟူ၍ ႏွစ္မ်ိဳး႐ွိရာ ပစၥည္းအပ္ႏွံေငြေခ်းပါက မွတ္ပုံစာခ်ဳပ္စာတမ္း ျပဳလုပ္ထားရမည္ျဖစ္ ပါသည္။ မွတ္ပုံတင္ေၾကးမွာ အေပါင္တန္ဖိုး၏ (၀.၅%)ျဖစ္ပါသည္။

ဘဏ္ေခ်းေငြ အမ်ိဳးအစားႏွင့္ ေခ်းေငြသက္တမ္း ကာလေပၚမႈတည္၍ ေခ်းေငြအတြက္ တင္ျပရ မည့္ စာ႐ြက္စာတမ္းမ်ား၊ အတိုးႏႈန္းမ်ားႏွင့္ ေခ်းေငြေလွ်ာက္ထားရာတြင္ အခ်ိန္ၾကာျမင့္ခ်ိန္ ကြာျခားမႈ ႐ွိပါသည္။

ေခ်းေငြအာ ျပန္ေပးဆပ္ႏိုင္ျခင္းမ႐ွိပါက ဘဏ္မွ တရားမမႈစြဲဆိုကာ တရား႐ုံးအမိန္႔ဒီကရီျဖင့္ ေျမအား လက္ေရာက္ရယူျခင္း၊ ခ်ိတ္ပိတ္၍ ေလလံတင္ေရာင္းခ်ျခင္းမ်ား ေဆာင္႐ြက္ႏိုင္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) ။ ျပန္လည္႐ုပ္သိမ္းလို႔မရတဲ့ကိုယ္စားလွယ္လႊဲစာဆိုတာ ဘာကိုဆိုလိုခ်င္ပါသလဲ။

ပဋိညာဥ္အက္ဥပေဒပုဒ္မ ၂၀၂ တြင္ ကိုယ္စားလွယ္လႊဲအပ္သူႏွင့္ ကိုယ္စားလွယ္တို႔အၾကား၌ အတိ အက် ခ်ဳပ္ဆိုထားေသာ ပဋိညာဥ္႐ွိလွ်င္ ပဋိညာဥ္အတိုင္း လုပ္ေဆာင္ႏိုင္မည္ျဖစ္ကာ ပဋိညာဥ္ မ႐ွိခဲ့လွ်င္ ကိုယ္စားလွယ္၏ အက်ိဳးခံစားခြင့္ တစုံတရာ က်န္ေနပါလွ်က္ႏွင့္ ကိုယ္စားလွယ္၏ အက်ိဳးခံစားခြင့္ကို ဆန္႔က်င္ၿပီး ကိုယ္စားလွယ္လႊဲစာကို ႐ုပ္သိမ္း၍ မရေၾကာင္း ေဖာ္ျပထားပါတယ္။ ႐ုတ္သိမ္းခြင့္မ႐ွိေသာ ကိုယ္စားလွယ္လႊဲစာ ျပဳလုပ္ႏိုင္ေၾကာင္း သီးျခား ျပဌာန္းခ်က္ေတာ့ မ႐ွိပါ။

ပုဒ္မ-၁၈၂ အရ ကိုယ္စားလွယ္ဆိုသည္မွာ သူတစ္ပါးကိစၥရပ္မ်ား ေဆာင္႐ြက္ရန္ ခန္႔ထားခံရေသာ ကိုယ္စားျပဳသူကို ဆိုလိုေၾကာင္း ေဖာ္ျပထားပါသည္။

ပုဒ္မ-၁၈၈(ဂ)အရ ကိုယ္စားလွယ္စာျဖင့္ ခန္႔ထားျခင္းျဖစ္လွ်င္ ခြင့္ျပဳခ်က္ လုပ္ပိုင္ခြင့္အတိုင္းသာ ကိုယ္စားလွယ္မွ ျပဳလုပ္ေဆာင္႐ြက္ခြင့္႐ွိသည္။

ကိစၥတစ္ခုအတြက္ သီးျခားခန္႔အပ္ထားျခင္းမ်ိဳးမဟုတ္ပါက အေထြေထြကိုယ္စားလွယ္လႊဲစာကို ေပးအပ္ၾကၿပီး အေၾကာင္းကိစၥတစ္ခုအတြက္ လႊဲအပ္ျခင္းျဖစ္ပါက (ဥပမာ- ဂရန္ေျမမ်ား၊ လုပ္ငန္းကိစၥ တစ္ခုအတြက္ လႊဲအပ္ျခင္းမ်ားအတြက္ ဆိုပါက အထူးကိုယ္စားလွယ္လႊဲစာကို ေပးအပ္ၾကပါသည္။)

ကိုယ္စားလွယ္အား ေပးအပ္ထားေသာ လုပ္ငန္းတာဝန္မ်ား ၿပီးဆုံးေၾကာင္း သတ္မွတ္ႏိုင္သည့္အခါ ကိုယ္စားလွယ္စာ ႐ုတ္သိမ္းႏိုင္ပါသည္။

ကိုယ္စားလွယ္စာအား ျပန္လည္႐ုတ္သိမ္းျခင္းျပဳလိုလွ်င္ မွတ္ပုံတင္အရာ႐ွိထံ တင္ျပကာ မူလ မွတ္ပုံတင္ကာ လႊဲအပ္ထားေသာ ကိုယ္စားလႊဲစာအား ဖ်က္သိမ္းျခင္းျပဳရမည္ ျဖစ္ပါသည္။

ကိုယ္စားလွယ္ေပးအပ္သူႏွင့္ ကိုယ္စားလွယ္အျဖစ္ခန္႔အပ္ထားသူ ႏွစ္ဦးလုံးမွ သေဘာတူ ေက်နပ္စြာ ႐ုတ္သိမ္းျခင္းျဖစ္ပါက မူလကိုယ္စားလွယ္လႊဲစာအား ယူေဆာင္ကာ မွတ္ပုံတင္႐ုံးသို႔ သြား ေရာက္ကာ ေလွ်ာက္ထားမႈျပဳႏိုင္ပါသည္။ မွတ္ပုံတင္႐ုံးမွ ခြင့္ျပဳပါက တင္ျပခ်က္ကို မင္နီျဖင့္ ေရးသား၍ မွတ္တမ္းတင္ပါသည္။

ကိုယ္စားလွယ္မွ သေဘာတူညီမႈမ႐ွိပါက မူလကိုယ္စားလွယ္လႊဲစာကို ႐ုတ္သိမ္းေၾကာင္း ႏိုင္ငံပိုင္ ေန႔စဥ္ သတင္းစာတြင္ ေၾကျငာမႈျပဳရပါမည္။

ပုဒ္မ-၂၀၁ အရ ကိုယ္စားလွယ္စာ အလိုေလွ်ာက္ဆုံးခန္းတိုင္ျခင္းမွာလဲ ေအာက္ပါ အခ်က္(၅)ခ်က္ ျဖင့္ ကိုက္ညီရန္လိုအပ္သည္။

-ကိုယ္စားလွယ္လုပ္ငန္း ကုန္ဆုံးျခင္း

-ကိုယ္စားလွယ္၏ လုပ္ပိုင္ခြင့္အား ျပန္လည္႐ုပ္သိမ္းျခင္း (သို႔)စြန္႔လႊတ္ျခင္း

-ကိုယ္စားလွယ္လုပ္ငန္း ၿပီးဆုံးျခင္း

- ကိုယ္စားလွယ္ ေသဆုံးျခင္း

-ေႂကြးမဆပ္ႏိုင္ေသာ အင္ေဆာ္လဝင္ျဖစ္ေၾကာင္း ေၾကညာခံရျခင္း

-အခ်ိန္ကာလျဖင့္ ကန္႔သတ္ထားေသာ ကိုယ္စားလွယ္လုပ္ငန္း ျဖစ္ျခင္းတို႔ျဖစ္ေၾကာင္း ေျဖဆို ေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၃) ။ ေပ (20-60) အေရာင္းအဝယ္စာခ်ဳပ္ကို ႏွစ္ဦးပိုင္ ဝယ္ယူ စာခ်ဳပ္ခ်ဳပ္လို႔ ရပါသလား။

ေျမကြက္မ်ားကို အေရာင္းအဝယ္ျပဳရာတြင္ ဝယ္ယူသူ ႏွစ္ဦးျဖစ္ပါက စာခ်ဳပ္တြင္ ဝယ္ယူသူ (၁)(၂) ေနရာမ်ားျဖင့္ ထည့္သြင္းစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါသည္။

ႏိုင္ငံေတာ္အစိုးရက ၿမိဳ႕ေျမအျဖစ္သတ္မွတ္ေသာ အရပ္ေဒသမ်ားအား က်န္းမာေရး၊ မီးေဘး လုံျခဳံေရး၊ လူမႈေရး၊ ပညာေရး၊ စည္ပင္သာယာေရးအတြက္ ၿပီးျပည့္စုံမႈ႐ွိေစရန္ ဂရန္ေျမမ်ား ေလွ်ာက္ ထားခြင့္ျပဳပါသည္။ နယ္ၿမိဳ႕မ်ားတြင္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးမွ ဂရန္ေျမ ေလွ်ာက္ထားျခင္းအား ခြင့္ျပဳ ႏိုင္ၿပီး ရန္ကုန္ၿမိဳ႕ႏွင့္ အျခားစည္ပင္သာယာေရးပိုင္ နယ္ေျမမ်ားတြင္ စည္ပင္သာယာေရး ေကာ္မတီ တြင္ ဂရန္ေလွ်ာက္ထားမႈ ျပဳရပါသည္။

လူေနထိုင္ရန္ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ရန္ျဖစ္ေစ ႏွစ္-၃၀၊ ႏွစ္-၆၀၊ ႏွစ္-၉၀ မ်ား ခ်ထားေပးၿပီး ေျမငွားဂရန္ ေလွ်ာက္ထားရာတြင္ ေလွ်ာက္ထားေျမသည္ သတ္မွတ္အနည္းဆုံး မ်က္ႏွာ စာေပ-၂၀၊ အနည္းဆုံး-၁၂၀၀ စတုရန္းေပ ႐ွိရမည္။

ထို႔ေၾကာင့္ ယခု(၂၀×၆၀)ေျမကြက္အား ဝယ္ယူသူ ႏွစ္ဦးပိုင္ဆိုင္ျခင္းျဖစ္ပါက အေရာင္းအဝယ္ အတြက္ အရပ္ကတိစာခ်ဳပ္ခ်ဳပ္ဆိုၿပီးခ်ိန္တြင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းျဖစ္သည့္အတြက္ ေရာင္းခ်သူႏွင့္ မွတ္ပုံတင္စာခ်ဳပ္ ဆက္လက္ခ်ဳပ္ဆိုမႈ ျပဳရမည္။ ထို႔ေနာက္ ဂရန္အမည္ေပါက္ ေျပာင္း လဲျခင္းျပဳရာတြင္ ပူးတြဲပိုင္ဆိုင္မႈျဖစ္ေစရန္ ဂရန္အမည္ေပါက္ေနရာ၌ ႏွစ္ဦးနာမည္ ထည့္သြင္း ေလွ်ာက္ထားရပါမည္။ သက္ဆိုင္ရာမွ ႏွစ္ဦးအမည္ေပါက္ ဂရန္ထုတ္ၿပီးခ်ိန္၌လဲ အဆိုပါဂရန္အား တလွည့္စီ သိမ္းဆည္းျခင္းျပဳႏိုင္ရန္ ညႇီႏိႈင္းမႈျပဳရပါမည္။

ဂရန္ေျမသည္ အျခား ပါမစ္ေျမ၊ စလစ္ေျမ၊ လိုင္စင္ေျမ အမ်ိဳးအစားမ်ားႏွင့္ မတူညီဘဲ ဂရန္ အမည္ေပါက္ လက္ဝယ္႐ွိသူသည္ လႊဲေျပာင္း၊ ေရာင္းခ်ျခင္း၊ အေမြဆက္ခံခြင့္ ေဆာင္႐ြက္ျခင္း အလြယ္တကူ ျပဳလုပ္ႏိုင္ပါသည္။

ထို႔ေၾကာင့္ အထက္ေဖာ္ျပပါအတိုင္း ႏွစ္ဦးအမည္ျဖင့္ ေျမကြက္အား ဝယ္ယူၿပီးပါကလဲ အ႐ႈပ္အ႐ွင္း ကင္းေစရန္ ဂရန္ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားကာ ဂရန္တြင္ ႏွစ္ဦး နာမည္ေပါက္ ေလွ်ာက္ထားသင့္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္သည္။

 

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service