အမေရိကန်တွင် အနာဂတ်ခင်ပွန်းလောင်းများအား မျှော်လင့်စောင့်စားရမှု ငြီးငွေ့လာသော သူငယ်ချင်း အမျိုးသမီး ၂ ဦး မြေကွက်ဝယ် အိမ်ဆောက်ကာ အတူနေထိုင်

အမေရိကန်တွင် အနာဂတ်ခင်ပွန်းလောင်းများအား မျှော်လင့်စောင့်စားရမှု ငြီးငွေ့လာသော သူငယ်ချင်း အမျိုးသမီး ၂ ဦး မြေကွက်ဝယ် အိမ်ဆောက်ကာ အတူနေထိုင် - Property News in Myanmar from iMyanmarHouse.com
12 Mar 2024 2:26 pm တွင် တင်ခဲ့သည်
1254 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်မှ အမျိုးသမီးသူငယ်ချင်း ၂ ဦးသည် အနာဂတ်လက်တွဲဖော်များကို စောင့်ဆိုင်းရင်း ငြီးငွေ့လာ ကြပြီးနောက် ရေ၊ မီး၊ လျှပ်စစ်မရှိသောနေရာတွင် အိမ်ငယ်လေးတစ်လုံးဆောက်ကာ အတူနေထိုင်ရန် ဆုံးဖြတ် လိုက်ကြသည်။

ဆဗားနားနှင့် ကာဆေးအမည်ရှိ အမျိုးသမီး ၂ ဦးသည် စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်ရင်း ဆုံစည်း ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ အပိုဝင်ငွေ ရှာသောအလုပ်များမှ ရရှိသောငွေဖြင့် ကျေးလက်ဒေသတွင် ၂ ဦးပေါင်းကာ အိမ်တစ်လုံး ဆောက်လုပ်ခဲ့ကြသည်။

(အခင်ဆုံးသူငယ်ချင်းများ ဖြစ်သော ဆဗားနားနှင့် ကာဆေးတို့ အိမ်ငယ်လေးတစ်လုံးအတူဆောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဓာတ်ပုံ-instagram/@heywanderer)

(သူတို့ ၂ ဦး မြေနေရာဝယ်ပြီး အိမ်တစ်လုံး ဆောက်ခဲ့ရာတွင် ပေါင် ၃၉၅၀၀ ကုန်ကျခဲ့သည်။)

ကယ်လီဖိုးနီးယားတွင် တစ်လခန့် စခန်းချ အပန်းဖြေထွက်ခဲ့သောခရီးစဉ်တွင် ၂ ဦးပေါင်းကာ အိမ်ငယ်တစ်လုံး ဆောက်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

ယခင်က တွေ့ခဲ့သည်မှာ လက်တွဲဖော်များ တွေ့ရှိလျှင် အမြဲနေထိုင်မည့် အိမ်တစ်လုံးဝယ်မည်ဟု တွေးခဲ့ကြသည်။

သို့သော် လက်တွဲဖော်မတွေ့သေးရာ စောင့်ဆိုင်းရခြင်းကို ငြီးငွေ့လာခဲ့ကြသည်။

ဆဗားနားသည် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကာဆေးမှာ ၄၃ နှစ်ရှိပြီဖြစ်သည်။

သူတို့ ၂ ဦးက stock tank pools ဟု ခေါ်သော ရေဇလုံကန်များ ၊ ရောင်းချသည့် အပိုဝင်ငွေအလုပ်တစ်ခု လုပ်ကိုင်ခဲ့ကြသည်။

ထိုကန်များမှာ ယခင်က နွား ၊ ဆိတ် အစရှိသည့် မွေးမြူရေးတိရ စ္ဆာန်များ ရေတိုက်ရန်အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင် မြို့နေလူတန်းစားတို့က အိမ်နောက်ဘက်ရေကူးကန်အဖြစ် အသုံးပြုလာကြသည်။

ကိုဗစ်လော့ဒေါင်းကာလအတွင်း လူအများစုသည် မိမိတို့၏ နေအိမ်များကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ကြရာ ကုန်ကျစရိတ်သက်သာသော ထိုကန်များမှာ အရောင်းသွက်လာသည်။

သူတို့နှစ်ဦး မြေနေရာရှာဖွေကြရာ မြို့တစ်မြို့မှ ၂ နာရီခန့်သွားရသော လူသူအလှမ်းကွာသောနေရာမှ မြေကွက် တစ်ခုကို ရှာတွေ့ခဲ့ကြသည်။

ယင်းနောက် ခြံဝန်းအတွင်း ကားဝင်လမ်းဖောက်ကာ ၁၂ ပေ× ၃၂ ပေရှိသော အသင့်ဆောက်လုပ်ပြီး အိမ် တစ်လုံးကို ဝယ်ခဲ့ကြသည်။

Business Insider သတင်းဌာနသို့ ကာဆေးက ပြောသည်မှာ “ပျော်စရာကောင်းပါတယ်။ တခြားသူတွေလည်း သူငယ်ချင်းတွေနဲ့ ပေါင်းပြီး မြေနေရာတွေ ဝယ်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်” ဟု ပြောသည်။

အဆိုပါအိမ်ကို မွမ်းမံနေစဉ်အတွင်း သူတို့ အိမ်မငှားနိုင်ကြ။ ထို့ကြောင့် ဗန်ကားပေါ်တွင် စခန်းချ နေထိုင် ခဲ့ကြသည်။

၂ နှစ်အကြာတွင် ယခုအိမ်သို့ နှစ်ဦးသား ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

သူတို့နှစ်ဦးအတွက် အိမ်ခြံမြေချေးငွေ အရစ်ကျဆပ်နေရသည့် တာဝန်မရှိ။

ရေမီး မရှိသောနေရာဖြစ် သောကြောင့် ရေမီး အထွေထွေ အခွန်အခများလည်း မပေးရ။

အင်တာနက်အတွက် ကုန်ကျစရိတ်တစ်ခုသာ ရှိသည်။ သူတို့နှစ်ဦး အိပ်ခန်းတစ်ခုတွင် အတူအိပ်ကြသည်။

အိမ်ကို ထင်းသုံးမီးဖိုဖြင့် အပူဓာတ်ပေးသည်။

လျှပ်စစ်အတွက် အိမ်အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ထားသည်။

ရေချိုးခန်းအတွက် သီးခြားအဆောက်အအုံငယ်တစ်ခု ပြုလုပ်ထားသည်။

 (သူတို့နှစ်ဦးအတွက် အိမ်ခြံမြေချေးငွေ အရစ်ကျဆပ်နေရသည့် တာဝန်မရှိ။ ရေမီး မရှိသောနေရာ ဖြစ်သောကြောင့် ရေမီး အထွေထွေ အခွန်အခများလည်း မပေးရ။ အင်တာနက်အတွက် ကုန်ကျစရိတ် တစ်ခုသာ ရှိသည်။ ဓာတ်ပုံ-instagram/@heywanderer)

(ပင်မအိမ်တွင် အတူနေကြပြီး ရေချိုးရန်အတွက် သီးခြားအဆောက်အအုံငယ်တစ်လုံးရှိသည်)

(ကယ်လီဖိုးနီးယားတွင် စခန်းချအပန်းဖြေခဲ့စဉ် အိမ်ငယ်တစ်လုံးဖြင့် အတူနေရန် စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-instagram/@heywanderer)

(ခရစ္စမတ်အတွက် ပြင်ဆင်ထားပုံ။ ဓာတ်ပုံ-instagram/@heywanderer)

(အသင့်ဆောက်ပြီးနေအိမ်ငယ် စတင်ရောက်ရှိလာချိန်က တွေ့ရပုံ။ ဓာတ်ပုံ-instagram/@heywanderer)

(နေအိမ်အတွင်းပိုင်းကို မွမ်းမံခဲ့ကြပုံ။ ဓာတ်ပုံ-instagram/@heywanderer)

(အိမ်ကို ထင်းမီးဖိုဖြင့် အပူပေးသည်။ ဓာတ်ပုံ-instagram/@heywanderer)

(ဆိုလာပြားများဖြင့် လျှပ်စစ်ဓာတ်အား ရယူသည်။ ဓာတ်ပုံ-instagram/@heywanderer) 

(အိမ်တွင် ကြက်များလည်း မွေးမြူထားသည်။ ဓာတ်ပုံ-instagram/@heywanderer)

(အိမ်သာမှာ သီးခြားအဆောက်အအုံငယ်တစ်ခုတွင် ထားရှိသည်။ ဓာတ်ပုံ-instagram/@heywanderer)

(ရေချိုးခန်းကို သစ်ပင်ပန်းမန်များဖြင့် အလှဆင်ထားသည်။ ဓာတ်ပုံ-instagram/@heywanderer)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I was fed up waiting for a man – so bought land & made a tiny home with my best pal – we share a bedroom but it’s cheap (thesun)

Photo Credit- instagram/@heywanderer

[Zawgyi]

အေမရိကန္တြင္ အနာဂတ္ခင္ပြန္းေလာင္းမ်ားအား ေမွ်ာ္လင့္ေစာင့္စားရမႈ ျငီးေငြ႔လာေသာ သူငယ္ခ်င္း အမ်ဳိးသမီး ၂ ဦး ေျမကြက္ဝယ္ အိမ္ေဆာက္ကာ အတူေနထိုင္

အေမရိကန္မွ အမ်ိဳးသမီးသူငယ္ခ်င္း ၂ ဦးသည္ အနာဂတ္လက္တြဲေဖာ္မ်ားကို ေစာင့္ဆုိင္းရင္း ျငီးေငြ႔လာ ၾကျပီးေနာက္ ေရ၊ မီး၊ လွ်ပ္စစ္မရွိေသာေနရာတြင္ အိမ္ငယ္ေလးတစ္လုံးေဆာက္ကာ အတူေနထိုင္ရန္ ဆုံးျဖတ္ လိုက္ၾကသည္။

ဆဗားနားႏွင့္ ကာေဆးအမည္ရွိ အမ်ဳိးသမီး ၂ ဦးသည္ စားေသာက္ဆိုင္တစ္ခုတြင္ အလုပ္လုပ္ရင္း ဆံုစည္း ခဲ့ၾကျခင္း ျဖစ္သည္။

ယခုအခါ အပိုဝင္ေငြ ရွာေသာအလုပ္မ်ားမွ ရရွိေသာေငြျဖင့္ ေက်းလက္ေဒသတြင္ ၂ ဦးေပါင္းကာ အိမ္တစ္လံုး ေဆာက္လုပ္ခဲ့ၾကသည္။

(အခင္ဆံုးသူငယ္ခ်င္းမ်ား ျဖစ္ေသာ ဆဗားနားႏွင့္ ကာေဆးတို႔ အိမ္ငယ္ေလးတစ္လုံးအတူေဆာက္ရန္ ဆံုးျဖတ္ခဲ့ၾကသည္။ ဓာတ္ပံု-instagram/@heywanderer)

(သူတို႔ ၂ ဦး ေျမေနရာဝယ္ျပီး အိမ္တစ္လံုး ေဆာက္ခဲ့ရာတြင္ ေပါင္ ၃၉၅၀၀ ကုန္က်ခဲ့သည္။)

ကယ္လီဖိုးနီးယားတြင္ တစ္လခန္႔ စခန္းခ် အပန္းေျဖထြက္ခဲ့ေသာခရီးစဥ္တြင္ ၂ ဦးေပါင္းကာ အိမ္ငယ္တစ္လံုး ေဆာက္ရန္ စိတ္ကူးရခဲ့ျခင္း ျဖစ္သည္။

ယခင္က ေတြ႔ခဲ့သည္မွာ လက္တြဲေဖာ္မ်ား ေတြ႔ရွိလွ်င္ အျမဲေနထိုင္မည့္ အိမ္တစ္လံုးဝယ္မည္ဟု ေတြးခဲ့ၾကသည္။

သို႔ေသာ္ လက္တြဲေဖာ္မေတြ႔ေသးရာ ေစာင့္ဆိုင္းရျခင္းကို ျငီးေငြ႔လာခဲ့ၾကသည္။

ဆဗားနားသည္ အသက္ ၃၅ ႏွစ္ရွိျပီျဖစ္ျပီး ကာေဆးမွာ ၄၃ ႏွစ္ရွိျပီျဖစ္သည္။

သူတို႔ ၂ ဦးက stock tank pools ဟု ေခၚေသာ ေရဇလံုကန္မ်ား ၊ ေရာင္းခ်သည့္ အပိုဝင္ေငြအလုပ္တစ္ခု လုပ္ကိုင္ခဲ့ၾကသည္။

ထိုကန္မ်ားမွာ ယခင္က ႏြား ၊ ဆိတ္ အစရွိသည့္ ေမြးျမဴေရးတိရ စၦာန္မ်ား ေရတုိက္ရန္အသံုးျပဳခဲ့ၾကျပီး ေနာက္ပိုင္းတြင္ ျမဳိ႕ေနလူတန္းစားတို႔က အိမ္ေနာက္ဘက္ေရကူးကန္အျဖစ္ အသံုးျပဳလာၾကသည္။

ကိုဗစ္ေလာ့ေဒါင္းကာလအတြင္း လူအမ်ားစုသည္ မိမိတုိ႔၏ ေနအိမ္မ်ားကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ၾကရာ ကုန္က်စရိတ္သက္သာေသာ ထိုကန္မ်ားမွာ အေရာင္းသြက္လာသည္။

သူတို႔ႏွစ္ဦး ေျမေနရာရွာေဖြၾကရာ ျမိဳ႕တစ္ျမိဳ႕မွ ၂ နာရီခန္႔သြားရေသာ လူသူအလွမ္းကြာေသာေနရာမွ ေျမကြက္ တစ္ခုကို ရွာေတြ႔ခဲ့ၾကသည္။

ယင္းေနာက္ ျခံဝန္းအတြင္း ကားဝင္လမ္းေဖာက္ကာ ၁၂ ေပ× ၃၂ ေပရွိေသာ အသင့္ေဆာက္လုပ္ျပီး အိမ္ တစ္လံုးကို ဝယ္ခဲ့ၾကသည္။

Business Insider သတင္းဌာနသို႔ ကာေဆးက ေျပာသည္မွာ “ေပ်ာ္စရာေကာင္းပါတယ္။ တျခားသူေတြလည္း သူငယ္ခ်င္းေတြနဲ႔ ေပါင္းျပီး ေျမေနရာေတြ ဝယ္သင့္တယ္လို႔ ကၽြန္မ ထင္ပါတယ္” ဟု ေျပာသည္။

အဆိုပါအိမ္ကို မြမ္းမံေနစဥ္အတြင္း သူတို႔ အိမ္မငွားႏိုင္ၾက။ ထို႔ေၾကာင့္ ဗန္ကားေပၚတြင္ စခန္းခ် ေနထိုင္ ခဲ့ၾကသည္။ ၂ ႏွစ္အၾကာတြင္ ယခုအိမ္သို႔ ႏွစ္ဦးသား ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကသည္။

သူတို႔ႏွစ္ဦးအတြက္ အိမ္ျခံေျမေခ်းေငြ အရစ္က်ဆပ္ေနရသည့္ တာဝန္မရွိ။

ေရမီး မရွိေသာေနရာျဖစ္ ေသာေၾကာင့္ ေရမီး အေထြေထြ အခြန္အခမ်ားလည္း မေပးရ။

အင္တာနက္အတြက္ ကုန္က်စရိတ္တစ္ခုသာ ရွိသည္။ သူတို႔ႏွစ္ဦး အိပ္ခန္းတစ္ခုတြင္ အတူအိပ္ၾကသည္။

အိမ္ကို ထင္းသံုးမီးဖိုျဖင့္ အပူဓာတ္ေပးသည္။

လွ်ပ္စစ္အတြက္ အိမ္အမိုးေပၚတြင္ ဆိုလာျပားမ်ား တပ္ဆင္ထားသည္။

ေရခ်ဳိးခန္းအတြက္ သီးျခားအေဆာက္အအံုငယ္တစ္ခု ျပဳလုပ္ထားသည္။

(သူတို႔ႏွစ္ဦးအတြက္ အိမ္ျခံေျမေခ်းေငြ အရစ္က်ဆပ္ေနရသည့္ တာဝန္မရွိ။ ေရမီး မရွိေသာေနရာ ျဖစ္ေသာေၾကာင့္ ေရမီး အေထြေထြ အခြန္အခမ်ားလည္း မေပးရ။ အင္တာနက္အတြက္ ကုန္က်စရိတ္ တစ္ခုသာ ရွိသည္။ ဓာတ္ပံု-instagram/@heywanderer)

(ပင္မအိမ္တြင္ အတူေနၾကျပီး ေရခ်ဳိးရန္အတြက္ သီးျခားအေဆာက္အအံုငယ္တစ္လံုးရွိသည္)

(ကယ္လီဖိုးနီးယားတြင္ စခန္းခ်အပန္းေျဖခဲ့စဥ္ အိမ္ငယ္တစ္လံုးျဖင့္ အတူေနရန္ စိတ္ကူးရခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု-instagram/@heywanderer)

(ခရစၥမတ္အတြက္ ျပင္ဆင္ထားပံု။ ဓာတ္ပံု-instagram/@heywanderer)

(အသင့္ေဆာက္ျပီးေနအိမ္ငယ္ စတင္ေရာက္ရွိလာခ်ိန္က ေတြ႔ရပံု။ ဓာတ္ပံု-instagram/@heywanderer)

(ေနအိမ္အတြင္းပိုင္းကို မြမ္းမံခဲ့ၾကပံု။ ဓာတ္ပံု-instagram/@heywanderer)

(အိမ္ကို ထင္းမီးဖိုျဖင့္ အပူေပးသည္။ ဓာတ္ပံု-instagram/@heywanderer)

(ဆိုလာျပားမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အား ရယူသည္။ ဓာတ္ပံု-instagram/@heywanderer)

(အိမ္တြင္ ၾကက္မ်ားလည္း ေမြးျမဴထားသည္။ ဓာတ္ပံု-instagram/@heywanderer)

(အိမ္သာမွာ သီးျခားအေဆာက္အအံုငယ္တစ္ခုတြင္ ထားရွိသည္။ ဓာတ္ပံု-instagram/@heywanderer)

(ေရခ်ဳိးခန္းကို သစ္ပင္ပန္းမန္မ်ားျဖင့္ အလွဆင္ထားသည္။ ဓာတ္ပံု-instagram/@heywanderer)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I was fed up waiting for a man – so bought land & made a tiny home with my best pal – we share a bedroom but it’s cheap (thesun)

Photo Credit- instagram/@heywanderer

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service