စင်္ကာပူရှိ InterContinental Sigapore ဟိုတယ်က ဧည့်သည်များ တည်းခိုစဉ်ကာလအတွင်း မိုးရွာ သောကြောင့် သွားလာလည်ပတ်မည့် အစီအစဉ်များ ပျက်သည်ဆိုပါက တည်းခိုခ ငွေပြန်အမ်းမည်ဟုဆို

စင်္ကာပူရှိ InterContinental Sigapore ဟိုတယ်က ဧည့်သည်များ တည်းခိုစဉ်ကာလအတွင်း မိုးရွာ သောကြောင့် သွားလာလည်ပတ်မည့် အစီအစဉ်များ ပျက်သည်ဆိုပါက တည်းခိုခ ငွေပြန်အမ်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Mar 2024 11:03 am တွင် တင်ခဲ့သည်
939 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၁၇၁ ရက် မိုးရွာသောနိုင်ငံဖြစ်သည်။

သို့ရာတွင် စင်္ကာပူရှိ ဟိုတယ်တစ်ခုက ဧည့်သည်များ၏ အားလပ်ရက် အပန်းဖြေကာလကို မိုးကြောင့် ပျက်စီးစေမည်မဟုတ်ကြောင်း လောင်းကြေးထပ်လာသည်။

InterContinental Sigapore ဟိုတယ်က စီစဉ်လာသော Rain Resist Bliss အမည်ရှိ Package တွင် ဧည့်သည်များသည် မိုးရွာသောကြောင့် ၎င်းတို့စီစဉ်ထားသော Activity တစ်ခုခု ပျက်ပြားခဲ့ပါက တစ်ညတာ တည်းခိုခ ငွေပြန်အမ်းမည် ဖြစ်သည်။

“ကျွန်တော် သူငယ်ချင်းတစ်စုနဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်။ ပြောဖြစ်တဲ့အထဲမှာ Luxury ခရီးသွားခြင်းရဲ့ နောက်တစ်ဆင့်က ဘာဖြစ်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ တစ်ယောက်က အရွှန်းဖောက်ပြောတာက ရာသီဥတု ကောင်းမွန်မယ်လို့ အာမခံချက်ပေးနိုင်တာဟာ Luxury ခရီးသွားခြင်းရဲ့ နောက်တဆင့် ဖြစ်လိမ့်မယ်လို့ ပြောပါတယ်” ဟု အဆိုပါ ဟိုတယ်၏ အထွေထွေမန်နေဂျာ Andreas Kraemer က CNN သတင်းဌာနသို့ ပြောသည်။

ထိုဖြစ်ရပ်မှ စတင်ကာ မိုးအာမခံ Package စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သတ်မှတ်ချက်များ ရှိသည်။

InterContinental Sigapore က မိုးရွာတိုင်း ငွေထုတ်ပေးမည်ကား မဟုတ်ချေ။

အဆိုပါ ဟိုတယ်၏ ထုတ်ပြန်ချက်အရ နေ့အချိန်များတွင် ၄ နာရီအတွင်း မိုးရွာမှု ၁၁၀ မိနစ်ထက် ကျော်လွန်မှသာ ငွေပြန်အမ်းမည် ဆိုသည်။

ထို့အပြင် Suite များတွင် တည်းခိုနေထိုင်သူများသာ ယခု Package ကို လျှောက်ထားနိုင်သည်။

InterContinental Sigapore တွင် Junior suite များမှာ တစ်ညလျှင် စင်္ကာပူ ဒေါ်လာ ၈၅၀ (ကန်ဒေါ်လာ ၆၃၃) မှစပြီး Presidential suite မှာ တစ်ညလျှင် စင်္ကာပူဒေါ်လာ ၄၅၀၀ (ကန်ဒေါ်လာ ၃၃၄၉) မှ စသည်။

ဟိုတယ်မှ ပြန်အမ်းမည့်ငွေမှာ Voucher အဖြစ် ပေးမည်ဖြစ်ပြီး ထို Voucher ကို InterContinental Sigapore တွင် တစ်ပတ်အတွင်း အသုံးပြုရမည် ဖြစ်သည်။

အထွေထွေမန်နေဂျာ Kraemer အကြိုက် မိုးရွာသောနေ့များတွင် စင်္ကာပူ၌ လုပ်ဆောင်ဖွယ်ရာများအနက် အာရှယဉ်ကျေးမှု ပြတိုက်သို့ အလည်သွားခြင်း ၊ Tiger ဘီယာစက်ရုံသို့ အလည်သွားခြင်းနှင့် ဂျပန်စာအုပ်ဆိုင် Kinokuniya တွင် စာအုပ်ဝယ်ခြင်းတို့ ပါဝင်သည်။

ဘာလီကျွန်းမှ ဟိုတယ်တစ်ခုဆိုလျှင် ဧည့်သည်တော်များအား ပေါ့ပါးလွတ်လပ်စွာ အပန်းဖြေနိုင်ရန် ရည်ရွယ်ကာ ရေကူးကန်ဘေးတွင် ဖုန်းနှင့် အခြားလျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကို တားမြစ်ထားသည်။

Park Hyatt New York အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများစွာတွင် White noise စက်များ ၊ လေးလံသောစောင်များနှင့် အိပ်ချိန်တွင် အထူးတိုက်ကျွေးသော လက်ဖက်ရည်များဖြင့် နှစ်ခြိုက်စွာ အိပ်မောကျစေရန် အထူးအိပ်ခန်းများ ဖန်တီးပေးလာကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore hotel will pay you if it rains during your vacation (CNN)

Photo Credit: Getty Images

[Zawgyi]

စကၤာပူရွိ InterContinental Sigapore ဟိုတယ္က ဧည့္သည္မ်ား တည္းခုိစဥ္ကာလအတြင္း မိုးရြာ ေသာေၾကာင့္ သြားလာလည္ပတ္မည့္ အစီအစဥ္မ်ား ပ်က္သည္ဆိုပါက တည္းခိုခ ေငြျပန္အမ္းမည္ဟုဆို

စကၤာပူသည္ ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ ၁၇၁ ရက္ မိုးရြာေသာႏိုင္ငံျဖစ္သည္။

သို႔ရာတြင္ စကၤာပူရွိ ဟိုတယ္တစ္ခုက ဧည့္သည္မ်ား၏ အားလပ္ရက္ အပန္းေျဖကာလကို မိုးေၾကာင့္ ပ်က္စီးေစမည္မဟုတ္ေၾကာင္း ေလာင္းေၾကးထပ္လာသည္။

InterContinental Sigapore ဟိုတယ္က စီစဥ္လာေသာ Rain Resist Bliss အမည္ရွိ Package တြင္ ဧည့္သည္မ်ားသည္ မိုးရြာေသာေၾကာင့္ ၎တို႔စီစဥ္ထားေသာ Activity တစ္ခုခု ပ်က္ျပားခဲ့ပါက တစ္ညတာ တည္းခုိခ ေငြျပန္အမ္းမည္ ျဖစ္သည္။

“ကၽြန္ေတာ္ သူငယ္ခ်င္းတစ္စုနဲ႔ စကားစျမည္ေျပာျဖစ္ခဲ့တယ္။ ေျပာျဖစ္တဲ့အထဲမွာ Luxury ခရီးသြားျခင္းရဲ႕ ေနာက္တစ္ဆင့္က ဘာျဖစ္မလဲဆိုတာ ေဆြးေႏြးခဲ့ပါတယ္။ တစ္ေယာက္က အရႊန္းေဖာက္ေျပာတာက ရာသီဥတု ေကာင္းမြန္မယ္လုိ႔ အာမခံခ်က္ေပးႏိုင္တာဟာ Luxury ခရီးသြားျခင္းရဲ႕ ေနာက္တဆင့္ ျဖစ္လိမ့္မယ္လို႔ ေျပာပါတယ္” ဟု အဆိုပါ ဟိုတယ္၏ အေထြေထြမန္ေနဂ်ာ Andreas Kraemer က CNN သတင္းဌာနသို႔ ေျပာသည္။

ထိုျဖစ္ရပ္မွ စတင္ကာ မိုးအာမခံ Package စတင္ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ သတ္မွတ္ခ်က္မ်ား ရွိသည္။

InterContinental Sigapore က မိုးရြာတိုင္း ေငြထုတ္ေပးမည္ကား မဟုတ္ေခ်။

အဆုိပါ ဟိုတယ္၏ ထုတ္ျပန္ခ်က္အရ ေန႔အခ်ိန္မ်ားတြင္ ၄ နာရီအတြင္း မိုးရြာမႈ ၁၁၀ မိနစ္ထက္ ေက်ာ္လြန္မွသာ ေငြျပန္အမ္းမည္ ဆုိသည္။

ထို႔အျပင္ Suite မ်ားတြင္ တည္းခုိေနထုိင္သူမ်ားသာ ယခု Package ကို ေလွ်ာက္ထားႏိုင္သည္။

InterContinental Sigapore တြင္ Junior suite မ်ားမွာ တစ္ညလွ်င္ စကၤာပူ ေဒၚလာ ၈၅၀ (ကန္ေဒၚလာ ၆၃၃) မွစျပီး Presidential suite မွာ တစ္ညလွ်င္ စကၤာပူေဒၚလာ ၄၅၀၀ (ကန္ေဒၚလာ ၃၃၄၉) မွ စသည္။

ဟိုတယ္မွ ျပန္အမ္းမည့္ေငြမွာ Voucher အျဖစ္ ေပးမည္ျဖစ္ျပီး ထုိ Voucher ကို InterContinental Sigapore တြင္ တစ္ပတ္အတြင္း အသံုးျပဳရမည္ ျဖစ္သည္။

အေထြေထြမန္ေနဂ်ာ Kraemer အၾကိဳက္ မိုးရြာေသာေန႔မ်ားတြင္ စကၤာပူ၌ လုပ္ေဆာင္ဖြယ္ရာမ်ားအနက္ အာရွယဥ္ေက်းမႈ ျပတိုက္သို႔ အလည္သြားျခင္း ၊ Tiger ဘီယာစက္ရံုသို႔ အလည္သြားျခင္းႏွင့္ ဂ်ပန္စာအုပ္ဆုိင္ Kinokuniya တြင္ စာအုပ္ဝယ္ျခင္းတုိ႔ ပါဝင္သည္။

ဘာလီကၽြန္းမွ ဟိုတယ္တစ္ခုဆိုလွ်င္ ဧည့္သည္ေတာ္မ်ားအား ေပါ့ပါးလြတ္လပ္စြာ အပန္းေျဖႏိုင္ရန္ ရည္ရြယ္ကာ ေရကူးကန္ေဘးတြင္ ဖုန္းႏွင့္ အျခားလွ်ပ္စစ္ပစၥည္းမ်ား အသံုးျပဳျခင္းကို တားျမစ္ထားသည္။

Park Hyatt New York အပါအဝင္ ကမၻာတစ္ဝန္းရွိ ဟိုတယ္မ်ားႏွင့္ အပန္းေျဖစခန္းမ်ားစြာတြင္ White noise စက္မ်ား ၊ ေလးလံေသာေစာင္မ်ားႏွင့္ အိပ္ခ်ိန္တြင္ အထူးတိုက္ေကၽြးေသာ လက္ဖက္ရည္မ်ားျဖင့္ ႏွစ္ျခိဳက္စြာ အိပ္ေမာက်ေစရန္ အထူးအိပ္ခန္းမ်ား ဖန္တီးေပးလာၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore hotel will pay you if it rains during your vacation (CNN)

Photo Credit: Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service