အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီမှာ အလွန်အယူသီးပြီး ကံကောင်းသည်ဟု ဆိုသော သံလွင်ပင်ကြီး ၂ ပင်ကို စပိန်နိုင်ငံမှတဆင့် အိန္ဒိယရှိ သူ၏ မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့သောအိမ်သို့ ဒေါ်လာ ၁၂၀၀၀၀ အကုန်ခံကာ သယ်ယူ

အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီမှာ အလွန်အယူသီးပြီး ကံကောင်းသည်ဟု ဆိုသော သံလွင်ပင်ကြီး ၂ ပင်ကို စပိန်နိုင်ငံမှတဆင့် အိန္ဒိယရှိ သူ၏ မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့သောအိမ်သို့ ဒေါ်လာ ၁၂၀၀၀၀ အကုန်ခံကာ သယ်ယူ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2024 1:32 pm တွင် တင်ခဲ့သည်
1575 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ Reliance Industries ပိုင်ရှင်ဖြစ်သူ မူကက်ရှ်အမ်ဘာနီသည် ဇာတိမြို့ ဖြစ်သော အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၊ Jamnagar မြို့ကို သူ၏ နှလုံးသားအတွင်း အထူးတန်ဖိုးထားသည်။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ကန်ဒေါ်လာ ၁၁၃ ဘီလီယံအထိ ချမ်းသာကြွယ်ဝသော မူကက်ရှ် အမ်ဘာနီသည် သူ၏ဇာစ်မြစ်ကို မမေ့။

ထိုမြို့လေးသည် သူ၏ မိခင်ကြီး မွေးဖွားရာ နေရာဖြစ်သည့်အပြင် ဖခင်၏ စီးပွားရေးလုပ်ငန်း စတင်သည့် နေရာလည်း ဖြစ်သည်။

မကြာသေးမီက ဖေ့စ်ဘုတ်တည်ထောင်သူ Mark Zuckerberg အပါအဝင် ကမ္ဘာကျော်ကြယ်ပွင့်များစွာကို ဖိတ်ခေါ်ကာ မင်္ဂလာအကြိုပွဲ ကျင်းပခဲ့သော အငယ်ဆုံးသား အာနန့် အမ်ဘာနီက ထိုပွဲကို Jamnagar မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုမြို့တွင် ကမ္ဘာ့အကြီးမားဆုံး ရေနံချက်စက်ရုံကြီးရှိပြီး ထိုစက်ရုံကြီးကို မူကက်ရှ်အမ်ဘာနီက ပိုင်ဆိုင်သည်။

(စပိန်နိုင်ငံမှ သံလွင်ပင်ကြီး ၂ ပင်ကို ထရပ်ကားများဖြင့် ကီလိုမီတာ ၁၈၀၀ ခရီး ဖြတ်သန်းကာ သယ်ယူခဲ့ သည်။ ဓာတ်ပုံ-Via Twitter/@Pavanjourno)

 

မူကက်ရှ်အမ်ဘာနီသည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် စပိန်မှ ရှားပါးသံလွင်ပင်ကြီး ၂ ပင်ကို ဒေါ်လာ ၁၀၀၀၀၀ ကျော်ပေးကာ ဝယ်ယူခဲ့သည်။

အလွန်ဈေးကြီးလှသော်လည်း သက်တမ်း နှစ် ၁၇၀ မှ နှစ် ၂၀၀ ကြားရှိသော ရှားပါးသံလွင်ပင်ကြီး ၂ ပင်သည် ကံကြမ္မာကောင်းများ ဆောင်ကြဉ်းပေးသော အပင်များအဖြစ် လူသိများရာ ထိုအချက်ကို မူကက်ရှ်အမ်ဘာနီ အလွန်သဘောကျသည်။

ထို့အပြင် ဤအပင်ကြီးများသည် အလွန်သက်တမ်းကြာရှည်စွာ ရှင်သန်နိုင်သော အပင်များဖြစ်ရာ မူကက်ရှ် အမ်ဘာနီနှင့် မိသားစုအတွက် နှစ်ပေါင်း ရာထောင်ချီ ကံကောင်းမှုများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။

(ဂူဂျာရတ်ပြည်နယ်ရှိ မူကက်ရှ်အမ်ဘာနီ၏ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီး )

 

ဤသံလွင်ပင် မျိုးစိတ်သည် အိန္ဒိယတွင် မပေါက်ရောက်။

သို့သော် ငွေသည် အရာများစွာကို ပြီးစီးနိုင်စေရာ ကံကောင်းစေသော သံလွင်ပင်များနှင့် ကံကောင်းသူ မူကက်ရှ်အမ်ဘာနီအကြား မည်သည့်တံတိုင်းမှ ခြားနားထားနိုင်ခြင်းမရှိတော့ချေ။

The Hindu သတင်းဌာန၏ ဖော်ပြချက်အရ သံလွင်ပင်များကို စပိန်နိုင်ငံမှ အိန္ဒိယသို့ ထရပ်ကားများဖြင့် သယ်ဆောင်ခဲ့ပြီး ပျိုးဥယျာဉ်တစ်ခုတွင် ထားရှိခဲ့ကြောင်း ၊ ပလတ်စတစ်အိတ်ပါးများဖြင့် ဂရုတစိုက်ထုတ်ပိုးကာ သယ်ဆောင်ခဲ့ပြီး ကားကိုလည်း တစ်နာရီ ၃၀ ကီလိုမီတာထက် ပိုမမောင်းဘဲ ထိန်းသိမ်းသယ်ယူခဲ့ရာ ၅ ရက် ခန့် သယ်ယူခဲ့ရကြောင်း ဖော်ပြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံ ၊ အန်ဒရာ ပရာဒက်ပြည်နယ်ရှိ Gowthami ပျိုးဥယျာဉ်တွင် လူ ၆ ဦးပါသောအဖွဲ့က ထိုအပင်များကို အိန္ဒိယ၏ ရာသီဥတုနှင့် ကျင့်သားရသွားစေရန် ၂ နှစ်ခန့် ထိန်းသိမ်းပေးခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Asia’s richest man, Mukesh Ambani, is so superstitious that he spent $120,000 to import two olive trees from Spain to his ancestral home in India (luxurylaunches)

Photo Credit: Twitter / @PavanJourno

 

 

[Zawgyi]

အာရွတုိက္၏ အခ်မ္းသာဆံုးပုဂၢိဳလ္ မူကက္ရွ္အမ္ဘာနီမွာ အလြန္အယူသီးျပီး ကံေကာင္းသည္ဟု ဆိုေသာ သံလြင္ပင္ၾကီး ၂ ပင္ကို စပိန္ႏိုင္ငံမွတဆင့္ အိႏိၵယရွိ သူ၏ မ်ိဳးရိုးစဥ္ဆက္ေနထိုင္ခဲ့ေသာအိမ္သို႔ ေဒၚလာ ၁၂၀၀၀၀ အကုန္ခံကာ သယ္ယူ၊ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ အပင္ၾကီးမ်ားျဖစ္ျပီး ကီလိုမီတာေပါင္း ၁၈၀၀ ခရီးကို အထူးထရပ္ကားမ်ားျဖင့္ တစ္နာရီ ကီလိုမီတာ ၃၀ ႏႈန္း ေမာင္းႏွင္သယ္ယူခဲ့ျခင္းျဖစ္

 

အာရွတိုက္၏ အခ်မ္းသာဆံုးပုဂၢိဳလ္၊ Reliance Industries ပိုင္ရွင္ျဖစ္သူ မူကက္ရွ္အမ္ဘာနီသည္ ဇာတိျမဳိ႕ ျဖစ္ေသာ အိႏိၵယႏိုင္ငံ ဂူဂ်ာရတ္ျပည္နယ္၊ Jamnagar ျမဳိ႕ကို သူ၏ ႏွလံုးသားအတြင္း အထူးတန္ဖိုးထားသည္။

Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ ကန္ေဒၚလာ ၁၁၃ ဘီလီယံအထိ ခ်မ္းသာၾကြယ္ဝေသာ မူကက္ရွ္ အမ္ဘာနီသည္ သူ၏ဇာစ္ျမစ္ကို မေမ့။

ထိုျမိဳ႕ေလးသည္ သူ၏ မိခင္ၾကီး ေမြးဖြားရာ ေနရာျဖစ္သည့္အျပင္ ဖခင္၏ စီးပြားေရးလုပ္ငန္း စတင္သည့္ ေနရာလည္း ျဖစ္သည္။

မၾကာေသးမီက ေဖ့စ္ဘုတ္တည္ေထာင္သူ Mark Zuckerberg အပါအဝင္ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစြာကို ဖိတ္ေခၚကာ မဂၤလာအၾကိဳပြဲ က်င္းပခဲ့ေသာ အငယ္ဆံုးသား အာနန္႔ အမ္ဘာနီက ထုိပြဲကို Jamnagar ျမဳိ႕တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

ထိုျမဳိ႕တြင္ ကမၻာ့အၾကီးမားဆံုး ေရနံခ်က္စက္ရံုၾကီးရွိျပီး ထိုစက္ရံုၾကီးကို မူကက္ရွ္အမ္ဘာနီက ပိုင္ဆုိင္သည္။

 

(စပိန္ႏိုင္ငံမွ သံလြင္ပင္ၾကီး ၂ ပင္ကို ထရပ္ကားမ်ားျဖင့္ ကီလိုမီတာ ၁၈၀၀ ခရီး ျဖတ္သန္းကာ သယ္ယူခဲ့ သည္။ ဓာတ္ပုံ-Via Twitter/@Pavanjourno)

မူကက္ရွ္အမ္ဘာနီသည္ ၂၀၂၁ ႏွစ္ကုန္ပုိင္းတြင္ စပိန္မွ ရွားပါးသံလြင္ပင္ၾကီး ၂ ပင္ကို ေဒၚလာ ၁၀၀၀၀၀ ေက်ာ္ေပးကာ ဝယ္ယူခဲ့သည္။

အလြန္ေစ်းၾကီးလွေသာ္လည္း သက္တမ္း ႏွစ္ ၁၇၀ မွ ႏွစ္ ၂၀၀ ၾကားရွိေသာ ရွားပါးသံလြင္ပင္ၾကီး ၂ ပင္သည္ ကံၾကမၼာေကာင္းမ်ား ေဆာင္ၾကဥ္းေပးေသာ အပင္မ်ားအျဖစ္ လူသိမ်ားရာ ထုိအခ်က္ကုိ မူကက္ရွ္အမ္ဘာနီ အလြန္သေဘာက်သည္။

ထို႔အျပင္ ဤအပင္ၾကီးမ်ားသည္ အလြန္သက္တမ္းၾကာရွည္စြာ ရွင္သန္ႏိုင္ေသာ အပင္မ်ားျဖစ္ရာ မူကက္ရွ္ အမ္ဘာနီႏွင့္ မိသားစုအတြက္ ႏွစ္ေပါင္း ရာေထာင္ခ်ီ ကံေကာင္းမႈမ်ား ေဆာင္ၾကဥ္းေပးႏိုင္မည္ျဖစ္သည္။

 

(ဂူဂ်ာရတ္ျပည္နယ္ရွိ မူကက္ရွ္အမ္ဘာနီ၏ မ်ဳိးရိုးစဥ္ဆက္ ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ၾကီး )

ဤသံလြင္ပင္ မ်ဳိးစိတ္သည္ အိႏိၵယတြင္ မေပါက္ေရာက္။

သို႔ေသာ္ ေငြသည္ အရာမ်ားစြာကို ျပီးစီးႏိုင္ေစရာ ကံေကာင္းေစေသာ သံလြင္ပင္မ်ားႏွင့္ ကံေကာင္းသူ မူကက္ရွ္အမ္ဘာနီအၾကား မည္သည့္တံတုိင္းမွ ျခားနားထားႏိုင္ျခင္းမရွိေတာ့ေခ်။

The Hindu သတင္းဌာန၏ ေဖာ္ျပခ်က္အရ သံလြင္ပင္မ်ားကို စပိန္ႏိုင္ငံမွ အိႏိၵယသို႔ ထရပ္ကားမ်ားျဖင့္ သယ္ေဆာင္ခဲ့ျပီး ပ်ဳိးဥယ်ာဥ္တစ္ခုတြင္ ထားရွိခဲ့ေၾကာင္း ၊ ပလတ္စတစ္အိတ္ပါးမ်ားျဖင့္ ဂရုတစိုက္ထုတ္ပိုးကာ သယ္ေဆာင္ခဲ့ျပီး ကားကိုလည္း တစ္နာရီ ၃၀ ကီလိုမီတာထက္ ပိုမေမာင္းဘဲ ထိန္းသိမ္းသယ္ယူခဲ့ရာ ၅ ရက္ ခန္႔ သယ္ယူခဲ့ရေၾကာင္း ေဖာ္ျပသည္။

ယင္းေနာက္ အိႏိၵယႏိုင္ငံ ၊ အန္ဒရာ ပရာဒက္ျပည္နယ္ရွိ Gowthami ပ်ဳိးဥယ်ာဥ္တြင္ လူ ၆ ဦးပါေသာအဖြဲ႔က ထိုအပင္မ်ားကို အိႏိၵယ၏ ရာသီဥတုႏွင့္ က်င့္သားရသြားေစရန္ ၂ ႏွစ္ခန္႔ ထိန္းသိမ္းေပးခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Asia’s richest man, Mukesh Ambani, is so superstitious that he spent $120,000 to import two olive trees from Spain to his ancestral home in India (luxurylaunches)

Photo Credit: Twitter / @PavanJourno

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service