တိုက်တန်းနစ်သင်္ဘောကြီးအား စူးစမ်းလေ့လာသည့် ခရီးစဉ်တွင် အတွင်းကျွံဝင်ပေါက်ကွဲမှု ဖြစ်ပွားကာ လိုက်ပါသူအားလုံး သေဆုံးခဲ့သော Titan ရေငုပ်ယာဉ်ပေါ်၌ လိုက်ပါခဲ့သည့် တိုက်တန်းနစ် ကျွမ်းကျင်ပညာရှင် ပေါလ် ဟင်နရီ၏ စံအိမ် အရောင်းဈေးကွက်ဝင်လာ

တိုက်တန်းနစ်သင်္ဘောကြီးအား စူးစမ်းလေ့လာသည့် ခရီးစဉ်တွင် အတွင်းကျွံဝင်ပေါက်ကွဲမှု ဖြစ်ပွားကာ လိုက်ပါသူအားလုံး သေဆုံးခဲ့သော Titan ရေငုပ်ယာဉ်ပေါ်၌ လိုက်ပါခဲ့သည့် တိုက်တန်းနစ် ကျွမ်းကျင်ပညာရှင် ပေါလ် ဟင်နရီ၏ စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Mar 2024 11:51 am တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Titan ရေငုပ်ယာဉ် အတွင်းကျွံဝင် ပေါက်ကွဲမှု)

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် အမေရိကန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် စူးစမ်းလေ့လာရေးကုမ္ပဏီ ဖြစ်သော OceanGate မှ ပိုင်ဆိုင်သော Titan အမည်ရှိ ရေငုပ်ယာဉ်ငယ်သည် နယူးဖောင်လန်၏ ကမ်းလွန် ပင်လယ်ပြင် အတ္တလန္တိတ် သမုဒ္ဒရာအောက်တွင် နစ်မြှုပ်နေသော တိုက်တန်းနစ် သင်္ဘောပျက်ကြီး အား စူးစမ်းလေ့လာသည့် ခရီးစဉ်၌ အတွင်းကျွံဝင်ပေါက်ကွဲမှုဖြစ်ပွားကာ ယာဉ်ပေါ်တွင် လိုက်ပါသူအားလုံး သေဆုံးခဲ့ရသည်။

Titan တွင် လိုက်ပါခဲ့သူများမှာ OceanGate ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စတော့တန် ရပ်ရှ် (Stockton Rush) ၊ ပြင်သစ်လူမျျိုး ကမ်းလွန်ပင်လယ်စူးစမ်းလေ့လာသူ-တိုက်တန်းနစ် ကျွမ်းကျင်ပညာရှင် ပေါလ် ဟင်နရီ နာဂျီလက် (Paul-Henry Nargeolet)၊ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် ဟေးမစ်ရှ် ဟာဒင် (Hamish Harding)၊ ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင် ရှားဇဒါ ဒါဝဒ် (Shahzada Dawood)နှင့် ၎င်း၏ သားဖြစ်သူ ဆူလေမန်တို့ ဖြစ်သည်။

နစ်မြုပ်ခဲ့သော တည်နေရာ- မြောက်လတ္တီကျု ၄၁ ဒီဂရီ ၄၃ မိနစ် ၄၂ စက္ကန့် ၊ အနောက်လောင်ဂျီကျု ၄၉ ဒီဂရီ ၅၆ မိနစ် ၃၂ စက္ကန့်

((မစ္စတာ တိုက်တန်းနစ်၏ စံအိမ်))

Titan ရေငုပ်ယာဉ် အတွင်းကျွံဝင်ပေါက်ကွဲမှုတွင် သေဆုံးခဲ့သော ပြင်သစ်လူမျိုး ကမ်းလွန်ပင်လယ် စူးစမ်းလေ့လာသူ၊ တိုက်တန်းနစ် ကျွမ်းကျင်ပညာရှင် ပေါလ် ဟင်နရီ နာဂျီလက် နောက်ဆုံးနေထိုင်သွားသော စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

မစ္စတာ တိုက်တန်းနစ်ဟု လူသိများသူ ပေါလ်ဟင်နရီသည် ၂ ဒသမ ၇၄ ဧက ကျယ်ဝန်းသော ခြံဝန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နယူးယောက်ပြည်နယ် ၊ Dutchess ခရိုင် Whaley ရေကန်ကြီးအနီး Route 292 လမ်း၊ အမှတ် ၁၀၁၈ တွင် တည်ရှိသည်။

အိပ်ခန်း ၄ ခန်း ၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး စိတ်ကြိုက်ဆောက်လုပ်ထားသောအိမ်ဖြစ်ကာ ရေကန်နှင့် ကမ်းခြေ ထိစပ်မှု ၅၁၅ ပေ ပိုင်ဆိုင်ထားကာ ဆိပ်ခံတစ်ခု ပါဝင်သည်။

(ပေါလ်ဟင်နရီ နာဂျီလက်။ ဓာတ်ပုံ-AFP)

“သူ့ဘဝတစ်လျှောက်လုံး ရေထဲမှာ ကုန်လွန်ဖြတ်သန်းခဲ့ပါတယ်။ ဒါကြောင့် ရေကို မြင်လိုစိတ် ရှိမယ်လို့ ကျွန်တော် မှန်းဆမိပါတယ်”ဟု အရောင်းဈေးကွက် တင်ပေးသော Houlihan Lawrence Brewster အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ရေဂင် အင်ဒရူးစ်က Realtor နှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။

“သူက ဒီအိမ်ကို နှစ်သက်မြတ်နိုးပါတယ်။ အကြောင်းကတော့ ရေစပ်မှာ ရှိလို့ပါပဲ။”

ပေါလ်ဟင်နရီ အချိန်မတန်မီ သေဆုံးခဲ့ရပြီးနောက်ပိုင်း အမွေဆက်ခံသူတို့က နေအိမ်ကို ရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။

(ပေါလ်ဟင်နရီ နောက်ဆုံးနေထိုင်သွားသောအိမ်။ ဓာတ်ပုံ- Justin P.for Digital Homes)

(ပေါလ်ဟင်နရီနှင့် ဇနီးတို့ ရေကူးလေ့ရှိခဲ့သော ဆိပ်ခံနေရာ။ ဓာတ်ပုံ- Justin P.for Digital Homes)

(ပေါလ်ဟင်နရီ ၊ မိတ်ဆွေများနှင့် မိသားစု အပန်းဖြေလေ့ရှိသော ရှုခင်းကြည့် Deck နေရာ။ ဓာတ်ပုံ- Justin P.for Digital Homes)

(ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများရှိသည့် ဧည့်ခန်း။ ဓာတ်ပုံ- Justin P.for Digital Homes)

(ပေါလ်ဟင်နရီ သုတေသန ပြုလုပ်လေ့ရှိသည့် အခန်း။ ဓာတ်ပုံ- Justin P.for Digital Homes)

(အိမ်အနီးတွင် နေထိုင်သော မိတ်ဆွေများအား ဧည့်ခံလေ့ရှိသည့် မီးဖိုဆောင်။ ဓာတ်ပုံ- Justin P.for Digital Homes)

(တကိုယ်ရေလုံခြုံမှုရှိခြင်းကို ပေါလ်ဟင်နရီက သဘောကျသည်။ ဓာတ်ပုံ- Justin P.for Digital Homes)

(Whaley ရေကန်ကြီးသည် ကန်စပ်တွင် နေထိုင်သူများနှင့် ထိုအိမ်များသို့ လာရောက်လည်ပတ်သူများသာ ထိတွေ့ခွင့်ရှိသော ကန်ကြီး ဖြစ်သည်။ ဓာတ်ပုံ- Justin P.for Digital Homes)

ပေါလ်ဟင်နရီ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ အန်း ဆာရက်ဇ် ဘောနက် ၊ သမီးနှစ်ဦး ဖြစ်သော ခလိုဝီနှင့် ဆီဒူနီ၊ သားဖြစ်သူ ဂျူလီယန်နှင့် မယားပါသား ဂျွန် နသန်နီယယ် ပါ့ရှယ်တို့ ကျန်ရစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Home of ‘Mr. Titanic’ Paul-Henri Nargeolet hits the market — 8 months after sub tragedy (nypost)

Photo Credit: AFP, Justin P.for Digital Homes

[Zawgyi]

တိုက္တန္းနစ္သေဘၤာၾကီးအား စူးစမ္းေလ့လာသည့္ ခရီးစဥ္တြင္ အတြင္းကၽြံဝင္ေပါက္ကြဲမႈ ျဖစ္ပြားကာ လိုက္ပါသူအားလံုး ေသဆံုးခဲ့ေသာ Titan ေရငုပ္ယာဥ္ေပၚ၌ လိုက္ပါခဲ့သည့္ တိုက္တန္းနစ္ ကၽြမ္းက်င္ပညာရွင္ ေပါလ္ ဟင္နရီ၏ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

(Titan ေရငုပ္ယာဥ္ အတြင္းကၽြံဝင္ ေပါက္ကြဲမႈ)

၂၀၂၃ ခုႏွစ္၊ ဇြန္လ ၁၅ ရက္တြင္ အေမရိကန္ ကမၻာလွည့္ခရီးသြားလုပ္ငန္းႏွင့္ စူးစမ္းေလ့လာေရးကုမၸဏီ ျဖစ္ေသာ OceanGate မွ ပိုင္ဆိုင္ေသာ Titan အမည္ရွိ ေရငုပ္ယာဥ္ငယ္သည္ နယူးေဖာင္လန္၏ ကမ္းလြန္ ပင္လယ္ျပင္ အတၱလႏၱိတ္ သမုဒၵရာေအာက္တြင္ နစ္ျမွဳပ္ေနေသာ တိုက္တန္းနစ္ သေဘၤာပ်က္ၾကီး အား စူးစမ္းေလ့လာသည့္ ခရီးစဥ္၌ အတြင္းကၽြံဝင္ေပါက္ကြဲမႈျဖစ္ပြားကာ ယာဥ္ေပၚတြင္ လိုက္ပါသူအားလံုး ေသဆံုးခဲ့ရသည္။

Titan တြင္ လိုက္ပါခဲ့သူမ်ားမွာ OceanGate ကုမၸဏီကို ပူးတြဲတည္ေထာင္သူ စေတာ့တန္ ရပ္ရွ္ (Stockton Rush) ၊ ျပင္သစ္လူမ်ဳ်ိး ကမ္းလြန္ပင္လယ္စူးစမ္းေလ့လာသူ-တိုက္တန္းနစ္ ကၽြမ္းက်င္ပညာရွင္ ေပါလ္ ဟင္နရီ နာဂ်ီလက္ (Paul-Henry Nargeolet)၊ ျဗိတိန္ စီးပြားေရးလုပ္ငန္းရွင္ ေဟးမစ္ရွ္ ဟာဒင္ (Hamish Harding)၊ ပါကစၥတန္ စီးပြားေရးလုပ္ငန္းရွင္ ရွားဇဒါ ဒါဝဒ္ (Shahzada Dawood)ႏွင့္ ၎၏ သားျဖစ္သူ ဆူေလမန္တို႔ ျဖစ္သည္။

နစ္ျမဳပ္ခဲ့ေသာ တည္ေနရာ- ေျမာက္လတၱီက်ဳ ၄၁ ဒီဂရီ ၄၃ မိနစ္ ၄၂ စကၠန္႔ ၊ အေနာက္ေလာင္ဂ်ီက်ဳ ၄၉ ဒီဂရီ ၅၆ မိနစ္ ၃၂ စကၠန္႔

((မစၥတာ တိုက္တန္းနစ္၏ စံအိမ္))

Titan ေရငုပ္ယာဥ္ အတြင္းကၽြံဝင္ေပါက္ကြဲမႈတြင္ ေသဆံုးခဲ့ေသာ ျပင္သစ္လူမ်ဳိး ကမ္းလြန္ပင္လယ္ စူးစမ္းေလ့လာသူ၊ တိုက္တန္းနစ္ ကၽြမ္းက်င္ပညာရွင္ ေပါလ္ ဟင္နရီ နာဂ်ီလက္ ေနာက္ဆံုးေနထိုင္သြားေသာ စံအိမ္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

မစၥတာ တိုက္တန္းနစ္ဟု လူသိမ်ားသူ ေပါလ္ဟင္နရီသည္ ၂ ဒသမ ၇၄ ဧက က်ယ္ဝန္းေသာ ျခံဝန္းကို ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ကန္ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

နယူးေယာက္ျပည္နယ္ ၊ Dutchess ခရိုင္ Whaley ေရကန္ၾကီးအနီး Route 292 လမ္း၊ အမွတ္ ၁၀၁၈ တြင္ တည္ရွိသည္။

အိပ္ခန္း ၄ ခန္း ၊ ေရခ်ဳိးခန္း ၄ ခန္းပါဝင္ျပီး စိတ္ၾကိဳက္ေဆာက္လုပ္ထားေသာအိမ္ျဖစ္ကာ ေရကန္ႏွင့္ ကမ္းေျခ ထိစပ္မႈ ၅၁၅ ေပ ပိုင္ဆိုင္ထားကာ ဆိပ္ခံတစ္ခု ပါဝင္သည္။

(ေပါလ္ဟင္နရီ နာဂ်ီလက္။ ဓာတ္ပံု-AFP)

“သူ႔ဘဝတစ္ေလွ်ာက္လံုး ေရထဲမွာ ကုန္လြန္ျဖတ္သန္းခဲ့ပါတယ္။ ဒါေၾကာင့္ ေရကို ျမင္လိုစိတ္ ရွိမယ္လို႔ ကၽြန္ေတာ္ မွန္းဆမိပါတယ္”ဟု အေရာင္းေစ်းကြက္ တင္ေပးေသာ Houlihan Lawrence Brewster အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ ေရဂင္ အင္ဒရူးစ္က Realtor ႏွင့္ သီးသန္႔အင္တာဗ်ဴးတြင္ ေျပာသည္။

“သူက ဒီအိမ္ကို ႏွစ္သက္ျမတ္ႏိုးပါတယ္။ အေၾကာင္းကေတာ့ ေရစပ္မွာ ရွိလို႔ပါပဲ။”

ေပါလ္ဟင္နရီ အခ်ိန္မတန္မီ ေသဆံုးခဲ့ရျပီးေနာက္ပိုင္း အေမြဆက္ခံသူတို႔က ေနအိမ္ကို ေရာင္းခ်ရန္ ဆံုးျဖတ္လိုက္ၾကသည္။

(ေပါလ္ဟင္နရီ ေနာက္ဆံုးေနထိုင္သြားေသာအိမ္။ ဓာတ္ပုံ- Justin P.for Digital Homes)

(ေပါလ္ဟင္နရီႏွင့္ ဇနီးတို႔ ေရကူးေလ့ရွိခဲ့ေသာ ဆိပ္ခံေနရာ။ ဓာတ္ပုံ- Justin P.for Digital Homes)

(ေပါလ္ဟင္နရီ ၊ မိတ္ေဆြမ်ားႏွင့္ မိသားစု အပန္းေျဖေလ့ရွိေသာ ရႈခင္းၾကည့္ Deck ေနရာ။ ဓာတ္ပုံ- Justin P.for Digital Homes)

(ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ ျပတင္းမ်ားရွိသည့္ ဧည့္ခန္း။ ဓာတ္ပုံ- Justin P.for Digital Homes)

(ေပါလ္ဟင္နရီ သုေတသန ျပဳလုပ္ေလ့ရွိသည့္ အခန္း။ ဓာတ္ပုံ- Justin P.for Digital Homes)

(အိမ္အနီးတြင္ ေနထိုင္ေသာ မိတ္ေဆြမ်ားအား ဧည့္ခံေလ့ရွိသည့္ မီးဖိုေဆာင္။ ဓာတ္ပုံ- Justin P.for Digital Homes)

(တကိုယ္ေရလံုျခံဳမႈရွိျခင္းကို ေပါလ္ဟင္နရီက သေဘာက်သည္။ ဓာတ္ပုံ- Justin P.for Digital Homes)

(Whaley ေရကန္ၾကီးသည္ ကန္စပ္တြင္ ေနထုိင္သူမ်ားႏွင့္ ထိုအိမ္မ်ားသို႔ လာေရာက္လည္ပတ္သူမ်ားသာ ထိေတြ႔ခြင့္ရွိေသာ ကန္ၾကီး ျဖစ္သည္။ ဓာတ္ပုံ- Justin P.for Digital Homes)

ေပါလ္ဟင္နရီ ကြယ္လြန္ခ်ိန္တြင္ ဇနီးျဖစ္သူ အန္း ဆာရက္ဇ္ ေဘာနက္ ၊ သမီးႏွစ္ဦး ျဖစ္ေသာ ခလိုဝီႏွင့္ ဆီဒူနီ၊ သားျဖစ္သူ ဂ်ဴလီယန္ႏွင့္ မယားပါသား ဂၽြန္ နသန္နီယယ္ ပါ့ရွယ္တို႔ က်န္ရစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Home of ‘Mr. Titanic’ Paul-Henri Nargeolet hits the market — 8 months after sub tragedy (nypost)

Photo Credit: AFP, Justin P.for Digital Homes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service