စွန့်ပစ် ပလတ်စတစ်ဘူး တန်ချိန်ပေါင်းများစွာကို တံမြက်စည်းများအဖြစ် ပြောင်းလဲနေသော ကမ္ဘောဒီးယား နိုင်ငံသား
စွန့်ပစ် ပလတ်စတစ်ဘူး တန်ချိန်ပေါင်းများစွာကို တံမြက်စည်းများအဖြစ် ပြောင်းလဲနေသော ကမ္ဘောဒီးယား နိုင်ငံသား - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2024 10:51 am တွင် တင်ခဲ့သည်
1158 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော်ရှိ ဂိုဒေါင်ငယ်တစ်ခုအတွင် အလုပ်သမားတစ်အုပ် ထိုင်နေကြရင်း စွန့်ပစ် ပလတ်စတစ်ဘူးများကို အမျှင်ချောင်းကလေးများအဖြစ် ပြုလုပ်နေကြသည်။
ထိုပလတ်စတစ်အမျှင်များကို တံမြက်စည်းတွင် သုံးသော တံမြက်စည်းမျှင်များအဖြစ် အသုံးပြုကြခြင်း ဖြစ်ပြီး တစ်နေ့လျှင် တံမြက်စည်း အခုရေ ၅၀၀ စာခန့် ပြုလုပ်နိုင်ကြသည်။
ပြီးခဲ့သော ၁၁ လတာ ကာလအတွင်း စွန့်ပစ် ပလတ်စတစ်ဘူးပေါင်း တန်ချိန် ၄၀ ခန့်ကို တံမြက်စည်းအဖြစ် ပြောင်းလဲခဲ့ကြသည်။
တစ်ရက်လျှင် ပလတ်စတစ်ဘူးပေါင်း ၅၀၀၀ ခန့် ဖြစ်သည်။ ပလတ်စတစ်ဘူးဖြင့် ပြုလုပ်သော တံမြက်စည်းသည် ပုံမှန် တံမြက်စည်းထက် အကြမ်းခံကြောင်း ၎င်းတို့က ပြောသည်။
ပလတ်စတစ်ဘူးဖြင့် ပြုလုပ်ထားသော တံမြက်စည်းများကို တစ်ခုလျှင် ကမ္ဘောဒီးယားငွေ ၁၀၀၀၀ (ကန်ဒေါ်လာ ၂ ဒသမ ၅၀) မှ ၁၅၀၀၀ (ကန်ဒေါ်လာ ၃ ဒသမ ၇၅ ) ကြား ရောင်းချသည်။
ပလတ်စတစ်အမျှင်များကို အစည်းတစ်ခုအဖြစ် စုစည်းကာ ရေနွေးဖြင့် ပျော့ပြောင်းစေသည်။
ထို့နောက် ဝါးလုံးတစ်ခုထိပ်တွင် ဝါယာကြိုးများဖြင့် ချုပ်ကာ ထိပ်ပိုင်းများကို ညီညာအောင် ဖြတ်တောက် လိုက်၏။
အသက် ၄၁ နှစ်အရွယ် ကမ္ဘောဒီးယားလုပ်ငန်းရှင် ဟတ်စ်ကီယာသည် သူ၏ အသိုက်အဝန်းရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ လျှော့ချလိုသူ ဖြစ်သည်။
သူနေထိုင်ရာ ဖနွမ်းပင်မြို့ကြီးသည် တစ်ရက်လျှင် အမှိုက်မျိုးစုံ တန်ချိန် ၃၈၀၀၀ ကျော် စွန့်ပစ်နေကြောင်း မြို့၏ သဘာဝပတ်ဝန်းကျင်ဌာနက ထုတ်ပြန်မှုတွင် ဖော်ပြသည်။
(ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် ပလတ်စတစ် တံမြက်စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Reuters/ Chantha Lach)
(ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် ပလတ်စတစ် တံမြက်စည်း ပြုလုပ်နေသော အမျိုးသမီး တစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Reuters/ Chantha Lach)
(ပလတ်စတစ် တံမြက်စည်း ထုတ်လုပ်နေသော အမျိုးသမီးများ။ ဓာတ်ပုံ-Reuters/ Chantha Lach)
(ပလတ်စတစ် တံမြက်စည်း ထုတ်လုပ်နေသော အမျိုးသမီးတစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Reuters/ Chantha Lach)
တစ်ခါသုံး ပလတ်စတစ်တို့၏ ၅ ပုံ ၁ ပုံခန့်မှာ မြေဖို့ခြင်းနှင့် ရေလမ်းကြောင်းများတွင် အဆုံးသတ်ကြသည်။
“ဒီ တံမြက်စည်းက တော်တော်လေးခိုင်တယ်။ ကျိုးဖို့ မလွယ်ဘူး” ဟု သက်တော် ၂၆ နှစ်သာ ရှိသေးသော သံဃာတော်တစ်ပါးဖြစ်သည့် Suon Kosal က မိန့်ကြားသည်။
သူ၏ ကျောင်းတိုက်က ပြီးခဲ့သော လအတွင်း ပလတ်စတစ် တံမြက်စည်း အချောင်းရေ ၈၀ ဝယ်ယူထားသည်။
ဟတ်စ်ကီယာသည် ပလတ်စတစ်ဘူးခွံများကို အမှိုက်ကောက်သူများထံမှ ဝယ်ခြင်းဖြစ်သည်။
သွင်းအားစုမှာ အဆုံးမရှိအောင် ရရှိနိုင်သည်ဖြစ်ရာ သူ၏လုပ်ငန်း ရေရှည်ရပ်တည်နိုင်မည်ဟု ကီယာက ယုံကြည်ထားသည်။
ဤလုပ်ငန်းနယ်သို့ အခြားသူများ ဝင်ရောက်လာကြရန်လည်း ကီယာက ကြိုဆိုသည်။
“ဒါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် စွန့်ပစ်ထားတဲ့ ဘူးခွံတွေကို ကောက်ယူပြီး ကျွန်တော့်ဆီကို တခြားနေရာထက် ပိုမိုမြင့်မားတဲ့ဈေးနှုန်းနဲ့ လာရောင်းကြစေဖို့ လူတွေကို အားပေးပါတယ်။ ဒါကြောင့် သူတို့မှာ ဝင်ငွေတွေ ပိုမိုရရှိကြမှာ ဖြစ်ပါတယ်” ဟု ကီယာက ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Cambodia 'upcycler' turns tonnes of plastic bottles into brooms (Reuters)
Photo Credit: Reuters/ Chantha Lach
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service