သိမှတ်ဖွယ် ဥပဒေရေးရာ

သိမှတ်ဖွယ် ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
3 Mar 2024 4:30 pm တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ဒီတစ်ပတ်မှာတော့ စကွာတာမြေဆိုတာဘယ်လိုမြေအမျိုးအစားဖြစ်ပါသလဲ .....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

 

မေးခွန်း (၁) - ပုဂ္ဂလိကမြေငှားဂရန် / စက်မှုမြေငှားဂရန်ရယူလိုသူမှ ဆောင်ရွက်ရမည့်အချက်များကို ဖော်ပြပါ။

လူနေထိုင်ရန်အတွက်၊ အဆောက်အအုံ ဆောက်လုပ်ရန်အတွက်၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန်၊ အထူးစီးပွားရေးဇုန်နှင့် ဝင်ငွေရစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ပုဂ္ဂလိက မြေငှားဂရန်၊ စက်မှု မြေငှားဂရန်များ လျှောက်ထား ဆောင်ရွက်ရပါမည်။

ထို့သို့ လျှောက်ထားရာတွင် (၁)ဧကအထိ မြေငှားဂရန်၊ (၁)ဧကမှ (၅)ဧကအထိ မြေငှားဂရန်၊ (၅)ဧကအထိ မြေငှားဂရန် လျှောက်ထားခြင်းဟူ၍ ရှိပါသည်။

မြေငှားဂရန် လျှောက်ထားရာတွင် ခရိုင်အုပ်ရေးမှူးရုံးတွင် အမှုတွဲဖွင့်လှစ်ရပြီး အောက်ပါ စာရွက်စာတမ်း အထောက်အထားများ ပါရှိရပါမည်။

- ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံ

- လျှောက်လွှာပေါ်တွင် ရုံးခွန် တံဆိပ်ခေါင်းကပ်ရမည်

- လျှောက်ထားသူ၏ အမည်၊ နေရပ်နှင့် အဆောက်အအုံ အမျိုးအစား ဖော်ပြရမည်။

- ပိုင်ဆိုင်မှု အထောက်အထား စာချုပ်စာတမ်းများ၊

- နိုင်ငံသားစီစစ်ရေးကတ်ပြား

- မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေး ဆောင်ရမည့်ပြေစာ

- မြေနယ်နိမိတ် တိုင်းတာထားခြင်း ရှိ/မရှိ

- မြေစာရင်း ဌာနမှူးမှ လက်မှတ်ထိုးထားသော မြေပုံမြေရာဇဝင်

- မြေကွက်တည်နေရာအား ဦးပိုင်အမှတ်၊ မြေကွက်အမှတ်များဖြင့် ဖော်ပြရန်

- လျှောက်ထားသော မြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဦး ပုံစံအား ဖော်ပြရ မည်။ အဆောက်အအုံရှိလျှင်လဲ အဆောက်အအုံပုံစံ (၂)ပုံ (ရှေ့ဘက်မြင်နှင့် ဘေးဘက် မြင်) တင်ပြရမည်။

- အရှေ့၊ အနောက်၊ တောင်၊ မြောက် အလားလေးရပ်မှ မြေများအား ဦးပိုင်ဧရိယာဧကဖြင့် ဖော်ပြပေးရမည်။

- ယခင် ဂရန်ဟောင်းရှိပါက ဖော်ပြရမည်။ ဂရန်မြေ အသစ်လျှောက်ထားခြင်းဖြစ်လျှင် မြေပေးမိန့်ပါရှိရမည်။

- မြေပေါ်တွင် ကျူးကျော်သူရှိမရှိ အစိုးရချထားပိုင်ခွင့်ရှိသော မြေ ဟုတ်/မဟုတ် ဖော်ပြရ မည်။

- လယ်မြေများအား အခြားနည်းအသုံးပြုခွင့် လယ-၃၀-က၊ လယ-၃၀-ခ အရ ခွင့်ပြု ချက် ရရှိပြီးဖြစ်ပါက ဧကဖြင့် ပုဂ္ဂလိက စက်မှုမြေငှားဂရန် လျှောက်ထားခြင်းပြုနိုင်သည်။

ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနမှ အထက်ဖော်ပြ စာရွက်စာတမ်းများပြည်စုံမှုရှိမှသာ အမှုတွဲအား ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကာ

-လျှောက်လွှာပုံစံ ပြည့်စုံတွင် ဖြည့်စွက်ထားခြင်း ရှိ/မရှိ နှင့် ပိုင်ဆိုင်မှု အထောက်အထားများ မှန်ကန်မှုရှိမရှိ မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးပါသည်။

ထို့အပြင် မြေတိုင်းမှ မြေရာဇဝင် အစီရင်ခံစေခြင်း၊ အစိုးရဌာနများမှ တားမြစ်ချက်ရှိ/မရှိ၊ မြေသိမ်းရှိ/မရှိ၊ မြေတန်ဖိုးဖြတ် မှတ်ချက်ရှိ/မရှိ၊ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိ/မရှိ၊ တရားရုံးမှ တားဝရမ်းနှင့် ဘဏ်တစ်ခုခုမှ ကန့်ကွက်ထားခြင်း ရှိ/မရှိ၊ ပြည်တွင်း အခွန်ဦးစီးဌာနတွင် ကန့်ကွက် တားမြစ်ချက်နှင့် ကြွေးကျန်ရှိမရှိ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်ကွက်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိ၊ ကန့်ကွက်ရန် ကြေငြာစာအားလဲ သတ်မှတ်ရက်အတွင်း ကြေညာစေကာ ပြန်လည် တင်ပြခိုင်းပါသည်။

မြေရိုင်းဖြစ်သည့် နိုင်ငံပိုင်မြေကို ဂရန်ထုတ်ပေးခြင်း၊ အခြားနည်း စီမံခန့်ခွဲပိုင်ခွင့်၊ ယာယီ လက်ရှိ ထားပိုင်ခွင့် စည်းမျဉ်းသတ်မှတ်ချက်ခြင်း၊ နည်းဥပဒေများ ထုတ်ပြန်နိုင်သည်။ (အထက်မြန်မာ ပြည်မြေ နှင့် အခွန်နည်းဥပဒေ ပုဒ်မ-၂၆(၁)) ဂရန်ချထားခြင်း (သို့) အခြားနည်းဖြင့် စီမံခန့်ခွဲခြင်းအတွက် ပေးချေရမည့် ငွေကြေးတစ်စုံ တစ်ရာ စည်းကမ်းချက်များ ဖောက်ဖျက်ချိုးဖောက်ပါက မြေကို ရယူသူအား မြေခွန်မပြေ ကျန်ငွေ သကဲ့ သို့ ယင်းကို ထုခွဲရယူနိုင်သည်။ (အထက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ ပုဒ်မ-၂၆(၂)(၄)) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုနိုင်သည့် မည်သည့်နေရာတွင် မဆို တည်ရှိသည့် မြေအားလုံးအား အစိုးရသို့ မြေခွန်ပေး‌ဆောင်ရန် တာဝန်ရှိသည်။ (အထက်မြန်မာပြည်မြေနှင့် အခွန် နည်းဥပဒေ ပုဒ်မ-၂၇(၁)) စက်မှု/စီးပွားမြေငှားဂရန်များ ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေရေးအတွက် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရပါသည်။

(၁)ဧကထိမြေငှားဂရန် လျှောက်ထားပါက ခရိုင်အုပ်ချုပ်ရေးမှူးမှ စီစစ်၍ အမှုတွဲဖွင့်လှစ် ပေးသည်။(၁)ဧကမှ (၅)ဧကထိမြေငှားဂရန် လျှောက်ထားခြင်းဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲစီစစ်သည်။ (၅)ဧက အထက်ဂရန် လျှောက်ထားခြင်းဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲစီစစ်သည်။

ပေ၂၀×၆၀ပေ ထက် လျော့နည်းလျှင် ဂရန်ထုတ်ပေးခြင်းမရှိဘဲ ထိုသို့လျော့နည်းပါကပေါင်းစပ် ပြီး ဂရန်တစ်ခုတွင် ပိုင်ရှင်ဦးရေများ ထည့်သွင်းကာ ဂရန်လျှောက်ထားခွင့် ရှိကြောင်း ဖြေဆို ရေးသား ပေးလိုက်ပါသည်။

 

မေးခွန်း (၂)- စကွာတာမြေဆိုတာဘယ်လိုမြေအမျိုးအစားဖြစ်ပါသလဲ။

စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ်သက်တမ်းကျော်လွန်သောမြေ၊ ဂရန်စည်းကမ်းချက် များ ဖောက်ဖျက်သောမြေ၊ ဂရန်မြေအဖြစ်မှ ဖျက်သိမ်းခံရသောမြေ၊ ပါမစ်မြေကို ဂရန်မြေအဖြစ် လျှောက်ထားခဲ့ပြီး ဂရန်ထုတ်ယူခြင်း မရှိသေးသောမြေများကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

မြေငှားဂရန်အား သက်တမ်းမကျော်လွန်ခင် (၃)လအလို သက်တမ်းတိုး လျှောက်ထားရပါသည်။ သက်တမ်းတိုး လျှောက်ထားမှု မရှိလျှင်တော့ စကွာမြေအဖြစ် ရောက်ရှိသွားမည်ဖြစ်ပြီး မိမိအမည် ပေါက် ဂရန်မြေပေါ်တွင် နေထိုင်ခြင်းမှ မိမိမှ စနစ်တကျ ကျူးလွန်ကာ နေထိုင်ခြင်းအဖြစ်သို့ ရောက်ရှိ သွားမည်ဖြစ်ပါသည်။

မိမိမှ မြေခွန်ပြေစာ ဆက်လက် ထမ်းဆောင်နေသော်လည်း မြေငှားစာချုပ် သက်တမ်းကျော် လွန်သွားသဖြင့် မြေအဆင့်အတန်းလဲ နိမ့်ကျသွားကာ ပိုင်ဆိုင်မှု မခိုင်မာတော့ပါ။ ဒဏ်ကြေးဆောင်၍ ဂရန်မြေပြန်လည် လျှောက်ထားခြင်း ပြုနိုင်သော်လည်း အဆင့်ဆင့် လျှောက်ထားမှု ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မြို့ကွက်ဖော်ထုတ်သော အရပ်ဒေသများတွင် လူနေထိုင်ခွင့် သတ်မှတ်ထားသောကြောင့် ကျူးလွန်ပြေစာ ထွက်ရှိထားသောမြေကို စကွာတာမြေဟုလဲ ခေါ်ဆိုကြပါသေးသည်။ အဆိုပါမြေကို မပြောပလောက်သော မြေခွန်ထမ်းဆောင်စေ၍ ကျူးလွန်ခြင်း ပြေစာထွက်ရှိထားရင် ဂရန်မြေငှား စာချုပ် လျှောက်ထားနိုင်ပါသည်။ ပြေစာမထွက်ထားရင်တော့ ဂရန်လျှောက်ထားမှု မပြုနိုင်သလို ပုံမှန် ကျုးလွန်ခြင်းများကဲ့သို့ ဖယ်ရှားခြင်း ခံရမည်ဖြစ်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ စကွာမြေအား ဂရန်လျှောက် ထားမည်ဆိုပါက အမည်ပေါက် (သို့) မှတ်ပုံတင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်း လက်ခံရရှိသူက မြေငှား စာချုပ် (ဂရန်) လျှောက်ထားခွင့်ရှိပါတယ်။ စကွာမြေကို ဂရန်လျှောက်ထားခြင်းများ၌ မြေရာဇဝင် စစ်ဆေးသည့်အခါ မြေသိမ်းရှိ/မရှိ၊ မြေတန်ဖိုးဖြတ်မှတ်ချက်ရှိ/မရှိ၊ အစိုးရဌာန တားမြစ်ချက်ရှိမရှိ၊ တရားရုံးတစ်ခုခုမှ တားဝရမ်း (သို့) ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိ/မရှိ၊ ဂရန်ပျက် စည်းကမ်းပျက် မှတ်ချက်ရှိ/မရှိ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် (သို့) ကြွေးကျန်ရှိ/မရှိ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်း ခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိ၊ ကန့်ကွက်ရှိ/မရှိ ကြေငြာခြင်း၊ မြေပေါ်တွင် ကွင်းဆင်းစစ်ဆေးခြင်း၊ သတင်းစာကြေငြာခြင်း၊ အထူးကပ်တံဆိပ်ခေါင်းတို့ ကပ်စေခြင်းတို့ ဌာနမှ ဆောင်ရွက်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - ကျူးကျော် နေထိုင်သူတွေရှိနေတဲ့ မြေကွက်ကို ဝယ်ယူမယ်ဆိုရင် ဘာတွေဆောင်ရွက်သင့်ပါသလဲ။

မြေကွက်တစ်ကွက် ဝယ်ယူရန် ကြိုက်နှစ်သက်သည့်အခါ ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထားများ စစ်ဆေးသည့်အပြင် မြေကွက်၏ မြေပြင်အခြေအနေကိုလဲ စေ့စပ်သေချာစွာ ကြည့်ရှုဖို့ လိုပါတယ်။ တချို့သော ကျူးကျော်ခြင်းများမှာ မြေကွက်ထဲ ဝင်ရောက်ကျူးကျော်ခြင်း ရှိသလို တချို့မှာ မြေကွက် အစပ်နေရာနှင့် မြေကွက်မျက်နှာစာ ရှေ့ဘက်ပိတ်၍ ကျူးကျော်ထား ခြင်းများ ရှိတတ်ပါသည်။

နှစ်ပေါင်းများစွာ ကျူးကျော်နေထိုင်များအား ဖယ်ရှားမှုပြုစေသောအခါ ပြောင်းရွှေ့ဖယ်ရှား မှုအတွက် ကျူးကျော်သူများက တောင်းဆိုကြပါသည်။ အိမ်ခြေများရင် ဖယ်ရှားခြင်းစရိတ်မှာ များ မည်ဖြစ်ကာ တချို့ကျုးကျော်များမှာ အဆမတန် တောင်းဆိုခြင်းများလဲ ရှိတတ်ပါသည်။ ကျုးကျော် သူများ နေထိုင်သည်မှာ ကာလစည်းကမ်းသတ် (၁၂) ကျော်လွန်နေပါကလဲ ဖယ်ရှားခြင်းပြုရန် နှင်ရ ခက်ပါမည်။

အစိုးရမြေကို ကျူးကျော်လျှင် ကာလစည်းကမ်းသတ် မရှိသလို တည်ဆဲမြေနှင့် အခွန် ဥပဒေများအရ အရေးယူ ဖယ်ရှားခံရမည်သာ ဖြစ်ပါသည်။ အစိုးရမှ နို့တစ်ပို့ပြီး (၃) ကျော်လွန်သည် အထိ ဖယ်ရှားထွက်ခွာခြင်း မရှိပါက တရားစွဲဆို အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်တစ်လ သို့မဟုတ် ဒဏ်ငွေ များ အရေးယူ ချမှတ်နိုင်ပါသည်။

ကျုးကျော်သူများ ရှိနေသော မြေကွက်အား မိမိမှ မြေကွက်နေရာ၊ အကျယ်အဝန်း၊ ဈေးနှုန်း အား ကြိုက်နှစ်သက်၍ ဝယ်ယူမည်ဆိုပါက ရောင်းချသူအား ကျုးကျော်သူများ ဖယ်ရှားခိုင်းရပါမည်။ ဝယ်ယူသူမှာ မြေအမည်ပေါက် မဟုတ်သေးသောကြောင့် ရောင်းချသူသာ ကျူးကျော်သူများအား နှင် လိုမှု ပြုနိုင်ပါသည်။ စရန်ပေးစာချုပ်တွင် ကျူးကျော်သူများ ဖယ်ရှားခြင်း ပြုပြီးသည့်အခါမှ နောက်ဆုံး ကျန်ငွေ ပေးချေသွားမည်ဆိုသည့်အကြောင်း၊ ဖယ်ရှားခြင်း မပြုနိုင်ပါက ဝယ်ယူသူ ပေးချေထားသော စရန်ငွေ၏ (၂ဆ)အား ရောင်းချသူမှ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ထည့်သွင်း ချုပ်ဆိုခြင်း ပြုရ ပါမည်။

ထို့ကြောင့် ကျူးကျော်သူများ ရှိနှင့်နေသော မြေကွက်အား လွှဲပြောင်းဝယ်ယူမှု ပြုတော့မည် ဆိုလျှင် ကျုးကျော်သူများကို ထည့်သွင်းစဉ်းစားပြီး ရောင်းသူနှင့် ချုပ်ဆိုသည့် စရန်ပေးစာချုပ်အား သေချာစွာ ချုပ်ဆိုပါ။ ရောင်းချသူမှ သတ်မှတ်ရက်အတွင်း ကျုးကျော်သူများအား ဖယ်ရှားခြင်း မပြု နို်ငပါက စရန်ပေးစာချုပ်ပါအတိုင်း စရန်ငွေနှင့် နစ်နာကြေးငွေအား ဝယ်ယူသူမှ ရယူကာ အရောင်း အဝယ်အား ဖျက်သိမ်းသင့်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

သိမွတ္ဖြယ္ ဥပေဒေရးရာ

 

ဒီတစ္ပတ္မွာေတာ့ စကြာတာေျမဆိုတာဘယ္လိုေျမအမ်ိဳးအစားျဖစ္ပါသလဲ .....ဆိုတဲ့ စိတ္ဝင္စားဖြယ္ေမးခြန္းေလးအပါအဝင္ ေမးခြန္းသုံးခုကို ေ႐ွ႕ေနမွ တိက်မွန္ကန္စြာေျဖၾကားေပးထားပါတယ္။

 

ေမးခြန္း (၁) - ပုဂၢလိကေျမငွားဂရန္ / စက္မႈေျမငွားဂရန္ရယူလိုသူမွ ေဆာင္႐ြက္ရမည့္အခ်က္မ်ားကို ေဖာ္ျပပါ။

လူေနထိုင္ရန္အတြက္၊ အေဆာက္အအုံ ေဆာက္လုပ္ရန္အတြက္၊ ဟိုတယ္လုပ္ငန္း လုပ္ကိုင္ရန္၊ ေမြးျမဴေရး လုပ္ငန္းလုပ္ကိုင္ရန္၊ အထူးစီးပြားေရးဇုန္ႏွင့္ ဝင္ေငြရစီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ရန္ အတြက္ ပုဂၢလိက ေျမငွားဂရန္၊ စက္မႈ ေျမငွားဂရန္မ်ား ေလွ်ာက္ထား ေဆာင္႐ြက္ရပါမည္။

ထို႔သို႔ ေလွ်ာက္ထားရာတြင္ (၁)ဧကအထိ ေျမငွားဂရန္၊ (၁)ဧကမွ (၅)ဧကအထိ ေျမငွားဂရန္၊ (၅)ဧကအထိ ေျမငွားဂရန္ ေလွ်ာက္ထားျခင္းဟူ၍ ႐ွိပါသည္။

ေျမငွားဂရန္ ေလွ်ာက္ထားရာတြင္ ခ႐ိုင္အုပ္ေရးမႉး႐ုံးတြင္ အမႈတြဲဖြင့္လွစ္ရၿပီး ေအာက္ပါ စာ႐ြက္စာတမ္း အေထာက္အထားမ်ား ပါ႐ွိရပါမည္။

- ဌာနမွ သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံ - ေလွ်ာက္လႊာေပၚတြင္ ႐ုံးခြန္ တံဆိပ္ေခါင္းကပ္ရမည္ - ေလွ်ာက္ထားသူ၏ အမည္၊ ေနရပ္ႏွင့္ အေဆာက္အအုံ အမ်ိဳးအစား ေဖာ္ျပရမည္။

- ပိုင္ဆိုင္မႈ အေထာက္အထား စာခ်ဳပ္စာတမ္းမ်ား၊ - ႏိုင္ငံသားစီစစ္ေရးကတ္ျပား - ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခ ေနာက္ဆုံးေပး ေဆာင္ရမည့္ေျပစာ - ေျမနယ္နိမိတ္ တိုင္းတာထားျခင္း ႐ွိ/မ႐ွိ - ေျမစာရင္း ဌာနမႉးမွ လက္မွတ္ထိုးထားေသာ ေျမပုံေျမရာဇဝင္ - ေျမကြက္တည္ေနရာအား ဦးပိုင္အမွတ္၊ ေျမကြက္အမွတ္မ်ားျဖင့္ ေဖာ္ျပရန္ - ေလွ်ာက္ထားေသာ ေျမေပၚတြင္ ေဆာက္လုပ္မည့္ အေဆာက္အဦး ပုံစံအား ေဖာ္ျပရ မည္။ အေဆာက္အအုံ႐ွိလွ်င္လဲ အေဆာက္အအုံပုံစံ (၂)ပုံ (ေ႐ွ႕ဘက္ျမင္ႏွင့္ ေဘးဘက္ ျမင္) တင္ျပရမည္။ - အေ႐ွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ အလားေလးရပ္မွ ေျမမ်ားအား ဦးပိုင္ဧရိယာဧကျဖင့္ ေဖာ္ျပေပးရမည္။ - ယခင္ ဂရန္ေဟာင္း႐ွိပါက ေဖာ္ျပရမည္။ ဂရန္ေျမ အသစ္ေလွ်ာက္ထားျခင္းျဖစ္လွ်င္ ေျမေပးမိန္႔ပါ႐ွိရမည္။ - ေျမေပၚတြင္ က်ဴးေက်ာ္သူ႐ွိမ႐ွိ အစိုးရခ်ထားပိုင္ခြင့္႐ွိေသာ ေျမ ဟုတ္/မဟုတ္ ေဖာ္ျပရ မည္။ - လယ္ေျမမ်ားအား အျခားနည္းအသုံးျပဳခြင့္ လယ-၃၀-က၊ လယ-၃၀-ခ အရ ခြင့္ျပဳ ခ်က္ ရ႐ွိၿပီးျဖစ္ပါက ဧကျဖင့္ ပုဂၢလိက စက္မႈေျမငွားဂရန္ ေလွ်ာက္ထားျခင္းျပဳႏိုင္သည္။

ခ႐ိုင္အုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ အထက္ေဖာ္ျပ စာ႐ြက္စာတမ္းမ်ားျပည္စုံမႈ႐ွိမွသာ အမႈတြဲအား ဖြင့္လွစ္ ေဆာင္႐ြက္ခြင့္ျပဳမည္ျဖစ္ကာ -ေလွ်ာက္လႊာပုံစံ ျပည့္စုံတြင္ ျဖည့္စြက္ထားျခင္း ႐ွိ/မ႐ွိ ႏွင့္ ပိုင္ဆိုင္မႈ အေထာက္အထားမ်ား မွန္ကန္မႈ႐ွိမ႐ွိ မူရင္းႏွင့္တိုက္ဆိုင္စစ္ေဆးပါသည္။

ထို႔အျပင္ ေျမတိုင္းမွ ေျမရာဇဝင္ အစီရင္ခံေစျခင္း၊ အစိုးရဌာနမ်ားမွ တားျမစ္ခ်က္႐ွိ/မ႐ွိ၊ ေျမသိမ္း႐ွိ/မ႐ွိ၊ ေျမတန္ဖိုးျဖတ္ မွတ္ခ်က္႐ွိ/မ႐ွိ၊ ဂရန္စည္းကမ္းပ်က္ မွတ္ခ်က္႐ွိ/မ႐ွိ၊ တရား႐ုံးမွ တားဝရမ္းႏွင့္ ဘဏ္တစ္ခုခုမွ ကန္႔ကြက္ထားျခင္း ႐ွိ/မ႐ွိ၊ ျပည္တြင္း အခြန္ဦးစီးဌာနတြင္ ကန္႔ကြက္ တားျမစ္ခ်က္ႏွင့္ ေႂကြးက်န္႐ွိမ႐ွိ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔ကြက္သည့္ ဥပေဒႏွင့္ ၿငိစြန္းမႈ ႐ွိ/မ႐ွိ၊ ကန္႔ကြက္ရန္ ေၾကျငာစာအားလဲ သတ္မွတ္ရက္အတြင္း ေၾကညာေစကာ ျပန္လည္ တင္ျပခိုင္းပါသည္။

ေျမ႐ိုင္းျဖစ္သည့္ ႏိုင္ငံပိုင္ေျမကို ဂရန္ထုတ္ေပးျခင္း၊ အျခားနည္း စီမံခန္႔ခြဲပိုင္ခြင့္၊ ယာယီ လက္႐ွိ ထားပိုင္ခြင့္ စည္းမ်ဥ္းသတ္မွတ္ခ်က္ျခင္း၊ နည္းဥပေဒမ်ား ထုတ္ျပန္ႏိုင္သည္။ (အထက္ျမန္မာ ျပည္ေျမ ႏွင့္ အခြန္နည္းဥပေဒ ပုဒ္မ-၂၆(၁)) ဂရန္ခ်ထားျခင္း (သို႔) အျခားနည္းျဖင့္ စီမံခန္႔ခြဲျခင္းအတြက္ ေပးေခ်ရမည့္ ေငြေၾကးတစ္စုံ တစ္ရာ စည္းကမ္းခ်က္မ်ား ေဖာက္ဖ်က္ခ်ိဳးေဖာက္ပါက ေျမကို ရယူသူအား ေျမခြန္မေျပ က်န္ေငြ သကဲ့ သို႔ ယင္းကို ထုခြဲရယူႏိုင္သည္။ (အထက္ျမန္မာျပည္ေျမႏွင့္ အခြန္နည္းဥပေဒ ပုဒ္မ-၂၆(၂)(၄)) မည္သည့္ရည္႐ြယ္ခ်က္ျဖင့္မဆို အသုံးျပဳႏိုင္သည့္ မည္သည့္ေနရာတြင္ မဆို တည္႐ွိသည့္ ေျမအားလုံးအား အစိုးရသို႔ ေျမခြန္ေပး‌ေဆာင္ရန္ တာဝန္႐ွိသည္။ (အထက္ျမန္မာျပည္ေျမႏွင့္ အခြန္ နည္းဥပေဒ ပုဒ္မ-၂၇(၁)) စက္မႈ/စီးပြားေျမငွားဂရန္မ်ား ထုတ္ေပးျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္မွ ရသင့္ရထိုက္သည့္ အခြန္အခမ်ား အျပည့္အဝရ႐ွိေစေရးအတြက္ တိုင္းေဒသႀကီး / ျပည္နယ္ အစိုးရအဖြဲ႕၏ ေထာက္ခံ အတည္ျပဳခ်က္ျဖင့္ ေဆာင္႐ြက္ရပါသည္။

(၁)ဧကထိေျမငွားဂရန္ ေလွ်ာက္ထားပါက ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးမွ စီစစ္၍ အမႈတြဲဖြင့္လွစ္ ေပးသည္။(၁)ဧကမွ (၅)ဧကထိေျမငွားဂရန္ ေလွ်ာက္ထားျခင္းျဖစ္ပါက တိုင္းေဒသႀကီး/ျပည္နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အမႈတြဲစီစစ္သည္။ (၅)ဧက အထက္ဂရန္ ေလွ်ာက္ထားျခင္းျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အမႈတြဲစီစစ္သည္။

ေပ၂၀×၆၀ေပ ထက္ ေလ်ာ့နည္းလွ်င္ ဂရန္ထုတ္ေပးျခင္းမ႐ွိဘဲ ထိုသို႔ေလ်ာ့နည္းပါကေပါင္းစပ္ ၿပီး ဂရန္တစ္ခုတြင္ ပိုင္႐ွင္ဦးေရမ်ား ထည့္သြင္းကာ ဂရန္ေလွ်ာက္ထားခြင့္ ႐ွိေၾကာင္း ေျဖဆို ေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၂)- စကြာတာေျမဆိုတာဘယ္လိုေျမအမ်ိဳးအစားျဖစ္ပါသလဲ။

စကြာတာေျမဆိုသည္မွာ ေျမငွားစာခ်ဳပ္သက္တမ္းေက်ာ္လြန္ေသာေျမ၊ ဂရန္စည္းကမ္းခ်က္ မ်ား ေဖာက္ဖ်က္ေသာေျမ၊ ဂရန္ေျမအျဖစ္မွ ဖ်က္သိမ္းခံရေသာေျမ၊ ပါမစ္ေျမကို ဂရန္ေျမအျဖစ္ ေလွ်ာက္ထားခဲ့ၿပီး ဂရန္ထုတ္ယူျခင္း မ႐ွိေသးေသာေျမမ်ားကို ေခၚဆိုျခင္း ျဖစ္ပါသည္။

ေျမငွားဂရန္အား သက္တမ္းမေက်ာ္လြန္ခင္ (၃)လအလို သက္တမ္းတိုး ေလွ်ာက္ထားရပါသည္။ သက္တမ္းတိုး ေလွ်ာက္ထားမႈ မ႐ွိလွ်င္ေတာ့ စကြာေျမအျဖစ္ ေရာက္႐ွိသြားမည္ျဖစ္ၿပီး မိမိအမည္ ေပါက္ ဂရန္ေျမေပၚတြင္ ေနထိုင္ျခင္းမွ မိမိမွ စနစ္တက် က်ဴးလြန္ကာ ေနထိုင္ျခင္းအျဖစ္သို႔ ေရာက္႐ွိ သြားမည္ျဖစ္ပါသည္။

မိမိမွ ေျမခြန္ေျပစာ ဆက္လက္ ထမ္းေဆာင္ေနေသာ္လည္း ေျမငွားစာခ်ဳပ္ သက္တမ္းေက်ာ္ လြန္သြားသျဖင့္ ေျမအဆင့္အတန္းလဲ နိမ့္က်သြားကာ ပိုင္ဆိုင္မႈ မခိုင္မာေတာ့ပါ။ ဒဏ္ေၾကးေဆာင္၍ ဂရန္ေျမျပန္လည္ ေလွ်ာက္ထားျခင္း ျပဳႏိုင္ေသာ္လည္း အဆင့္ဆင့္ ေလွ်ာက္ထားမႈ ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

ၿမိဳ႕ကြက္ေဖာ္ထုတ္ေသာ အရပ္ေဒသမ်ားတြင္ လူေနထိုင္ခြင့္ သတ္မွတ္ထားေသာေၾကာင့္ က်ဴးလြန္ေျပစာ ထြက္႐ွိထားေသာေျမကို စကြာတာေျမဟုလဲ ေခၚဆိုၾကပါေသးသည္။ အဆိုပါေျမကို မေျပာပေလာက္ေသာ ေျမခြန္ထမ္းေဆာင္ေစ၍ က်ဴးလြန္ျခင္း ေျပစာထြက္႐ွိထားရင္ ဂရန္ေျမငွား စာခ်ဳပ္ ေလွ်ာက္ထားႏိုင္ပါသည္။ ေျပစာမထြက္ထားရင္ေတာ့ ဂရန္ေလွ်ာက္ထားမႈ မျပဳႏိုင္သလို ပုံမွန္ က်ဳးလြန္ျခင္းမ်ားကဲ့သို႔ ဖယ္႐ွားျခင္း ခံရမည္ျဖစ္ပါသည္။

ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမယာစီမံခန္႔ခြဲမႈဆိုင္ရာ လုပ္ထုံးလုပ္နည္းအရ စကြာေျမအား ဂရန္ေလွ်ာက္ ထားမည္ဆိုပါက အမည္ေပါက္ (သို႔) မွတ္ပုံတင္ စာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္း လက္ခံရ႐ွိသူက ေျမငွား စာခ်ဳပ္ (ဂရန္) ေလွ်ာက္ထားခြင့္႐ွိပါတယ္။ စကြာေျမကို ဂရန္ေလွ်ာက္ထားျခင္းမ်ား၌ ေျမရာဇဝင္ စစ္ေဆးသည့္အခါ ေျမသိမ္း႐ွိ/မ႐ွိ၊ ေျမတန္ဖိုးျဖတ္မွတ္ခ်က္႐ွိ/မ႐ွိ၊ အစိုးရဌာန တားျမစ္ခ်က္႐ွိမ႐ွိ၊ တရား႐ုံးတစ္ခုခုမွ တားဝရမ္း (သို႔) ဘဏ္တစ္ခုခုမွ ကန္႔ကြက္ခ်က္႐ွိ/မ႐ွိ၊ ဂရန္ပ်က္ စည္းကမ္းပ်က္ မွတ္ခ်က္႐ွိ/မ႐ွိ၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ ကန္႔ကြက္တားျမစ္ခ်က္ (သို႔) ေႂကြးက်န္႐ွိ/မ႐ွိ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္း ျခင္းကို ကန္႔သတ္သည့္ဥပေဒႏွင့္ ၿငိစြန္းမႈ ႐ွိ/မ႐ွိ၊ ကန္႔ကြက္႐ွိ/မ႐ွိ ေၾကျငာျခင္း၊ ေျမေပၚတြင္ ကြင္းဆင္းစစ္ေဆးျခင္း၊ သတင္းစာေၾကျငာျခင္း၊ အထူးကပ္တံဆိပ္ေခါင္းတို႔ ကပ္ေစျခင္းတို႔ ဌာနမွ ေဆာင္႐ြက္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - က်ဴးေက်ာ္ ေနထိုင္သူေတြ႐ွိေနတဲ့ ေျမကြက္ကို ဝယ္ယူမယ္ဆိုရင္ ဘာေတြေဆာင္႐ြက္သင့္ပါသလဲ။

ေျမကြက္တစ္ကြက္ ဝယ္ယူရန္ ႀကိဳက္ႏွစ္သက္သည့္အခါ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္း အေထာက္အထားမ်ား စစ္ေဆးသည့္အျပင္ ေျမကြက္၏ ေျမျပင္အေျခအေနကိုလဲ ေစ့စပ္ေသခ်ာစြာ ၾကည့္႐ႈဖို႔ လိုပါတယ္။ တခ်ိဳ႕ေသာ က်ဴးေက်ာ္ျခင္းမ်ားမွာ ေျမကြက္ထဲ ဝင္ေရာက္က်ဴးေက်ာ္ျခင္း ႐ွိသလို တခ်ိဳ႕မွာ ေျမကြက္ အစပ္ေနရာႏွင့္ ေျမကြက္မ်က္ႏွာစာ ေ႐ွ႕ဘက္ပိတ္၍ က်ဴးေက်ာ္ထား ျခင္းမ်ား ႐ွိတတ္ပါသည္။

ႏွစ္ေပါင္းမ်ားစြာ က်ဴးေက်ာ္ေနထိုင္မ်ားအား ဖယ္႐ွားမႈျပဳေစေသာအခါ ေျပာင္းေ႐ႊ႕ဖယ္႐ွား မႈအတြက္ က်ဴးေက်ာ္သူမ်ားက ေတာင္းဆိုၾကပါသည္။ အိမ္ေျခမ်ားရင္ ဖယ္႐ွားျခင္းစရိတ္မွာ မ်ား မည္ျဖစ္ကာ တခ်ိဳ႕က်ဳးေက်ာ္မ်ားမွာ အဆမတန္ ေတာင္းဆိုျခင္းမ်ားလဲ ႐ွိတတ္ပါသည္။ က်ဳးေက်ာ္ သူမ်ား ေနထိုင္သည္မွာ ကာလစည္းကမ္းသတ္ (၁၂) ေက်ာ္လြန္ေနပါကလဲ ဖယ္႐ွားျခင္းျပဳရန္ ႏွင္ရ ခက္ပါမည္။

အစိုးရေျမကို က်ဴးေက်ာ္လွ်င္ ကာလစည္းကမ္းသတ္ မ႐ွိသလို တည္ဆဲေျမႏွင့္ အခြန္ ဥပေဒမ်ားအရ အေရးယူ ဖယ္႐ွားခံရမည္သာ ျဖစ္ပါသည္။ အစိုးရမွ ႏို႔တစ္ပို႔ၿပီး (၃) ေက်ာ္လြန္သည္ အထိ ဖယ္႐ွားထြက္ခြာျခင္း မ႐ွိပါက တရားစြဲဆို အေရးယူခံရမည္ျဖစ္ၿပီး ေထာင္ဒဏ္တစ္လ သို႔မဟုတ္ ဒဏ္ေငြ မ်ား အေရးယူ ခ်မွတ္ႏိုင္ပါသည္။

က်ဳးေက်ာ္သူမ်ား ႐ွိေနေသာ ေျမကြက္အား မိမိမွ ေျမကြက္ေနရာ၊ အက်ယ္အဝန္း၊ ေဈးႏႈန္း အား ႀကိဳက္ႏွစ္သက္၍ ဝယ္ယူမည္ဆိုပါက ေရာင္းခ်သူအား က်ဳးေက်ာ္သူမ်ား ဖယ္႐ွားခိုင္းရပါမည္။ ဝယ္ယူသူမွာ ေျမအမည္ေပါက္ မဟုတ္ေသးေသာေၾကာင့္ ေရာင္းခ်သူသာ က်ဴးေက်ာ္သူမ်ားအား ႏွင္ လိုမႈ ျပဳႏိုင္ပါသည္။ စရန္ေပးစာခ်ဳပ္တြင္ က်ဴးေက်ာ္သူမ်ား ဖယ္႐ွားျခင္း ျပဳၿပီးသည့္အခါမွ ေနာက္ဆုံး က်န္ေငြ ေပးေခ်သြားမည္ဆိုသည့္အေၾကာင္း၊ ဖယ္႐ွားျခင္း မျပဳႏိုင္ပါက ဝယ္ယူသူ ေပးေခ်ထားေသာ စရန္ေငြ၏ (၂ဆ)အား ေရာင္းခ်သူမွ ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ထည့္သြင္း ခ်ဳပ္ဆိုျခင္း ျပဳရ ပါမည္။

ထို႔ေၾကာင့္ က်ဴးေက်ာ္သူမ်ား ႐ွိႏွင့္ေနေသာ ေျမကြက္အား လႊဲေျပာင္းဝယ္ယူမႈ ျပဳေတာ့မည္ ဆိုလွ်င္ က်ဳးေက်ာ္သူမ်ားကို ထည့္သြင္းစဥ္းစားၿပီး ေရာင္းသူႏွင့္ ခ်ဳပ္ဆိုသည့္ စရန္ေပးစာခ်ဳပ္အား ေသခ်ာစြာ ခ်ဳပ္ဆိုပါ။ ေရာင္းခ်သူမွ သတ္မွတ္ရက္အတြင္း က်ဳးေက်ာ္သူမ်ားအား ဖယ္႐ွားျခင္း မျပဳ ႏို္ငပါက စရန္ေပးစာခ်ဳပ္ပါအတိုင္း စရန္ေငြႏွင့္ နစ္နာေၾကးေငြအား ဝယ္ယူသူမွ ရယူကာ အေရာင္း အဝယ္အား ဖ်က္သိမ္းသင့္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service