Septic Tank (မိလ္လာ ပိုးစားကန်) မှန်ကန်စွာ တည်ဆောက်နိုင်ဖို့အတွက်......

Septic Tank (မိလ္လာ ပိုးစားကန်) မှန်ကန်စွာ တည်ဆောက်နိုင်ဖို့အတွက်...... - Property Knowledge in Myanmar from iMyanmarHouse.com
2 Mar 2024 2:10 pm တွင် တင်ခဲ့သည်
2109 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အရပ်ခေါ် ဆားဗစ်ကျင်း ဟု ခေါ်နေကြသော septic tank ကို မှန်ကန်စွာ တည်ဆောက်နိုင်ဖို့ အတွက် သူ့ရဲ့ function နဲ့ အခြေခံသဘောတရားလေးတွေကို နားလည်ဖို့လိုပါတယ်။

နားလည်လွယ်အောင် ပြောရရင် သဘာဝတရားရဲ့ အားသာချက်ကိုအခြေခံထားတာပါ ။ အပင်ပေါ်က သစ်ရွက်တွေကြွေကျပြီးတဲ့အခါ တဖြည်းဖြည်း ဆွေးမြေ့ပြီး မြေဆွေးဖြစ်သွားတာကို တွေ့ဖူးကြမှာပါ။ ထိုနည်းတူ တိရစ္ဆာန်တွေ သေကြေပြီးတဲ့အခါ တဖြည်းဖြည်း ပျက်စီးပြီး နောက်ဆုံး အရိုးပဲ ကျန်ခဲ့တာကို တွေ့ဖူးကြမှာပါ။ အဲ့လို ဘာကြောင့်ဖြစ်ရတာလဲဆိုရင် bacteria ပိုးတွေ စားသွားလို့ ဖြစ်ပါတယ်။ လုံးဝ ကုန်သွားတာတော့မဟုတ်ဘူး bacteria တွေက စားသောက်ချေဖျက်းပြီးမှ ပြန်စွန့်ပစ်တာဆိုတော့ ပမာဏနည်းသွားတာပေါ့။ ဒီတော့ အဲ့သဘာဝဖြစ်စဉ်ကို ယူသုံးပြီး septic tank တွေကို design ပြုလုပ်ထားတာဖြစ်တယ်။ ပိုးစားပျက်စီးပြိုကွဲခြင်း septic action ကို အခြေခံထားတာပါ။

septic tank ရဲ့ အဓိက function က လူတွေက စွန့်ထုတ်တဲ့ အညစ်အကြေးတွေကို ပိုးစားပျက်စီးစေပြီး နေရာကျဉ်းကျဉ်းလေးမှာပဲ နှစ်ကာလအတိုင်းအတာ တစ်ခုထိ အသုံးပြုနိုင်စေဖို့ ဖြစ်တယ်။ အဲ့တော့ဆိုလိုတာက ပိုးစားပျက်စီးခြင်း function မလည်ပတ်ရင် အလကားပဲ။

ဒီနေရာမှာ bacteria တွေကို အဓိကအားဖြင့် နှစ်မျိုးခွဲနိုင်တယ်။ anaerobic bacteria(လေ နဲ့ အလင်း မရှိတဲ့နေရာမှာ ပေါက်ဖွားတဲ့ ပိုးမွှား) နဲ့ aerobic bacteria(လေ oxygen ရတဲ့နေရာမှာ ပေါက်တဲ့ ပိုးမွှား) ဆိုပြီး ရှိတယ်။ ဒီနေရာမှာ anaerobic က ပိုးစားချေဖျက်တဲ့နှုန်း ပိုကောင်းတယ်။ ဒါကြောင့် septic action ရဲ့ အဓိကအပိုင်းအနေနဲ့ သုံးကြတယ်။

 

 

 

ဒီလို အကြောင်းတရားတွေကို အခြေခံပြီး septic tank တွေကို တည်ဆောက်ရတာ ဖြစ်တယ်။ septic tank တစ်ခုမှာ အခန်း သုံးခု အခြေခံအားဖြင့် ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ anaerobic chamber ရယ် aerobic chamber ရယ် နောက်တစ်ခုက soak pit တ်ို့ ဖြစ်တယ်။ ပထမ chamber နှစ်ခုက အပေါ်မှာ ရှင်းပြခဲ့တဲ့ သက်ဆိုင်ရာ ပိုးစားကန်တွေဖြစ်တယ်။ soak pit ကတော့ ပိုးစားကန်တွေမှာ ပိုးစားပြိုကွဲ အနည်ကျပြီး ကျတဲ့ အရည်တွေကို မြေကြီးထဲ စွန့်ပစ်လို့ရနိုင်တဲ့ အနေအထားရောက်အောင် filteration လုပ်ပေးတဲ့ ကန် ဖြစ်ပါတယ် ။ နေရာကန့်သတ်ချက် နဲ့ design ပေါ် မူတည်ပြီးတော့ soak pit ကို သီးခြားခွဲထုတ်ထားလည်းရပါတယ် ။ ကျွန်တော်ပြထားတဲ့ design မှာတော့ သုံးကန့်တွဲထားတာပါ။ ဒီနေရာမှာ သတိထားရမှာကတော့ soak pit ရဲ့ အောက်ခြေကြမ်းခင်းက open ထားရတာပါ concrete မခင်းပါဘူး ကျောက်ဖြည့်ထားတာပါ။ ပိုးစားကန် နှစ်ကန်ကတော့ အောက်ခြေ ကွန်ကရစ်ခင်းထားသလိုအတွင်းပိုင်း နံရံအားလုံး အချောကိုင်ထားရပါတယ်။

တည်ဆောက်ပုံအနေနဲ့ကတော့ မိလ္လာ အဝင်ပိုက်မှာ dip tee ခံပီး တပ်ဆင်ရမှာ ဖြစ်ပါတယ် ။ anaerobic action ကို အနှောက်အယှက် မဖြစ်စေရန် ဖြစ်ပါတယ်။ ပြီးရင်အသေးစိတ်ရှင်းပြပါမယ်။ anaerobic chamber နဲ့ aerobic chamber ကို ခြားထားတဲ့ ရင်တား နံရံကို baffle wall လို့ခေါ် ပါတယ်။ အဲ့ဒီ baffle wall ရဲ့ ထိပ် level ဟာ inlet pipe အဝင် dip tee ရဲ့ အောက်ခြေ level နဲ့ တစ်တန်းထဲ ရှိနေရပါမယ်။ baffle wall ရဲ့ အမြင့်ကတော့ anaerobic chamber ရဲ့ functional effective height ဖြစ်ပါတယ် အဲ့ဒါကိုရဖို့ က လိုအပ်ချက်ပေါ် မူတည်ပြီး ချေဖျက်နိုင်စွမ်းကို စံယူထားတာကနေပြီး သူ့ရဲ့ size ကို design လုပ်ရတယ် (နောက်မှ design ပိုင်းကို သီးသန့် ဆွေးနွေးပါမည်)

aerobic chamber ကနေ soak pit ထဲသွားတဲ့ outlet tee က baffle wall ထက် နိမ့်တယ်ဒီမှာ အရေးအကြီးဆုံးက anaerobic action မှန်မှန်ကန်ကန် ရဖို့ပဲ။ oxygen နဲ့ မထိတွေ့တဲ့ နေရာမှာပေါက်ဖွားတဲ့ ပိုးမွှားတွေ က anaerobic action ဆိုတာ အပေါ်မှာ ပြောခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်ပြထားတဲ့ design မှာ တစ်ချက်ကြည့်လိုက်ပါ baffle wall ရဲ့ အပေါ် တည့်တည့်မှာ vent pipe (လေဝင်ပေါက် ) အကွေးလေးတပ်ဆင်ထားတာတွေ့ရမှာပါ ။ အဲ့တော့ anaerobic ရော aerobic ရော နှစ်ခန်းလုံး လေဝင်တယ် လေထိတယ်ဆိုတာကို တွေ့မှာပါ။ အဲ့ဒါဆို anaerobic action က ဘယ်လိုဖြစ်တာလဲ။ ရှင်းပြပါမယ်။ လူတွေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက ရေထဲကိုကျပြီး density ကြောင့် ပေါ်လာပါတယ် အဲ့လိုပေါ်လာတဲ့ အနှစ်တွေစု ပြီးတော့ scum လို့ခေါ်တဲ့ အလွာတစ်ခုဖြစ်ပြီး မျက်နှာပြင်တစ်ခုလုံးပိတ်သွားပါတယ်။

အဲ့ဒီမှာ oxygen ရော အလင်းရောမရတဲ့ အခြေအနေတစ်ခုဖြစ်လာပြီး anaerobic bacteria တွေ ပေါက်ဖွားစေပါတယ် ။(ဒါကြောင့် အပေါ်ကနေ ရေနဲ့လောင်းချပြီး အတူကျလာတဲ့ အညစ်အကြေးတွေက ကျလာတဲ့ အရှိန်ကြောင့် scum layer ပျက်စီးသွားရင် anaerobic action ကို အနှောက်အယှက်ဖြစ်မှမို့ dip tee ခံပေးရတာဖြစ်ပါတယ်) အဲ့ဒီ ပိုးမွားတွေကခြေဖျက်ပြီး အနည်ကျလာတဲ့ အနံ့မရှိတော့တဲ့ အနှစ်တွေကို sludge လို့ခေါ်ပါတယ်။ anaerobic ခန်းကနေ ကျော်ကျတဲ့ BOD(biochemical oxygen demand) မြင့်တက်နေတဲ့ ရေဆိုးရေညစ်တွေက aerobic chamber ထဲမှာ သူ့ ရဲ့ Aerobic actionနဲ့ထပ်မံသန့်စင်ပေးပါတယ် အဲ့ကမှတဆင့် soak pit မှာ စစ်ထုတ်သန့်စင်ပြီး မြေကြီးထဲကို စွန့်ပစ်တာပါ။သိသလောက်လေး ဆွေးနွေးခြင်းသာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Credit: Ko Thant

 

 

 

[Zawgyi] Septic Tank (မိလႅာ ပိုးစားကန္) မွန္ကန္စြာ တည္ေဆာက္ႏိုင္ဖို႔အတြက္......

 

အရပ္ေခၚ ဆားဗစ္က်င္း ဟု ေခၚေနၾကေသာ septic tank ကို မွန္ကန္စြာ တည္ေဆာက္ႏိုင္ဖို႔ အတြက္ သူ႕ရဲ႕ function နဲ႔ အေျခခံသေဘာတရားေလးေတြကို နားလည္ဖို႔လိုပါတယ္။

နားလည္လြယ္ေအာင္ ေျပာရရင္ သဘာဝတရားရဲ႕ အားသာခ်က္ကိုအေျခခံထားတာပါ ။ အပင္ေပၚက သစ္႐ြက္ေတြေႂကြက်ၿပီးတဲ့အခါ တျဖည္းျဖည္း ေဆြးေျမ့ၿပီး ေျမေဆြးျဖစ္သြားတာကို ေတြ႕ဖူးၾကမွာပါ။ ထိုနည္းတူ တိရစၧာန္ေတြ ေသေၾကၿပီးတဲ့အခါ တျဖည္းျဖည္း ပ်က္စီးၿပီး ေနာက္ဆုံး အ႐ိုးပဲ က်န္ခဲ့တာကို ေတြ႕ဖူးၾကမွာပါ။ အဲ့လို ဘာေၾကာင့္ျဖစ္ရတာလဲဆိုရင္ bacteria ပိုးေတြ စားသြားလို႔ ျဖစ္ပါတယ္။ လုံးဝ ကုန္သြားတာေတာ့မဟုတ္ဘူး bacteria ေတြက စားေသာက္ေခ်ဖ်က္းၿပီးမွ ျပန္စြန္႔ပစ္တာဆိုေတာ့ ပမာဏနည္းသြားတာေပါ့။ ဒီေတာ့ အဲ့သဘာဝျဖစ္စဥ္ကို ယူသုံးၿပီး septic tank ေတြကို design ျပဳလုပ္ထားတာျဖစ္တယ္။ ပိုးစားပ်က္စီးၿပိဳကြဲျခင္း septic action ကို အေျခခံထားတာပါ။

septic tank ရဲ႕ အဓိက function က လူေတြက စြန္႔ထုတ္တဲ့ အညစ္အေၾကးေတြကို ပိုးစားပ်က္စီးေစၿပီး ေနရာက်ဥ္းက်ဥ္းေလးမွာပဲ ႏွစ္ကာလအတိုင္းအတာ တစ္ခုထိ အသုံးျပဳႏိုင္ေစဖို႔ ျဖစ္တယ္။ အဲ့ေတာ့ဆိုလိုတာက ပိုးစားပ်က္စီးျခင္း function မလည္ပတ္ရင္ အလကားပဲ။

ဒီေနရာမွာ bacteria ေတြကို အဓိကအားျဖင့္ ႏွစ္မ်ိဳးခြဲႏိုင္တယ္။ anaerobic bacteria(ေလ နဲ႔ အလင္း မ႐ွိတဲ့ေနရာမွာ ေပါက္ဖြားတဲ့ ပိုးမႊား) နဲ႔ aerobic bacteria(ေလ oxygen ရတဲ့ေနရာမွာ ေပါက္တဲ့ ပိုးမႊား) ဆိုၿပီး ႐ွိတယ္။ ဒီေနရာမွာ anaerobic က ပိုးစားေခ်ဖ်က္တဲ့ႏႈန္း ပိုေကာင္းတယ္။ ဒါေၾကာင့္ septic action ရဲ႕ အဓိကအပိုင္းအေနနဲ႔ သုံးၾကတယ္။

ဒီလို အေၾကာင္းတရားေတြကို အေျခခံၿပီး septic tank ေတြကို တည္ေဆာက္ရတာ ျဖစ္တယ္။ septic tank တစ္ခုမွာ အခန္း သုံးခု အေျခခံအားျဖင့္ ပါဝင္ပါတယ္။ အဲ့ဒါေတြကေတာ့ anaerobic chamber ရယ္ aerobic chamber ရယ္ ေနာက္တစ္ခုက soak pit တ္ိဳ႕ ျဖစ္တယ္။ ပထမ chamber ႏွစ္ခုက အေပၚမွာ ႐ွင္းျပခဲ့တဲ့ သက္ဆိုင္ရာ ပိုးစားကန္ေတြျဖစ္တယ္။ soak pit ကေတာ့ ပိုးစားကန္ေတြမွာ ပိုးစားၿပိဳကြဲ အနည္က်ၿပီး က်တဲ့ အရည္ေတြကို ေျမႀကီးထဲ စြန္႔ပစ္လို႔ရႏိုင္တဲ့ အေနအထားေရာက္ေအာင္ filteration လုပ္ေပးတဲ့ ကန္ ျဖစ္ပါတယ္ ။ ေနရာကန္႔သတ္ခ်က္ နဲ႔ design ေပၚ မူတည္ၿပီးေတာ့ soak pit ကို သီးျခားခြဲထုတ္ထားလည္းရပါတယ္ ။ ကြၽန္ေတာ္ျပထားတဲ့ design မွာေတာ့ သုံးကန္႔တြဲထားတာပါ။ ဒီေနရာမွာ သတိထားရမွာကေတာ့ soak pit ရဲ႕ ေအာက္ေျခၾကမ္းခင္းက open ထားရတာပါ concrete မခင္းပါဘူး ေက်ာက္ျဖည့္ထားတာပါ။ ပိုးစားကန္ ႏွစ္ကန္ကေတာ့ ေအာက္ေျခ ကြန္ကရစ္ခင္းထားသလိုအတြင္းပိုင္း နံရံအားလုံး အေခ်ာကိုင္ထားရပါတယ္။

တည္ေဆာက္ပုံအေနနဲ႔ကေတာ့ မိလႅာ အဝင္ပိုက္မွာ dip tee ခံပီး တပ္ဆင္ရမွာ ျဖစ္ပါတယ္ ။ anaerobic action ကို အေႏွာက္အယွက္ မျဖစ္ေစရန္ ျဖစ္ပါတယ္။ ၿပီးရင္အေသးစိတ္႐ွင္းျပပါမယ္။ anaerobic chamber နဲ႔ aerobic chamber ကို ျခားထားတဲ့ ရင္တား နံရံကို baffle wall လို႔ေခၚ ပါတယ္။ အဲ့ဒီ baffle wall ရဲ႕ ထိပ္ level ဟာ inlet pipe အဝင္ dip tee ရဲ႕ ေအာက္ေျခ level နဲ႔ တစ္တန္းထဲ ႐ွိေနရပါမယ္။ baffle wall ရဲ႕ အျမင့္ကေတာ့ anaerobic chamber ရဲ႕ functional effective height ျဖစ္ပါတယ္ အဲ့ဒါကိုရဖို႔ က လိုအပ္ခ်က္ေပၚ မူတည္ၿပီး ေခ်ဖ်က္ႏိုင္စြမ္းကို စံယူထားတာကေနၿပီး သူ႕ရဲ႕ size ကို design လုပ္ရတယ္ (ေနာက္မွ design ပိုင္းကို သီးသန္႔ ေဆြးေႏြးပါမည္)

aerobic chamber ကေန soak pit ထဲသြားတဲ့ outlet tee က baffle wall ထက္ နိမ့္တယ္ဒီမွာ အေရးအႀကီးဆုံးက anaerobic action မွန္မွန္ကန္ကန္ ရဖို႔ပဲ။ oxygen နဲ႔ မထိေတြ႕တဲ့ ေနရာမွာေပါက္ဖြားတဲ့ ပိုးမႊားေတြ က anaerobic action ဆိုတာ အေပၚမွာ ေျပာခဲ့ၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္ျပထားတဲ့ design မွာ တစ္ခ်က္ၾကည့္လိုက္ပါ baffle wall ရဲ႕ အေပၚ တည့္တည့္မွာ vent pipe (ေလဝင္ေပါက္ ) အေကြးေလးတပ္ဆင္ထားတာေတြ႕ရမွာပါ ။ အဲ့ေတာ့ anaerobic ေရာ aerobic ေရာ ႏွစ္ခန္းလုံး ေလဝင္တယ္ ေလထိတယ္ဆိုတာကို ေတြ႕မွာပါ။ အဲ့ဒါဆို anaerobic action က ဘယ္လိုျဖစ္တာလဲ။ ႐ွင္းျပပါမယ္။ လူေတြ စြန္႔ထုတ္လိုက္တဲ့ အညစ္အေၾကးေတြက ေရထဲကိုက်ၿပီး density ေၾကာင့္ ေပၚလာပါတယ္ အဲ့လိုေပၚလာတဲ့ အႏွစ္ေတြစု ၿပီးေတာ့ scum လို႔ေခၚတဲ့ အလြာတစ္ခုျဖစ္ၿပီး မ်က္ႏွာျပင္တစ္ခုလုံးပိတ္သြားပါတယ္။

အဲ့ဒီမွာ oxygen ေရာ အလင္းေရာမရတဲ့ အေျခအေနတစ္ခုျဖစ္လာၿပီး anaerobic bacteria ေတြ ေပါက္ဖြားေစပါတယ္ ။(ဒါေၾကာင့္ အေပၚကေန ေရနဲ႔ေလာင္းခ်ၿပီး အတူက်လာတဲ့ အညစ္အေၾကးေတြက က်လာတဲ့ အ႐ွိန္ေၾကာင့္ scum layer ပ်က္စီးသြားရင္ anaerobic action ကို အေႏွာက္အယွက္ျဖစ္မွမို႔ dip tee ခံေပးရတာျဖစ္ပါတယ္) အဲ့ဒီ ပိုးမြားေတြကေျခဖ်က္ၿပီး အနည္က်လာတဲ့ အနံ႔မ႐ွိေတာ့တဲ့ အႏွစ္ေတြကို sludge လို႔ေခၚပါတယ္။ anaerobic ခန္းကေန ေက်ာ္က်တဲ့ BOD(biochemical oxygen demand) ျမင့္တက္ေနတဲ့ ေရဆိုးေရညစ္ေတြက aerobic chamber ထဲမွာ သူ႕ ရဲ႕ Aerobic actionနဲ႔ထပ္မံသန္႔စင္ေပးပါတယ္ အဲ့ကမွတဆင့္ soak pit မွာ စစ္ထုတ္သန္႔စင္ၿပီး ေျမႀကီးထဲကို စြန္႔ပစ္တာပါ။သိသေလာက္ေလး ေဆြးေႏြးျခင္းသာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit: Ko Thant

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service