တရုတ်ပြည်တွင် ပဲရစ်မြို့မှ အီဖဲမျှော်စင်ကြီးပုံတူအပြင် ပဲရစ်ဟန် လူသွားလမ်းများ၊ ကော်ဖီဆိုင်များ၊ ပန်းခြံများ ပါဝင်ကာ ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံ ဆောက်လုပ်ခဲ့သော “အရှေ့တိုင်း၏ ပဲရစ်”မှာ လူသူနည်းပါးသော တစ္ဆေမြို့တော်ကြီးဖြစ်နေ
တရုတ်ပြည်တွင် ပဲရစ်မြို့မှ အီဖဲမျှော်စင်ကြီးပုံတူအပြင် ပဲရစ်ဟန် လူသွားလမ်းများ၊ ကော်ဖီဆိုင်များ၊ ပန်းခြံများ ပါဝင်ကာ ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံ ဆောက်လုပ်ခဲ့သော “အရှေ့တိုင်း၏ ပဲရစ်”မှာ လူသူနည်းပါးသော တစ္ဆေမြို့တော်ကြီးဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
29 Feb 2024 11:12 am တွင် တင်ခဲ့သည်
1298 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်တွင် ချစ်သူများ၏မြို့ဟု ကမ္ဘာကျော်သော ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ ကမ္ဘာကျော် အီဖဲမျှော်စင်ကြီး အပါအဝင် ပြင်သစ်ဗိသုကာဟန်များဖြင့် “အရှေ့တိုင်း၏ပဲရစ်” ကို ဆောက်လုပ်ထားသည်။
Tianducheng ဟု အမည်ပေးထားသော မြို့ကြီးတွင် ပဲရစ်ဟန် လူသွားလမ်းများ၊ ကော်ဖီဆိုင်များ၊ ပန်းဥယျာဉ် များနှင့် သတိပေးဆိုင်းဘုတ်များ ပါဝင်သည်။
(တရုတ်ပြည်တွင် Tianducheng ဟု အမည်ပေးထားသော ပဲရစ်ပုံတူမြို့ကို တည်ထောင်ထားရာ အီဖဲ မျှော်စင်ကြီး အပါအဝင် ပဲရစ်၏ ဗိသုကာဟန်များကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ပုံ-Reuters)
(ထိုခေတ် ငွေတန်ဖိုး ပေါင် ၁ ဘီလီယံ ကုန်ကျခဲ့သော ပဲရစ်ပုံတူမြို့ရှိ လူနေအိမ်ရာစီမံကိန်းကို ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-Reuters)
(ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ အီဖဲမျှော်စင် အစစ်။ ဓာတ်ပုံ-Getty)
နှစ်ပေါင်းများစွာကာလအတွင်း ပဲရစ်ပုံတူမြို့မှာ တစ္ဆေမြို့တော်ကြီးတစ်ခုသာ ဖြစ်နေပြီး နေထိုင်သူ ၂၀၀၀ ဦးသာ ရှိသည်။
ဆောက်လုပ်ရေးကုန်ကျစရိတ် ထိုခေတ်ငွေတန်ဖိုး ပေါင် ၁ ဘီလီယံကုန်ကျခဲ့ပြီး လူနေအိမ်ရာမှာ ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
အီဖဲမျှော်စင်ပုံတူမှာ ပြင်သစ်မှ မျှော်စင်အစစ်အောက် ၇၂၉ ပေနိမ့်ပြီး အမြင့် ၁၀၇ မီတာ (၃၅၁ ပေ) သာ ရှိသည်။
ပဲရစ်မြို့မှ Champs-Elysees ရိပ်သာလမ်းအတိုင်း ပုံတူတည်ဆောက်ထားသောလမ်းကို ရှန်ရှဲလမ်းဟု အမည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြင်သစ်အမည်ကို ပြန်လည်ပြောင်းလဲခဲ့သည်။
ဆောက်လုပ်သော developer တို့က Tianducheng မြို့တွင် ဗာဆိုင်းနန်းတော်ကြီးရှိ ဂဲသြမေထရီပုံ ပုံဖော်စိုက်ပျိုးထားသော ပန်းဥယျာဉ်များလည်း ထည့်သွင်းထားသည်။
ပဲရစ်မြို့မှ ဗိသုကာလက်ရာများအတိုင်း လမ်းများတလျှောက်နေအိမ်များ ဆောက်လုပ်ထားရာ ပဲရစ်မြို့သို့ ရောက်သွားသည့်သဖွယ် အမှတ်မှားဖွယ်ရှိသည်။
ထိုသို့ ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသော်လည်း ချစ်သူများ၏မြို့ပုံတူကို နှစ်သက်သူ နည်းပါးနေသည်။
လူသူခြောက်ကပ်သော တစ္ဆေမြို့ကြီးဖြစ်နေရခြင်း၏ အကြောင်းတစ်ခုမှာ တည်နေရာကြောင့်ဖြစ်ပြီး တရုတ်ပြည် ကျေးလက်ဖြစ်သော Zhejiang ပြည်နယ်ရှိ လူသူအလှမ်းကွာသောဒေသတွင် ရှိခြင်းကြောင့် ဖြစ်သည်။
လူပေါင်း ၁၀၀၀၀ နေထိုင်နိုင်ရန် ဆောက်လုပ်ထားသော မြို့ကြီးတွင် ၂၀၀၇ မှ ၂၀၁၃ ခုနှစ်အကြား နေထိုင်သူ ၂၀၀၀ ဝန်းကျင်သာရှိခဲ့သည်။
ဟော့စ်မန်းဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောအိမ်တို့တွင် လူသူကင်းမဲ့နေသော်လည်း ကမ္ဘာလှည့် ခရီးသည်များကိုမူ စွဲဆောင်နိုင်ခဲ့သည်။
လက်ထပ်ပြီးစ စုံတွဲတို့သည် မင်္ဂလာအမှတ်တရ ဓာတ်ပုံများရိုက်ရန် လာရောက်ကြလေ့ရှိသည်။
(တရုတ်ပြည်တွင် ကမ္ဘာကျော် အထင်ကရနေရာ အများအပြားကို ပုံတူဆောက်လုပ်ထားရာ တရုတ်ပြည် အရှေ့ပိုင်း ကျန်းဆုပြည်နယ်၊ Suzhou မြို့တွင် လန်ဒန်မြို့မှ ကမ္ဘာကျော် Tower Bridge ကို ပုံတူ ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-AFP)
(တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ Songjiang အရပ်တွင် ဗြိတိန်မှ ဈေးမြို့ကလေးတို့၏ ဟန်ပန်အတိုင်း ဆောက်လုပ် ထားသော Thames Town ။ ဓာတ်ပုံ-Wikipedia)
(ပေကျင်းမြို့ရှိ World Park တွင် သြစတေးလျ Sydney Harbour တံတားပုံတူပေါ် ဖြတ်သန်းနေသော လည်ပတ်သူများ။ အနီးတွင် Sydney Opera House ပုံတူကို ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-Alamy)
(တရုတ်ပြည်အရှေ့ပိုင်း Taizhou မြို့တွင် ဆောက်လုပ်ထားသော Arc de Triomphe ပုံတူ။ ဓာတ်ပုံ-Alamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: How China launched £1billion ‘Paris dupe’ with Eiffel Tower & French architecture… & why it became a ‘ghost town’ (thesun)
Photo Credit-Reuters, Getty, AFP, Wikipedia, Alamy
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service