ပေ ၄၀၀ မြင့်မားသော မိုးမျှော်တိုက်ကြီး၏ ထိပ်တွင် ပန်းခြံ ၊ ရေကူးကန်နှင့် ရဟတ်ယာဉ်ကွင်းတို့ပါသော ဒေါ်လာ သန်း ၂၀ တန် ကောင်းကင်စံအိမ်ကြီးဆောက်လုပ်သူ
ပေ ၄၀၀ မြင့်မားသော မိုးမျှော်တိုက်ကြီး၏ ထိပ်တွင် ပန်းခြံ ၊ ရေကူးကန်နှင့် ရဟတ်ယာဉ်ကွင်းတို့ပါသော ဒေါ်လာ သန်း ၂၀ တန် ကောင်းကင်စံအိမ်ကြီးဆောက်လုပ်သူ - Property News in Myanmar from iMyanmarHouse.com
29 Feb 2024 10:56 am တွင် တင်ခဲ့သည်
1100 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပေ ၄၀၀ မြင့်မားသော မိုးမျှော်တိုက်ကြီး၏ ထိပ်တွင် ဒေါ်လာ သန်း ၂၀ တန် ကောင်းကင်စံအိမ်ကြီး ဆောက်လုပ်ခဲ့သော ပိုင်ရှင်သည် ထိုအိမ်ကြီးတွင် မည်သည့်အခါမှ နေထိုင်ဖြစ်ဖွယ် မရှိချေ။
အခြားသူအများစုမှာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာပါက လုံးချင်းအိမ်တစ်လုံးဆောက်ခြင်း (သို့မဟုတ်) ဝယ်ယူခြင်းတို့သာ ပြုလုပ်ကြမည် ဖြစ်သည်။
များစွာသော သူတို့မှာ ပင်လယ်ကမ်းခြေနေရာကို ရွေးချယ်ကြမည်ဖြစ်ပြီး အချို့သူတို့ကမူ မြို့ကြီးပြကြီးတွင် Penthouse ခန်းတစ်ခု ဝယ်ယူရန် ဆုံးဖြတ်ကြဖွယ်ရှိသည်။
စီးပွားရေးလုပ်ငန်းရှင် ဗီဂျေး မာလ်ယာ (Vijay Mallya) ၏ စံအိမ်ကြီးတွင် စိမ်းလန်းသော ပန်းဥယျာဉ်များ ၊ ကျယ်ပြောသော ရေကူးကန် ၊ ရဟတ်ယာဉ်ကွင်းနှင့် ပတ်လည်ရှုခင်းကြည့်နေရာများ ပါဝင်သည်။
ထိုစံအိမ်မှာ ကျေးလက်ဒေသတွင်ရှိသော အပြောကျယ်သည့် စံအိမ်တစ်လုံး ဖြစ်နိုင်သည်ဟု သင့်အနေဖြင့် ယူဆနိုင်သည်။ သို့သော် ထိုစံအိမ်မှာ မြေပြင်မှ ပေ ၄၀၀ အမြင့်တွင် တည်ရှိနေသည်။
တည်နေရာမှာ အိန္ဒိယနိုင်ငံ ၊ ဘင်္ဂလူရူမြို့၊ UB City ဈေးဝယ်စင်တာမှ Kingfisher တာဝါ၏ ထိပ်တွင် တည်ရှိသည်။
စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၀၀၀၀ ရှိသည်။
Prestige Estates Projects ၏ ဥက္ကဌဖြစ်သူ အာဖန်ရာဇက် က ပြောသည်မှာ “ဒီလောက်အမြင့်မှာ စံအိမ်တစ်လုံး ဆောက်ဖို့ဆိုတာ စိန်ခေါ်မှု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆောက်လုပ်ခဲ့ကြတယ်။ စံအိမ်က ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံရှိပြီး အချောသတ်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
“ကျွန်တော်တို့ ဒီစံအိမ်ကို အပြီးသတ်ဆောက်လုပ်ပြီး ပိုင်ရှင်ထံ အပ်နှံသွားမှာ ဖြစ်ပါတယ်။”
(ပေ ၄၀၀ အမြင့်တွင် ဆောက်လုပ်ထားသော စံအိမ်။ ဓာတ်ပုံ-Instagram/@sriharikaranth)
ကောင်းကင်စံအိမ်ကြီး၏ တန်ကြေးမှာ ကန်ဒေါ်လာ သန်း ၂၀ ခန့် ရှိသည်။
အလွန်တရာခမ်းနားလှသော စံအိမ်ကြီး အကောင်အထည်ပေါ်လာရန် ငွေကြေးများစွာ သုံးစွဲခဲ့ပြီးနောက် ထိုအရာအားလုံး အချည်းနှီးဖြစ်ရမည့် အခြေအနေ ဖြစ်နေသည်။
ဗီဂျေးသည် ထိုစံအိမ်ကြီးတွင် မည်သည့်အခါမှ နေထိုင်ဖြစ်ဖွယ် မရှိချေ။
အိန္ဒိယအစိုးရက ဗီဂျေးကို အိန္ဒိယသို့ ပြန်လည်လွှဲပြောင်းပေးရန် ဗြိတိန်အစိုးရအား တောင်းဆိုထားသည်။
ဗီဂျေးသည် Kingfisher ဟူသော အမှတ်တံဆိပ်ဖြင့် ဘီယာရောင်းချကာ ချမ်းသာကြွယ်ဝလာခြင်း ဖြစ်သည်။
ဗီဂျေး မာလ်ယာအား အိန္ဒိယသို့ လွှဲပြောင်းပေးရန် ပြီးခဲ့သောနှစ်က ဗြိတိန်လုံခြုံရေးဝန်ကြီး Tom Tugendhat ထံ တောင်းဆိုထားသည်။
ဗြိတိန်လုံခြုံရေးဝန်ကြီးက ပြောသည်မှာလည်း ဗြိတိန်သည် တရားစီရင်မှုကို ရှောင်လွှဲနိုင်သောနေရာတစ်ခု ဖြစ်မလာစေလိုကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
(ဗီဂျေးသည် ဤကောင်းကင်စံအိမ်ကြီးတွင် မည်သည့်အခါမှ နေထိုင်ဖြစ်ဖွယ် မရှိချေ။ ဓာတ်ပုံ- Instagram/ @sriharikaranth)
အိန္ဒိယအစိုးရက ဗီဂျေးအား ဖမ်းဆီးနိုင်ရန် ကြိုးစားလျက်ရှိပြီး စံအိမ်ကြီးမှာ ပိုင်ရှင်လက်သို့ ရောက်ရှိသေးခြင်း မရှိချေ။
ဗီဂျေးသည် ငွေကြေးမသမာမှု စွဲဆိုချက်များခံထားရပြီး သားသမီးများနှင့် နီးနီးကပ်ကပ်နေရန်ဟု အကြောင်းပြ ကာ ၂၀၁၆ ခုနှစ် ၊ မတ်လ ၂ ရက်တွင် အိန္ဒိယမှ ထွက်ခွာသွားခဲ့သည်။
အိန္ဒိယရှိ ဘဏ်ပေါင်း ၁၇ ခုက ဗီဂျေး ချေးယူထားသော ရူပီးငွေ ၉၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ကို ပြန်လည် ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Owner of controversial $20 million 'sky mansion' built on top of 400ft skyscraper might never live in it (unilad)
Photo Credit- Instagram/ @sriharikaranth
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service