Alibaba တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်မား၏ ဇနီးက စင်္ကာပူရှိ အိမ် ၃ လုံးကို စင်္ကာပူဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ယူ

Alibaba တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျက်မား၏ ဇနီးက စင်္ကာပူရှိ အိမ် ၃ လုံးကို စင်္ကာပူဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Feb 2024 12:17 pm တွင် တင်ခဲ့သည်
1994 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Alibaba တည်ထောင်သူ ဘီလျံနာ သူဌေးကြီး ဂျက်မား၏ ဇနီးသည် စင်္ကာပူတွင် shophouse ဟုခေါ်သော အိမ် ၃ လုံး ဝယ်ယူလိုက်ကြောင်း Business Times သတင်းဌာနက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖော်ပြသည်။

ဝယ်ယူလိုက်သော အိမ်များသည် စင်္ကာပူရှိ ဈေးအကြီးဆုံးအိမ်များတွင် ပါဝင်သည်ဟုဆိုသည်။

စင်္ကာပူတွင် အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်နေသည်ဆိုသော်လည်း ကျိကျိတက်ကြွယ်ဝသူတို့အတွက်မူ မှုလောက်စရာ မဟုတ်ချေ။

၎င်းတို့အတွက် အိမ်ဆောက်တမ်းကစားသည့် မိုနိုပိုလီဂိမ်းကို လက်တွေ့ဘဝတွင် ကစားနေသည့်သဖွယ်သာ ဖြစ်သည်။

ဂျက်မား၏ ဇနီးဖြစ်သူ ကျန်းယင် (Zhang Ying) ဝယ်ယူလိုက်သည်မှာ စင်္ကာပူမှ စီးပွားရေးအချက်အခြာ ဒေသဖြစ်သော တန်ဂျောင်ပဂါးအရပ်ရှိ အိမ်များ ဖြစ်သည်။

(ဓာတ်ပုံ-Sohu)

ကျန်းယင်သည် Duxton လမ်းတွင်ရှိသော shophouse ၃ လုံးကို ဝယ်ယူရာတွင် စင်္ကာပူဒေါ်လာ ၄၅ သန်းမှ သန်း ၅၀ ကြားပေးခဲ့ရသည်။

Business Times ၏ ဖော်ပြချက်အရ ကျန်းယင်သည် စင်္ကာပူနိုင်ငံသူဖြစ်ပြီး ဝယ်ယူလိုက်သော အိမ်များမှာ Duxton လမ်း အမှတ် ၇၀၊ ၇၁၊ ၇၂ တို့ဖြစ်ပြီး ကပ်လျက်တည်ရှိသောအိမ်များ ဖြစ်သည်။

(ဓာတ်ပုံ-Google Maps)

၉၉ နှစ် ဂရမ်သက်တမ်းရှိသော အိမ်များဖြစ်ပြီး ဂရမ်ကာလမှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခြင်းဖြစ်ရာ ၆၃ နှစ်ခွဲ သက်တမ်းကျန်ရှိသေးသည်။

Business Times ၏ ဖော်ပြချက်အရ ယခုအရောင်းအဝယ်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၄၅ သန်းမှ သန်း ၅၀ ကြားမှာ ထိုဒေသရှိ ပုံမှန်ဈေးကွက်ပေါက်ဈေးထက် များပြားနေသည်ဟု ဆိုသည်။

၃ ထပ်အဆောက်အအုံများဖြစ်ပြီး မြေအကျယ်အဝန်း ၃၂၃၉ စတုရန်းပေရှိသည်။

ပြန်လည်မွမ်းမံမှုများ ပြုလုပ်ရန် မြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ထံမှ ခွင့်ပြုချက်ရရှိထားပြီး လက်ရှိအားဖြင့် ပြန်လည်မွမ်းမံမှုများ လုပ်ဆောင်နေသည်။

မြေညီထပ်ကို စားသောက်ဆိုင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပေါ်ထပ်များတွင်မူ ရုံးခန်းများ ထားရှိမည်ဟု ဆိုသည်။

ဤဝယ်ယူမှုမှာ ဂျက်မားအတွက် စင်္ကာပူတွင် ပထမဆုံးအိမ်ခြံမြေဝယ်ယူမှု မဟုတ်။

   (ဓာတ်ပုံ-Reuters  )

၂၀၁၉ ခုနှစ်အတွင်းကလည်း ဂျက်မားသည် စင်္ကာပူရှိ Victoria Park Close အရပ်တွင် နှစ်ထပ်ဘန်ဂလိုအိမ်တစ်လုံး ဆောက်လုပ်နေသည်ဟူသော သတင်းများ ထွက်ခဲ့ဖူးသည်။

ထိုအရပ်သည် အထက်တန်းစားဘန်ဂလိုအိမ်များ (GCB) တည်ရှိသည့်နေရာအဖြစ် လူသိများသည်။

ဂျက်မားက ထိုဘန်ဂလိုအိမ်ဆောက်လုပ်မှု စီမံကိန်း အပြီးသတ်ခဲ့ခြင်း ရှိမရှိ မသိရချေ။

ဂျက်မားနှင့် ကျန်းယင်တို့သည် ဟန်ကျိုး ဆရာအတတ်သင်သိပ္ပံတွင် ကျောင်းသားများအဖြစ် စတင်ဆုံစည်း ခဲ့ကြပြီး ၁၉၈၀ ပြည့်လွန် နှောင်းပိုင်းကာလတွင် လက်ထပ်ခဲ့ကြသည်။

(ဓာတ်ပုံ-Baidu)

၁၉၉၉ ခုနှစ်တွင် ဂျက်မားက Alibaba ကို တည်ထောင်ချိန်၌ ကျန်းယင်မှာ ကုမ္ပဏီ၏ ပထမဆုံးဝန်ထမ်းများ တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ကျန်းယင်သည် သားသမီး ၂ ဦးကို ကြည့်ရှုစောင့်ရှောက်ရန်အတွက် Alibaba ၏ တရုတ်ပြည် ရုံးချုပ် အထွေထွေမန်နေဂျာ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jack Ma’s Wife Bought Three Prestige Properties in Singapore Worth Millions (finance) Photo Credit: Sohu, Google Maps, Baidu

[Zawgyi]

Alibaba တည္ေထာင္သူ ဘီလ်ံနာသူေဌးၾကီး ဂ်က္မား၏ ဇနီးက စကၤာပူရွိ အိမ္ ၃ လံုးကို စကၤာပူေဒၚလာ သန္း ၅၀ ျဖင့္ ဝယ္ယူ

Alibaba တည္ေထာင္သူ ဘီလ်ံနာ သူေဌးၾကီး ဂ်က္မား၏ ဇနီးသည္ စကၤာပူတြင္ shophouse ဟုေခၚေသာ အိမ္ ၃ လံုး ဝယ္ယူလိုက္ေၾကာင္း Business Times သတင္းဌာနက ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ေဖာ္ျပသည္။

ဝယ္ယူလိုက္ေသာ အိမ္မ်ားသည္ စကၤာပူရွိ ေစ်းအၾကီးဆံုးအိမ္မ်ားတြင္ ပါဝင္သည္ဟုဆိုသည္။

စကၤာပူတြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား ေခါင္ခိုက္ေနသည္ဆိုေသာ္လည္း က်ိက်ိတက္ၾကြယ္ဝသူတို႔အတြက္မူ မႈေလာက္စရာ မဟုတ္ေခ်။

၎တို႔အတြက္ အိမ္ေဆာက္တမ္းကစားသည့္ မိုႏိုပိုလီဂိမ္းကို လက္ေတြ႔ဘဝတြင္ ကစားေနသည့္သဖြယ္သာ ျဖစ္သည္။

ဂ်က္မား၏ ဇနီးျဖစ္သူ က်န္းယင္ (Zhang Ying) ဝယ္ယူလိုက္သည္မွာ စကၤာပူမွ စီးပြားေရးအခ်က္အျခာ ေဒသျဖစ္ေသာ တန္ေဂ်ာင္ပဂါးအရပ္ရွိ အိမ္မ်ား ျဖစ္သည္။

(ဓာတ္ပံု-Sohu)

က်န္းယင္သည္ Duxton လမ္းတြင္ရွိေသာ shophouse ၃ လံုးကို ဝယ္ယူရာတြင္ စကၤာပူေဒၚလာ ၄၅ သန္းမွ သန္း ၅၀ ၾကားေပးခဲ့ရသည္။

Business Times ၏ ေဖာ္ျပခ်က္အရ က်န္းယင္သည္ စကၤာပူႏိုင္ငံသူျဖစ္ျပီး ဝယ္ယူလုိက္ေသာ အိမ္မ်ားမွာ Duxton လမ္း အမွတ္ ၇၀၊ ၇၁၊ ၇၂ တို႔ျဖစ္ျပီး ကပ္လ်က္တည္ရွိေသာအိမ္မ်ား ျဖစ္သည္။

(ဓာတ္ပံု-Google Maps)

၉၉ ႏွစ္ ဂရမ္သက္တမ္းရွိေသာ အိမ္မ်ားျဖစ္ျပီး ဂရမ္ကာလမွာ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလမွ စတင္ျခင္းျဖစ္ရာ ၆၃ ႏွစ္ခြဲ သက္တမ္းက်န္ရွိေသးသည္။

Business Times ၏ ေဖာ္ျပခ်က္အရ ယခုအေရာင္းအဝယ္ေစ်းႏႈန္း စကၤာပူေဒၚလာ ၄၅ သန္းမွ သန္း ၅၀ ၾကား မွာ ထိုေဒသရွိ ပံုမွန္ေစ်းကြက္ေပါက္ေစ်းထက္ မ်ားျပားေနသည္ဟု ဆိုသည္။

၃ ထပ္အေဆာက္အအံုမ်ားျဖစ္ျပီး ေျမအက်ယ္အဝန္း ၃၂၃၉ စတုရန္းေပရွိသည္။

ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ ျမိဳ႕ျပျပန္လည္ဖြံ႔ျဖိဳးေရးအာဏာပိုင္အဖြဲ႔ထံမွ ခြင့္ျပဳခ်က္ရရွိထားျပီး လက္ရွိ အားျဖင့္ ျပန္လည္မြမ္းမံမႈမ်ား လုပ္ေဆာင္ေနသည္။

ေျမညီထပ္ကို စားေသာက္ဆိုင္ဖြင့္လွစ္သြားမည္ျဖစ္ျပီး အေပၚထပ္မ်ားတြင္မူ ရံုးခန္းမ်ား ထားရွိမည္ဟု ဆိုသည္။

ဤဝယ္ယူမႈမွာ ဂ်က္မားအတြက္ စကၤာပူတြင္ ပထမဆံုးအိမ္ျခံေျမဝယ္ယူမႈ မဟုတ္။

၂၀၁၉ ခုႏွစ္အတြင္းကလည္း ဂ်က္မားသည္ စကၤာပူရွိ Victoria Park Close အရပ္တြင္ ႏွစ္ထပ္ဘန္ဂလိုအိမ္ တစ္လံုး ေဆာက္လုပ္ေနသည္ဟူေသာ သတင္းမ်ား ထြက္ခဲ့ဖူးသည္။

ထုိအရပ္သည္ အထက္တန္းစားဘန္ဂလိုအိမ္မ်ား (GCB) တည္ရွိသည့္ေနရာအျဖစ္ လူသိမ်ားသည္။

ဂ်က္မားက ထိုဘန္ဂလိုအိမ္ေဆာက္လုပ္မႈ စီမံကိန္း အျပီးသတ္ခဲ့ျခင္း ရွိမရွိ မသိရေခ်။

ဂ်က္မားႏွင့္ က်န္းယင္တို႔သည္ ဟန္က်ဳိး ဆရာအတတ္သင္သိပၸံတြင္ ေက်ာင္းသားမ်ားအျဖစ္ စတင္ဆံုစည္း ခဲ့ၾကျပီး ၁၉၈၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလတြင္ လက္ထပ္ခဲ့ၾကသည္။

(ဓာတ္ပံု-Baidu)

၁၉၉၉ ခုႏွစ္တြင္ ဂ်က္မားက Alibaba ကို တည္ေထာင္ခ်ိန္၌ က်န္းယင္မွာ ကုမၸဏီ၏ ပထမဆံုးဝန္ထမ္းမ်ား တြင္ တစ္ဦးအပါအဝင္ျဖစ္ခဲ့သည္။

၂၀၀၄ ခုႏွစ္တြင္ က်န္းယင္သည္ သားသမီး ၂ ဦးကို ၾကည့္ရႈေစာင့္ေရွာက္ရန္အတြက္ Alibaba ၏ တရုတ္ျပည္ ရံုးခ်ဳပ္ အေထြေထြမန္ေနဂ်ာ ရာထူးမွ ႏႈတ္ထြက္ခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jack Ma’s Wife Bought Three Prestige Properties in Singapore Worth Millions (finance) Photo Credit: Sohu, Google Maps, Baidu

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service