Monster ဇာတ်ကားတွင် ပြည့်တန်ဆာအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ချားလစ်ဇ် သီရွန် ဟောလိဝုဒ်ဟေးစ်ရှိ စပိန်ဗိသုကာဟန် စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်

Monster ဇာတ်ကားတွင် ပြည့်တန်ဆာအဖြစ် သရုပ်ဆောင်ကာ အော်စကာဆုရခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် ချားလစ်ဇ် သီရွန် ဟောလိဝုဒ်ဟေးစ်ရှိ စပိန်ဗိသုကာဟန် စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
28 Feb 2024 11:10 am တွင် တင်ခဲ့သည်
944 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ၊ ရုပ်ရှင်ထုတ်လုပ်သူ ချားလစ်ဇ်သီရွန်သည် အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်ဟေးစ်အရပ်ရှိ စပိန်ဗိသုကာဟန် စံအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

အသက် ၄၈ နှစ်ရှိပြီဖြစ်သူ ချားလစ်ဇ်သီရွန်သည် ဤစံအိမ်ကို လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုနီးပါးက ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၃ သန်းပေးခဲ့ရပြီး ယခုအခါ ကန်ဒေါ်လာ ၃၇၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

စတုရန်းပေ ၃၁၁၉ ကျယ်ဝန်းသော စံအိမ်ကို ချားလစ်ဇ် သီရွန်က ၂၀၀၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ချားလစ်ဇ်သီရွန်သည် တောင်အာဖရိကနိုင်ငံမှ လာရောက်အခြေချသူဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကလည်း လော့စ်အိန်ဂျလိမြို့ရှိ ဘန်ဂလိုအိမ်တစ်လုံးကို အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

ယခုအခါတွင် ချားလစ်ဇ်သီရွန်က ဟောလိဝုဒ်ဟေးစ်စံအိမ်နှင့် လမ်းခွဲရန် စီစဉ်လာခြင်းဖြစ်သည်။

ခြံအကျယ်မှာ ၁ ဧကကျော်ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

 (၁၉၆၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

(ဧည့်ခန်းနှင့် ညစာစားနေရာ။ ဓာတ်ပုံ-Realtor)

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

(အိပ်ခန်း။ ဓာတ်ပုံ-Realtor)

(ရေချိုးခန်း။ ဓာတ်ပုံ-Realtor)

(ရေကူးကန်နှင့် နားနေ နေရာ။ ဓာတ်ပုံ-Realtor)

စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အုတ်ကြွပ်အမိုးများဖြင့် လှပစွာ တွေ့ရသည်။

မြင့်မားသော မျက်နှာကြက်များ၊ ကျေးလက်ဆန်သော ထုတ်တန်းများဖြင့် ဆောက်လုပ်ထားပြီး ကြီးမားသည့် ပြတင်းများမှတဆင့် တောင်ကုန်းများနှင့် တောင်ကြားတို့၏ ရှုမျှော်ခင်းများကို တွေ့ရသည်။

လူစုဝေးရာနေရာများအနေဖြင့် အခန်းဖွင့်ခင်းကျင်းထားသော ဧည့်ခန်း၊ မီးလင်းဖို၊ ညစာစားရန်နေရာနှင့် သီးသန့်ခန်းတို့ရှိသည်။

မီးဖိုဆောင်တွင် ကြီးမားသော မီးဖိုခုံ၊ လက်ဆေးကန်နှင့် စတီးအသုံးအဆောင်ပစ္စည်းများ ပါဝင်သည်။

မြေညီထပ်တွင် ပင်မအိပ်ခန်းရှိပြီး သီးသန့် နားနေဆောင်ပါဝင်သည်။

ပင်မရေချိုးခန်းတွင် မှန်လုံကာ ရေပန်းရေချိုးခန်းနှင့် ရေစိမ်ကန်တို့ ပါဝင်သည်။

ပထမထပ်တွင် မီဒီယာခန်းမနှင့် အိမ်တွင်းရုံးခန်းတို့ ထားရှိသည်။

စံအိမ်အပြင်ဘက်ဆီတွင် lagoon style ရေကူးကန်နှင့် spa ၊ ဂိမ်းကစားရန်နှင့် အိမ်မွေးတိရ စ္ဆာန်များ ဆော့ကစားရန် မြက်ခင်းနေရာ၊ အကင်နေရာတို့ ရှိသည်။

ထို့အပြင် ကား ၂ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်သေးသည်။

ချားလစ်ဇ်သီရွန်သည် ဥရောပတွင် မော်ဒယ်တစ်ဦးအဖြစ် သူ၏ အနုပညာဘဝကို စတင်ခဲ့ပြီးနောက် ဘဲလေးအက လေ့လာရန် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့သည်။

ရုပ်ရှင်ဇာတ်ကား များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ The Devil’s Advocate , Mad Max: Fury Road နှင့် Bombshell ဇာတ်ကားများ အပါအဝင် ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် Monster ရုပ်ရှင်ဇာတ်ကား၌ စိတ္တဇလူသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး အော်စကာဆု ရရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Oscar Winner Charlize Theron Is Selling Her Haute L.A. Home for $3.75M (dailymail)

Photo Credit-realtor

[Zawgyi]

Monster ဇာတ္ကားတြင္ ျပည့္တန္ဆာအျဖစ္ သရုပ္ေဆာင္ကာ ေအာ္စကာဆုရခဲ့သူ ေဟာလိဝုဒ္ၾကယ္ပြင့္ ခ်ားလစ္ဇ္ သီရြန္ ေဟာလိဝုဒ္ေဟးစ္ရွိ စပိန္ဗိသုကာဟန္ စံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၇၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး ၊ ရုပ္ရွင္ထုတ္လုပ္သူ ခ်ားလစ္ဇ္သီရြန္သည္ အေမရိကန္ ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္ေဟးစ္အရပ္ရွိ စပိန္ဗိသုကာဟန္ စံအိမ္ကို အေရာင္းေစ်းကြက္တင္လာသည္။

အသက္ ၄၈ ႏွစ္ရွိျပီျဖစ္သူ ခ်ားလစ္ဇ္သီရြန္သည္ ဤစံအိမ္ကို လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၂ ခုနီးပါးက ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၃ သန္းေပးခဲ့ရျပီး ယခုအခါ ကန္ေဒၚလာ ၃၇၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

စတုရန္းေပ ၃၁၁၉ က်ယ္ဝန္းေသာ စံအိမ္ကို ခ်ားလစ္ဇ္ သီရြန္က ၂၀၀၄ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ခ်ားလစ္ဇ္သီရြန္သည္ ေတာင္အာဖရိကႏိုင္ငံမွ လာေရာက္အေျခခ်သူျဖစ္ျပီး ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ကလည္း ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ ဘန္ဂလိုအိမ္တစ္လံုးကို အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

ယခုအခါတြင္ ခ်ားလစ္ဇ္သီရြန္က ေဟာလိဝုဒ္ေဟးစ္စံအိမ္ႏွင့္ လမ္းခြဲရန္ စီစဥ္လာျခင္းျဖစ္သည္။

ျခံအက်ယ္မွာ ၁ ဧကေက်ာ္ရွိျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္း ပါဝင္သည္။

(၁၉၆၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-Realtor)

(ဧည့္ခန္းႏွင့္ ညစာစားေနရာ။ ဓာတ္ပံု-Realtor)

(မီးဖိုေဆာင္။ ဓာတ္ပံု-Realtor)

(အိပ္ခန္း။ ဓာတ္ပံု-Realtor)

(ေရခ်ဳိးခန္း။ ဓာတ္ပံု-Realtor)

(ေရကူးကန္ႏွင့္ နားေန ေနရာ။ ဓာတ္ပံု-Realtor)

စပိန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး အုတ္ၾကြပ္အမိုးမ်ားျဖင့္ လွပစြာ ေတြ႔ရသည္။

ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား၊ ေက်းလက္ဆန္ေသာ ထုတ္တန္းမ်ားျဖင့္ ေဆာက္လုပ္ထားျပီး ၾကီးမားသည့္ ျပတင္းမ်ားမွတဆင့္ ေတာင္ကုန္းမ်ားႏွင့္ ေတာင္ၾကားတို႔၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ရသည္။

လူစုေဝးရာေနရာမ်ားအေနျဖင့္ အခန္းဖြင့္ခင္းက်င္းထားေသာ ဧည့္ခန္း၊ မီးလင္းဖို၊ ညစာစားရန္ေနရာႏွင့္ သီးသန္႔ခန္းတို႔ရွိသည္။

မီးဖိုေဆာင္တြင္ ၾကီးမားေသာ မီးဖိုခံု၊ လက္ေဆးကန္ႏွင့္ စတီးအသံုးအေဆာင္ပစၥည္းမ်ား ပါဝင္သည္။

ေျမညီထပ္တြင္ ပင္မအိပ္ခန္းရွိျပီး သီးသန္႔ နားေနေဆာင္ပါဝင္သည္။

ပင္မေရခ်ဳိးခန္းတြင္ မွန္လံုကာ ေရပန္းေရခ်ဳိးခန္းႏွင့္ ေရစိမ္ကန္တို႔ ပါဝင္သည္။

ပထမထပ္တြင္ မီဒီယာခန္းမႏွင့္ အိမ္တြင္းရံုးခန္းတို႔ ထားရွိသည္။

စံအိမ္အျပင္ဘက္ဆီတြင္ lagoon style ေရကူးကန္ႏွင့္ spa ၊ ဂိမ္းကစားရန္ႏွင့္ အိမ္ေမြးတိရ စၦာန္မ်ား ေဆာ့ကစားရန္ ျမက္ခင္းေနရာ၊ အကင္ေနရာတို႔ ရွိသည္။

ထို႔အျပင္ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္တစ္ခုလည္း ပါဝင္ေသးသည္။

ခ်ားလစ္ဇ္သီရြန္သည္ ဥေရာပတြင္ ေမာ္ဒယ္တစ္ဦးအျဖစ္ သူ၏ အႏုပညာဘဝကို စတင္ခဲ့ျပီးေနာက္ ဘဲေလးအက ေလ့လာရန္ အေမရိကန္သုိ႔ ေျပာင္းေရႊ႕ခဲ့သည္။

ရုပ္ရွင္ဇာတ္ကား မ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ The Devil’s Advocate , Mad Max: Fury Road ႏွင့္ Bombshell ဇာတ္ကားမ်ား အပါအဝင္ ျဖစ္သည္။

၂၀၀၄ ခုႏွစ္တြင္ Monster ရုပ္ရွင္ဇာတ္ကား၌ စိတၱဇလူသတ္သမားအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသမီး ေအာ္စကာဆု ရရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Oscar Winner Charlize Theron Is Selling Her Haute L.A. Home for $3.75M (dailymail)

Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service