ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေများ၏ ကာလတန်ဖိုးသတ်မှတ်ရန်အတွက် အိမ်ခြံမြေပိုင်ရှင်များက မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး အဆိုပါ တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့သို့ လျှောက်လွှာများပေးပို့ကြရမည်ဖြစ်ကြောင်း၊ အဆိုပါလျှောက်လွှာများကို ကွင်းဆင်းစစ်ဆေးပြီး တန်ဖိုးသတ်မှတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့အနေနှင့် ဘဏ္ဍာနှစ်အလိုက် အိမ်ခြံမြေတန်ဖိုး သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးဖို့ တင်ပြရမည့်လျှောက်လွှာများကို မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထားတင်ပြရမှာ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါလျှောက်လွှာတွေကို စိစစ်ပြီး မတ်လ (၁၆) ရက်နေ့ကနေ (၂၂) ရက်နေ့အတွင်း ကွင်းဆင်းစစ်ဆေးပြီး တန်ဖိုးသတ်မှတ်မှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်း၊ တန်ဖိုးသတ်မှတ်ပြီးရင် မတ်လ (၂၅) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ အခွန်ထမ်းများက ဝင်ငွေခွန်နဲ့တံဆိပ်ခေါင်းခွန်များ ဆောင်ရွက်နိုင်ဖို့ တန်ဖိုးသတ်မှတ်လျှောက်လွှာတွေကို လက်ခံပေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေကာလတန်ဖိုး သတ်မှတ်ပေးခြင်း လျှောက်လွှာတွေကို သတ်မှတ်ထားတဲ့ရက်အတွင်း ရုံးချိန်ညနေ (၄) နာရီခွဲ နောက်ဆုံးထားတင်ပြကြဖို့ မန္တလေးတိုင်းဒေသကြီး ကာလတန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မႏၲေလးတိုင္းေဒသႀကီးအတြင္း အိမ္ျခံေျမကာလတန္ဖိုးသတ္မွတ္ရန္ ေလွ်ာက္လႊာမ်ား ကြင္းဆင္းစစ္ေဆးမည္
မႏၲေလးတိုင္းေဒသႀကီးအတြင္း႐ွိ အိမ္ျခံေျမမ်ား၏ ကာလတန္ဖိုးသတ္မွတ္ရန္အတြက္ အိမ္ျခံေျမပိုင္႐ွင္မ်ားက မတ္လ (၁၅) ရက္ေန႔ ေနာက္ဆုံးထားၿပီး အဆိုပါ တိုင္းေဒသႀကီးကာလတန္ဖိုးစိစစ္သတ္မွတ္ေရးအဖြဲ႕သို႔ ေလွ်ာက္လႊာမ်ားေပးပို႔ၾကရမည္ျဖစ္ေၾကာင္း၊ အဆိုပါေလွ်ာက္လႊာမ်ားကို ကြင္းဆင္းစစ္ေဆးၿပီး တန္ဖိုးသတ္မွတ္မႈမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္း ကာလတန္ဖိုးစိစစ္ သတ္မွတ္ေရးအဖြဲ႕အေနႏွင့္ ဘ႑ာႏွစ္အလိုက္ အိမ္ျခံေျမတန္ဖိုး သတ္မွတ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္႐ွိရာ (၂၀၂၃-၂၀၂၄)ဘ႑ာေရးႏွစ္အတြက္ တန္ဖိုးသတ္မွတ္ေပးဖို႔ တင္ျပရမည့္ေလွ်ာက္လႊာမ်ားကို မတ္လ (၁၅)ရက္ေန႔ ေနာက္ဆုံးထားတင္ျပရမွာ ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ကာလတန္ဖိုး စိစစ္သတ္မွတ္ေရးအဖြဲ႕က ထုတ္ျပန္ေၾကျငာလိုက္သည္။
အဆိုပါေလွ်ာက္လႊာေတြကို စိစစ္ၿပီး မတ္လ (၁၆) ရက္ေန႔ကေန (၂၂) ရက္ေန႔အတြင္း ကြင္းဆင္းစစ္ေဆးၿပီး တန္ဖိုးသတ္မွတ္မႈေတြ လုပ္ေဆာင္မွာျဖစ္ေၾကာင္း၊ တန္ဖိုးသတ္မွတ္ၿပီးရင္ မတ္လ (၂၅) ရက္ေန႔ကေန (၂၉) ရက္ေန႔အထိ အခြန္ထမ္းမ်ားက ဝင္ေငြခြန္နဲ႔တံဆိပ္ေခါင္းခြန္မ်ား ေဆာင္႐ြက္ႏိုင္ဖို႔ တန္ဖိုးသတ္မွတ္ေလွ်ာက္လႊာေတြကို လက္ခံေပးတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားသည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း အိမ္ျခံေျမကာလတန္ဖိုး သတ္မွတ္ေပးျခင္း ေလွ်ာက္လႊာေတြကို သတ္မွတ္ထားတဲ့ရက္အတြင္း ႐ုံးခ်ိန္ညေန (၄) နာရီခြဲ ေနာက္ဆုံးထားတင္ျပၾကဖို႔ မႏၲေလးတိုင္းေဒသႀကီး ကာလတန္ဖိုးစိစစ္ သတ္မွတ္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com