ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Dana Point မြို့တွင် ပင်လယ်ကမ်းပါးပြတ် အစွန်း တွင် ဆောက်လုပ်ထားသော ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ စံအိမ်ကြီး ၃ လုံးမှာ ပင်လယ်အတွင်း ပြိုကျရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ပင်လယ်ကမ်းပါးမှာ မိုးသက်မုန်တိုင်းများ အဆက်မပြတ်တိုက်ခတ်မှုကြောင့် ဆိုးရွားစွာ ပြိုကျလာလျက်ရှိသည်။
ရှုခင်းပိုင်ဆိုင်ခွင့် ရရှိရေးအတွက် ပေးဆပ်ရသည့်တန်ဖိုး ကြီးမားမှုကို ပြသနေသည်။
နေအိမ်ကြီးများမှာ Scenic Drive ဟူသောနေရာတွင် တည်ရှိသည်။
ယခုရက်သတ္တပတ်အတွင်း X လူမှုကွန်ရက် (ယခင်အမည် တွစ်တာ) သုံးစွဲသူတစ်ဦးက ယခုစံအိမ်ကြီးများ အကြောင်း ရိုက်ကူးတင်ပြထားသည့် ABC သတင်းဌာနမှ ဗွီဒီယိုတစ်ခုကို မျှဝေခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့ အကြား ပျံ့နှံ့ခဲ့သည်။
“ပြီးခဲ့တဲ့သတင်းပတ်ကုန်က Scenic Drive မှာရှိတဲ့ အိမ်ကြီး ၃ လုံးအနီးမှာ ကြီးမားတဲ့ မြေပြိုမှုတွေ ဖြစ်ခဲ့ ပါတယ်” ဟု သတင်းတင်ဆက်သူက ပြောသည်။
(Dana Point မြို့ရှိ ပင်လယ်အတွင်း ပြိုကျမည့် အန္တရာယ်ရင်ဆိုင်နေရသော စံအိမ်ကြီး ၃ လုံး၏ ကောင်းကင် ဓာတ်ပုံ။ ဓာတ်ပုံ-Los Angeles Times)
ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ကမ်းပါးထိပ်တွင်ရှိနေသော ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်ကြီး များမှာ ကြောက်မက်ဖွယ် အန္တရာယ်ရှိသည်ဟု ယူဆရသော်လည်း KCAL News သတင်းဌာနတွင် ဖော်ပြချက် အရမူ လက်ရှိအားဖြင့် စံအိမ်ကြီးများ ဘေးကင်းကြောင်း ဖော်ပြသည်။
“အိမ်က ဘေးကင်းပါတယ်။ အန္တရာယ်မရှိပါဘူး”ဟု အဆိုပါ အိမ်ကြီး ၃ လုံးအနက် ၁ လုံးကို ပိုင်ဆိုင်သူ Dr.Lewis Bruggeman က ပြောသည်။
Danna Point ၏ မြို့တော်ဝင် Mike Killebrew က ပြောသည်မှာ ဘူမိနည်းပညာအင်ဂျင်နီယာနှင့် အဆောက်အအုံ စုံစမ်းစစ်ဆေးရေးမှူးတို့ ထိုနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ချက်ချင်း လက်ငင်း စိုးရိမ်ဖွယ်ရာ မတွေ့ရကြောင်း ပြောသည်။
“လက်ရှိအားဖြင့် ဒီအိမ်တွေဟာ ချက်ချင်းလက်ငင်း စိုးရိမ်စရာ အခြေအနေ မရှိဘူးဆိုတာ မြို့အုပ်ချုပ်ရေးအဖွဲ့ က အတည်ပြုပါတယ်”ဟု ၎င်းက ပြောသည်။
(ပြီးခဲ့သော သတင်းပတ်ကုန်တွင် ကြီးမားသည့် မြေပြိုမှု ဖြစ်ပွားခဲ့သောကြောင့် ပင်လယ်အတွင်း ပြိုကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော စံအိမ်ကြီး ၃ လုံး။ ဓာတ်ပုံ-Los Angeles Times )
(ကယ်လီဖိုးနီးယားနိုင်ငံ တောင်ပိုင်းတွင် မြေပြိုမှုများမှာ မကြာခဏ ရတက်မအေးဖွယ် အကြောင်းရပ် ဖြစ်နေသည်။ ဓာတ်ပုံ-Los Angeles Times)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Three Multimillion Dollar Homes on a Cliff Appear at Risk of Falling Into the Ocean (architecturaldigest)
Photo Credit: Allen J. Schaben/Los Angeles Times
[Zawgyi]
အေမရိကန္ျပည္ ၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ပင္လယ္အတြင္း ၿပိဳက်မည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေသာ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကး႐ွိ စံအိမ္ႀကီး (၃) လုံး
အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Dana Point ၿမိဳ႕တြင္ ပင္လယ္ကမ္းပါးျပတ္ အစြန္း တြင္ ေဆာက္လုပ္ထားေသာ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကး႐ွိ စံအိမ္ႀကီး ၃ လုံးမွာ ပင္လယ္အတြင္း ၿပိဳက်ရေတာ့မည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည္။
ပင္လယ္ကမ္းပါးမွာ မိုးသက္မုန္တိုင္းမ်ား အဆက္မျပတ္တိုက္ခတ္မႈေၾကာင့္ ဆိုး႐ြားစြာ ၿပိဳက်လာလ်က္႐ွိသည္။
႐ႈခင္းပိုင္ဆိုင္ခြင့္ ရ႐ွိေရးအတြက္ ေပးဆပ္ရသည့္တန္ဖိုး ႀကီးမားမႈကို ျပသေနသည္။
ေနအိမ္ႀကီးမ်ားမွာ Scenic Drive ဟူေသာေနရာတြင္ တည္႐ွိသည္။
ယခုရက္သတၱပတ္အတြင္း X လူမႈကြန္ရက္ (ယခင္အမည္ တြစ္တာ) သုံးစြဲသူတစ္ဦးက ယခုစံအိမ္ႀကီးမ်ား အေၾကာင္း ႐ိုက္ကူးတင္ျပထားသည့္ ABC သတင္းဌာနမွ ဗြီဒီယိုတစ္ခုကို မွ်ေဝခဲ့ရာ လူမႈကြန္ရက္သုံးစြဲသူတို႔ အၾကား ပ်ံ႕ႏွံ႔ခဲ့သည္။
“ၿပီးခဲ့တဲ့သတင္းပတ္ကုန္က Scenic Drive မွာ႐ွိတဲ့ အိမ္ႀကီး ၃ လုံးအနီးမွာ ႀကီးမားတဲ့ ေျမၿပိဳမႈေတြ ျဖစ္ခဲ့ ပါတယ္” ဟု သတင္းတင္ဆက္သူက ေျပာသည္။
(Dana Point ၿမိဳ႕႐ွိ ပင္လယ္အတြင္း ၿပိဳက်မည့္ အႏၲရာယ္ရင္ဆိုင္ေနရေသာ စံအိမ္ႀကီး ၃ လုံး၏ ေကာင္းကင္ ဓာတ္ပုံ။ ဓာတ္ပုံ-Los Angeles Times)
ဓာတ္ပုံမ်ားတြင္ ေတြ႕ျမင္ရမႈအရ ကမ္းပါးထိပ္တြင္႐ွိေနေသာ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကး႐ွိ ေနအိမ္ႀကီး မ်ားမွာ ေၾကာက္မက္ဖြယ္ အႏၲရာယ္႐ွိသည္ဟု ယူဆရေသာ္လည္း KCAL News သတင္းဌာနတြင္ ေဖာ္ျပခ်က္ အရမူ လက္႐ွိအားျဖင့္ စံအိမ္ႀကီးမ်ား ေဘးကင္းေၾကာင္း ေဖာ္ျပသည္။
“အိမ္က ေဘးကင္းပါတယ္။ အႏၲရာယ္မ႐ွိပါဘူး”ဟု အဆိုပါ အိမ္ႀကီး ၃ လုံးအနက္ ၁ လုံးကို ပိုင္ဆိုင္သူ Dr.Lewis Bruggeman က ေျပာသည္။
Danna Point ၏ ၿမိဳ႕ေတာ္ဝင္ Mike Killebrew က ေျပာသည္မွာ ဘူမိနည္းပညာအင္ဂ်င္နီယာႏွင့္ အေဆာက္အအုံ စုံစမ္းစစ္ေဆးေရးမႉးတို႔ ထိုေနရာသို႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း၊ ခ်က္ခ်င္း လက္ငင္း စိုးရိမ္ဖြယ္ရာ မေတြ႕ရေၾကာင္း ေျပာသည္။
“လက္႐ွိအားျဖင့္ ဒီအိမ္ေတြဟာ ခ်က္ခ်င္းလက္ငင္း စိုးရိမ္စရာ အေျခအေန မ႐ွိဘူးဆိုတာ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ က အတည္ျပဳပါတယ္”ဟု ၎က ေျပာသည္။
(ၿပီးခဲ့ေသာ သတင္းပတ္ကုန္တြင္ ႀကီးမားသည့္ ေျမၿပိဳမႈ ျဖစ္ပြားခဲ့ေသာေၾကာင့္ ပင္လယ္အတြင္း ၿပိဳက်မည့္ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေသာ စံအိမ္ႀကီး ၃ လုံး။ ဓာတ္ပုံ-Los Angeles Times )
(ကယ္လီဖိုးနီးယားႏိုင္ငံ ေတာင္ပိုင္းတြင္ ေျမၿပိဳမႈမ်ားမွာ မၾကာခဏ ရတက္မေအးဖြယ္ အေၾကာင္းရပ္ ျဖစ္ေနသည္။ ဓာတ္ပုံ-Los Angeles Times)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Three Multimillion Dollar Homes on a Cliff Appear at Risk of Falling Into the Ocean (architecturaldigest)
Photo Credit: Allen J. Schaben/Los Angeles Times