ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းကို အမေရိကန်ဒေါ်လာ (၈) သန်း နှင့် ထိုင်းဘတ် သန်း (၂၀၀) ဗဟိုဘဏ်ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေချိန်မှာ ဗဟိုဘဏ်ကထုတ်ရောင်းပေးတာဖြစ်ပြီးတော့ အခုဖေဖော်ဝါရီလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကို (၈) ကြိမ် မြောက်ထုတ်ရောင်းပေးတာဖြစ်တယ်လို့ ဗဟိုဘဏ်ရာထုတ်ပြန်ချက်တွေအရသိရပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်း နဲ့ ထိုင်းဘတ်သန်း ၉၀၀ ကို တစ်လခွဲအတွင်းရောင်းချပေးထားတာလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၅ ရက်မှစတင်ကာ နိုင်ငံခြားငွေကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းဟာ တရိပ်ရိပ်မြင့်တက်နေပြီး အခုလက်ရှိမှာတော့ တစ်ဒေါ်လာကို ၃၆၀၀ ကျော်ရှိတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်ထဲကနေသိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဗဟိုဘဏ်က ကန်ဒေါ်လာ (၈) သန်းနှင့် ထိုင်းဘတ် သန်း (၂၀၀) ယနေ့ထုတ်ရောင်း