ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode] နှစ်ပေါင်း ၈၀၀ သက်တမ်းရှိနေပြီဖြစ်တဲ့ ရွှေရောင်အတိလက်တစ်ထောင်ရုပ်လုံးကြွနေဟန် ထုလုပ်ထားသော ကွမ်ရင်မယ်တော်ရုပ်ထုကြီးကို (၇) နှစ်တာပြန်လည်မွမ်းမံမှုများပြီးစီးခဲ့ပြီဖြစ်ပြီး ခရီးသွားလာသူများလေ့လာဖူးမျှော်နိုင်ရန် ဖွင့်လှစ်ထားရှိပြီးပါပြီ။
တရုတ်နိုင်ငံ Sichun စီရင်စုရဲ့ ဂုဏ်ယူစရာလည်ပတ်ရန်နေရာဖြစ်တဲ့ လက်တစ်ထောင်ကွမ်ရင်ရုပ်ပွားတော်ကြီးရဲ့ လက် ၈၃၀ ကိုပြန်လည်ပြုပြင်ရာတွင် ရွှေသတ္တုပြားအချပ်ရေ တစ်သန်းအသုံးပြုခဲ့ပြီး စုစုပေါင်းတရုတ်ယွမ် သန်း ၆၀ အကုန်အကျခံမွမ်းမံခဲ့တာဖြစ်ပါတယ်။ ရွှေရောင်တလက်လက်မွမ်းမံမှုဟာ နောင်နှစ်ပေါင်း ၅၀ ထိတိုင်အောင်သပ္ပာယ်နေဦးမယ်လို့ဆိုထားပါသေးတယ်။
တောင်ပိုင်းဆောင်မင်းဆက်လက်ထက်ကတည်းက တည်ထားခဲ့တဲ့လက်ရာမြောက်ဘုရားပုံတော်ဖြစ်ပြီး အမြင့် ၇ မီတာကျော် အကျယ် ၁၂ မီတာကျော် ရှိပါတယ်။
သမိုင်းဝင်ကွမ်ရင်မယ်တော်ရုပ်ထုတော်ကို ၁၉၉၉ ခုနှစ်မှာ ယူနက်စကိုမှ ကမ္ဘာ့အထွတ်အမြတ်ထားရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နှစ်ပေါင်း ၈၀၀ သက်တမ်းရှိပြန်လည်ပြုပြင်ပြီးစီးပြီး တရုတ်ပြည်မှ လက်တစ်ထောင်ကွမ်ရင်မယ်တော်ရုပ်ထု၏ လက်ဖျားခါလောက်ဖွယ် ဗိသုကာလက်ရာအလှ