နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည် - Property News in Myanmar from iMyanmarHouse.com
21 Feb 2024 10:51 am တွင် တင်ခဲ့သည်
601 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့တွင် ယခုနှစ်အတွင်း အိမ်ငယ်လေးများကျေးရွာတစ်ခု ဆောက်လုပ်မည် ဖြစ်သည်။
ယခုကျေးရွာတွင် နေထိုင်မည့်သူများမှာ အခမဲ့နေထိုင်ခွင့်ရမည်ဖြစ်သော်လည်း စည်းမျဉ်းကန့်သတ်ချက်များ ရှိသည်။ အဆိုပါကျေးရွာ ဆောက်လုပ်မည့်နေရာမှာ နယူးယောက်မြို့၊ Binghamton အရပ်တွင် ဖြစ်သည်။
Broome ခရိုင် အကြီးအကဲ ဂျေဆင် ဂါနာက စစ်မှုထမ်းဟောင်းတို့ကို အကူအညီပေးရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
(အိမ်ငယ်လေးများကျေးရွာတွင် နေထိုင်မည့်သူများကို ၂၀၂၅ ခုနှစ်တွင် စတင်လက်ခံသွားမည် ဖြစ်သည်။ ဓာတ်ပုံ-Jason Garnar/WBNG)
(အိမ်ငယ်ကလေးများသည် စစ်မှုထမ်းဟောင်းတို့နှင့် အိမ်ရာမဲ့များကဲ့သို့ ဒေသခံတို့ကို ကူညီနိုင်ကြောင်း ပြသရန် ဂျေဆင်ဂါနာက မျှော်လင့်နေသည်။ ဓာတ်ပုံ-WBNG)
ဂျေဆင် ဂါနာက Broome ခရိုင်ရှိ စစ်မှုထမ်းဟောင်း ၁၀၀၀၀ ခန့်ကို ကူညီရန်အတွက် အိမ်ငယ်လေးများ ဆောက်လုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ကျေးရွာအတွင်း စစ်မှုထမ်းဟောင်း အရင်းအမြစ်စင်တာတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
အိမ်ငယ်ကလေးများသည် တန်ဖိုးသက်သာသော လူနေနေရာများ ဖန်တီးပေးနိုင်ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့တို့က စစ်မှုထမ်းဟောင်းများနှင့် အိမ်ရာမဲ့တို့ ရင်ဆိုင်နေရသော နေရေးပြဿနာကို ဖြေရှင်းပေးရန် အသုံးပြုလာကြသည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာသည် Broome ခရိုင်ရှိ စစ်မှုထမ်းဟောင်းတို့၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါ ကျေးရွာဆောက်လုပ်မှု စီမံကိန်းမှာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားကြောင်း ဂါနာက ပြောသည်။
ပြီးခဲ့သော တနင်္လာနေ့က ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ခြံစည်းရိုးများ ခတ်ခဲ့သည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျရောက်သော အမေရိကန် စစ်မှုထမ်းဟောင်းများနေ့တွင် စတင်လည်ပတ်သွားရန် မျှော်မှန်းထားသည်။
အိမ်ငယ်လေးများကို အသုံးမပြုရသေးသည့် ၁၆ ဧကကျယ်ဝန်းသော မြေနေရာတွင် ဆောက်လုပ်မည် ဖြစ်သည်။
အဆိုပါမြေနေရာကို မူလက ကယ်တင်ခြင်းတပ်တော်မှ Community Center တစ်ခု ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထိုနေရာကို ကန်ဒေါ်လာ ၁၈၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
အိမ်ငယ်လေးများကျေးရွာတွင် အိမ်ပုံစံ အရွယ်အစား ၂ မျိုး ဆောက်လုပ်မည် ဖြစ်သည်။
တစ်မျိုးမှာ ၈၃၁ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ပြီး အခြားတစ်မျိုးမှာ ၉၆၅ စတုရန်းပေ ရှိမည် ဖြစ်သည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာသည် စတုရန်းပေ ၁၃၀၀၀ ရှိမည်ဖြစ်ပြီး ၂ ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်မည် ဖြစ်သည်။
ထိုစင်တာတွင် ပညာရေးဆိုင်ရာအတန်းများနှင့် အခြားသော တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အတန်းများအပြင် စစ်မှုထမ်းဟောင်း အကူအညီပေးရေးအုပ်စုများအတွက် ရုံးခန်းနေရာများ ပါဝင်မည် ဖြစ်သည်။
ထို့အပြင် စစ်မှုထမ်းဟောင်းများအတွက် ပန်းခြံတစ်ခုလည်း ဆောက်လုပ်ထားမည်ဖြစ်ပြီး အချင်းချင်း နွေးထွေးစွာ ဆက်ဆံနိုင်ရန် ရည်ရွယ်သည်။
(စစ်မှုထမ်းဟောင်း အရင်းအမြစ်စင်တာ။ ဓာတ်ပုံ- Jason Garnar/WBNG)
(တစ်နှစ်အတွင်း ပြီးစီးရန် ရည်မှန်းထားသည်။ ဓာတ်ပုံ- Jason Garnar/WBNG)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside the brand new tiny home village where rent is completely free – but you need to meet the requirements to stay (the-sun)
Photo Credit: Jason Garnar/WBNG
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service