ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
မြန်မာ-ကိုးရီးယား (ချစ်ကြည်ရေး) ဒလတံတားဟာ မြန်မာနိုင်ငံမှာတည်ဆောက်ပြီး တံတားတွေထက် တံတားကြမ်းခင်း အမြင့်ဆုံးတံတားတစ်စင်းဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
တံတားဒီဇိုင်းဟာ ရန်ကုန်မြို့ကို ပင်လယ်ကူးသင်္ဘောတွေ ဝင်ထွက်သွားလာနိုင်ဖို့အတွက် တံတားကြမ်းခင်း အမြင့်ကို (၄၉ မီတာ) အထိ ထားရှိခဲ့ပြီး ဆင်ခြေလျှောတံတားကို အတက်အဆင်းပြေပြစ်ဖို့ တည်ဆောက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ဒါ့အပြင် မော်တော်ယာဉ်တွေဖြတ်သန်းမောင်းနှင်တဲ့အခါ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက် ပင်မတံတားနဲ့ ချဉ်းကပ်တံတားတို့မှာ တစ်နာရီ (၅၀) ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ဖို့နဲ့ ဆင်ခြေလျှောတံတားမှာ တစ်နာရီ (၃၀) ကီလိုမီတာနှုန်း မောင်းနှင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို ကိုးရီးယားနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၃၇ ဒသမ ၈၃၃ ) သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄၁) သန်းနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ အဲဒီတံတားကို (၂၀၁၉) ခုနှစ် မေလကတည်းက တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်