တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများကို သားသမီးတစ်ကြိမ်ယူတိုင်း ဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့မည်ဟုဆို
တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများကို သားသမီးတစ်ကြိမ်ယူတိုင်း ဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Feb 2024 10:35 am တွင် တင်ခဲ့သည်
1129 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တောင်ကိုရီးယားကုမ္ပဏီတစ်ခုက တောင်ကိုရီးယားတွင် မွေးဖွားနှုန်း ကြောက်မက်ဖွယ်ကျဆင်းနေမှုကို ဖြေရှင်းရေး ကူညီရန်အတွက် ဒေါ်လာ သန်းပေါင်းများစွာသုံးစွဲရန်အသင့်ရှိနေကြောင်း CNN သတင်းတစ်ရပ် တွင် ဖော်ပြသည်။
ဆိုးလ်မြို့တော်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော Booyoung Group က ၎င်းတို့၏ ဝန်ထမ်းများကို ကလေးတစ်ကြိမ်ယူတိုင်း ကိုရီးယားဝမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၅၀၀၀) ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ Press release တွင် ဖော်ပြသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ကလေးရခဲ့သော ဝန်ထမ်းများအား ဝမ်ငွေ ၇ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်း) ပေးအပ်သွားမည်ဖြစ်ကြောင်း ၊ ထိုကာလအတွင်း ဝန်ထမ်းများမှ ကလေး ၇၀ ဦး မွေးဖွားခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကုမ္ပဏီရှိ အမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းအားလုံး သက်ဆိုင်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက CNN သတင်းဌာနသို့ ပြောသည်။
တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် လူဦးရေမွေးဖွားမှုနှုန်း အနည်းပါးဆုံးနိုင်ငံဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အမျိုးသမီးတစ်ဦး၏ ဘဝတစ်သက်တာတွင် သားသမီးရယူမှု ပမာဏမှာ ၀ ဒသမ ၇၈ သာ ရှိသည်။
အဆိုပါ အချိုးမှာ ၂၀၂၅ ခုနှစ်သို့ရောက်လျှင် ၀ ဒသမ ၆၅ အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထား ကြောင်း တောင်ကိုရီးယား စာရင်းအင်းဌာန၏ တရားဝင် ခန့်မှန်းချက်များတွင် ဖော်ပြသည်။
တောင်ကိုရီးယားနှင့် အခြားသော အရှေ့အာရှနိုင်ငံများတွင် စက်မှုပြောင်းလဲရေး ကြီးမားစွာ ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ်အနည်းငယ်အကြာတွင် အသက်အရွယ် အိုမင်းသူ ပမာဏ မြင့်တက်လာမှုနှင့် ရင်ဆိုင်ရလျက် ရှိသည်။
ဥရောပနိုင်ငံများစွာတွင်လည်း အသက်အရွယ်အိုမင်းသူ များပြားမှုနှင့် ရင်ဆိုင်ရလျက်ရှိသည်။
သို့သော် ဥရောပနိုင်ငံတို့၏ အသက်အရွယ် အိုမင်းသူမြင့်တက်မှု ပမာဏ အပြောင်းအလဲမှာ ရွှေ့ပြောင်းနေထိုင် သူတို့ကြောင့် ဖြစ်သည်။
သို့သော် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့ကဲ့သို့ နိုင်ငံမျိုးတွင်မူ အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေ ကျဆင်းမှုကို ဖြေရှင်းရန် ပြည်ပသို့ အလုံးအရင်းထွက်ခွာမှုမျိုးကို ရှောင်ရှားကြသည်။
Booyoung Group ၏ ဥက္ကဌဖြစ်သူ Lee Joong-Keun က ပြောသည်မှာ ကုမ္ပဏီ ဝန်ထမ်းများအား သားသမီး ပြုစုပျိုးထောင်ရမှုအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်ရမှု သက်သာစေရန် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု ပြုလုပ် ပေးရန် စီစဉ်နေကြောင်း ပြောသည်။
ကလေး ၃ ဦးရှိသော ဝန်ထမ်းများအနေဖြင့် ထောက်ပံ့ငွေ ဝမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၂၂၅၀၀၀) ထောက်ပံ့မှုယူရန် (သို့မဟုတ်) အစိုးရက အဆောက်အအုံဆောက်ရန် မြေနေရာပေးမည်ဆိုပါက အငှားနေအိမ် ရယူရန် ရွေးချယ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
‌Ref: A South Korean firm is offering to pay its workers $75,000 each time they have a baby (cnn)
Photo Credit: Getty Images
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service