ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
လှိုင်သာယာမြို့နယ်အနီး ရန်ကုန် - ပုသိမ် လမ်းပေါ်ရှိ လယ်မြေတစ်ဧကကို ကျပ်သိန်း (၆၀၀၀)မှ(၇၀၀၀)ထိ ဈေးခေါ်နေကြပြီး ယင်းနှင့်အနီးတစ်ဝိုက်ရှိ လယ်မြေများမှာ လတ်တလောကာလတွင် အရောင်းအဝယ် သွက်နေကြောင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိတ်ဝင်စားလျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များ အသိုင်းအဝိုင်းမှ သိရသည်။
“လယ်မြေပုံစံ (၇) ရှိတဲ့အကွက်တွေ၊ လန (၃၉) ကျပြီးသား အကွက်တွေရှိတယ်။ အခုလက်ရှိမှာတော့ လယ်မြေတွေ အဝယ်လိုက်တယ်။ ထန်းတစ်ပင် တာဆုံအကျော်ဘက်ကဆို အရင်ကတော့ (၂၀၁၇) ခုနှစ် အဲဒီနေရာတွေက ကျပ်သိန်း (၁၀၀) ကျော် လောက်ပဲရှိသေးတယ်။ အခုဆိုရင် လှိုင်သာယာအဝေးပြေးနဲ့ နည်းနည်းဝေးတဲ့ ၁၈ မိုင်၊ ၁၉ မိုင်လောက် လယ်မြေတွေက တစ်ဧကဈေးနှုန်း ကျပ်သိန်း ၁၆၀၀ ကျော်ဖြစ်နေပြီ။ အခုလိုဈေးတွေတက်သွားတာက ၂၀၂၃ ခုနှစ်လောက်က အရမ်းတက်သွားတာ။ ကုလားဝဲတံတားအဆင်းတို့၊ အမှတ် (၇) လမ်းနားက လယ်မြေတွေဆိုရင် အဝယ်လိုက်လာတယ်။ ဈေးတွေလည်း အရမ်းတက်သွားတယ်။ အမှတ်(၄) လမ်းပေါ်(မှော်ဘီနဲ့ ရွှေပြည်သာ ဖြတ်လမ်း)က လယ်မြေတွေလည်း နည်းသွားပြီ။ ရောင်းထွက်ကုန်တာ။ စီးပွားရေးလုပ်ငန်းရှင်တွေ ဝယ်ပြီးရင်းနှီးမြှုပ်နှံထားကြတယ်။ လက်ရှိအနေအထားအရပေါ့။” ဟု သရဖူအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုရဲမင်းဟိန်းက iMyanmarHouse (မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် )သို့ပြောသည်။
လက်ရှိအခြေအနေတွင် တည်ဆောက်ပြီးသား စက်မှုဇုန်မြေကွက်နှင့် ဂိုထောင်များကလည်း ဈေးများနေ၍ ဝယ်ယူရန်ခက်ခဲနေသူများက လယ်မြေများကိုသာ စိတ်ဝင်စားကြကြောင်း၊ လှိုင်သာယာစက်မှုဇုန် အနောက်ဘက်တွင် လယ်မြေကွက်များမှ အကွက်ချရောင်းသည့် (၈၀x၈၅) ပေ ပါမစ်မြေများသည် သိန်း (၃၀၀၀) ကျော် ကာလပေါက်ဈေးခေါ်ရောင်းနေကြောင်း၊ လှိုင်သာယာအဝေး ပြေးနားရှိ ပေ (၄၀x၆၀) မြေကွက်ဆိုလျှင် သိန်း (၄၀၀၀) ကျော် ဈေးခေါ်ထားကြောင်း ၎င်းကထပ်မံရှင်းပြသည်။
လန (၃၉) ဆိုသည်က ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေမှ အခြားနည်း ပြောင်းလဲအသုံးပြုရန် ဆင့်ဆိုသည့် ခွင့်ပြုအမိန့် ရရှိပြီးမြေဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ လယ်ယာမြေဟူသော အမျိုးအစားမှ နုတ်ပယ်လိုက်သောမြေဟု ဆိုရပါမည်။ လယ်၊ ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်၊ ဓနိ ဟူသည့် လယ်ယာမြေ ဟူသော စကားရပ်တွင် အကျုံးဝင်သော မြေအမျိုးအစားတစ်ရပ်မှ လန (၃၉) ခွင့်ပြုမိန့်အရ အခြားနည်း အသုံးပြုခွင့် ဆင့်ဆိုလိုက်သောမြေသည် မူလ လယ်ယာမြေအမျိုးအစားမှ ဆင့်ဆို သတ်မှတ်သည့် မြေအမျိုးအစားအဖြစ်သို့ ပြောင်းလဲသွားပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
လိႈင္သာယာၿမိဳ႕ျပင္ဘက္က ရန္ကုန္-ပုသိမ္ကားလမ္းေဘး လယ္ေျမမ်ား အေရာင္းအဝယ္သြက္ေန
လိႈင္သာယာၿမိဳ႕နယ္အနီး ရန္ကုန္ - ပုသိမ္ လမ္းေပၚ႐ွိ လယ္ေျမတစ္ဧကကို က်ပ္သိန္း (၆၀၀၀)မွ(၇၀၀၀)ထိ ေဈးေခၚေနၾကၿပီး ယင္းႏွင့္အနီးတစ္ဝိုက္႐ွိ လယ္ေျမမ်ားမွာ လတ္တေလာကာလတြင္ အေရာင္းအဝယ္ သြက္ေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ စိတ္ဝင္စားလ်က္႐ွိေၾကာင္း အိမ္ျခံေျမအက်ိဳးေဆာင္မ်ား အသိုင္းအဝိုင္းမွ သိရသည္။
“လယ္ေျမပုံစံ (၇) ႐ွိတဲ့အကြက္ေတြ၊ လန (၃၉) က်ၿပီးသား အကြက္ေတြ႐ွိတယ္။ အခုလက္႐ွိမွာေတာ့ လယ္ေျမေတြ အဝယ္လိုက္တယ္။ ထန္းတစ္ပင္ တာဆုံအေက်ာ္ဘက္ကဆို အရင္ကေတာ့ (၂၀၁၇) ခုႏွစ္ အဲဒီေနရာေတြက က်ပ္သိန္း (၁၀၀) ေက်ာ္ ေလာက္ပဲ႐ွိေသးတယ္။ အခုဆိုရင္ လိႈင္သာယာအေဝးေျပးနဲ႔ နည္းနည္းေဝးတဲ့ ၁၈ မိုင္၊ ၁၉ မိုင္ေလာက္ လယ္ေျမေတြက တစ္ဧကေဈးႏႈန္း က်ပ္သိန္း ၁၆၀၀ ေက်ာ္ျဖစ္ေနၿပီ။ အခုလိုေဈးေတြတက္သြားတာက ၂၀၂၃ ခုႏွစ္ေလာက္က အရမ္းတက္သြားတာ။ ကုလားဝဲတံတားအဆင္းတို႔၊ အမွတ္ (၇) လမ္းနားက လယ္ေျမေတြဆိုရင္ အဝယ္လိုက္လာတယ္။ ေဈးေတြလည္း အရမ္းတက္သြားတယ္။ အမွတ္(၄) လမ္းေပၚ(ေမွာ္ဘီနဲ႔ ေ႐ႊျပည္သာ ျဖတ္လမ္း)က လယ္ေျမေတြလည္း နည္းသြားၿပီ။ ေရာင္းထြက္ကုန္တာ။ စီးပြားေရးလုပ္ငန္း႐ွင္ေတြ ဝယ္ၿပီးရင္းႏွီးျမႇဳပ္ႏွံထားၾကတယ္။ လက္႐ွိအေနအထားအရေပါ့။” ဟု သရဖူအိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းမွ ကိုရဲမင္းဟိန္းက iMyanmarHouse (ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ဝဘ္ဆိုက္ )သို႔ေျပာသည္။
လက္႐ွိအေျခအေနတြင္ တည္ေဆာက္ၿပီးသား စက္မႈဇုန္ေျမကြက္ႏွင့္ ဂိုေထာင္မ်ားကလည္း ေဈးမ်ားေန၍ ဝယ္ယူရန္ခက္ခဲေနသူမ်ားက လယ္ေျမမ်ားကိုသာ စိတ္ဝင္စားၾကေၾကာင္း၊ လိႈင္သာယာစက္မႈဇုန္ အေနာက္ဘက္တြင္ လယ္ေျမကြက္မ်ားမွ အကြက္ခ်ေရာင္းသည့္ (၈၀x၈၅) ေပ ပါမစ္ေျမမ်ားသည္ သိန္း (၃၀၀၀) ေက်ာ္ ကာလေပါက္ေဈးေခၚေရာင္းေနေၾကာင္း၊ လိႈင္သာယာအေဝး ေျပးနား႐ွိ ေပ (၄၀x၆၀) ေျမကြက္ဆိုလွ်င္ သိန္း (၄၀၀၀) ေက်ာ္ ေဈးေခၚထားေၾကာင္း ၎ကထပ္မံ႐ွင္းျပသည္။
လန (၃၉) ဆိုသည္က ၁၉၅၃ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးဥပေဒ ပုဒ္မ ၃၉ အရ လယ္ယာေျမမွ အျခားနည္း ေျပာင္းလဲအသုံးျပဳရန္ ဆင့္ဆိုသည့္ ခြင့္ျပဳအမိန္႔ ရ႐ွိၿပီးေျမဟု အဓိပၸါယ္သက္ေရာက္ပါသည္။ လယ္ယာေျမဟူေသာ အမ်ိဳးအစားမွ ႏုတ္ပယ္လိုက္ေသာေျမဟု ဆိုရပါမည္။ လယ္၊ ယာ၊ ကိုင္း ကြၽန္း၊ ဥယ်ာဥ္၊ ဓနိ ဟူသည့္ လယ္ယာေျမ ဟူေသာ စကားရပ္တြင္ အက်ံဳးဝင္ေသာ ေျမအမ်ိဳးအစားတစ္ရပ္မွ လန (၃၉) ခြင့္ျပဳမိန္႔အရ အျခားနည္း အသုံးျပဳခြင့္ ဆင့္ဆိုလိုက္ေသာေျမသည္ မူလ လယ္ယာေျမအမ်ိဳးအစားမွ ဆင့္ဆို သတ္မွတ္သည့္ ေျမအမ်ိဳးအစားအျဖစ္သို႔ ေျပာင္းလဲသြားပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com