အမေရိကန်ပြည် မြောက်ကာလိုလိုင်းနားပြည်နယ်ရှိ ကျေးရွာတစ်ခုလုံး ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းမည်

အမေရိကန်ပြည် မြောက်ကာလိုလိုင်းနားပြည်နယ်ရှိ ကျေးရွာတစ်ခုလုံး ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
16 Feb 2024 12:07 pm တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု မြောက်ကာလိုလိုင်းနားပြည်နယ် Asheville မြို့အနီး တောင်တန်းများပေါ်ရှိ အငှားအိမ် ၇ လုံးပါဝင်သော ရင်သပ်ရှုမောဖွယ် ကျေးရွာတစ်ခုလုံး အရောင်းဈေးကွက်ဝင်လာရာ တစ်သက်လျှင် တစ်ကြိမ်သာကြုံရနိုင်မည့် အခွင့်အရေးလမ်းဖြစ်သည်။

ကျေးရွာအတွင်း နေအိမ်များတွင် အိပ်ခန်းပေါင်း ၂၂ ခန်း၊ ရေချိုးခန်း ၂၇ ခန်း ပါဝင်ကာ စုစုပေါင်း အကျယ်အဝန်း ၁၄၄၀၀ စတုရန်းပေ ရှိပြီး ကန်ဒေါ်လာ သန်း ၂၀ ဈေးခေါ်ထားသည်။

Earth & Sky Dwellings ဟုအမည်ပေးထားသော ကျေးရွာတွင် ကာလတို အငှားချပေးသည့် နေအိမ် ၇လုံး ပါဝင်ပြီး Blue Ridge တောင်တန်းများကို အပေါ်စီးမှ တွေ့မြင်နိုင်သည့် မြင်ကွင်း ပိုင်ဆိုင်ထားသည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ထိုကျေးရွာသည် Asheville မြို့့ပြင်တွင် တည်ရှိပြီး နောက်ထပ် အိမ် ၁၃ လုံးနှင့် လက်ထပ်မင်္ဂလာခန်းမတစ်ခု ထပ်မံဆောက်လုပ်ရန် စီစဉ်ထားကြောင်း ဖော်ပြသည်။

၁၇ ဧကကျယ်ဝန်းသော ကျေးရွာ၏ ရာဖြတ်တန်ဖိုးမှာ လာမည့်ဇွန်လတွင် ဆောက်လုပ်ပြီးစီးမည့် အခြေအနေ ပေါ် မူတည်တွက်ချက်ထားသည်။

ကျေးရွာအတွင်း ထူးခြားသောအရာများအနေဖြင့် Alchemy ဟု အမည်ပေးထားသော မှော်ဆန်ဆန် ဆောက်လုပ်ထားသည့်အိမ်နှင့် Sanctuary ဟု အမည်ပေးထားသော သစ်ပင်အိမ်တို့ဖြစ်သည်။

(ယာတောအိမ်ဟု အမည်ပေးထားသောအိမ်။ ဓာတ်ပုံ-Maxwell Wyndorf)  

(Alchemy ဟု အမည်ပေးထားသောအိမ်။ ဓာတ်ပုံ-Maxwell Wyndorf) 

(ဧည့်ခန်းနှင့် မီးဖိုဆောင်။ ဓာတ်ပုံ-Maxwell Wyndorf) 

(အိပ်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf) 

(အခြားအိပ်ခန်းတစ်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf)

(Dragon’s Knoll ဟု အမည်ပေးထားသောအိမ်။ ဓာတ်ပုံ-Maxwell Wyndorf)

 (ဧည့်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf)

(အိပ်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf)

Alchemy အိမ်တွင် Queen-Size အိပ်ယာ ၊ ကလေးများအတွက် ခေါက်သိမ်းနိုင်သော ဂျပန်မွေ့ယာနှင့် Firepit တစ်ခုပါဝင်သည်။

သစ်ပင်အိမ်မှာ သစ်ပင်အထက်တွင် မြင့်မားစွာ ဆောက်လုပ်ထားပြီး အတွင်းပိုင်းကို သစ်ကိုအသုံးပြုကာ မွမ်းမံထားသည်။

လသာဆောင်မှတဆင့် တောင်တန်းများ၏ သာယာလှပသော ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည်။

(Sanctuary ဟု အမည်ပေးထားသော သစ်ပင်အိမ်။ ဓာတ်ပုံ-Maxwell Wyndorf)

 (ဧည့်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf) 

(မီးဖိုချောင်။ဓာတ်ပုံ-Maxwell Wyndorf)  

 (အိမ်သည် Blue Ridge တောင်များ၏ မြင်ကွင်းကျယ်ရှုခင်း။ဓာတ်ပုံ-Maxwell Wyndorf)

(The Perch ဟု အမည်ပေးထားသောအိမ်။ ဓာတ်ပုံ-Maxwell Wyndorf)

 (ဧည့်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf)

 (အိပ်ခန်း။ ဓာတ်ပုံ-Maxwell Wyndorf)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A village of 7 highly rated Airbnbs is now for sale in the mountains of North Carolina (nypost)

Photo Credit: Maxwell Wyndorf

[Zawgyi]

အေမရိကန္ျပည္ ေျမာက္ကာလိုလုိင္းနားျပည္နယ္ရွိ ေက်းရြာတစ္ခုလံုး ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု ေျမာက္ကာလိုလုိင္းနားျပည္နယ္ Asheville ျမဳိ႕အနီး ေတာင္တန္းမ်ားေပၚရွိ အငွားအိမ္ ၇ လံုးပါဝင္ေသာ ရင္သပ္ရႈေမာဖြယ္ ေက်းရြာတစ္ခုလံုး အေရာင္းေစ်းကြက္ဝင္လာရာ တစ္သက္လွ်င္ တစ္ၾကိမ္သာၾကံဳရႏိုင္မည့္ အခြင့္အေရးလမ္းျဖစ္သည္။

ေက်းရြာအတြင္း ေနအိမ္မ်ားတြင္ အိပ္ခန္းေပါင္း ၂၂ ခန္း၊ ေရခ်ဳိးခန္း ၂၇ ခန္း ပါဝင္ကာ စုစုေပါင္း အက်ယ္အဝန္း ၁၄၄၀၀ စတုရန္းေပ ရွိျပီး ကန္ေဒၚလာ သန္း ၂၀ ေစ်းေခၚထားသည္။

Earth & Sky Dwellings ဟုအမည္ေပးထားေသာ ေက်းရြာတြင္ ကာလတို အငွားခ်ေပးသည့္ ေနအိမ္ ၇လံုး ပါဝင္ျပီး Blue Ridge ေတာင္တန္းမ်ားကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည့္ ျမင္ကြင္း ပိုင္ဆိုင္ထားသည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ထိုေက်းရြာသည္ Asheville ျမဳိ႔႕ျပင္တြင္ တည္ရွိျပီး ေနာက္ထပ္ အိမ္ ၁၃ လံုးႏွင့္ လက္ထပ္မဂၤလာခန္းမတစ္ခု ထပ္မံေဆာက္လုပ္ရန္ စီစဥ္ထားေၾကာင္း ေဖာ္ျပသည္။

၁၇ ဧကက်ယ္ဝန္းေသာ ေက်းရြာ၏ ရာျဖတ္တန္ဖုိးမွာ လာမည့္ဇြန္လတြင္ ေဆာက္လုပ္ျပီးစီးမည့္ အေျခအေန ေပၚ မူတည္တြက္ခ်က္ထားသည္။

ေက်းရြာအတြင္း ထူးျခားေသာအရာမ်ားအေနျဖင့္ Alchemy ဟု အမည္ေပးထားေသာ ေမွာ္ဆန္ဆန္ ေဆာက္လုပ္ထားသည့္အိမ္ႏွင့္ Sanctuary ဟု အမည္ေပးထားေသာ သစ္ပင္အိမ္တုိ႔ျဖစ္သည္။

(ယာေတာအိမ္ဟု အမည္ေပးထားေသာအိမ္။ ဓာတ္ပံု-Maxwell Wyndorf)

(Alchemy ဟု အမည္ေပးထားေသာအိမ္။ ဓာတ္ပံု-Maxwell Wyndorf)

(ဧည့္ခန္းႏွင့္ မီးဖိုေဆာင္။ ဓာတ္ပံု-Maxwell Wyndorf)

(အိပ္ခန္း။ ဓာတ္ပံု-Maxwell Wyndorf)

(အျခားအိပ္ခန္းတစ္ခန္း။ ဓာတ္ပံု-Maxwell Wyndorf)

(Dragon’s Knoll ဟု အမည္ေပးထားေသာအိမ္။ ဓာတ္ပံု-Maxwell Wyndorf)

Alchemy အိမ္တြင္ Queen-Size အိပ္ယာ ၊ ကေလးမ်ားအတြက္ ေခါက္သိမ္းႏိုင္ေသာ ဂ်ပန္ေမြ႔ယာႏွင့္ Firepit တစ္ခုပါဝင္သည္။

သစ္ပင္အိမ္မွာ သစ္ပင္အထက္တြင္ ျမင့္မားစြာ ေဆာက္လုပ္ထားျပီး အတြင္းပိုင္းကို သစ္ကိုအသံုးျပဳကာ မြမ္းမံထားသည္။

လသာေဆာင္မွတဆင့္ ေတာင္တန္းမ်ား၏ သာယာလွပေသာ ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည္။

(Sanctuary ဟု အမည္ေပးထားေသာ သစ္ပင္အိမ္။ ဓာတ္ပံု-Maxwell Wyndorf)

(The Perch ဟု အမည္ေပးထားေသာအိမ္။ ဓာတ္ပံု-Maxwell Wyndorf)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A village of 7 highly rated Airbnbs is now for sale in the mountains of North Carolina (nypost)

Photo Credit: Maxwell Wyndorf

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service